ပျဉ်းမနားအချုပ်ထောင်မှ တရားခံ ၂ ဦး ထောင်ဖောက် ထွက်ပြေး



နေပြည်တော်၊ ဧပြီလ (၈)ရက်။

နေပြည်တော်၊ ပျဉ်းမနား အချုပ်ထောင်မှ တရားခံ (၂) ဦး ဧပြီလ ၈ ရက်နေ့က ထွက်ပြေးမှုဖြစ်ပေါ်ခဲ့သည်။

တရားခံပြေး (၂)ဦးမှာ ပ ၂၅၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူခံထားရသည့် ၀င်းထိုက်ကျော် နှင့် ငွေသိန်း (ခ) ညီညီ တို့ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အချုပ်ထောင်အတွင်း သန့်ရှင်းရေးလုပ်ဆောင်ရန် ခိုင်းစေပြီးချိန် ၄င်းတို့၏ အချုပ်ဆောင်သို့ ပြန် လည်ပို့ဆောင်ရန် ပြုလုပ်စဉ် မရှိတော့၍ ရှာဖွေရာ မတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရားခံပြေး(၂) ဦးဟာ အချုပ်ခန်းအသစ်၏ အုတ်နံရံကို ကျော်တက်ကာ အချုပ်ထောင်ဟောင်း ခေါင်မိုးပေါ်မှ တဆင့် ကျော်တက် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲကြေးနန်းစာတွင် ဖော်ပြထားသည်။

"ကင်းသမားပေါ့ဆတာပေါ့၊ သန့်ရှင်းရေးလုပ်တဲ့ဟာကိုထုတ်ပြီးတော့မှ မလုပ်သင့်ဘူးပေါ့၊ ထုတ်ပြီး လုပ်တဲ့အခါ စနစ်တကျ ပြန်သွင်းဖို့လိုတဲ့အတွက်ကြောင့် တာဝန်ကျတဲ့ လုံခြုံရေးယူတဲ့ သူတွေကိုထိုက်သင့်သလောက် ကျနော်တို့ အရေးယူသွားမယ်"ဟု ရဲမှူးကြီး ဇော်ခင်အောင် ကပြောသည်။

ပျဉ်းမနားမြို့မ ရဲတပ်ဖွဲ့စခန်း အချုပ် ထောင်တွင် တရားခံ ကျား/မ စုစုပေါင်း ၄၉ ဦးကို ချုပ်ထားပြီး ရဲမှူး၊ ရဲအုပ်၊ ကင်းမှူး၊ ကင်းသား (၁၀)ဦးတို့မှ စောင့်ကြည့်တာဝန်ယူနေကြောင်း သိရှိရသည်။

ကြယ်စင်ခ(နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)