Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 21, 2017

နျူကလီးယားစမ်းသပ်တဲ့နေရာအနီးမှာ မြောက်ကိုရီးယားတွေ ဘော်လီဘော ကစားနေ


အထူးကြီးမားတဲ့နျူကလီးယားစမ်းသပ်မှု မြောက်ကိုရီးယားလုပ်မယ်လို့ ခန့်မှန်းထားကြတဲ့ အမေရိကန်ကျွမ်းကျင်သူတွေဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားစမ်းသပ်တဲ့နေရာကို ဂြိုလ်တုကနေ ကြည့်တဲ့အခါ ဘော်လီဘောကစားပွဲတွေကို မြင်ရတဲ့အတွက် အံ့သြသွားခဲ့ကြပါတယ်။

ပြုံယမ်းနဲ့ ၀ါရှင်တန်ကြား တင်းမာမှု မြင့်မားလာချိန်မှာ လေ့လာဆန်းစစ်သူတွေဟာ ပြွန်ဂျိရီ နျူကလီးယား စမ်းသပ်ရာနေရာမှာ မြေအောက်ပေါက်ကွဲမှုအတွက် ပြင်ဆင်နေလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပြီး အရပ်ဘက်သုံး ဂြိုလ်တုတစ်ခုက ရိုက်ကူးတဲ့ ဓာတ်ပုံတွေမှာ တွေ့ရတဲ့ပုံစံကိုတော့ မမျှော်လင့်ခဲ့ကြပါဘူး။

“စက်ရုံထဲက နေရာ ၃ ခုဖြစ်တဲ့ အဓိကထိန်းချုပ်နေရာ၊ ထောက်ပံ့နေရာနဲ့ ထိန်းချုပ်နေရာအနီးက အစောင့် တန်းလျားမှာ ဘောလီဘောပွဲတွေ ကျင်းပနေတာ တွေ့ရတယ်” လို့ ၀ါရှင်တန်အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေးပရောဂျက် 38 North မှ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂျိုးဘာမြူဒက်ဇက် ပြောပါတယ်။

ဘာမြူဒက်ဇ်က ဖြစ်နိုင်ချေ ၂ ခုကို ပြောပြပါတယ်။ စမ်းသပ်တဲ့နေရာဟာ အဆင်သင့်ဖြစ်တဲ့အဆင့်ထိ ရောက်နေတာ၊ ဒါမှမဟုတ် မြောက်ကိုရီးယားတွေက ဒီနေရာကို ပြင်ပကလူတွေ အမြဲလေ့လာနေမယ်မှန်းသိလို့ အာရုံထွေပြားအောင်လုပ်တာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ အခုလပိုင်းတွေမှာ ကုလသမဂ္ဂအရေးယူမှုကို ဆန့်ကျင်ပြီး တာဝေးပစ်မစ်ဆိုင်းဒုံး အများအပြား ပစ်လွှတ်ခဲ့ပြီး ခြောက်ခုမြောက်နျူကလီးယားစမ်းသပ်မှုကို မကြာခင်လုပ်တော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ များပြားလာပါတယ်။

တနင်္ဂနွေနေ့က ပြွန်ဂျိရီကိုရိုက်ကူးထားတဲ့ ပုံတွေအရ မြေအောက်လုပ်ငန်းလုပ်ဆောင်နေတဲ့ လက္ခဏာအဖြစ် မြေကြီးလှည်းတွေကနေ မြေကြီးစုပုံတဲ့ လက္ခဏာတွေ့ရပေမယ့် နျူကလီးယားစမ်းသပ်မှုအတွက်သုံးတဲ့ မြေအောက်တွင်းစနစ်ကနေ ရေတွေ ပန်းထွက်နေတာကိုတော့ မတွေ့ရဘူးလို့ ဘာမြူဒက်ဇ်က ပြောပါတယ်။

by စုပြည့်စုံ/
kumudra

No comments:

Post a Comment