အိမ္ေရာင္း၍ရသည့္ေငြ တနာရီအတြင္း အလစ္သုတ္ခံရမႈ ေျမာက္ဥကၠလာၿမိဳ႕နယ္တြင္ျဖစ္ပြား


ေျမာက္ဥကၠလာၿမိဳ႕နယ္ ေျခာက္ေကြ႕ CB ဘဏ္တြင္ အိမ္ေရာင္း၍ ရလာသည့္ေငြကို ဘဏ္လာအပ္စဥ္ ကားေပၚ၌ ထား ရိွသည့္ေငြထုပ္အား အလစ္သုတ္ခိုးယူမႈတခု ဧၿပီ ၅ ရက္ ေန႔ခင္းပိုင္းတြင္ ျဖစ္ပြားခဲ့သည္။

ကာယကံရွင္ဦးေက်ာ္စိုးက ”အိမ္ေရာင္းၿပီးလို႔ တနာရီမၾကာဘူး။ ဘဏ္မွာ ေငြသြားလဲႊမယ္ဆိုၿပီး လုပ္တယ္။ ပါတာက ေငြထုပ္နွစ္ထုပ္၊ သိန္း ၁၂၀ ကို ဘဏ္မွာ အပ္ေနတဲ့ အခ်ိန္ က်န္တဲ့ ၁၂၇ သိန္းကို ကၽြန္ေတာ့္အမ်ဳိးသမီးကိုေပးၿပီး ကားေပၚကေနေစာင့္ဖို႔ ေျပာလိုက္တယ္။

အမ်ဳိးသမီးက ေငြထုပ္ကားေပၚကို ယူသြားတယ္။ ကားေပၚမွာ ပူလို႔ဆိုၿပီး ခဏေလးေအာက္ ဆင္းလိုက္တဲ့အခိ်န္မွာ ဆိုင္ ကယ္နဲ႔ လူႏွစ္ေယာက္က ကားေပၚကေငြကို အတင္းယူၿပီး ထြက္ေျပးသြားတာ”ဟု News Watch သို႔ ေျပာသည္။

ယင္းကဲ့သို႔ ကားေပၚတြင္ တင္ထားသည့္ ေငြေၾကးအား ခိုးယူသည့္အခိ်န္တြင္ ကားေပၚ၌ အဘြားႀကီးတဦးႏွင့္ ကေလး ငယ္တဦးရိွေနၿပီး ကားႏွင့္မလွမ္းမကမ္းတြင္လည္း ဦးေက်ာ္စိုး၏ဇနီး ရိွေနသည္ ဟု ဆိုသည္။ ”ယူၿပီး ေျပးတဲ့အခ်ိန္မွာ ကားေပၚက သမီးကေအာ္တယ္။

သူ႔အေမက သိသိခ်င္းေျပးလိုက္ေတာ့ ဆိုင္ကယ္နဲ႔ဆိုေတာ့ မမီဘူးေလ။ အဲဒီနားမွာရိွတဲ့ ဆိုင္ကယ္၊ ကယ္ရီသမားနွ စ္ေယာက္က တေယာက္တစီးနဲ႔လိုက္တယ္။ နီးလာတဲ့အခါ ယူေျပးတဲ့သူက ေျခေထာက္နဲ႔ ကန္တယ္။ ေနာက္ ဓား ထုတ္ျပေတာ့ ဆက္မလိုက္ရဲဘူး ျဖစ္သြားတာ”ဟု ဆိုသည္။

ပိုက္ဆံယူ၍ ထြက္ေျပးသြားသူ နွစ္ဦးသည္ ေရႊေပါက္ကံအ၀င္ရိွ တံတားအနီး ဘုန္းႀကီးေက်ာင္းေရွ႕တြင္ ဆိုင္ကယ္ ခိ်န္းျပ တ္၍ ဆိုင္ကယ္ကို ထားခဲ့ကာ ေျခလ်င္ထြက္ေျပးသြားသည္ဟု ဆိုသည္။ ”ပိုက္ဆံခိုးသြားတဲ့သူေတြရဲ႕ ဆိုင္ကယ္ က အ ခုရဲစခန္းမွာေရာက္ေနၿပီ၊ ရဲေတြလည္း တိုင္ခ်က္ဖြင့္ကတည္းက အားတက္သေရာ တရား ခံဖမ္းဆီးနိုင္ေရးလုပ္ေပး ပါတ ယ္” ဟု ဦးေက်ာ္စိုးက ေျပာသည္။

ဦးေက်ာ္စိုးသည္ ေျမာက္ဥကၠလာေနအိမ္အား ေရာင္းခ်ၿပီး ဧရာ၀တီတိုင္းေဒသႀကီး ေမာ္ကြ်န္းသို႔ ျပန္ကာ က်ဴရွင္ေဘာ္ ဒါဖြင့္ရန္ ရည္ရြယ္ထားသည္ဟု ဆိုသည္။ ယင္းေၾကာင့္ အိမ္ေရာင္းခ်အၿပီး တနာရီမျပည့္ခင္ အခိ်န္တြင္ ေျမာက္ဥကၠ လာေျခာက္ေကြ႕ CB ဘဏ္သို႔ သြားအပ္စဥ္ အိမ္ေရာင္းရေငြ တ၀က္ေက်ာ္ေက်ာ္ ခိုးယူခံလိုက္ရျခင္းျဖစ္သည္ဟု ဆို သည္။

ကိုခက္
Credit: News Watch

#Unicode Version
မြောက်ဥက္ကလာမြို့နယ် ခြောက်ကွေ့ CB ဘဏ်တွင် အိမ်ရောင်း၍ ရလာသည့်ငွေကို ဘဏ်လာအပ်စဉ် ကားပေါ်၌ ထား ရှိသည့်ငွေထုပ်အား အလစ်သုတ်ခိုးယူမှုတခု ဧပြီ ၅ ရက် နေ့ခင်းပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကာယကံရှင်ဦးကျော်စိုးက ”အိမ်ရောင်းပြီးလို့ တနာရီမကြာဘူး။ ဘဏ်မှာ ငွေသွားလွဲှမယ်ဆိုပြီး လုပ်တယ်။ ပါတာက ငွေထုပ်နှစ်ထုပ်၊ သိန်း ၁၂၀ ကို ဘဏ်မှာ အပ်နေတဲ့ အချိန် ကျန်တဲ့ ၁၂၇ သိန်းကို ကျွန်တော့်အမျိုးသမီးကိုပေးပြီး ကားပေါ်ကနေစောင့်ဖို့ ပြောလိုက်တယ်။

အမျိုးသမီးက ငွေထုပ်ကားပေါ်ကို ယူသွားတယ်။ ကားပေါ်မှာ ပူလို့ဆိုပြီး ခဏလေးအောက် ဆင်းလိုက်တဲ့အချိန်မှာ ဆိုင် ကယ်နဲ့ လူနှစ်ယောက်က ကားပေါ်ကငွေကို အတင်းယူပြီး ထွက်ပြေးသွားတာ”ဟု News Watch သို့ ပြောသည်။

ယင်းကဲ့သို့ ကားပေါ်တွင် တင်ထားသည့် ငွေကြေးအား ခိုးယူသည့်အချိန်တွင် ကားပေါ်၌ အဘွားကြီးတဦးနှင့် ကလေး ငယ်တဦးရှိနေပြီး ကားနှင့်မလှမ်းမကမ်းတွင်လည်း ဦးကျော်စိုး၏ဇနီး ရှိနေသည် ဟု ဆိုသည်။ ”ယူပြီး ပြေးတဲ့အချိန်မှာ ကားပေါ်က သမီးကအော်တယ်။

သူ့အမေက သိသိချင်းပြေးလိုက်တော့ ဆိုင်ကယ်နဲ့ဆိုတော့ မမီဘူးလေ။ အဲဒီနားမှာရှိတဲ့ ဆိုင်ကယ်၊ ကယ်ရီသမားနှ စ်ယောက်က တယောက်တစီးနဲ့လိုက်တယ်။ နီးလာတဲ့အခါ ယူပြေးတဲ့သူက ခြေထောက်နဲ့ ကန်တယ်။ နောက် ဓား ထုတ်ပြတော့ ဆက်မလိုက်ရဲဘူး ဖြစ်သွားတာ”ဟု ဆိုသည်။

ပိုက်ဆံယူ၍ ထွက်ပြေးသွားသူ နှစ်ဦးသည် ရွှေပေါက်ကံအဝင်ရှိ တံတားအနီး ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ် ချိန်းပြ တ်၍ ဆိုင်ကယ်ကို ထားခဲ့ကာ ခြေလျင်ထွက်ပြေးသွားသည်ဟု ဆိုသည်။ ”ပိုက်ဆံခိုးသွားတဲ့သူတွေရဲ့ ဆိုင်ကယ် က အ ခုရဲစခန်းမှာရောက်နေပြီ၊ ရဲတွေလည်း တိုင်ချက်ဖွင့်ကတည်းက အားတက်သရော တရား ခံဖမ်းဆီးနိုင်ရေးလုပ်ပေး ပါတ ယ်” ဟု ဦးကျော်စိုးက ပြောသည်။

ဦးကျော်စိုးသည် မြောက်ဥက္ကလာနေအိမ်အား ရောင်းချပြီး ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းသို့ ပြန်ကာ ကျူရှင်ဘော် ဒါဖွင့်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ ယင်းကြောင့် အိမ်ရောင်းချအပြီး တနာရီမပြည့်ခင် အချိန်တွင် မြောက်ဥက္က လာခြောက်ကွေ့ CB ဘဏ်သို့ သွားအပ်စဉ် အိမ်ရောင်းရငွေ တဝက်ကျော်ကျော် ခိုးယူခံလိုက်ရခြင်းဖြစ်သည်ဟု ဆို သည်။

ကိုခက်
Credit: News Watch
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)