ကန့်ဘလူမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ


ကန့်ဘလူ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဧပြီ ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က ကန့်ဘလူ - ကျွန်းလှ - ကောလင်း (နတလလမ်း)လမ်းအတိုင်း ကန့်ဘလူမြို့မှ ဇော်ချောင်းကျေးရွာ ဘက်သို့ မောင်းနင်လာသော ယာဉ်အမှတ် (MDY----)အဖြူရောင်ဒိုင်နာယာဉ်သည် ဆားကျင်းကျေးရွာအုပ်စု၊ လှည်းပွဲကျေးရွာမြောက်ဘက် မိုင်တိုင်အမှတ် ၁၆/၀ နှင့် ၁၆/၁ ကြားတွင် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက် ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်ပေါ်တွင် ခရီးသည် ၃၀ ဦးခန့်တင် ဆောင်လာပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ အမျိုးသားငါးဦး၊ အမျိုးသမီး ၂၀ ဦးဒဏ်ရာများရရှိခဲ့သည်။ အခင်းဖြစ်နေရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးဇော်နိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်ဇော်၊ ချပ်သင်းရဲစခန်းမှူး ရဲအုပ်လှိုင်ဝင်းအောင်၊ ချပ်သင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်နှင့်ဒေသအရန် မီးသတ်တပ်ဖွဲဝင်များက သေဆုံးသူနှင့်ဒဏ်ရာရရှိ သူများအား ချပ်သင်း တိုက်နယ်ဆေးရုံ၊ ကျွန်းလှမြို့ပြည်သူ့ဆေးရုံ၊ ကန့်ဘလူမြို့ခုတင် ၁၀၀ ဆံ့ဆေးရုံများသို့ ဆေးဝါးကုသနိုင်ရေး ပို့ဆောင်ကာလိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ယင်းချပ်သင်းတိုက်နယ်ဆေးရုံ၊ ကျွန်းလှမြို့ပြည် သူ့ဆေးရုံနှင့် ကန့်ဘလူမြို့ခုတင် ၁၀၀ ဆံ့ဆေးရုံများသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသက်လွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဇော်နိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်ဇော်တို့က သွားရောက်ပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှုခံယူမည့်အ မျိုးသမီးလူ နာလေးဦးတို့အား ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် တစ်သိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ ငွေကျပ် နှစ်သိန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးတင့် လွင်မှ ငွေကျပ် တစ်သိန်း စုစုပေါင်း ငွေကျပ် လေးသိန်းကို ဆေးဝါးကုသနိုင် ရေးထောက်ပံ့လှူဒါန်းခဲ့ကြောင်းနှင့် ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာနေ ယာဉ်မောင်း(ယာဉ် ပိုင်ရှင်)ဦးစိုးဝင်း ၅၆ နှစ်သည် ချပ်သင်းရဲစခန်း သို့လာရောက် အဖမ်းခံခဲ့ပြီး ၎င်းအားအမှုဖွင့်လှစ် နိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)