ကိုရင်​တစ်​ပါး​ ကျောင်းတိုက်​​ပေါ်မှ ပြုတ်​ကြ​၍ ပျံလွန်​​တော်​မူဟုဆို


ဝေါ မတ်​လ (၁၇)

ပဲခူးတိုင်း​ဒေသကြီး​ ဝေါမြို့ နယ် ​အ​ရှေ့ဘက်​ကမ်းရပ်​ကွက်​ပိုင်​ မစိုးရိမ်​​ကျောင်းတိုက်​အတွင်းရှိ စာသင်​စာချ​ကျောင်း​ဆောင်​၊ အမြင့် (၁၅) ​ပေခန့်ရှိ​သော ဝရံတာမှ ကိုရင်​တစ်​ပါး အရှိန်​လွန်​ပြုတ်​ကျပျံလွန်​​တော်​မူ​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ မတ်​လ (၁၆) ရက်​​နေ့  ည (၉) နာရီအချိန်​ခန့်က ပထမလတ်​တန်းဝါ​တော်​ (၆) ဝါ သက်​​တော်​ (၁၇) နှစ်​အရွယ်​ခန့်ရှိ လူအမည်​ ​မောင်​ဇင်​ကိုလတ်​ ဘွဲ့အမည်​ ရှင်​စာရိန္ဒ ဆိုသူ ကိုရင်​မှာ​ကျောင်းတိုက်​​ပေါ်တွင် ​စာကျက်​​နေရာမှ ​ကျောင်းတိုက်​ဝရံတာ ​အပြင်​ဘက်​သို့ ထွက်​လာပြီး ဝရံတာ​ရေတားပြုလုပ်​ထား​သော အစွန်း၌ ရပ်​​နေစဉ်​ ဝရံတာအစွန်းပဲ့ကြပြီး ​ကျောင်းတိုက်​​အောက်​သို့ ပြုတ်​ကြခြင်းဖြစ်​​ကြောင်း ​ဝေါမြို့ မရဲစခန်း၏ ရဲမှတ်​တမ်းများ အရ သိရသည်​။

အဆိုပါကိုရင်​​အား ဝေါမြို့ နယ်​ပြည်​သူ့ ​ဆေးရုံမှ တစ်​ဆင့် ပဲခူးပြည့်​သူ့ ​ဆေးရုံကြီးသို့ ဆက်​လက်​ပို့ ​ဆောင်​ခဲ့ပြီး ​ဆေးကုသမှုခံယူ​နေစဉ်​ မတ်​လ (၁၇) ရက်​​နေ့ ​မနက်​(၁၀) နာရီ​ကျော်​ အချိန်​ခန့် က ပျံလွန်​​တော်​မူခဲ့​ကြောင်း သိရှိရသည်​။

‌၎င်း​သေဆုံးမှုနှင့်​ပက်​သက်​ ၍ ​​ဝေါမြို့ မရဲစခန်းမှ ​သေမှု​သေခင်း အမှတ်​စဉ်​ ‌၆/ ၂၀၁၇ ဖြင့် အမှုဖွင့်​လှစ်​၍ ရဲလုပ်​ငန်းနှင့်အညီ ဓမ္မာတာအတိုင်း​သေဆုံးခြင်း ဟုတ်​မဟုတ်​ ဆက်​လက်​​စစ်​​ဆေးဆောင်​ရွက်​​နေ​ကြောင်း သိရှိရသည်​။

Admin Nyo Gyi
Waw Media
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)