Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 31, 2016

ပိတုန်းလိုလူ၊ဆင်လိုလူ


သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်းဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။

ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။

နောက်ထပ် စိတ်ဝင်စားစရာ တိရိစ္ဆာန်က ဆင်ပါ။ ဆင်တွေကို သံကြိုးနဲ့ ချည်ပြီး ချွန်းနဲ့ထိုးကာ ခိုင်းကြပါတယ်။ တကယ်က ဆင်ကိုချည်ထားတဲ့ သံကြိုးကို ဆင်အားနဲ့ တချက်ရုန်းလိုက်ရင် သံကြိုးပြတ်ပြီး အနှောင်အဖွဲ့က လွတ်မြောက်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဆင်တွေအနေနဲ့ မရုန်းကြည့်ကြပါဘူတဲ့။ သူတို့ရုန်းလဲ လွတ်မယ် မထင်လို့ပါတဲ့။

ဘာလို့သူတို့အဲလိုထင်လဲဆိုတော့ ဆင်တွေကို ငယ်စဉ်ကတည်းက ခိုင်ခံတဲ့ကြိုးနဲ့ ချည်နှောင်ထားပါတယ်တဲ့။ သူတို့ကြိုးစား ရုန်းကြည့်ပေမဲ့ မရပါဘူး။ အဲဒီလို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ အတွက် ဆင်တွေကြီးလာလို့ ခွန်အားနဲ့ ပြည့်စုံချိန်မှာလည်း ငါ့တို့ ဒီသံကြိုးက လွတ်မှာ မဟုတ်ပါဘူးလို့ ယုံကြည်ပြီး ရုန်းမကြည့်တော့တာပါတဲ့။

ဒီတိရိစ္ဆာန် နှစ်မျိုးက ဘာတွေ သင်ယူနိုင်မလဲဆိုတော့ ပိတုန်းလို သဘာဝတရားကြီးက ကန့်သတ်ထားတာတောင် ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတယ်။ ဆင်ကတော့ ကိုယ့်မှာ လုပ်နိုင်စွမ်းရှိတာတောင် ကိုယ်လုပ်နိုင်တာ မယုံကြည်တဲ့ အတွက် မလုပ်ကြည့်တော့ပါဘူးတဲ့။

တကယ်တော့ ကျနော်တို့တွေမှာ ပိတုန်းလိုလူတွေလဲရှိပါတယ်။ ဒါကြောင့် ရိုက်ညီနောင်တို့လို လေယာဉ်ပျံ တီထွင်တဲ့သူတွေ။ မီးလုံးတီထွင်တဲ့ အက်ဒီဆင်တို့လိုသူတွေ။ ဂရေဟမ်ဘဲလ်လို တယ်လီဖုန်းထွင်တဲ့သူတွေလို မဖြစ်နိုင်ဘူးထင်တဲ့ အရာတွေကို လုပ်ပြနိုင်တဲ့ သူတွေဖြစ်လာတာပါ။

ဆင်လိုမျိုး အရည်အချင်းတွေရှိတယ် ဒါပေ့မယ် မလုပ်ကြည့်တဲ့အတွက် မလုပ်နိုင်ဘူးထင်တဲ့သူတွေလည်းရှိပါတယ်။

ဒါကြောင့်ဒီနေ့လို နှစ်သစ်မှာ ဒီနှစ်သစ်အတွက်ရည်မှန်းချက်အသစ်တွေချပါ ကြိုးစား အကောင်အထည်ဖော်ပါ။ ပိတုန်းတွေလို တိရိစ္ဆာန်ကတော့ သဘာဝတရားက ကန့်သတ်ချက်ကို လွန်ဆန်နိုင်ရင် ကျနော်တို့လို လူသားတွေက ကိုယ့်ဘဝမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်မှန်းချက်တွေ ဘာကြောင့် ကြိုးစားအကောင်အထည် မဖော်နိုင်ရမှာလဲဗျာ....။

ဒီနှစ်သစ်မှာ သူငယ်ချင်းတို့ရဲ့ ရည်မှန်းချက်တွေ တလုံးတဝတည်း ပြည့်ဝ ကြပါစေဗျာ.. 😊🙏🏻🙏🏻🙏🏻

ရဲမင်း

1/1/2017

ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိ သံအမတ်ကြီးအား ဇနီးသည်နှင့် သူမ၏ချစ်သူရဲအရာရှိတို့ ပူးပေါင်းလုပ်ကြံသတ်ဖြတ်

ပျောက်ဆုံးနေခဲ့သော ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိ သံအမတ်ကြီးမှာ ၎င်း၏ ဘရာဇီးနိုင်ငံသူ ဇနီးသည်နှင့် သူမနှင့် ချစ်ကြိုက်နေသူ ရဲအရာရှိတို့၏ ပူးပေါင်းလုပ်ကြံသတ်ဖြတ်ခံ ခဲ့ရပြီဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထုတ်ပြန်သွားသည်။

အသက် ၅၉ နှစ်ရှိ ဂရိသံအမတ် Kyriakos Amiridis မှာ ပြီးခဲ့သည့် တနင်္လာနေ့က Rio ပြည်နယ်မှ လူသတ်မှုဖော်ထုတ်ရေးအထူးဌာနခွဲမှ ရဲအရာရှိ Sergio Gomez Moreira က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုကျူးလွန်မှုကို ကိုယ်တိုင်ဝန်ခံခဲ့ကြောင်း တာဝန်ရှိသူများက သတင်းရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

သံအမတ်ကြီး၏ အလောင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က မီးလောင်ထားသော ကားတစ်စီးအတွင်း တွေ့ရှိခဲ့ပြီး ယင်းမတိုင်ခင်က ၎င်း၏ ဇနီးဖြစ်သူက လူပျောက်တိုင်တန်းထားခဲ့ကြောင်းလည်း သိရသည်။

ယခု လူသတ်မှုကို အတူတကွ လျို့ဝှက်ကြံစည်ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီး၏ဇနီး အသက် ၄၀ အရွယ် Oliveira နှင့် အသက် ၂၉ နှစ်အရွယ် Moreira တို့က ၀န်ခံထွက်ဆိုသွားသည်။

Credit;Mizzima
Link:http://www.mizzimaburmese.com/article/21782

တရားသူကြီးညစာ


၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူ ၇ သိန်းကျော်ရှိ

၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအပြီး အ.ထ.က (၁) ၊ တာမွေ စာစစ်ဌာနမှ ပြန်လည် ထွက်ခွာ လာသော ကျောင်းသား/သူ များ အား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

    တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားသူ ဦးရေ ၇၆၇၁၈၉ ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ထံမှ သိရသည်။

ထို့ အတူ စာစစ်ဌာနပေါင်း ၁၅၉ဝ အား ခရိုင် ၇၁ ခရိုင်၊ မြို့နယ်ပေါင်း ၃၃၅ မြို့နယ်အတွက် ထားရှိ စစ်ဆေးရန် လျာထားလျက်ရှိကြောင်း သိရသည်။၂ဝ၁၆-၂ဝ၁၇ တက္ကသိုလ်ဝင် စာမေးပွဲအား ဘာသာရပ်များ အလိုက် ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ ၆၃၆၂၃၇ ဦးရေ ရှိသည့် အနက် အောင်မြင်သူ ၁၉၀၃၈၈ ဦး ရှိခဲ့ပြီး  ဘာသာအလိုက် ဂုဏ်ထူး ပါရှိမှုမှာ ၆ ဘာသာ ဂုဏ်ထူး ပါရှိသူ ၈၉၃ ဦးသာ ရှိပြီး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၇၀၂၄ ဦး ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

Friday, December 30, 2016

"အခြောက်မ" လို့ပြောတဲ့ ပရိသတ်ကို ဇေရဲထက် ဘာပြန်ပြောလိုက်သလဲ……?





 ပြောဆိုခဲ့ပါတယ်………







 



Credit:Myanmarload

#Unicode Version
မြန်မာ့အနုပညာရှင်လောကရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ ဇေရဲထက်ဟာ သူ့ဓာတ်ပုံအောက်မှာ ကွန်းမန့်ဝင်ရောက်ရေးသားတဲ့ ပရိသတ်တစ်ဦးနဲ့ အပြန်အလှန်ပြောဆိုကြရင်း………

Mas Ter ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ သရုပ်ဆောင်ဇေရဲထက်၏ ရိုက်ကွင်းကဓာတ်ပုံတစ်ခုအောက်မှာ

"အခြောက်မနို့ကိုင်မင်းသားရယ်…မလိုက်မကိုက်တွေမရိုက်စမ်းပါနဲ့" ဟု ကွန်းမန့်ရေးသားခဲ့ခြင်းအပေါ် ဇေရဲထက်ဖက်မှ အောက်ပါဓာတ်ပုံပါစာများအတိုင်း ပြန်လည်ချေပ

 ပြောဆိုခဲ့ပါတယ်………

Credit:Myanmarload
 Htoo Eh Lin
Myanmar Actress Thin Zar Wint Kyaw
Myanmar Actress Thinzar Wint Kyaw
myanmar actor soe thu and soe myat nandar at birthday
 Myanmar Actress Shwe Hmone Yati

 why guys say I love you

 Actor soe thu wife khin mya mya wut hmone swe

 soe thu's ex wife khin mya mya wut hmone swe

မင်းသမီးအေးမြတ်သူနဲ့ အလန်းစားရိုက်ကူးထားတဲ့ Auto Man  Quick Service Center

 actress Aye Myat Thu
 Actress Aye Myat Thu

 Actor Soe Thu and actress soe myat nandar

စိုးသူ ဇနီးဟောင်း

မင်းသားစိုးသူရဲ့ဇနီးဟောင်းပြောပြတဲ့ တခါက အကြောင်းလေးတွေ-၃
soe thu ex wife


မင်းသားစိုးသူရဲ့(၅၁)နှစ်မြောက်မွေးနေ့အတွက် သမီးငယ်ရဲ့ ချစ်စရာမွေးနေ့လက်ဆောင်စကား 
 Birthday wishes for Dad (actor soe thu)
မင်းသားစိုးသူရဲ့ဇနီးဟောင်းပြောပြတဲ့ တခါက အချစ်ဇတ်လမ်း-၂
 မင်းသားစိုးသူဇနီးဟောင်း

မင်းသားစိုးသူရဲ့ဇနီးဟောင်းပြောပြတဲ့ တခါက အချစ်ဇတ်လမ်း-၁
 myanmar actor soe thu's ex wife

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့မင်းသားစိုးသူရဲ့ဇနီးဟောင်းက တရားစွဲချင်ရင်သူ့ကိုစွဲပါ။အားလုံးကိုရင်ဆိုင်ဖို့အသင့်ပါပဲလို့ ပြောလိုက်ပါတယ်။ 
 စိုးသူ ဇနီးဟောင်း
 မမောတမ်းမနော
 LU LU AUNG
 Htun Htun Wai Yan Wedding Reception
    Han Thi And funny gyu

    FMI ကုမ္ပဏီရှယ်ယာတန်ဖိုး စတင်ချိန်နောက်ပိုင်း အနိမ့်ဆုံးဈေးဖြစ်လာ


    ရန်ကုန် ဒီဇင်ဘာ ၂၉

    ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီရှယ်ယာတန်ဖိုးနေ့စဉ် ကျဆင်းနေပြီး လက်ရှိဖြစ်ပေါ်နေ သောပေါက်ဈေးသည်ယခုလအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သိရသည်။

    ဒီဇင်ဘာလအတွင်းFMI ရှယ် ယာတန်ဖိုးသည် ကိုးရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပြီး ရှယ်ယာတစ်စု လျှင် ကျပ် ၁၄ဝဝဝ သို့ ရောက်ရှိ လာ၍ သက်တမ်းတစ်လျှောက် အနိမ့်ဆုံးရှယ်ယာဈေးဖြစ်ခဲ့ကာ စတော့အိတ်ချိန်းတွင် စတင်ရောင်း ချစဉ် အမြင့်ဆုံးဈေးကျပ် ၄၁ဝဝဝ ဖြင့် ချိန်ဆပါက ရှယ်ယာတန်ဖိုး ကျဆင်းမှု ၆၅ရာခိုင်နှုန်းကျော် အထိ ဖြစ်ပေါ်လျက်ရှိသည်။

    ''စတော့ကို လူတိုင်းသိပ်နား မလည်ဘူး။ အဲ့တော့ စိတ်ဝင်စားမှု မရှိဘူး။ ဈေးကွက်အေးတယ်။ ဒါပါပဲ။ ဈေးကွက်ပျက်ရလောက် အောင်အထိတော့ မဟုတ်ပါဘူး။ နောက်ပိုင်းကုမ္ပဏီတွေ များလာ မယ်။ လူတိုင်းနီးပါးကို နားလည် အောင် သေချာရှင်းပြမယ်ဆိုရင် တော့ ဒီလိုမျိုးတွေဖြစ်မှာ မဟုတ် တော့ပါဘူး။ အခုက သူကလည်း သက်တမ်းနုသေးတယ်လေ''ဟု စတော့ရှယ်ယာ အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ပြောသည်။

    ယခင်ကFMI ရှယ်ယာ၏ အနိမ့်ဆုံးရှယ်ယာတစ်စုဈေးနှုန်း မှာ နိုဝင်ဘာ ၂၅ရက်တွင်ဖြစ်ပေါ်ခဲ့ သည့် ရှယ်ယာတစ်စုကျပ် ၁၅၅ဝဝ ဖြစ်ပြီး ဒီဇင်ဘာ ၂၆ရက်တွင် ရှယ် ယာတစ်စု ကျပ် ၁၄၅ဝဝအထိ ထပ်မံ ဈေးနှုန်းကျဆင်းခဲ့ကာ ထို သို့ နေ့စဉ်ဈေးနှုန်းကျဆင်းနေသည့် အပြင် ဒီဇင်ဘာ ၂၇ရက်တွင် ရှယ် ယာတစ်စုကျပ်၅ဝဝထပ်မံကျဆင်း ကာFMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၄ဝဝဝအထိ ဖြစ်ပေါ်နေသည်။

    ရန်ကုန်စတော့အိတ်ချိန်းတွငFMI ရှယ်ယာ အရောင်းအဝယ် ဖြစ်မှု ကျဆင်းနေသကဲ့သို့ သီလဝါ ရှယ်ယာသည်လည်း အရောင်း အဝယ်နှင့် ဈေးနှုန်းကျဆင်းနေပြီး ရှယ်ယာတစ်စုအဖြစ်မှ ရှယ်ယာ ၁ဝစုအဖြစ်သို့ ခွဲစိတ်ပြီးနောက် တစ်စု ကျပ်၅၃ဝဝအထိ မြင့်တက် ခဲ့သည့် သီလဝါရှယ်ယာသည် လက်ရှိ ယခုလ ၂၈ရက်မှစကာ ရှယ်ယာတစ်စု ကျပ်၄၄ဝဝအထိ ဈေးနှုန်းကျဆင်းနေသည်။

    ထိုသို့ ရှယ်ယာများ ဈေးနှုန်း ကျဆင်းနေသည့်အပြင် ရန်ကုန် စတော့အိတ်ချိန်းတွင်လူစိတ်ဝင်စား မှု အနည်းဆုံးဖြစ်သည့် မြန်မာနိုင်ငံ သားများဘဏ် ရှယ်ယာသည် ရှယ်ယာတစ်စု ကျပ်၉၅ဝဝ ဝန်း ကျင်ဖြင့် ဈေးနှုန်းငြိမ်သက်နေရာမှ ယခုလ ၂၈ရက်တွင် ကျပ်၉၁ဝဝ သို့ ကျဆင်းခဲ့သည့်အပြင် ယင်းနေ့ တွင် ရောင်းဝယ်မှု တစ်ဦးမျှမရှိ ကြောင်း သိရသည်။

    FMI ကုမ္ပဏီ၏ အစုရှယ်ယာ တစ်စုသည် ဒီဇင်ဘာ ၁ရက်တွင် ကျပ် ၁၆ဝဝဝရှိပြီး ယခုလ၂၆ရက် ၌ အစုရှယ်ယာတစ်စုလျှင်၁၄၅ဝဝ ကျပ်ဈေးရှိခဲ့သည်။FMI ကုမ္ပဏီ သည်ရှယ်ယာစတင်ရောင်းချသည့် မတ် ၁၆ရက်တွင် အစုရှယ်ယာ တစ်စုလျှင် ကျပ်၃၁ဝဝဝဖြင့်ရောင်း ချခဲ့ပြီး မတ်လတစ်လတည်းတွင် ရှယ်ယာအရောင်းအဝယ် ကျပ် ၂၄ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ခဲ့သည်။

    ထို့နောက် ရန်ကုန်စတော့အိတ် ချိန်းတွင် မေ ၂ဝရက်၌ သီလဝါ ရှယ်ယာ စတင်ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခုဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလီယံကျော်၊ ဇွန်တွင်ကျပ် ခြောက်ဘီလီယံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလီယံကျော် နှင့် သြဂုတ် ၂၆ရက်တွင် မြန်မာ နိုင်ငံသားများဘဏ်ပါဝင်လာသော် လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ၉ဘီလီယံကျော်သာအရောင်း အဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင် လည်း ကျပ် ၂ ဒသမ ၄ ဘီလီယံ ကျော်သာ အရောင်းအဝယ်ဖြစ်ပေါ် ကာ အနည်းဆုံး အရောင်းအဝယ် အဖြစ် စံချိန်တင်ခဲ့သည်။

    ထိုသို့ စံချိန်တင်ကျဆင်းနေရာ မှ အောက်တိုဘာလတွင် သီလဝါ ရှယ်ယာများကို ရှယ်ယာခွဲစိတ်မှု ကြောင့် လူစိတ်ဝင်စားမှု များပြား လာပြီး ဈေးနှုန်းပြန်လည်မြင့်တက် လာသဖြင့် အောက်တိုဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၏အရောင်း အဝယ်ဖြစ်မှု ပြန်လည်မြင့်တက် လာခဲ့ပြီး ကျပ်လေးဘီလီယံကျော် ဖိုးအထိ အရောင်းအဝယ်ဖြစ်ပေါ် ခဲ့သည်။

    ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ်မြင့်တက် မှုမှာ တစ်လသာကြာခဲ့ပြီး နိုဝင် ဘာလတွင်မူ အရောင်းအဝယ်ဖြစ်မှု ကျပ် ၂ ဒသမ ၂ ဘီလီယံခန့်ဖြင့် စတော့အိတ်ချိန်း ဖွင့်လှစ်သည့် ကိုးလအတွင်း နိုဝင်ဘာလသည် အရောင်းအဝယ်ကျဆင်းမှု အဆိုး ဆုံးဖြစ်ခဲ့ရကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ လအလိုက်ထုတ်ပြန် သည့် အရောင်းအဝယ်ဖြစ်မှုအခြေ အနေများအရ သိရသည်။

    တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့်ရန်ကုန် စတော့အိတ်ချိန်းတွင် တစ်နှစ် အတွင်း ရှယ်ယာတန်ဖိုး ကျပ် ဘီလီယံ ၇ဝခန့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း အရောင်းအဝယ် မှာမူ လစဉ်ဆက်တိုက်ကျဆင်းခဲ့ ကြောင်း သိရသည်။

    မေလွင်
    The Union Daily
    https://www.facebook.com/uniondaily.net

    Eleven CEO ဒေါက်တာသန်းထွဋ်အောင်က နှလုံးရောဂါကြောင့်ရယ်၊ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာလို့ ဆို


    Eleven CEO ဒေါက်တာသန်းထွဋ်အောင်ကို ၅ ကြိမ်မြောက်ရုံးထုတ်
    Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ကို ဒီဇင်ဘာလ (၃၀) ရက် ဒီကနေ့မှာ ၅ ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

     တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး တတိယအကြိမ်မြောက် အာမခံပြင်ဆင်လျှောက်ထားမှုကိုတော့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။


     ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နဲ့ အစိုးရအဖွဲ့ကို သတင်းစာကနေ တောင်းပန်စာ ထည့်သွင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်က သူ့ရဲ့ နှလုံးရောဂါနဲ့ ကျန်းမာရေးအခြေအနေကြောင့် ရယ် လက်ရှိအစိုးဟာ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုးရဖြစ်တာ ရယ်ကြောင့် တောင်းပန်တာဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြား ခဲ့ပါတယ်။

     နောက်တစ်ကြိမ်ရုံးချိန်း ကိုတော့ ဇန်န၀ါရီလ (၆) ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

    5 Plus News
    https://www.facebook.com/5plusnews/

    အလဲဗင်း ပိုင်ရှင်နဲ့ အယ်ချုပ် အာမခံ ထပ်ငြင်းခံရ

     ဒေါက်တာ သန်းထွဋ်အောင် ရုံးချိန်းကို လူနာတင် ယာဉ်နဲ့ လာရောက်ပြန်။
    ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပုဒ်မ ၆၆ (ဃ) နဲ့ တရား စွဲဆိုထားတဲ့ အလဲဗင်း မီဒီယာဂရု CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ နှစ်ယောက်ရဲ့ အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားသူကြီးက ထပ်မံ ပယ်ချ ခဲ့ပါတယ်။

    အလဲဗင်းမီဒီယာရဲ့ ဆောင်းပါးထဲမှာ အချက်အလက်တွေ မှားယွင်းစွာ ကိုးကားမိတဲ့ အတွက် တောင်းပန်ကြောင်း စာကို အလဲဗင်းက ဒီ အပတ်ထဲမှာပဲ ဖော်ပြခဲ့တဲ့အတွက် နှစ်ဖက် ကြေအေးလိမ့်မယ်လို့ ယူဆမှုတွေ ရှိခဲ့ပေမယ့် အာမခံ ထပ်ငြင်း ခံလိုက် ရတာပါ။

    နိုဝင်ဘာ လဆန်း ကတည်းက အဖမ်း ခံထားရတဲ့ ဒီအမှုမှာ ရုံးထုတ် စစ်ဆေးတာ ခြောက်ကြိမ် ရှိခဲ့ပြီး အာမခံ လျှောက်ခဲ့တာလည်း လေးကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၃ဝ ရက်နေ့ ရုံးချိန်းမှာတော့ တရားလို ဖြစ်တဲ့ ရန်ကုန် အစိုးရ အဖွဲ့က ညွှန်ကြားရေးမှုး ဦးမိုးဟိန်း နေပြည်တော် အစည်းအဝေး ရှိနေတဲ့ အတွက် ရောက်မလာ နိုင်ခဲ့လို့ နောက်တစ်ပတ် သောကြာ နေ့ အထိ ရုံးချိန်း ရွှေ့ခဲ့ရတယ် ဆိုပြီး ဒေါက်တာ သန်းထွဋ်အောင် တို့ ဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဘီဘီစီကို ပြောပါတယ်။

    ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ကျန်းမာရေး အခြေအနေ ဆက်လက် ယိုယွင်းလျက် ရှိနေတယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

    အလဲဗင်းက တောင်းပန်ကြောင်း ဖော်ပြ ခဲ့ပေမယ့် အစိုးရဘက်က ဥပဒေကြောင်း အရ ဆက်သွားမယ် ဆိုပြီး ပြည်တွင်း မီဒီယာ တချို့က ဦးမိုးဟိန်း ကို ကိုးကား ဖော်ပြ ခဲ့ပါတယ်။

    BBC Burmese
    http://www.bbc.com/burmese

    မိဘကိုလုပ်ကျွေးရန် အခွင့်အရေး (၅) ပါး



    ၁။ မိဘကို ကျွေးမွေး ပြုစုရန် မိမိမှာ ဖြူစင်သော စေတနာရှိခြင်း။
    ၂။ မိမိမှာ ကျွေးမွေးနိုင်သော အင်အားရှိခြင်း။
    ၃။ ကိုယ့်ကို မိဘက အားကိုးခြင်း။
    ၄။ မိဘများ အသက်ရှင်လျှက်ရှိခြင်း။
    ၅။ မိဘများ ကျန်းမာသာယာစွာရှိခြင်း။

    အမိအဖ ကို လုပ်ကျွေး ပြုစုခြင်း၏ ယခုဘဝ နှင့် နှောင်ဘဝ အကျိုး

    ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည် ”ဗြဟ္မာ”နှင့်တကွ နေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”လက်ဦး ဆရာ” နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ” နှင့်တကွ နေသည်မည်ကုန်၏။

    ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

    အမိအဖတို့ကို သားသမီးတို့၏ ”ဗြဟ္မာ”ဟူ၍လည်းကောင်း၊ ”လက်ဦးဆရာ”ဟူ၍လည်းကောင်း၊ သားသမီးတို့၏ ”အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ”ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊

    အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။

    * ပဌမသုတ် *

    ___________________________________________________

    🙏မိဘဟာ ဘုရားနဲ့တစ်ဂိုဏ်းထဲပါ🙏

    ဘုရားရှိခိုးလို့ကုသိုလ်ရသလို မိဘရှိခိုးရင်လည်းကုသိုလ်ရပါတယ်
    သံဃာကို သင်္ကန်းလှူသလို မိဘကိုဝတ်စရာဝယ်ပေးတာလည်းကုသိုလ်ပါပဲ
    သံဃာကို ဆွမ်းကပ်သလို မိဘကို စားစရာတွေဝယ်ကျွေးနေတာလည်းကုသိုလ်ပဲ
    မိဘတွေဟာ သားသမီးတွေအတွက် အကောသ်းဆုံးအလှူခံပုဂ္ဂိုလ်ပါ
    မိဘကျေးဇူးသိပြီး ကျွေးမွေးစောင့်ရှောက် စိတ်ချမ်းသာအောင်ထားရင်
    နတ်တွေစောင့်ရှောက်ပါတယ် လူစောင့်ရှောက်တာမလုံခြုံ နတ်စောင့်ရှောက်တာ
    လုံခြုံပါတယ်။ သကြားမင်းကတောင်ရှိခိုးရတာပါ။
    မိဘတွေသက်ရှိထင်ရှားရှိတုန်း အားရအောင်ပြုစုစောင့်ရှောက်ပါ
    ကျေးဇူးတရားတွေကိုမြန်မြန်သိ မြန်မြန်ဆပ်လိုက်ကြပါ
    ဒီဘဝမှာကောင်းကျိုးပေးမှာဖြစ်သလို နောင်ဘဝတွေမှာလည်းကောင်းကျိုးတွေ
    ရမှာပါ။ မိဘအသက်ရှိတုန်းလုပ်ပေးတဲ့ကုသိုလ်က ပိုအားကောင်းပါတယ်
    သေပြီးမှဆိုတာက မကျိန်းသေဘူးလေ
    မိဘတွေဟာ မီးနဲ့တူတယ် မီးလိုပဲသုံးတတ်ရင်ကျေးဇူများသလို မသုံးတတ်ရင်
    အန္တရာယ်များတယ်။
    မိဘကိုမရိုသေ မကျွေးမွေး ပစ်ထားမယ် စိတ်ဆင်းရဲအောင်လုပ်မယ်ဆို
    ဒီဘဝအသက်တိုမယ် ရောဂါများမယ် စီးပွားရေးပျက်ဆီးလို့ကိုယ့်သားသမီးတွေ
    ကလည်းဂရုစိုက်မှာမဟုတ် သေရင်လည်းငရဲပြည်ရောက်ရမှာပါ။
    ရှေးရှေးသူတော်ကောင်းတွေဆုတောင်းတဲ့အထဲမှာ...
    ဘဝတိုင်းမှာအဖေကောင်းအမေကောင်း လင်ကောင်းမယားကောင်း
    သားသမီးကောင်း ဆွေမျိုးကောင်း မိတ်ဆွေကောင်းတွေနဲ့ပဲတွေ့ရပါစေတဲ့။
    သံသရာခရီးသွားစဉ်မှာ အဲလိုအကောင်းလေးတွေဆုံချင်ရင်မိဘကိုကျွေးမွေးစောင့်ရှောက်ပါ
    အဲဒါတင်မက တရားတွေအားထုတ်ချင်အောင် ဥပုသ်စောင့်ချင်အောင်လည်းလုပ်ပေးပါ
    တရားစခန်းတွေပို့ပေးလို့ တရားတွေသိအောင်လုပ်ပေးရမယ်
    သေခါနီးပြီဆိုရင်လည်း အမေတယောက်ထဲမဟုတ်ဖူး မကြာက်နဲ့ အရင်ဘဝတွေလည်း
    သေခဲ့ပြီးပြီ သားသမီးရောပစ္စည်းရော ဘာမှမစွဲနဲ့ ဘယ်ဝေဒနာပေါ်ပေါ် အဖြစ်အပျက်ကို
    သေချာမှတ်ပါ သေခါနီးဝေဒနာကပေါ်မှာပဲလေ အနုစားလားအကြမ်းစားလားတာမသိတာ
    ဝေဒနာနဲ့ငါ မရောစေနဲ့ သေခါနီးတရားမလွတ်ဖို့က အရေးကြီးဆုံးပါ။
    ဝေဒနာပေါ်တိုင်း အပျက်မြင်အောင်ကြည့် ဘာမှမမြဲဘူးဆိုတဲ့အသိဖြစ်ပါစေ
    လွမ်းတဲ့စိတ်ပေါ်လည်းမမြဲဘူးလို့သိလိုက်ပါ ဝေဒနာဟာလည်းမမြဲဘူးဆိုပြီး
    အပျက်သဘောလေးတွေမြင်အောင်ကြည့်
    ဝေဒနာက အနိစ္စ
    သိတာက မဂ္ဂ
    အသေမဦးခင် ဥာဏ်ဦးသွားတော့ သေခါနီးကပ်ပြီး သောတာပန်တော့ဖြစ်နိုင်သေးတယ်
    သံသရာတလျှောက်လုံးအကျိုးရဖို့ အဲလိုကုသိုလ်လည်း လုပ်ပေးရမယ်။
    -သဒ္ဓါတရားမရှိတဲ့မိဘ သဒ္ဓါတရားရှိအောင်
    -မလှူမတန်းနှမြောတွန့်တိုတဲ့မိဘ လှူချင်အောင် လှူနိုင်အောင်ပြောပေးလုပ်ပေးပါ
    ဒီဘဝလှူခြင်းသည် သံသရာအတွက်ယူခြင်းပါ
    -ဥပုသ်မစောင့်ချင်တဲ့မိဘ ဥပုသ်စောင့်ချင်အောင် အဝတ်အစားလေးဝယ်ပေးလို့
    ဘုရားကျောင်းလိုက်ပို့ပေးတာ သီလကုသိုလ်ပါ
    -တရားနာ တရားအားထုတ်ရမှာပျင်းတဲ့မိဘ တရားနာခိုင်း အားထုတ်ခိုင်းပါ
    ငွေတွေလှူပေး စားစရာလေးတွေဝယ်လို့တိုက်တွန်းပေးပါ
    ကိုယ့်ပေါ်ငယ်စဉ်တောင်ကျေးကလေးဘဝက ပြုစုစောင့်ရှောက်ခဲတဲ့မိဘကျေးဇူးတွေ
    မမေ့ကောင်းဘူးလေ အသေကောင်းဘဝကူးကောင်းအောင်လုပ်ပေးပါ
    မိဘမေတ္တာ ပန်းရွှေကြာနဲ့နှိုင်းလို့မရ ရွှေကြာပန်းက နွမ်းတတ်လို့...
    မိဘမေတ္တာ လစန္ဒာနဲ့ ပမာနှိုင်းဆို မတိုင်းလိုဘူး ထိုလစန္ဒာ ကွယ်တတ်လို့...
    မိဘမေတ္တာ လစန္ဒာနဲ့ ပမာနှိုင်းဆို မတိုင်းလိုဘူး ထိုလစန္ဒာ ကွယ်တတ်လို့......
    အသက်ထက်ဆုံးချစ်ပါ့မယ်...အရိုးမြေကျချစ်ပါ့မယ်ဆိုတဲ့
    စကားတွေက
    မိဘတွေသားသမီးပေါ်ထားတဲ့မေတ္တာစကားတွေသာပါ
    သားသမီးကြီးပွားဖို့က မိဘတာဝန်
    မိဘတွေဘဝကူးကောင်းဖို့က သားသမီးတာဝန်ပါ။

    (ဘယ်ခန္ဓာမဆို မမြဲပါဘူး ဖြစ်ပြီးပျက်ရတာချည်းမို့ ဒုက္ခသစ္စာပါ
    သိတဲ့ဥာဏ်က မဂ္ဂသစ္စာ သေသွားတာက သမုဒယသစ္စာ
    အိုနာသေလွတ်တဲ့ နိဗ္ဗာန်ရောက်တာက နိရောဓသစ္စာ)။

    (၂၆-၇-၂၀၁၅)တောင်ကြီးမြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတွင်ဆရာတော်အရှင်နန္ဒဝံသ
    (ခြောက်ထပ်ကြီး)ဆရာတော်ဟောကြားသော သမီးအလိမ်မာမစန္ဒာ တရားမှ ထုတ်နှုတ်တင်ပြပါသည်။

    ဓမ္မ

    မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ



    နေပြည်တော်၊ ဒီဇင်ဘာ ၃၀

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများသည် ကျီးကန်းပြင် (အနောက်ရွာ)တ၀ိုက် ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် ကော်ဒီမူလာ(ဘ) ဇော်ကီအာမောက်နှင့် အစစ်ဆေးမခံဘဲပုန်းအောင်းနေသည့် မာမွတ်အာလောင် (ဘ)အော်လီအာမတ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

    အဆိုပါဖမ်းဆီးရမိသူများအား အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း (ကျီးကန်းပြင်)၌ ထိန်းသိမ်းထားရှိကာ တရားဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
    https://www.facebook.com/Cincds/