Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 30, 2016
“ယောကျာ်းမှန်ရင်အဖေတောင် မယုံနဲ့”ဆိုတဲ့ စကားကို လုံးဝမပြောခဲ့ဘူး(ထားထက်ထက် နှင့် တွေ့ဆုံခြင်း)
“ယောကျာ်းမှန်ရင်အဖေတောင် မယုံနဲ့”ဆိုတဲ့ စကားကို လုံးဝမပြောခဲ့ဘူးဆိုတာ မူရင်းအသံဖိုင်တွေကို နားထောင်ကြည့် ရင်သိကြမှာပါ ….
.
ထားထက်ထက် နှင့် တွေ့ဆုံခြင်း
*********************
လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး ဆိုတဲ့ ပြည်သူ့ဆန်္ဒဖော်ထုတ်တဲ့ ပွဲမှာ Speaker တစ်ဦးအဖြစ် မျှဝေ ခဲ့သူ အလှမယ်၊ မော်ဒယ် ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထားထားထက်ရဲ့ ပြောစကားအပေါ်နားလည်မှု လွှဲမှားတာမျိုး တွေဖြစ်နေ တဲ့အတွက် သူမနဲ့တွေ့ဆုံပြီး မေးမြန်း ဖြစ်ခဲ့တဲ့အခါ -
---------------------------------------------------------------------------
Sunday-လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး ဆိုတဲ့ ပွဲမှာ ထားထက်ပြောခဲ့တဲ့ စကားလေးနဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာမျိုးတွေဖြစ်နေတဲ့အတွက် ဘယ်လိုဖြေရှင်းချင်ပါသလဲ။
Htar-ထားထက်အနေနဲ့ ဒီပွဲကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ လိင်အကြမ်းဖက်မှု အမှုအခင်းတွေ၊ သတင်းတွေ အများကြီး ကြားလာရလို့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဖို့ရည်ရွယ်ပြီး ပြောကြားခဲ့တာပါ။ ကိုယ်တိုင်လည်း အဖေကို အရမ်းချစ်တဲ့ သမီးတစ်ဦးလည်းဖြစ်တဲ့အတွက် အခုလိုပြောကြား ခဲ့တာဟာ ဖခင်တွေကို လုံးဝထိခိုက် စော်ကားလိုခြင်းမရှိဘဲ တကယ့်ပြစ်မူကျူးလွန်သူများကိုသာ သက်ညှာမှု မရှိဘဲ အပြစ်ပေးစေဖို့ ရည်ရွယ်ပြီးပြောခဲ့တာဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့် ပါတယ်။ သူတို့ တင်ချင်ရာတင်ပြီး Troll ကြတဲ့ လူတွေကြောင့် ကိုယ်ရဲ့ပြောစကားဆိုလိုရင်းကို မရောက်ဘဲ အထင်အမြင် လွှဲသွားတဲ့အတွက်လည်း အရမ်းစိတ်ထိခိုက်ရပါတယ်။
Sunday-အမှန်တကယ်ပွဲမှာ ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီးသေချာမသိရှိကြဘဲ အခုလိုဝေဖန်ကြတဲ့အပေါ်ဘယ်လို ခံစားရပါသလဲ။
-Htar-ဟုတ်ကဲ့။ ထားထက်ပြောခဲ့တဲ့ စကားက တကယ့်ကို ပြောမထွက်တဲ့၊ ပြောလည်း မပြောသင့်တဲ့ မကြားဝံ့မနာ သာ စကားတစ်ခွန်းပါ။ အမှန်တရားဖြစ်နေပေမဲ့ နားခါးစရာပါ။ သတိထားမိအောင်တော့ ထည့်ပြောရမှာပါပဲ။ ဒါကြောင့်လည်း အပြင်မှာ သေချာလေ့ကျင့်ရင်းစကားမမှားအောင် ထိန်းခဲ့ရပါတယ်။ ကိုယ့်စကားအတွက် အများစုကြီးဖြစ်တဲ့ တကယ့်ဖခင်ကောင်းတွေအပေါ်မှာ ထိခိုက်မှာလည်း အရမ်းစိုးရိမ်ပါတယ်။
အတိအကျကို အသံဖိုင်တွေလည်း နားထောင် နိုင်ပါတယ်။ ထားထက်ပြောတာက “ခုနောက်ပိုင်းမှာ တခါမှ မကြားဘူးခဲ့တဲ့ ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်တဲ့ကိစ်္စတွေတွေ့လာရတယ်။
ဒီလိုကိစ္စမျိုးဆိုရင်တော့ သေဒဏ် ပေးကိုပေး စေချင်ပါတယ်။ ဒီလိုလူမျိုးရှိနေလို့လည်း ဆန်ကုန်မြေလေးဖြစ်နေမှာပါ။ ဘာမှထူးလာမှာမဟုတ်ဘူး” ဆိုတဲ့ စကားကိုပဲ ထည့်သွင်းပြောဆိုခဲ့ရုံပါ။
ထားထက်ဆိုလိုတာက အဖေအရင်းက ကျူးလွန်တဲ့ အခါ မိခင်အနေနဲ့ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်မှာ၊ သားသမီး မျက်နှာလည်း မငယ်စေလို၊ ပတ်ဝန်းကျင် လက်ညိုးတွေလည်း ကြောက်ရနဲ့ အမှုဖွင့်လို့ ပိုက်ဆံကုန် တာတွေ၊ အားကိုးရာလည်းမဲ့တာတွေ ရှိမှာစိုးရိမ်ပြီး ကျိတ်သည်းခံ နေရတဲ့ အဖြစ်တွေ မဖြစ်စေလိုတဲ့ အတွက် တကယ့်ကို သဘောရိုးနဲ့ အဲဒီလို လူစိတ်မရှိတဲ့ အဖေမျိုးဆို သေဒဏ်နဲ့သာ ထိုက်တန်ကြောင်းဆိုတာမျိုးကို ပြောခဲ့ပါတယ်။
Sunday-အဲဒီလို ကိစ္စရပ်တွေမှာ ဘယ်လို ကာကွယ်ဖို့လိုမယ်လို့ ထင်ပါသလဲ။
Htar-အခုနောက်ပိုင်း ထားထက်တို့က ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှုတွေတားဆီးလိုသူတွေရဲ့ စုရပ်အဖြစ် သတင်းတွေ ဖလှယ်ခွင့်ရအောင် အွန်လိုင်း ဂရု(ပ်)တစ်ခုလုပ်ထားတော့ အမှုပေါင်းများစွာ တက်နေတယ်၊ သိရကြားရတာတွေလည်းအများကြီးရှိပါတယ်။ အဲဒီ ဖြစ်ရပ်တွေထဲမှာ အဖေရင်းကသမီးရင်းကို မုဒိမ်းကျင့်တယ် ခြိမ်းခြောက်တယ်ဆိုတဲ့သတင်းတွေ လည်း ပါဝင်နေတော့ အားလုံး ဆင်ခြင် ဂရုပြုနိုင်အောင် ဒီလိုဖခင်စိတ်ဓါတ်မရှိတဲ့ အရမ်းယုတ်ညံ့တဲ့စိတ်ဓါတ်ရှိတဲ့ လူမျိုးအပေါ် ကိုယ်ဖြစ်စေချင်တဲ့ ပြစ်ဒဏ်ကိုပြောပြ လိုက်တာမျိုးပါ။
တကယ့် စာရင်းဇယားတွေအရလည်း လက်ရှိ မုဒိမ်းမှုတွေမှာ ဆွေမျိုး နီးစပ်တော်သူတွေ၊ အနေနီးစပ်သူတွေ၊ အဓိက အစ်ကိုဝမ်းကွဲ၊ ဆရာ စသူတွေကကျူးလွန်တဲ့ ရာခိုင်နှုန်းများနေတာ တွေ့ရတဲ့အတွက် အားလုံးကို သတိထားပြီးဂရုပြုနိုင်အောင်၊ ကာကွယ်နိုင်အောင် ပြောပြတဲ့သဘောပါပဲ။
Sunday- ထားထက်အနေနဲ့ ဘယ်လိုအသိပညာပေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေပါသလဲ။
Htar-ထားထက် ကိုယ်တိုင်ကတော့ Stop Sexual Abuse ဆိုပြီး Page တစ်ခု ထောင်ထားပြီး လိင်အကြမ်းမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ပညာပေးတွေကို အများပြည်သူသိအောင် Knowledge Sharing အနေနဲ့ တင်ပေးနေပါတယ်။ ထားထက်အနေနဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ဒီကိစ်္စမျိုးတွေ အပေါ်မှာ ကိုယ်တိုင်လည်း လိုက်ပြီးအကူအညီပေးတယ်။ နောက် အင်တိုက် အားတိုက်ဆန့်ကျင်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်က ပရဟိတ အလုပ်တွေ အများကြီး လုပ်နေတဲ့အတွက် ထားထက်ကို နားလည်ပေးစေချင်ပါတယ်။
Sunday- ထားထက်ရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး မကောင်းတဲ့ Comment တွေအများအပြား တွေ့ရတဲ့အတွက်ဘယ်လိုခံစားရလဲ။
Htar-စိတ်မကောင်းလွန်းလို့ သေချာတောင် မဖတ်တော့ပါဘူး။ အမှန်က ထားထက်ပြောတာ ဘာလဲ ဆိုတာ အဲဒီပွဲကိုတက်ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ လူတွေအားလုံး သိကြပါတယ်။ ထားထက်ပြောတာတကယ့်ကို မှားယွင်းတယ်ဆိုရင် အဲဒီပွဲမှာကတည်းက အားလုံးက ထားထက်ကို ဝေဖန်ကြမှာသေချာပါတယ်။ အခု လည်း ထားထက်စင်ပေါ်မှာပြောထားတဲ့ Video File တွေကို ထားထက်ရဲ့ လူမှုကွန်ယက်မှာ တင်ထားပေးပါတယ်။
“ထားထက်ထက်က ယောကျာ်းဆိုရင် ကိုယ့်အဖေတောင်မယုံရဘူး”ဆိုပြီး တကယ်မပြောခဲ့ဘဲ ပုံတွေတက်လာ တော့ တခြားမြင့်မြတ်တဲ့ဖခင်တွေကို စော်ကားသလိုမျိုး ၊ အဖေကိုချစ်တဲ့သားသမီးတွေ၊ သားသမီးတွေကို ချစ်တဲ့အဖေတွေကို စိတ်ရှုပ်ထွေးအောင် လုပ်လိုက်သလို ဖြစ်ကုန်ပါတယ်။ အဲဒီစကားကိုပြောခဲ့တာ မဟုတ်ဘူးဆိုတာလည်းမူရင်း အသံဖိုင်တွေနားထောင်ကြည့်ရင်သိကြမှာပါ။
တကယ် အဲဒီလိုပုံတင်လိုက်တဲ့ လူတွေရဲ့ နားလည်မှု လွှဲမှားတဲ့အတွက် ရိုင်းစိုင်းတဲ့ Comment တွေကြောင့်အရမ်းလည်း စိတ်ထိခိုက် ရပါတယ်။ ကိုယ်ပြောတာက ပြစ်မှုကျုးလွန်သူ မည်သူမဆိုကို ရည်ရွယ်ပြောခဲ့တာပါ။ ထားထက် အနေနဲ့ လည်း ဖခင်ချင်းကိုယ်ချင်းစာစိတ် အပြည့်ရှိပါတယ်။ အခြားဖခင်ကောင်းတွေအပေါ်မှာလည်း ဘယ်လိုစော်ကား ပြစ်တင်လိုစိတ်မှ မရှိခဲ့ဘူးဆိုတာ ကိုတော့ ယုံကြည်ချက်အပြည့်ရှိပါတယ်။
Sunday- အခုလိုဖြစ်သွားတဲ့အတွက် အဓိကအနေနဲ့ ပရိသတ်ကြီးကို ဘာများပြောချင်ပါသလဲ။
Htar-အခုလိုမျိုး ပြောဖြစ်တဲ့အဓိကအချက်ကတော့ ကိုယ့်အနေနဲ့ စေတနာသက်သက်နဲ့ အပင်ပန်းခံပြီး လုပ်ခဲ့တယ်။ ဒါကိုနားလည်မှုလွှဲမှားပြီး သေချာမသိဘဲ ဝေဖန်မှုတွေကြောင့် အခုလိုဖြစ်ခဲ့ရတယ်။ အမှန်တကယ် က ရင်သွေးငယ်လေးတွေရဲ့ဘ၀ လုံခြုံစိတ်ချစေဖို့ အတွက် မိဘတွေရဲ့ ရင်ထဲက ခံစားချက်တွေကို မျှဝေပြီး အနာဂတ်မှာ ခိုင်မာလုံခြုံတဲ့ ဥပေဒေတစ်ခု ထွက်ပေါ်လာဖို့ ရည်ရွယ်ခဲ့တာပါ။ ထားထက်အပေါ်အခုလိုမျိုး နားလည်မှုလွဲသွားလို့ အရမ်းလည်းစိတ်မကောင်းဖြစ်ရပါတယ်။
တစ်ချို့တော့ ထားထက်ကိုနားလည်ပြီး ပြန်တောင်းပြန်ကြတာ ပို့စ်တွေ ဖျက်ပေးကြတာတွေရှိပါတယ်။ အဲဒီ အတွက်လည်း ထားထက်အနေနဲ့ အထင်လွှဲသွားတဲ့လူတွေကိုလည်း အပြစ်မတင်ချင်တော့ပါဘူး။ ထားထက် ပြောခဲ့တဲ့ အသံဖိုင်လေးတွေကိုပဲ နားထောင်ပြီး ထားထက်ပြောတာ ဘာအဓိပ္ပါယ်လဲ ဆိုတာမျိုးကို ကိုယ်တိုင် ဆုံးဖြတ်စေချင်ပါတယ်။
Sunday- တခြားထပ်မံဖြည့်စွက်ချင်တာများရှိရင်။
Htar- ထားထက်အနေနဲ့ကတော့ ကိုယ်မပြောတဲ့စကားတစ်ခွန်းမို့ သေချာ ရှင်းပြခဲ့ပါတယ်။ သိသွားတဲ့လူတွေကတော့ ဖျက်ပစ်လိုက်တာ ထားထက်အပေါ် အားနာပြီး ပြန်အကြောင်း ကြားတဲ့လူတွေလည်း အများကြီးပါ။ တစ်ချို့ကျတော့လည်း အကြိမ်ကြိမ်အခါခါ အဖြစ်မှန်ကို ရှင်းပြတယ်။ လက်မခံဘူး။ သူတို့ ပြောတာအမှန်ဆိုပြီး ဇွတ်မှိတ်ပြီး ဖော်ပြနေတာမျိုးတွေလည်း တွေ့ရပါတယ်။ ဒါကတော့ ထားထက်ကို မဟုတ်မမှန်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ထိုးနှက်တာမျိုးသိက္ခာချတဲ့ အပိုင်းမျိုးဖြစ်သွားပါပြီ။ ဒီအတွက်ကတော့ မလုပ်ချင်ပေမဲ့ ထားထက်ရဲ့ အမှန်တရားနဲ့ ဂုဏ်သိက္ခာအတွက် ဥပဒေအတိုင်းပဲ ဖြေရှင်းသွားရမယ့် သဘောမျိုးလည်းရှိပါတယ်။
(အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်)
Credit : Sunday journal #Sundayjournal
ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာပဲ
ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာပဲ
Tuesday, November 29, 2016
နိုင်ငံရေး လေနဲ့ဝမ်းနဲ့ ကွဲစေလို
30-Nov-2016
တကယ်တော့ လေနဲ့ဝမ်း ကွဲတယ်ဆိုတဲ့စကားက ဆေးပညာနဲ့ပတ် သက်ပါတယ်။ အထူးသဖြင့် အစားအသောက်မှားလို့၊ အစာအိမ် မအီမလည်ဖြစ်တဲ့အခါ အစာအိမ်အတွင်း လေသောင်းကျန်းပြီး ပြဿနာ ပေါ်တဲ့အတွက်ဖြစ်လာတဲ့ ဝေဒနာပေါ့။ အဲဒီတော့ ကာယကံရှင်က လေလည် တဲ့အခါ ၀မ်းပါရောပြီး ပါလာတဲ့အဖြစ်ကို လေနဲ့ဝမ်း မကွဲဘူးလို့ ဆိုလိုတာပါ။
အခုတစ်လော ရေးရေးနေတဲ့ ဆောင်းပါးတွေ၊ ပြောနေတဲ့ ရေဒီယို/တီဗီ အင်တာဗျူးတွေမှာ အကြောင်းအရာတွေ ရောထွေး၊ သဘောထားတွေ ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စတွေ တွေ့ကြုံ ကြားနေရတော့ 'သြော်... ဒီလူတွေ နိုင်ငံရေး လေနဲ့ဝမ်းနဲ့ မကွဲတာမျိုးတွေ ဖြစ်နေပါရောလား' လို့ တွေးမိတဲ့အတွက် ဒီဆောင်းပါးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဘာတဲ့။ အုပ်ချုပ်ရေးမှာ ပါတီက ၀င်မစွက်ရဘူးဆိုပါလား၊ ဒီလိုအပြောတွေ ခဏခဏ ကြားနေ၊ တွေ့နေရတဲ့အခါ ရုတ်တရက်ဆိုရင် မှန်သလိုလို တော့ရှိသား။ ဒါပေမဲ့ သေသေချာချာ မစဉ်းစားတဲ့လူတွေရဲ့ အပြောလား၊ နိုင်ငံရေးကို ဟုတ်သယောင်ယောင်နဲ့ ငါပြောတာကို နားထောင်ကြစေ သားဆိုတဲ့ အတွေးနဲ့ ပြောနေကြတာလား၊ ဒါမှမဟုတ် ဆောင်းပါးရေးစရာ ကုန်ကြမ်း ဟုတ်တိပတ်တိ မရှိလို့ ရှာကြံရေးနေကြတာလား စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ပါတီကိစ္စ၊ အစိုးရကိစ္စ ရှင်းရှင်းလင်းလင်း သိမြင်ကြစေဖို့လိုပြီလို့ အရေးတကြီး တွေးလာရပါပြီ။ အထင်ရှားဆုံးဖြစ်ရပ်တွေကို ထောက်ပြပြီး တင်ပြချင်ပါတယ်။
ပထမဦးဆုံးဖြစ်ရပ်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ခုနှစ် အလယ်လောက်မှာ အရေးကြီးတဲ့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တာ မှတ်မိကြပါလိမ့်မယ်။ ဒါကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မည်ဆိုတဲ့ ကြေညာချက်ပါ။ အဲဒီကြေညာချက်လည်းထွက်ရော ကျွန်တော်တို့ အဖွဲ့ချုပ်အပါအ၀င် တခြားပါတီအသီးသီးဟာ အဲဒီရွေးကောက်ပွဲကြီးမှာ ပါဝင်ဆင်နွှဲဖို့ စတင်အလုပ်ရှုပ်ကြပါတော့တယ်။ ကျွန်တော်တို့ အဖွဲ့ချုပ်ကလည်း ပထမဦးဆုံးသော ဆုံးဖြတ်ချက်က ဒီရွေးကောက်ပွဲကြီးမှာ အင်တိုက်အားတိုက် ပါဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒီမှာ အထူးထောက်ပြလိုတာက ဒီဆုံးဖြတ်ချက်ဟာ ပါတီက ဆုံးဖြတ်ချက် ဆိုတာပါပဲ။
ကောင်းပြီ။ အဲဒီဆုံးဖြတ်ချက်ပြီးတော့ တစ်နိုင်ငံလုံး ဘယ်နှမြို့နယ်မှာ ၀င်ပြိုင်မလဲ၊ ပြည်သူ/အမျိုးသား၊ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ဘယ်လို ၀င်ပြိုင်မလဲ၊ ၀င်ပြိုင်တဲ့အခါမှာ ဘယ်လိုမူတွေနဲ့ ကိုယ်စားလှယ်လောင်း ရွေးမလဲ စတဲ့ ကိစ္စရပ်တွေကို ဆက်တိုက်ဆက်တိုက် ဆွေးနွေး ညှိနှိုင်း ဆုံးဖြတ်ရပါတော့တယ်။ ဒါတွေကိုလည်း ပါတီကပဲ ဆုံးဖြတ်ရတာပါ။
အဲဒီမူ တွေချပြီးတော့ ကိုယ်စားလှယ်လောင်းတွေကို ဖိတ်ခေါ်ပါတယ်။ လျာထားသူနဲ့ အရန်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါ်တဲ့အခါ ခန့်မှန်းခြေ လေးထောင်ကျော်၊ ငါးထောင်နီးပါးလောက် အမည်စာရင်းတွေ ရပါတယ်။ အဲဒီထဲကမှ တစ်မြို့နယ်ကို လေးဦးနှုန်းနဲ့ မြို့ပေါင်း သုံးရာကျော်ဆိုတော့ ကိုယ်စားလှယ်လောင်း ၁၂၀၀ နီးပါးလောက်ကို ရွေးရပါတယ်။ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။  အရွေးခံရတဲ့သူတွေက စိတ်တိုင်းမကျတာ တစ်မျိုး၊ အပယ်ခံရတဲ့သူတွေက လာပြီးဂျီကျတာ၊ ရန်တွေ့တာ တစ်ဖုံ၊ အဲဒီတုန်းကတော့ အောင်နိုင်ရေးအဖွဲ့ ရုံးဖွင့်ထားတဲ့ မြေနီကုန်းက ရုံးမှာတော့ ပွက်လောထလို့ပေါ့။
ဒီထဲမှာ သခွပ်ပင်က မီးတကျီကျီ ဆိုသလို ဒီကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့အခါမှာ အုပ်စုဖွဲ့တာတို့၊ ဆရာမွေး၊ တပည့်မွေးတာတို့၊ လာဘ် ပေးလာဘ်ယူတို့ ပတ်သက်တယ်ဆိုပြီး နိုင်ငံရေးသုခမိန် အမည်ခံပုဂ္ဂိုလ် တချို့က ဆောင်းပါးတွေနဲ့ ဝေဖန်တိုက်ခိုက်တာတွေလည်း ခံခဲ့ရပါတယ်။ အဲဒီလိုရွေးချယ်မှုတွေ၊ ပြဿနာဖြေရှင်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပါတီရဲ့ဖြေရှင်းမှုတွေနဲ့ ပြီးမြောက် ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါတွေကို ပါတီကပဲ ဦးဆောင်ခဲ့တယ်ဆိုတာ သဘောပေါက်ကြပါ။
ဒါတွေပြီးပြန်တော့ အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ထိုစဉ်က ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပါတီကပဲ ဦးဆောင်ခဲ့တာပါ။ ကိုင်း...ရွေးကောက်ပွဲကြီး ပြီးပါပြီ။ အဖွဲ့ချုပ်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ကိန်းဂဏန်း အရေအတွက်အားဖြင့် ကိုယ်စားလှယ် ၈၈၆ ဦး နိုင်ခဲ့တာပါ။
ကျွန်တော်တို့ သဘောမတူခဲ့သော်လည်း အောင့်သက်သက်နဲ့ လက်ခံခဲ့ရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့က ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွေမှာပါ အစိုးရ အဖွဲ့ဖွဲ့ခွင့်ရပါပြီ။ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အစိုးရကနေ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဖွဲ့ချုပ် အစိုးရကို တာဝန်လွှဲရပါတော့မယ်။ ဒီတော့ ဘာလုပ်ခဲ့ပါသလဲ မှတ်မိကြပါစ။
ကျွန်တော်ခေါင်းဆောင်ပြီး ဒေါက်တာမျိုးအောင်နဲ့ ဒေါက်တာအောင်သူတို့ ပါဝင်တဲ့ အစိုးရ တာဝန်လွှဲပြောင်းလက်ခံရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ ပါတယ်။ ဘယ်သူက ဖွဲ့ပေးတယ် ထင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ပါတီက ဖြစ်ပါတယ်ခင်ဗျာ။ အဲ့လို လွှဲပြောင်းလက်ခံတဲ့ လုပ်ငန်းတွေကို အကြိမ်ကြိမ် ဆွေးနွေးပြီးတော့ အစိုးရ ဖွဲ့ရပါတော့တယ်။ အစိုးရဖွဲ့တယ်ဆိုရာမှာလည်း သမ္မတ ဦးထင်ကျော်ကစပြီး ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှာ ၀န်ကြီးချုပ်နဲ့တကွ ၀န်ကြီးအဖွဲ့တွေ ရွေးချယ်ဖွဲ့စည်းတာတွေ၊ လွှတ်တော်အသီးသီးက ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ဖွဲ့စည်းတာတွေ... အို...ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ ခင်ဗျာ။  ထပ်ပြောပါရစေ။ သမ္မတ ဦးထင်ကျော်မှစ၍ တိုင်းဒေသကြီး/ပြည်နယ်က ၀န်ကြီးတစ်ပါးအထိ ရွေးချယ်အတည်ပြုတာဟာ ပါတီကပဲ ဖြစ်ပါ တယ်ခင်ဗျာ။
ဒီဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ကြည့်ရင် အစိုးရလုပ်ငန်း မှန်သမျှမှာ ပါတီကပဲ ဦးဆောင်တယ်ဆိုတဲ့ အချက်ကို တင်ပြချင်တာပါ။ ဒီဖြစ်ရပ် တွေကိုကြည့်ရင် "အစိုးရအလုပ်ကို ပါတီက ၀င်စွက်တယ်ဆိုတာ မဖြစ်သင့်ဘူး" ဆိုတဲ့ ဆရာကြီးများ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ စွက်ဖက်ရုံတင်မက ဦးဆောင်ရမယ်လို့ ဆိုလိုတာပါ။
အချုပ်အားဖြင့်ပြောရရင်တော့ 'နိုင်ငံရေးလေနဲ့ဝမ်းနဲ့ ကွဲကြဖို့ပါ'။
ဦးဝင်းထိန်
The Voice
GANDHI ပြောခဲ့ဖူးတဲ့စကား
GANDHI ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်
" ကိုယ့်ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့
တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ
တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်
ညစ်ပေသွားတတ်တယ်
သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့
နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့်
သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။
သက်တန့်ချို
ဂျပန်ကလာတဲ့ စီလီကွန်ရုပ်ကို ရဟန်းတွေ ဟိုဒင်းဟိုဟာပြုရင် ပါရာဇိက ကျသလား
ဂျပန်ကလာတဲ့ စီလီကွန်ရုပ်ကို ရဟန်းတွေ ဟိုဒင်းဟိုဟာပြုရင် ပါရာဇိက ကျသလားတဲ့။
ကျမ်းကိုး
..............
unicode
ဂျပန်ကလာတဲ့ စီီလီကွန်ရုပ်ကို ရဟန်းတွေ ဟိုဒင်းဟိုဟာပြုရင် ပါရာဇိက ကျသလားတဲ့။
ဘုရားခေတ်ကတော့ ပန်းချီကားနဲ့ သစ်သားပန်းပုရုပ်ကို ဟိုဒင်းဟိုဟာပြုတဲ့ ရဟန်းနှစ်ပါးရှိခဲ့ဖူးတယ်။
သူတို့ဘာသာ ဘုရားသွားလျှောက်ကြတော့ ဘုရားရှင်က ပါရာဇိကမကျဘူး။ ဒုက္ကဋ်အာပတ်သာ သင့်တယ်လို့ ဆုံးဖြတ်ပေးလိုက်တယ်။
သုတ်လွှတ်ရင်တော့ သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်အရ သံဃာဒိသေသ်အာပတ်သင့်တယ်။
ဒါကြောင့် ဂျပန်စီလီကွန်ရုပ်ကို ဟိုဒင်းဟိုဟာပြုရင် ဒုက္ကဋ်အာပတ်သင့်တယ်။ သုတ်လွှတ်ရင် သံဃာဒိသေသ်အာပတ်သင့်တယ်။ ( မိုးသု - မန္တလေး )
ကျမ်းကိုး
ပဌမပါရာဇိက ဝိနီတဝတ္ထု
ပါရာဇိကပါဠိတော် အဋ္ဌကထာ
ကာလုံအစည်းအဝေး မခေါ်ရင် ဥပဒေဘောင်ထဲက ရေဆုံးမိုးဆုံး လုပ်သွားမယ်လို့ ဦးသိန်းညွန့်ပြော
တောင်းဆိုထားတဲ့အတိုင်း ကာလုံအစည်းအဝေး မခေါ်ယူပါက ဥပဒေဘောင်အတွင်းက ရေဆုံးမိုးဆုံး လုပ်ဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့မှာ MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုမှာ အခုလို ပြောဆိုလိုက်တာပါ။ ပါတီ (၁၃)ခုက ကာလုံအစည်းအဝေးအမြန်ခေါ်ယူဖို့ တောင်းဆိုခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးရဲ့ပြောကြားချက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေကို နိုင်ငံတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ နီးနီးစပ်စပ် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး အဲဒီညှိနှိုင်းမှုတွေဟာ ကာလုံအစည်းအဝေးမဟုတ်ပေမယ့် ကာလုံသဘောမျိုးဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
အဲဒီလိုပြောဆိုတာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ မေးခွန်းထုတ်စရာတစ်ခုဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို သက်ဆိုင်ရာအစိုးရအနေနဲ့ ဖြေရှင်းဆောင်ရွက်မှုမျိုး မလုပ်ပေးခဲ့ဘူးဆိုရင် အခြေခံဥပဒေဘောင်အတွင်းက ရေဆုံးမိုးဆုံး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးသိန်းညွန့်က ပြောကြားလိုက်ပါတယ်။
MCN
စီလီကွန်ချစ်သူ စီလီကွန်ဒီမိုကရေစီ
စီလီကွန်ချစ်သူ စီလီကွန်ဒီမိုကရေစီ
Breaking News>>ယနေ့ ယှဉ်ပြိုင်ကစားနေတဲ့ ဆူဇူကီးဖလား မြန်မာ - မလေးရှားပွဲစဉ် ပွဲချိန် ၈၉ မိနစ်မှာ မြန်မာအသင်းအတွက် တစ်ဂိုးတည်းသော အနိုင်ဂိုးအား David Htan ကသွင်းယူပြီး ဆီမီးဖိုင်နယ်သို့ မြန်မာအသင်း တတ်ရောက် Myanmar Malaysia Suzuki Cup
Myanmar Malaysia Suzuki cup
 aye chan may si thu lwin stage show live
 မမောတမ်းမနော
 LU LU AUNG
 Htun Htun Wai Yan Wedding Reception
    Han Thi And funny gyu
    Thinzar Wint Kyaw
     Aye Myat Thu lu lu aung myanmar dancing girl Myanmar Girl Video khaing hnin wai myanmar actress
  • အိချောပို photo
  • မြန်မာမလေးများ photo
  •  မြန်မာမလေးများ video
  • ၀တ်မှုန်ရွှေရည် Photo
  • မေသက်ခိုင် photo
  • စိုးမြတ်သူဇာ photo
  • စန္ဒီမြင့်လွင် photo
  • ယုသန္တာတင် photo
  •  ခင်ဝင့်ဝါ photo
  • ဝတ်မှုံရွှေရည် Video
  • ခင်ဝင့်ဝါ video
  • အိချောပိုဗီဒီယို
  • လုလုအောင် ရဲ့ အမျိုးသား အားတိုးဆေး ကြော်ငြာ
  • အပျိုကြီးဖြစ်ရတဲ့အကြောင်းရင်း
  • အမျိုးသမီးအင်္ဂါကို မလုပ်သင့်သည့်အရာများ (ကျန်းမာရေးအတွက်အရေးကြီးပါသည်)
  • သင့်ရဲ. အမျိုးသားအဂါင်္ကို လုံးဝမလုပ်သင့်သည့် အချက် (၁၀) ချက် (ဒါတွေ လုပ်မိရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပါပဲ)
  • သမီးဖြစ်သူကို လိမ်လည်သွားသူကိုကိုယ်တိုင်ထောက်လှမ်းခဲ့သောမိခင်
  • စိုးမြတ်နန္ဒာ ဖဲဝိုင်းတွင်အဖမ်းခံရ
  • နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
  • လက်တလောသတင်းတွေ
    ငြိမ်ငြိမ်လေးနေနော် သားသား။
    မြင့်မြတ်နှလုံးသားနဲ့ သားရဲ့ အဖေက အသက်စွန့်သွားတယ်လို့ 
    ဒီတိုက်မြင့်ကြီးကို သူနေဖို့ ဆောက်နေတဲ့ လူကြီးက ပြောတယ် သားလေး
    ငြိမ်ငြိမ်လေးနေနော် သားသား။
    ပြုတ်ကျရင် အမေရော သားပါ နင့်အဖေ နောက် လိုက်ရလိမ့်မယ်။
    ပုံ- စောတူးတူးဂျိမ်း ထံမှ ကူးယူပါသည်။
    ၁၃
    လူတစ်ယောက်အပေါ် မကောင်းတာလုပ်တော့မယ်ဆိုရင်.......
    လူတစ်ယောက်အပေါ် မကောင်းတာလုပ်တော့မယ်ဆိုရင်.......
    "အထွေထွေ အကျပ်အတည်း General Crisis လို့ မယူဆပါဘူး" နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံခြင်း
    နိုင်ငံတော်အတွင်းဖြစ်ပေါ်လျက်ရှိသော အထွေထွေအကျပ်အတည်းများ နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်းများ ဆုံးရှုံးနေခြင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀၁နှင့်အညီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ဖြေရှင်းရန် နိုင်ငံရေးပါတီ ၁၃ ပါတီ စုပေါင်းလက်မှတ်ရေးထိုးပြီး  အစိုးရထံ တောင်းဆိုခဲ့ကြသည်။ ယင်းတောင်းဆိုမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် The Voice က ဆက်သွယ်မေးမြန်း ဖော်ပြအပ်ပါသည်။
    The Voice : လက်ရှိ အတိုက်အခံ ပါတီတွေက နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အထွေထွေ အကျပ်အတည်းတွေလို့ သုံးနှုန်းပြီးတော့ ကာလုံ အစည်းအဝေးခေါ်ပေးဖို့ကို တောင်းဆိုထားတယ်။ အဲဒါကို အစိုးရအနေနဲ့ အထွေထွေ အကျပ်အတည်းလို့ ယူဆပါသလားခင်ဗျ။
    UZH   : လက်ရှိပြဿနာတွေကို အထွေထွေ အကျပ်အတည်း General Crisis လို့ မယူဆပါဘူး။
    The Voice : ဘယ်လိုအချက်တွေကြောင့် အဲဒီလို မယူဆတာလဲခင်ဗျ။
    UZH   : ဘာကြောင့်လဲဆိုတော့ နံပါတ်တစ် ရန်ကုန်မြို့မှာ ဗုံးလန့် တယ်ဆိုတဲ့ ပုလင်းဗုံးကိစ္စကို လက်သည်ဆောင်ရွက်တဲ့ ကျူးလွန်တဲ့ တရားခံတွေကို မိထားပြီးပြီ။ လောလောဆယ် မထုတ်ပြန်သေးတာက ဆက်စပ် တရားခံတွေကို ထုတ်ဖော်အရေးယူဖို့ ဆောင်ရွက်ဖို့ ရဲလုပ်ငန်း တွေ ဆောင်ရွက်နေတဲ့ အတွက်ကြောင့် Public ကို ကျယ်ကျယ်ပြန့်ပြန့် မရှင်းပြသေးတာဖြစ်တယ်။ အဲဒါကလည်း နောက်က ဆက်စပ်တဲ့ အားလုံးပါတဲ့ဟာတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်။ ပြီးတာနဲ့ ပြည်သူကို ထုတ်ပြန်ပေးသွားမယ်။ ဒါက ရန်ကုန်ဖြစ်တဲ့ ဖြစ်စဉ်ပေါ့။
    နံပါတ်နှစ်အချက်က မောင်တောမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်ပေါ့။ အောက်တိုဘာလ  ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပေါ့။ အဲဒီဖြစ်စဉ်ကို တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ ရခိုင်ပြည်နယ် အစိုးရနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်။ စစ်ဆင်ရေးတွေလုပ်ပြီးတော့ လက်ရှိအနေအထားကို အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် အောက်တိုဘာ ၉ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်သမားတွေက မောင်တောဒေသတစ်ဝိုက်က ရွာတွေထဲမှာ စိမ့်ဝင်ပြီးတော့ ကိုယ်ရောင်ဖျောက်နေတယ်ပေါ့။ အဲဒီ တော့ ဘာပြဿနာရှိလည်းဆိုတော့ အခုလောလောဆယ်မှာ သတင်း တွေရတယ်။ ရတယ်ဆိုရင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်တဲ့ သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်။ ဖမ်းဆီးပြီးတော့ သူတို့နဲ့ ဆက်စပ်နေတဲ့ သူတွေကို ဖမ်းဆီးမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်မှာ ပါဝင်သူအားလုံးကို ဖော်ထုတ်ဖို့ ရည်မှန်းချက်ကိုလည်း ထိုက်သင့်သလောက် အောင်မြင်မှု ရနေတယ်။ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့သူတွေ ယူဆောင်သွားတဲ့ လက်နက်တွေကို ကြိုကြားကြိုကြားတော့ ပြန်ရလာတယ်။ အားလုံး တော့ ပြန်မရသေးဘူး အတန်အသင့်တော့ ပြန်ရတယ်ဆိုတဲ့ အနေ အထားမှာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အခြေအနေမဆိုးဘူးပေါ့။ နောက်ပိုင်းမှာ သူတို့အနေနဲ့ လှုပ်ရှားရတာလဲ ကျပ်လာတာပေါ့။ ဟိုဘက်မှာ မောင်တောက ရွာတွေမှာ ရွာသားတွေနဲ့ စိမ့်ဝင်နေတဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးမှုတွေ ဖိဖိစီးစီး လုပ်လာ တယ်။ နောက်တစ်ချက်ကတော့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ မူဆယ်-ကွတ်ခိုင် လမ်းကြောင်းတစ်လျှောက်မှာ KIA နဲ့ အပေါင်းအပါတွေ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ပေါ့။ အမှန်က ဒီလမ်းကြောင်းမှာ တအာင်း-ပလောင်တွေ လမ်းပိတ်ဆို့တယ်၊ ဆက်ကြေးကောက် တယ်ဆိုတာ အရင်တည်းက လုပ်နေတာပဲ။ ဒီတစ်ခေါက်မှာတော့ ကုန်သွယ်ရေးဇုန်ကို ပစ်မှတ်ထားပြီး တိုက်လာတယ်။ နောက် လမ်းမှာ တွေ့သမျှ အရပ်သားပြည်သူတွေကော အရပ်သားကားတွေကော မည်းမည်းမြင် ထင်ရာပစ်တယ်။ အဲဒီလို လုပ်လာတာကို ပြည်သူလူထုကကော နိုင်ငံတကာကကော ဒီဖြစ်စဉ်ကို ကွဲကွဲပြားပြား သိလာတယ်ပေါ့။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း လုံခြုံရေးတွေ ဆောင်ရွက်နေ တယ်။ ဥပမာ - မုံးကိုးဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတယ်။ ဆက်စပ် နေတဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ပြည်သူတွေကြားမှာ အရပ်ဝတ်နဲ့ ရောနှောဝင်ရောက်ပြီးတော့ မုံးကိုးကို အပိုင်စီးတယ် ဘာညာ ပြောနေပေ မယ့် လက်တွေ့ တပ်မတော်ကို မေးကြည့်တဲ့အခါမှာ ပြည်သူနဲ့ ရောနေတဲ့ အတွက် တပ်မတော်က ချေမှုန်းရေး လုပ်ရတာ  နည်းနည်းတော့ ချိန်ဆနေရတဲ့ သဘောပေါ့။ ဒါကလည်း ယခင်ကတည်းက လက်နက်ကိုင် တွေ အဲဒီဘက်မှာ ဆက်ကြေးကောက်၊ လူထုကိုဖမ်း၊ ရွာသားတွေကို သတ်ပစ်ပေါ့။ ဒါတွေက ဖြစ်နေတယ်။ နိုဝင်ဘာ ၂၀ မှာ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ အလစ်အငိုက် ခံခဲ့ရတယ်။ လက်ရှိမှာတော့ တပ်မတော် က စစ်ဆင်ရေးတွေ စနစ်တကျ ဆောင်ရွက်ခဲ့တဲ့အခါမှာ ထိုက်သင့်တဲ့ အနေအထားတစ်ခုတော့ ရအောင် စွမ်းဆောင်ထားနိုင်တယ်။ ပြီးတော့ မောင်တောမှာ ဆိုရင်လည်း အပြင်က အကြမ်းဖက်သမားတွေ လက်နက်အလုံးအရင်းနဲ့ ၀င်ရောက်လာမှာကို စိုးရိမ်မှုရှိတယ်။ အဲဒါကိုလည်း တပ်မတော်ရေက စနစ်တကျ ကာကွယ်ထိန်းချုပ်ထားတယ်။ လုံးဝ မထိန်းချုပ်နိုင်သေး ဘူးဆိုတာ လက်ရှိမှာ လူ့အခွင့်အရေး စွပ်စွဲပြစ်တင်ချက်တွေ ရှိနေတယ်။ အဲဒါတွေကို အပြောလွတ်အောင် ဆောင်ရွက်နေတဲ့ အနေအထားပေါ့။ လက်ရှိတပ်မတော်ကလည်း မောင်တောဒေသမှာဆိုရင် သမားရိုးကျ စစ်ပွဲလိုမျိုးမဟုတ်ဘဲ ပစ်မှတ်တစ်ခုချင်းစီကို တိုက်ခိုက်တဲ့ ပုံစံနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ သွားနေတယ်။
    The Voice : နောက်တစ်ခုက စီးပွားရေးပြဿနာပေါ့၊ စီးပွားရေး ကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာကိုကော ဘယ်လို မြင်လဲခင်ဗျ။
    UZH   :  စီးပွားရေး ပြဿနာကတော့ အခု ကမ္ဘာ့ စီးပွားရေး အခြေ အနေကလည်း နှေးလာတယ်။ နိုင်ငံတော်သမ္မတကကော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကကော ဒါက အသိအမှတ်ပြု လက်ခံထားပြီးသား ဖြစ်တယ်။ အဲဒါကိုလည်း ပြည်သူကို ပြောပြီးသားဖြစ်တယ်။ ကမ္ဘာ့ စီးပွားရေး အခြေအနေမှာ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်းမှာ ဒေါ်လာဈေးတွေ မာလာတယ်။ ပိုမာလာတယ်ပေါ့။ အိုဘားမား လက်ထက်ကထက်ပေါ့။ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေက ကုန်သွယ်မှုကို ဂယက်ရိုက်တယ်။ တစ်ကမ္ဘာလုံးက လွတ်လပ်စွာ ကုန်သွယ်ရေးကလည်း မသေချာမှုတွေနဲ့ ရင်ဆိုင်နေရတယ်ပေါ့။ တစ်ကမ္ဘာလုံးကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုထက် ပြည်တွင်းမှာ ပိုခိုင်မာလာအောင် Local ကို ပြန်ကြည့်နေရတယ်။ အဲဒီလို အခြေအနေနဲ့လည်း ကြုံတွေ့နေတယ်။ ပြီးတော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရေဘေး သဘာဝဘေး ပြင်းပြင်းထန်ထန်ဖြစ်သွားတယ်ပေါ့။ ဒါတွေကို ပြန်လည်ထူထောင် ပြန်လည်တည်ငြိမ်ဖို့ ကြိုးပမ်း နေရတဲ့ အခြေအနေမှာ ကမ္ဘာ့ စီးပွားရေး ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရ တယ်ပေါ့။ တစ်ကမ္ဘာလုံးမှာ Exchange Rate တွေ မြင့်တက်လာ တယ်ပေါ့။ အခုဆောင်ရွက်နေတဲ့ macro စီးပွားရေး အနေအထားက ဘာလဲဆိုရင် ဒေါ်လာဈေး မြင့်တာတက်တာထက် ငြိမ်နေဖို့ကို ဦးတည်ပြီး တော့ ကြိုးပမ်းဆောင်ရွက်နေတဲ့ သဘောရှိတယ်။ ကျန်တဲ့ ကုန်သွယ်မှု ငွေပေးငွေယူရှင်းတမ်းပေါ့၊ ကုန်သွယ်မှု ပိုငွေလိုငွေ အနေအထားပေါ့ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားကို ဆောင်ရွက်နေတယ်ပေါ့။ ကျွန်တော်တို့ နိုင်ငံအတွက် ကံကောင်းတာက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှု တွေပေါ့။ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ နှေးကွေးနေတဲ့ အချိန်မှာ ဒီနိုင်ငံတွေ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေက ကျွန်တော်တို့ ပြည်တွင်းဈေးကွက် ကို လည်ပတ်နိုင်အောင် ထည့်သွင်းပေးမယ့်သဘောဖြစ်တယ်။
    The Voice  : လက်ရှိဖြစ်နေတဲ့ စီးပွားရေးအကျပ်အတည်းမှာ အဓိက ခံစားနေရတာက အောက်ခြေပြည်သူတွေပေါ့။ အစိုးရကနေပြီးတော့ အခြေခံ လူတန်းစားတွေ ချောင်လည်ရေးအတွက် အစီအစဉ်တွေ လုပ်ဆောင်နေတာမျိုး ရှိလားခင်ဗျ။
    UZH   : အခြေခံ လူတန်းစားတွေအတွက် Real Estate (မြေယာ)ကဏ္ဍမှာပေါ့။ ရန်ကုန်မှာ အထပ်မြင့် ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အတော်လေး ဂယက်ရိုက်သွားတယ်။ အဲဒီအပေါ် မှီခိုနေတဲ့ အခြေခံ အလုပ်သမား ပန်းရန်ကအစပေါ့ ရိုက်ခတ်မှုရှိခဲ့တယ်။ အဲဒါတွေကို ပြန်ဆောက်လုပ်ခွင့် ပေးလိုက်တဲ့အခါမှာ ဒီလုပ်ငန်းက ပြန်လည်ပတ် လာတယ်။ တစ်ဖက်မှာလည်း MIC ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြင်ဆင်ဖွဲ့စည်းတဲ့အခါမှာ လူရွေးချယ်မှုနဲ့ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတဲ့ အချိန်မှာ အကူးအပြောင်းကာလမှာပေါ့ ကျွန်တော်တို့က နည်းနည်း နောက်ကျသွားတယ်။ ဒါပေမဲ့ အခုရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ပြင်ဆင်ပြီးသွားပြီ ဒါက Recovery ပြန်ဖြစ်လာတာပေါ့။ ဒါက အကူးအပြောင်း ကာလမှာ ကြုံလေ့ကြုံထရှိတဲ့ ပြဿနာဖြစ်တဲ့အတွက် ပြဿနာ ကြီးကြီး မားမားလို့ မယူဆဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ ပြန်ရောက် လာမယ့် အနေအထားရောက်ရင် ကျွန်တော်တို့ရဲ့ စီးပွားရေးက ခုသာခံသာ ရှိလာမှာပေါ့။ လောလောဆယ်ကတော့ စီးပွားရေးက နှေးကွေးနေတယ်။ အဲဒါကိုလည်း အစိုးရက အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်နိုင်ငံလုံး စီးပွားရေးနဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ပုဂ္ဂလိကကဏ္ဍအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ကော်မတီဖွဲ့တယ်။ ကော်မတီဖွဲ့ ပြီးတော့ ပုဂ္ဂလိက လုပ်ငန်းတွေလည်ပတ်လာအောင်ပေါ့ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကို အမြန်ဆုံးဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပုဂ္ဂလိကကဏ္ဍမှာ မှီခိုနေတဲ့ ပြည်သူလူထုပေါ့။ Construction အပါအ၀င် နေ့စား အလုပ်သမားတွေပေါ့။ အဲဒါတွေကလည်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်တာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်များလာမယ့် သဘောရှိတယ်။  ပြန်ခြုံလိုက်ရင်ပေါ့ အထွေထွေ အကျပ်အတည်း General Crisis ပေါ့။ လုံးဝကို ကသောင်းကနင်းဖြစ်ပြီးတော့ ကမောက်ကမဖြစ်နေတဲ့ တကယ့် Crisis အနေအထားတော့ မဟုတ်ဘူး လို့တော့ ပြောချင်တယ်။
    The Voice :  ကာ/လုံ အစည်းအဝေးကကော သူတို့ပြောသလို လုပ်ဖို့ ရှိလားခင်ဗျ။
    UZH   : အဲဒါကတော့ လူကြီးတွေ စဉ်းစားရမှာပေါ့။ ဒါပေမဲ့ ဖြည့်စွက်ပြီး ပြောချင်တာက ကျွန်တော်တို့ သတင်းထုတ်ထားတာလည်း ရှိတယ်။ သတင်းမထုတ်ထားတာလည်း ရှိတယ်။ ရခိုင်ကိစ္စ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းမထုတ်သော်ငြားလည်း နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော်ခေါင်းဆောင်တွေ စဉ်ဆက်မပြတ်တွေ့တယ်။ တွေ့ပြီးတော့ ဆွေးနွေးတယ်။ ညှိနှိုင်းပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်။ ဟိုတစ်ခါတုန်းကတော့ သတင်းထုတ်လိုက်တယ်။ နိုင်ငံတော် သမ္မတလည်းတက်တယ်။ ကာကွယ်ရေး ဦးစီးချုပ်လည်း တက်တယ်။ နိုင်ငံတော် အတိုင်ပင်ခံလည်းတက်တယ်။ ဒါပေမဲ့ သတင်း မထုတ်ပေမယ့် လူကြီးပိုင်းတွေကြားမှာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မကြာခဏ တွေ့ဆုံညှိနှိုင်းမှုတွေ ရှိတယ်။ ကာလုံခေါ်ခိုင်းတဲ့ ကိစ္စကလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်တဲ့ လိုရင်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့ရဲ့  စိုးရိမ်ပူပန်မှုကိုလည်း နားလည်တယ်။ သူတို့လိုချင်တဲ့ နိုင်ငံမှာ အဓိကကျတဲ့ တပ်မတော်နဲ့ အစိုးရ ညှိနှိုင်းဆောင်ရွက်တဲ့ အနေ အထားက လက်ရှိမှာလည်း နီးနီးကပ်ကပ် ပွင့်ပွင့်လင်းလင်း လုပ်ဆောင် နေတယ်လို့ အဲဒါကို အသိပေးပြောကြားလိုတယ်။
    The Voice : အဲဒီတော့ ရခိုင်ကိစ္စနဲ့ ရှမ်းမြောက်ကိစ္စတွေမှာ တပ်မတော်က သူ့သဘောနဲ့ သူလုပ်တာမဟုတ်ဘဲနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတာပေါ့။
    UZH   : ဟုတ်ပါတယ်။ ရခိုင်ကိစ္စတွေတင်မကဘူး တစ်နိုင်ငံလုံး ကိစ္စတွေ ဆွေးနွေးတယ်။ အဲဒီနောက်မှာလည်း Human Rights Watch တွေ ထွက်လာပြီးနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ အချင်းချင်း ညှိနှိုင်းပြီး တော့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နေတာဖြစ်တယ်။ နောက်ပြီး ရှမ်းမြောက်ကိစ္စတွေ ဖြစ်လာတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ပါတယ်။
    The Voice :  ဒေါ်အောင်ဆန်းစုကြည် အင်ဒိုနီးရှား ခရီးစဉ်က ဆန္ဒပြမှုတွေကြောင့် မသွားဖြစ်တော့တာလို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်တာရှိပါသလဲ။
    UZH   : နိုင်ငံခြား ခရီးစဉ် သွားတဲ့အခါ တစ်ဖက်အစိုးရနဲ့ ညှိနှိုင်းပြီးမှ သွားရတာတွေရှိတယ်။ အခုက ဆန္ဒပြတာတွေနဲ့ မဆိုင်ဘူး တိုက်ဆိုင် သွားတာပါ။ ရခိုင်ပြဿနာနဲ့ ပတ်သက်လို့ အခုကျွန်တော်တို့ ရင်ဆိုင် နေရတဲ့ အခက်အခဲက သတင်း ၀ါဒဖြန့်နေတာတွေဖြစ်တယ်။ နှစ်ပေါင်း များစွာ သူတို့က တည်ဆောက်ထားတဲ့ ၀ါဒဖြန့်မှုကို လေးငါးခြောက်လနဲ့ သွားဖြိုဖျက်သလို ဖြစ်နေတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ အဓိကတော့ မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တက်လာတဲ့ အချိန်မှာ ဗီဒီယိုဖိုင်တက်လာတယ်။ ဂျီဟတ်လှုပ်ရှားမှု ဆိုပြီးတော့ တက်လာတယ်။ ဂျီဟတ်ဆိုတာက သိတဲ့အတိုင်း အကြမ်းဖက်ဝါဒဖြစ်တယ် ဒါကို နိုင်ငံတကာကလည်း လက်မခံဘူး။ ဒါကို ပြည်တွင်းမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေက လည်း လက်မခံကြောင်း ထွက်ပြီးတော့ ပြောသင့်တယ်။ ဒီမောင်တော အကြမ်းဖက်မှု ဖြစ်စဉ်မှာ အကြမ်းဖက်သူတွေကို အရေးယူဆောင်ရွက်နေ တာဖြစ်တယ်။ ပါသွားတဲ့ လက်နက်ကို ပြန်လည်ရယူနေတာဖြစ်တယ်။ ဘယ်ဘာသာရယ်လို့ ဆောင်ရွက်နေတာ မဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးသည် အခြေခံဥပဒေအရ တူညီသော အခွင့်အရေး ရှိရပါမယ်။ ပြည်တွင်းမှာရှိတဲ့ ဘာသာခြားတွေအနေနဲ့လည်း အကြမ်းဖက်မှုကို အကြမ်းဖက်မှုလို့ ရှုမြင်ဖို့ လိုပါတယ်။ ပြည်တွင်းကနေ ဆောင်ရွက်ချက်တွေက ပြည်ပနိုင်ငံတွေကို ရောင်ပြန်ဟပ်ပါတယ်။ နိုင်ငံသားစိတ်ဓာတ် နှလုံးသွင်းဖို့ လိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်ဖို့ လိုပါတယ်။ ဘယ်နိုင်ငံကမှ လက်မခံတဲ့ အကြမ်းဖက်မှုကို အားပေးအားမြှောက် ထောက်ခံတဲ့ အနေအထားကို မပြုလုပ်ကြဖို့ လိုပါတယ်။ဒီကိစ္စက ကျွန်တော်တို့ နိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့လို အသွင်ကူးပြောင်းစ နိုင်ငံမျိုးမှာ ဘာသာရေး ခေါင်းဆောင် တွေရဲ့ ကဏ္ဍက အရေးကြီးပါတယ်။ ထွက်ပြောပေးပါလို့ ပြောလိုပါတယ်။
    The Voice : အစိုးရ သစ်တက်လာပြီးနောက်မှာ ကာ/လုံအစည်းအဝေး ဘယ်နှကြိမ်လောက်လုပ်ပြီးပြီလဲ။
    UZH  : ကာလုံရယ်လို့တော့ မလုပ်ဘူး၊ ကာလုံဆန်ဆန် အစည်းအဝေး တွေ လုပ်တယ်။ ရခိုင်ကိစ္စ၊ ရှမ်းမြောက်ကိစ္စ၊ နောက် '၀' ကိစ္စ စသည်ဖြင့်ပေါ့ ဒီလို ကိစ္စတွေကို ခေါင်းဆောင်တွေကြားမှာ ဆွေးနွေးမှုတွေ ရှိပါတယ်။
    ပွင့်ဇင်မော်ဟိန်း
    The Voice
    တရားမ၀င် ဘင်္ဂလားဒေ့ရှ် သန်း၂၀ ကို အိန္ဒီယ ပြန်ပို့ ဖွယ်ရှိ
    "ဟိန္ဒူတွေရဲ့လူဦးရေကျဆင်းလာတယ်။မူဆလင်တွေလူဦးရေတိုးလာတယ်။ အများစုမူဆလင်က ဘင်္ဂလားဒေ့ရှ်ကဖြစ်တယ်။ ဒီအတိုင်းဆက်သွားရင်သိပ်မကြာခင် ဟိန္ဒူတွေက လူနည်းစုဖြစ်လာတော့မယ်။ တို့ရဲ့ဘာသာစကား၊ယဉ်ကျေးမှု၊အမှတ်အသားတွေ ဆုံးရှုံးပျောက်ကွယ်သွားရတော့မယ်။"
    While US President-elect Trump is planning to deport almost 3 million undocumented immigrants, Assam has been working on a similar program called 'Detect-Delete-Deport' for over 2 years.
    20 million illegal immigrants from Bangladesh may be deported from Assam after they are tagged on a registry.
    http://www.indiatimes.com/news/india/india-may-deport-20-million-illegal-bangladeshis-living-in-assam-266404.html
    ရှမ်းပြည်သားနဲ့ ဘာမှ မဆိုင်ပါဘူးဆိုတဲ့ လုလုအောင်
    ရှမ်းပြည်သားနဲ့ ဘာမှ မဆိုင်ပါဘူးဆိုတဲ့ လုလုအောင်
    Duwun
    စာရင်းကိုင်ဝန်ထမ်း အိပ်ငိုက်ရာမှ ဘဏ်ပိုင်ဆိုင်မှုငွေကြေး ဒေါ်လာ သန်း ၂၀၀ ကျော် မှားယွင်းပြီးလွှဲမိ
    ကွန်ပျူတာ ခလုတ်နှစ်ခုမှားယွင်းပြီး နှိပ်မိရာကနေ ဒေါ်လာ သန်း နဲ့ချီပြီးဆုံးရှုံးသွားခဲ့ရတဲ့ အံ့သြစရာကောင်းတဲ့အဖြစ်တစ်ခု ဂျာမနီ ဘဏ်တစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ ဘဏ်ကကွန်ပြူတာ စာရင်းကိုင် အလုပ်သမားတစ်ဦးက ရုံးသုံးကွန်ပျူတာပေါ် အိပ်ငိုက်သွားမိခဲ့ရာမှ ခလုတ်တွေကို ဖိမိခဲ့သွားပြီးတော့ ဘဏ်ငွေတွေသန်းနဲ့ချီကတခြား ပြင်ပသို့ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
    ငွေလွှဲတန်ငွေကြေး ၆၂ ဒေါ်လာလွှဲရမှုအစား မှားယွင်ပြီး အခြားငွေ စာရင်းသို့ ဒေါ်လာ သန်း ၂၀၀ ကျော်ကို လွှဲလိုက်မိတာပဲ ဖြစ်ပါ တယ်။ ခေါင်းငိုက်စိုက်ကျပြီး ၂ ဂဏာန်းပေါင်းများစွာကို နှိပ်လိုက် မိခြင်းပဲဖြစ်ပါတယ်။
    ဒီမတော်တဆမှုအတွက် ဘဏ်မှာငွေကြေးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ တာကြောင့် တာဝန်ရှိသူ နှစ်ဦးကို အလုပ်ကထုတ်ပယ်ခဲ့ပါတယ်။ တရားရုံးတော်တရားစွဲဆိုမှုမှာလည်း အမှန်တကယ် တာဝန်ရှိတဲ့ ဝန်ထမ်းကို အလုပ်ကထုတ်ပယ်ခွင့်ပြုသင့်တယ်လို့လည်း ဆုံးဖြတ် ပေးခဲ့ပါတယ်။
    Phothutaw
    နိုင်ငံရေး ၁၃ ပါတီမှ ကာလုံ အစည်းအဝေးခေါ်ယူရန် တိုက်တွန်း
    စိုးသူအောင်
    ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။             ။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ကိစ္စများအပါအ၀င် နိုင်ငံတော်တွင် လတ်တလောဖြစ်ပွားနေသည့် အထွေထွေအကြပ်အတည်းများအပေါ် ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ အစိုးရအား ကာ/လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး) အစည်းအဝေးခေါ်ယူရန် ယနေ့တိုက်တွန်းလိုက်သည်။
    ရခိုင်ပြည်နယ်တွင် ပိုင်နက်နယ်မြေဆုံးရှုံးမည့် အလားအလာများ ရင်ဆိုင်နေရပြီး အရှေ့မြောက်ဒေသတွင် စစ်ပွဲကို အကြောင်းပြု၍ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်များ ဖျက်ဆီးခြင်းခံနေရကြောင်း နိုင်ငံရေးပါတီ (၂၃) ခုမှ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။
    “ ပြီးခဲ့တဲ့ ၅ နှစ်မှာတော့ ကာလုံက နှစ်ပါတ် တစ်ခါ ခေါ်တယ်ခင်ဗျ။ အခု ၇လ၊ ၈လ ရှိပြီ။ မခေါ်ဘူး ။ တိုင်းပြည်မှာလည်း အကြပ်တည်းတွေကလည်း အများကြီးတွေ့နေပြီ။ စစ်ရေးမျက်နှာစာရော၊ အကြမ်းဖက်မှုရော ၊ နိုင်ငံရေးရော စီးပွားရေးရော အဲ့လောက်အကြပ်အတည်းတွေဖြစ်နေတဲ့အခါမှာ ကာလုံဟာ ဘယ်တော့မှ အခုထိ ခေါ်ဖူးခြင်းကို မခံရသေးဘူး။ တစ်ယောက် နှစ်ယောက်တည်း ဆုံးဖြတ်တာနဲ့စာရင် ၁၁ ယောက်က ဆုံးဖြတ်တာဆို ပိုမကောင်းဘူးလားနော် ။ အဲ့သဘောနဲ့ပါ ” ဟု အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာနေဇင်လတ်က ပြောဆိုသည်။
    ရန်ကုန်မြို့တွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားနေပြီး နိုင်ငံအနှံတွင်လည်း ရာဇ၀တ်မှုများ တိုးပွားလာခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းသည် နိုင်ငံတော်၏ အထွေထွေ အကြပ်တည်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
    “ လုပ်တာ မလုပ်တာကတော့ သူ့ကိစ္စပေါ့။ ကျွန်တော်တို့ကတော့ ဖိအားဆက်ပေးသွားဖို့ ရှိတယ် ” ဟု ဒေါက်တာနေဇင်လတ်က ပြောသည်။
    အဆိုပါကောင်စီ၏ လုပ်ပိုင်ခွင့်များကို ပထမအကြိမ် လွှတ်တော်နှင့် အစိုးရသက်တမ်းအတွင်း၌ လက်တွေ့ကျင့် သုံးခဲ့ပြီးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
    ရင်ဆိုင်နေရသည့် လုံခြုံရေး၊ စီးပွားရေး အထွေထွေအကြပ်အတည်းများ အကြမ်းဖက်မှု အန္တရာယ်များကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် မှန်ကန်စွာဆုံးဖြတ်နိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံးခေါ်ယူရန် တောင်းဆိုကြောင်းလည်း အဆိုပါထုတ်ပြန်စာတွင် ဖော်ပြထားသည်။
    ကာ/လုံအဖွဲ့ဝင် ၁၁ ဦးရှိပြီး နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ ပါဝင်သည်။
    ကာ/လုံ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက သဘာပတိအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့် မရှိကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။
    ပူးတွဲထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် အမျိုးသားတိုးတက်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၃ ခုမှ ပူးတွဲထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။
    Tags:
    ရခိုင်ပြည်နယ်  ရှမ်းပြည်မြောက်ပိုင်း  ကာ/လုံ
    Mizzima
    တေးသံရှင်လေးဖြူ၏ single သီချင်းသစ် ပထမနိုင်ငံတော်ဒီဇင်ဘာ ၁ ရက်နေ့ထွက်ရှိမည်
    တေးသံရှင်လေးဖြူ၏ single သီချင်းသစ် ပထမနိုင်ငံတော်ဒီဇင်ဘာ ၁ ရက်နေ့ထွက်ရှိမည်
    The Voice Daily News
    မနုစာရီ နေရာက သရုပ်ဆောင်မယ့်ရွှေသမီး
    7 Day Daily
    ဗကသညီလာခံကို သပိတ်မှောက် ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ၅ ခုက ကိုယ်စားလှယ်တွေ သတင်းစာရှင်း
    ဗကသညီလာခံကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ ၅ ခုက ကိုယ်စားလှယ်တွေ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ်။ Photo: Hset Paing Toe/RFA
    ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲမှာ ကျောင်းသားသမဂ္ဂတွေ ချမှတ်ထားတဲ့ မူတွေနဲ့ မကိုက်ညီသူတွေ ပါဝင်နေတဲ့အတွက် ညီလာခံကို သပိတ်မှောက်ပြီး ပြန်လာခဲ့တာဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးခုက ကိုယ်စားလှယ်တွေက ပြောပါတယ်။
    ဒီနေ့ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ၅ခုက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုကျော်သီဟရဲကျော် က ပြောတာဖြစ်ပါတယ်။
    ညီလာခံကို သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၁၅ ခုထဲက ရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ မန္တလာဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂ၊ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဗန်းမော်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
    ညီလာခံကို သပိတ်မှောက်ကန့်ကွက်ခဲ့ပေမယ့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) နဲ့ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
    ဗကသ ဦးဆောင်အဖွဲ့သစ်ကို ရွေးချယ်ဖို့နဲ့ ကျောင်းသားထုအားလုံးပါဝင်တဲ့ ညီလာခံကျင်းပဖို့အတွက် ပြီးခဲ့တဲ့ နိုဝင် ဘာလ ၂၆ ရက်နေ့ကနေ့ ၂၈ ရက်နေ့အထိ ဘားအံမြို့တောရကျောင်းမှာ ဗကသညီလာခံကို ကျင်းပခဲ့တာဖြစ် ပါတယ်။
    အဲဒီညီလာခံကနေ ဗဟိုလုပ်ငန်းကော်မတီဝင် ၂၁ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။
    RFA Burmese
    http://www.rfa.org/burmese
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စင်ကာပူခရီးစဉ် မနက်ဖြန် စတင်မည်
    ဓာတ်ပုံ - Myanmar State Counsellor Office 
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စင်ကာပူခရီးစဉ် မနက်ဖြန် စတင်မည် ၊ ခရီးစဉ်အတွင်း စင်ကာပူသမ္မတ ၊ ၀န်ကြီးချုပ်တို့အပါအ၀င် အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံမည်
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ သမ္မတ J Y Pilly ၊ ၀န်ကြီးချုပ် လီရှန်လွန်းတို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာပါတယ်။
     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ နိုဝင်ဘာလ (၃၀) ရက်ကနေ ဒီဇင်ဘာလ (၂) ရက်နေ့အထိ စင်ကာပူနိုင်ငံကို လာရောက်မှာဖြစ်ပြီး သမ္မတ ၊ ၀န်ကြီးချုပ် တို့နဲ့ တွေ့ဆုံ မှာဖြစ်သလို ၀ါရင့်ဝန်ကြီး ဂိုချောက်တောင် ၊ ဒုတိယ၀န်ကြီးချုပ် Teo Chee Hean တို့နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
     စင်ကာပူနိုင်ငံခရီးစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတို့က အဆင့်မြင့်အရာရှိတွေ လိုက်ပါလာမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
     ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ IE Singapore’s Global Conversations ကို စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူတက်ရောက်မှာဖြစ်ပြီး စင်ကာပူနိုင်ငံ ရုက္ခဗေဒဥယျာဉ် အတွင်းရှိ သူမရဲ့ နာမည်ကို ဂုဏ်ပြုပေးထားတဲ့ သစ်ခွပန်းကို သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။
     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ စင်ကာပူနိုင်ငံရှိ အာရှယဉ်ကျေးမှုပြတိုက်မှာ ပြုလုပ်မယ့် ရှေးမြန်မာ အသုံးအဆောင်ပစ္စည်းများပြပွဲ ဖွင့်ပွဲကို ၀န်ကြီးချုပ် လီရှန်လွန်းနဲ့အတူ တက်ရောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
    5 Plus News
    https://www.facebook.com/5plusnews/