Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 31, 2016
လူမင်းရဲ့နို့တစ်စာပေးပို့လာမှုအပေါ် ဦးမျိုးကတော့ရင်ဆိုင်သွားမယ်
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ချစ်ကြည်ရေးခရီး စတင်
ရန်ကုန်၊ နိုဝင်ဘာ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြား ချက်အရ ဂျပန်နိုင်ငံသို့ (၁-၁၁-၂၀၁၆) ရက်နေ့မှ (၅-၁၁-၂၀၁၆) ရက်နေ့အထိ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ရန် အတွက် ယနေ့ ၀၇း၄၀ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဝင်း၊ နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။
REF: Ministry of Foreign Affairs Myanmar
တရုတ် အလှကုန်ပစ္စည်း(၇)မျိုး အဆိပ်သင့်ဓါတုပစ္စည်းများ ပါဝင်နေသဖြင့် သုံးစွဲရန် မသင့်ကြောင်း ကြေညာ
 သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများ ကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၇)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်း များ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
၁။ JIAO LI Whitening Spots Removing Acne Kit (A,B,C)
ထုတ်လုပ်သော ကုမ္ပဏီအမည် : တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။
တွေ့ရှိချက် : Mercury (+)
၂။ QIAN LI Spots Removing Cream
ထုတ်လုပ်သော ကုမ္ပဏီအမည် : တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။
တွေ့ရှိချက် :Mercury (+)
၃။ zhanghua yao bao
ထုတ်လုပ်သော ကုမ္ပဏီအမည် : တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။
Mercury (+)
၎။ S’Zitang Purely Natural Plant 7 Days Strong Whitening Anti-Speckle A & B Kit
ထုတ်လုပ်သော ကုမ္ပဏီအမည် : တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။
တွေ့ရှိချက် :Mercury (+)
၅။ HUA YUE NONG Egg White & Cherry 7 Days Specific Eliminating Freckle Whitening Cream
Shenzhen Spend Months Nong Cosmetics Co., Ltd., Taiwan
တွေ့ရှိချက် :Mercury (+)
၆။ HUA YUE NONG 7 Days Plastic Whitening Regeneration Cream
ထုတ်လုပ်သော ကုမ္ပဏီအမည် : တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။
တွေ့ရှိချက် :Mercury (+)
၇။ Specific Eliminating Freckle Cream
ထုတ်လုပ်သော ကုမ္ပဏီအမည် : တရုတ်ဘာသာဖြင့် ဖော်ပြထားပါသည်။
တွေ့ရှိချက် :Mercury (+)
၃။ အဆိပ်သင့်ဓါတုပစ္စည်း မာကျူရီ(ပြဒါး)သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။
၎။ အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
  • အိချောပို photo
  • မြန်မာမလေးများ photo
  • ၀တ်မှုန်ရွှေရည် Photo
  • ဝတ်မှုံရွှေရည် Video
  • အပျိုကြီးဖြစ်ရတဲ့အကြောင်းရင်း
  • အမျိုးသမီးအင်္ဂါကို မလုပ်သင့်သည့်အရာများ (ကျန်းမာရေးအတွက်အရေးကြီးပါသည်)
  • သမီးဖြစ်သူကို လိမ်လည်သွားသူကိုကိုယ်တိုင်ထောက်လှမ်းခဲ့သောမိခင်
  • စိုးမြတ်နန္ဒာ ဖဲဝိုင်းတွင်အဖမ်းခံရ
  • ကျွနုျပ် အသိအလိမ္မာတိုးသောနေ့တစ်နေ့(ဦးဖိုးကျား)
    သာမညဆရာတော်ဘုရားကြီး၏ ရှားပါးဓာတ်ပုံ
    သူတော်စင်အပေါင်း ကြည်ညိုနိုင်ကြဖို့သာမညဆရာတော်ဘုရားကြီး၏ ရှားပါးဓာတ်ပုံ
    ဘိုလိုသိပ်ပြောတတ်သူများ
    ဘိုလိုသိပ်ပြောတတ်သူများ
    အသက် ၁၀၃ နှစ်အရွယ် မျက်မမြင် အဘွားအိုအား၊ အသက် ၈၃ နှစ်ရှိ အဘိုးအိုမှ အဓမ္မ ကြံစည်မှု
    အသက် ၁၀၃ နှစ်အရွယ် မျက်မမြင် အဘွားအိုအား၊ အသက် ၈၃ နှစ်ရှိ အဘိုးအိုမှ အဓမ္မ ကြံစည်မှု
    (ဟုတ်လေလား၊မဟုတ်လေလား။ထူးဆန်းလို့တင်လိုက်ပါတယ်)
    Sunday, October 30, 2016
    ဗမာပြည်မွဲပြာကျသွားအောင်ယောက်ျားတွေအကုန်လုပ်ခဲ့တာချဉ်းပဲ
    ဗမာပြည်မွဲပြာကျသွားအောင်ယောက်ျားတွေအကုန်လုပ်ခဲ့တာချဉ်းပဲ
  • ငွေဆောင်အများပိုင်လမ်းပိတ်ဆို့ထားမှုဒေသခံများဆန္ဒပြ
  • အနောက်ရပ်က ငိုရှိုက်သံ
    31-Oct-2016
    ထိုညက ရဲတပ်ကြပ်အာကာ၏ သေနတ်မှ ကျည်မထွက်ခဲ့ပါ။ ထို့ကြောင့်ပင် လုပ်ဖော်ကိုင်ဖက် ရဲဘော်တစ်ဦး မျက်စိရှေ့တွင် ကျဆုံးခဲ့ရသည်။
    အမည်ရင်း မဖော်ပြလိုသဖြင့် အာကာဟု အမည်ပေးထားသော ထိုရဲတပ်ကြပ်မှာ အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုတွင် ခုခံကာကွယ်ခဲ့သဖြင့် ရာထူးတိုးမြှင့် ခံခဲ့ရသည်။
    သို့သော် သူ့စိတ်ထဲတွင် ဝမ်းနည်းခံပြင်းမှုများ ပြည့်နေဆဲ ဖြစ်သည်။
    “ကင်းလဲလို့ အချိန်မကြာသေးဘူး။ အုပ်စုလိုက်ကြီး ဝင်လာတော့ ကျွန်တော်တို့လည်း တောက်လျှောက်ပြန်ခုခံတာပဲ” ဟု အကြမ်းဖက် တိုက်ခိုက်ခံရစဉ်က မြင်ကွင်းကို တပ်ကြပ်အာကာက ပြန်ပြောင်းပြောပြသည်။
    “ကျွန်တော်တို့ ရဲဘော်ကို ဓားနဲ့ထိုးနေတော့ လဝက မှတ်တမ်းထိန်းက ဝင်ရိုက်လိုက်တာ လဲသွားတဲ့ အကြမ်းဖက်သမားကို သေနတ်နဲ့ ပစ်ပေမယ့် ကျည်ကုန်မထွက်ဘဲ ညပ်သွားတယ်။ ပစ်လို့ မရတော့ဘူးလေ”
    ပေါ့လျော့မှု၊ အဘက်ဘက်မှ ချို့တဲ့အားနည်းမှုတို့အပြင် တိုက်ဆိုင်မှုများက အကြမ်းဖက်သမားတို့ အတွက် အခွင့်အလမ်းများ ပိုသာသွားစေခဲ့သည်။
    အကြမ်းဖက်မှု မဖြစ်ခင်က နေအိမ်အတွင်း သေနတ်ထုတ်ယူထားခွင့် ရရှိသည်။
    သို့သော် အကြမ်းဖက်မှု မဖြစ်ပွားပြီး တစ်ပတ်အတွင်း သေနတ်များကို ပြန်လည်အပ်နှံခိုင်းသဖြင့် ဗဟိုကင်းသို့ ပြန်အပ်နှံလိုက်ရကြောင်း မောင်တောမြို့နယ်  ငါးခူရစခန်းမှ တပ်ဖွဲ့ဝင်များထံမှ သိရသည်။
    ထို့အပြင် ထိုရက်က ငါးခူရစခန်း တိုက်ခိုက်ခံရသည့် အချိန်တွင် တာဝန်ရှိသည့် တပ်ရင်းမှူးမှာလည်း ကင်းစခန်းတွင်မရှိ။
    သေနတ်များ ပြန်သိမ်းရန် အစီအစဉ် မရှိသေးသော်လည်း အောက်ခြေမှာ ကြိုပြီးစာရင်းကောက်ရန် သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ထိုအချိန်က သေနတ်အပ်နှံစေခဲ့ခြင်း အကြောင်းကို အမှတ် ၃၁ ရဲတပ်ရင်းမှူး ဒုတိယရဲမှူးကြီး သက်ကိုကိုက နောက်ပိုင်းတွင် ပြန်ရှင်းပြခဲ့သည်။
    ငါးခူရဗဟိုကင်းသို့ ဖြစ်ဖြစ်ချင်း ရောက်ရှိခဲ့သည့် ဂါတ်စာရေး တပ်ကြပ်ကြီး ခင်မောင်အေး ဦးစီးပြီး အကြမ်းဖက်သမား ရာပေါင်းများစွာကို ခုခံပစ်ခတ်မှုကြောင့်သာ ဗဟိုကင်းနှင့် စခန်းမှူး နေအိမ်ကို စီးနင်းရန် ကြိုးစားသည့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် စခန်းမှူး နေအိမ်ထဲမှ သေနတ်အလက် ၃၀ ခန့် ပါမသွားခြင်းဖြစ်ကြောင်း ငါးခူရစခန်းတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
    မြန်မာနိုင်ငံ၏ အနောက်တံခါးဟု တင်စားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာမကြာ အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံ တိုင်းရင်းသားများမှာ တစ်စတစ်စ ဆုတ်ခွာနေထိုင်ခဲ့ရသည်။ ယခုအခါ မောင်တောမြို့နယ်တွင် ဒေသခံတိုင်းရင်းသား ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည်။
    ယခုနောက်ဆုံး အဖြစ်အပျက်တွင်လည်း ထိုအတိုင်းဖြစ်သည်။
    မောင်တောဒေသကို တစ်လက်မမှ အထိမခံ ဆိုသော်လည်း လုံခြုံရေးစိတ်မချမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ ပြတ်လပ်မှုများက ဒေသခံ တိုင်းရင်းသားများ နေရပ်စွန့်ခွာရေး ပိုမိုတွန်းအားပေးနေသည်။
    မောင်တောဒေသနေ ပြည်သူများ၏စိတ်တွင် လုံခြုံမှု မရှိပါက မောင်တောမြေ တစ်လက်မမျှ ကျန်မည်မဟုတ်ကြောင်း ငါးခူရကျေးရွာမှ ဒေသခံများက ပြောဆိုခဲ့သည်။
    မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာ အနီးရှိ ကြိမ်ချောင်းကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့် ရှိပြီး ရခိုင်တိုင်းရင်းသားအိမ်မှာ ၃၀ ကျော်ခန့်သာ ရှိကြောင်း ဒေသခံ ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။
    “ဘယ်လိုနေရဲတော့မှာလဲ၊ လုံခြုံရေးအဖွဲ့တွေကလည်း အင်အားမလောက်လို့ အခုလို ထွက်ပြေးရတာပါ” ဟု ၎င်းက ဆိုသည်။
    ငါးခူရကျေးရွာအနီး ရခိုင်ရွာ ၈ ရွာ၏ လုံခြုံရေးမှာ ဒေသခံများ၏ အဓိကလိုအင်။
    ရခိုင်တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းနေ ဘင်္ဂါလီတို့အကြား နှစ်ပေါင်းများစွာ ကတည်းက တစ်စတစ်စ ပျက်ယွင်းလာခဲ့သော ယုံကြည်မှု ပြန်တည်ဆောက်ရေးကလည်း အိပ်မက်ပမာ။
    ထိုကြောင့် အကြမ်းဖက်မှု မဖြစ်ပွားသော်လည်း မောင်တောမြို့ပေါ်နှင့် မောင်တောတောင်ပိုင်း ကျေးရွာများတွင် အုပ်စုနှစ်ခုအကြား စိုးရိမ်မှုများ၊ မယုံကြည်မှုများ ဆက်လက်စိုးမိုးနေခဲ့သည်။
    မောင်တောမြို့ပေါ် ဈေးဆိုင်အများစုမှာ ဘင်္ဂါလီဆိုင်များ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း စိုးရိမ်မှုများကြောင့် ဈေးဆိုင်မဖွင့်ကြတော့။
    “ပြဿနာ ဖြစ်ကတည်းက ဆိုင်တွေမဖွင့်ရဲဘူး။ ကြောက်တယ်လေ။ အကြမ်းဖက်တာကို ကျွန်တော်တို့ လက်မခံဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာမွေးပြီး ဒီမှာပဲကြီးတာ။ အေးချမ်းတာကိုပဲ လိုချင်ပါတယ်” ဟု မောင်တောမြို့မဈေးတွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသော အစ္စလာမ် ဘာသာဝင် ဦးအဒူအာမောက်က ပြောကြားသည်။
    အစိုးရ အဆက်ဆက်၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှု၊ လာဘ်စားမှု၊ ပေါ့လျော့မှုတို့က ယခုပြဿနာကို ပိုမိုနက်ရှိုင်းလာစေသည်။
    ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လာဘ်စားလျှင် ပြတ်ပြတ်သားသား အရေးယူမည်ဟု မောင်တောခရိုင်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားခဲ့သည်တိုင် အကျင့်ပျက်ဝန်ထမ်း အချို့၏ လာဘ်ပေးလာဘ်ယူမှုများက မောင်တောဒေသခံများ အတွက် တရားဝင် ခွင့်ပြုထားသလို မထူးဆန်းတော့ပေ။
    “မောင်တောကနေ အခြားဒေသ ပြောင်းရမှာ ကြောက်လို့ ပိုက်ဆံပေးပြီး နေနေတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။ မောင်တောဒေသက ပြောင်းရမှာ ကြောက်နေကြတာ။ ဌာနဆိုင်ရာတွေထဲ လိုက်ကြည့်လိုက်ရင် သိသာပါတယ်” ဟု မောင်တောမြို့ နယ်စပ်ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    မောင်တောမြို့နယ် ငါးခူရကျေးရွာအနီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမ်းရှိ မြစ်နားရွာကို လူတစ်ဦးလျှင် တစ်သောင်းကျော်ဖြင့် အလွယ်တကူ သွားလာနိုင်သည်။ လှေပေါ်ပါလာသည့် လူဦးရေအလိုက် ကင်းစခန်းများကို တစ်ဦးလျှင် တစ်ထောင်ကျပ် ပေးရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်နားကျေးရွာတွင် နေထိုင်သည့် ကူးတို့လှေပိုင်ရှင်တစ်ဦးက ပြောသည်။
    “ကုလားကူးကူး၊ နွားကူးကူး တစ်ယောက် တစ်ထောင်ပေးလိုက်ရင် ပြီးရော။ တစ်ပတ်ကို သုံးကြိမ်၊ လေးကြိမ် လူရရင်ရလို့ ကူးဖြစ်တယ်” ဟု ကူးတို့လှေပိုင်ရှင် ၎င်းက ဆိုသည်။
    သို့ဆိုလျှင် လုံခြုံရေးစည်းမှာ မည်သို့ ပြန်အသက်ဝင်အံ့တော့မည်နည်း။
    ယင်း၏ အကျိုးဆက်ကို သေအံ့မူးမူး ခံစားရသူများအနက် တစ်ဦးမှာ မောင်တော ငါးခူရကျေးရွာတွင် ကင်းစခန်း ဒုတပ်ကြပ် ဇော်နိုင်ထွန်း၏ ဇနီး မအေးချမ်းစိုး ဖြစ်သည်။ ဘူးသီးတောင်သား ထိုဒုတပ်ကြပ်နှင့် မအေးချမ်းစိုး အိမ်ထောင်ကျသည်မှာ ခြောက်လကျော်ခန့်သာ ရှိသေးသည်။
    ထိုမနက်ခင်းက မအေးချမ်းစိုးတို့ နေထိုင်သော အဆောင်ကို ကာကွယ်ရင်း ဒုတပ်ကြပ် ဇော်နိုင်ထွန်း အသက်ပေးခဲ့ရသည်။ မအေးချမ်းစိုး ကိုယ်တိုင်လည်း မသေရုံတစ်မည်။
    “ကျွန်မခေါင်းကို ခုတ်ခံရတာ သိတာနဲ့ မလှုပ်ရဲတော့ဘူး။ သွေးတွေကလည်း အိုင်နေတာပဲ။ မသေချာမှာစိုးလို့ ဓားနဲ့ နှစ်ချက်ထိုးပြီး ပေါင်ကိုဓားနဲ့ ထပ်လှီးသေးတယ်။ ဗိုက်ကိုထိုးလိုက်တာနဲ့ အသက်ရှူလို့ မရအောင် ခံစားရတယ်။ ကျွန်မယောက်ျား ကျွန်မရှေ့မှာ သေနေပေမယ့် မလှုပ်ရဲဘူး။ ကျွန်မကို ခုတ်တဲ့အချိန် ကျွန်မစိတ်ထဲ မြင်တာ ဘုရားကိုပဲ” ဟု သူက ဆိုသည်။
    မောင်တောမှ ထွက်ပြေးလာရသူများ၏ စိတ်အတွင်းဝယ် ၁၉၄၂၊ ၁၉၈၈၊ ၁၉၉၄၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဒဏ်ရာများ မကျက်သေးမီ နောက်ထပ် ၂၀၁၆ ဒဏ်ရာ ထပ်ပိုလာပြန်သည်။
    “ဒီဒဏ်ရာတွေ ပျောက်အောင်ကုစားမယ်ဆိုရင် ဒီမောင်တောဒေသရဲ့ လုံခြုံရေး၊ စီးပွားရေးကို  နိုင်ငံတော်က အာမခံနိုင်တဲ့အထိ ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုသည်။
    “နောက်ပြီး မြေယာပိုင်ဆိုင်ခွင့်တွေကအစ ဥပဒေအတိုင်း စီမံဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”
    အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက်တွင်  မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ဟောင်းများအစား ရိုင်ဖယ်သေနတ်အသစ်များ ထုတ်ပေးလိုက်ပြီ ဖြစ်သည်။
    ကိုင်ဆောင်သော လက်နက်များကို ပစ်ခတ်စမ်းသပ်ရန် အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း လည်း မောင်တောမြို့တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
    အကြမ်းဖက်သမားများနှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် တပ်ကြပ် အာကာသည် ယခုဆိုလျှင် အသစ်ထုတ်ပေးထားသည့် လက်နက်ဖြင့် ယုံကြည်မှုရှိပြီ ဖြစ်သည်။ အကြမ်းဖက်သမားများအား ပြန်လည်ပစ်ခတ်ရန် အတွက်လည်း ယုံကြည်မှု အပြည့်ဖြင့် ကျည်အပြည့် ထည့်ထားသည့် BA-63 ကို ကိုင်ဆောင်ပြီး အနောက်ဘက်တံခါးကို တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်သည်။
    “ကျွန်တော်တို့ ဖြစ်တဲ့နေ့က ကိုင်ထားတဲ့ သေနတ်သာ အခုလိုမျိုးကောင်းတယ် ဆိုရင် ဒီကောင်တွေ ဝင်လာစရာကို မရှိဘူး” ဟု သူက ဆိုသည်။
    ဒေသခံများမှာ လုံခြုံရေးအပေါ် စုံလုံးပစ်မယုံရဲတော့။ အချို့မှာ တပ်မတော်ကို အချိန်ပြည့် လုံခြုံရေး ယူထားစေလိုသည်။
    မည်သို့ပင်ဆိုစေ မချမ်းအေးစိုးကဲ့သို့ အကြမ်းဖက်မှုကို ခံစားခဲ့ရသည့်သူတစ်ယောက် အတွက်ကတော့ နေရပ်ရင်း မပြန်တော့။ ဘဝဒဏ်ရာများ ကျန်ခဲ့ရာ အနောက်ဘက်တံခါးဝမှ ငါးခူရကျေးရွာသို့  သူမအတွက် ခြေဦးလှည့်ရန် စိတ်ကူးမရှိတော့ပေ။
    “မောင်တောကို မပြန်တော့ဘူး၊ မပြန်ချင်တော့ဘူး၊ စစ်တွေမှာပဲ အခြေကျအောင် ကြိုးစားတော့မယ်” ဟု မအေးချမ်းစိုးက ဆိုလေသည်။            
    ဖိုးသီဟ (မြတ်သူထွန်း)
    http://thevoicemyanmar.com/article/3174-anb
    သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
    သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
    ရွှေလိပ်
    Saturday, October 29, 2016
    FBI ကြေညာချက်ကြောင့် ဟီလာရီ ကလင်တန် အခက်အခဲ ဖြစ်
    FBI ရဲ့ ထုတ်ပြန် ချက်က ထူးခြားပြီး အံ့အား သင့်ဖို့ ကောင်းတယ်လို့လည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ တစ်ခု မှာ ဟီလာရီ ကလင်တန် က ပြော
    အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က သူ့ရဲ့ ကိုယ်ပိုင် ဆာဗာ နဲ့ အီးမေးလ် အသုံးပြု ခဲ့မှု ကို ပြန်လည် စစ်ဆေး မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် အခက်အခဲ တွေ ကို တွေ့ကြုံ နေရတယ်လို့ ဟီလာရီ ကလင်တန် က ထုတ်ဖော် ပြောကြား ပါတယ်။
    ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်လောက်ပဲ ကျန်တော့တဲ့ ကာလမှ FBI ရဲ့ ထုတ်ပြန် ချက်က ထူးခြားပြီး အံ့အား သင့်ဖို့ ကောင်းတယ်လို့လည်း ရွေးကောက်ပွဲ မဲဆွယ် စည်းရုံး ပွဲ တစ်ခု မှာ ဟီလာရီ ကလင်တန် က ပြောပါတယ်။
    FBI ညွှန်ကြားရေးမှူး ဂျိမ်းစ် ကိုမီ ကတော့ သူ့ အနေနဲ့ အသစ် ထပ်မံ တွေ့ ရှိမှုတွေ ကြောင့် ထုတ်ဖော် ပြောကြားဖို့ တာဝန် ရှိပြီး အမေရိကန် ပြည်သူတွေကို အထင် အမြင် မှားအောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြောပါတယ်။
    ဟီလာရီ ကလင်တန် ဟာ ဥပဒေ ကို ချိုးဖောက် ခဲ့တာ ဖြစ်ပြီး အရေးယူ ပေးဖို့ ရီပတ်ဘလီကန် ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့် က ပြင်းပြင်းထန်ထန် တောင်း ဆို နေပါတယ်။
    BBC Burmese
    http://www.bbc.com/burmese
    Silicon Valley က အမိုက်ဆုံး ပရိုဂရမ်မာတစ်ယောက် (သို့) John McAfee
    သူက Silicon Valley (ကမ္ဘာ့ အဆင့်မြင့်နည်းပညာကုမ္ပဏီအမြောက်အမြားရှိတဲ့နေရာ၊ နည်းပညာကုမ္ပဏီတွေ လုပ်ငန်းစတင်ရာနေရာကို ခေါ်ဝေါ်တဲ့နာမည်၊ တည်နေရာ ကယ်ရီဖိုးနီးယား) သမိုင်းမှာ အမိုက်ဆုံးပရိုဂရမ်မာတစ်ယောက်ပေါ့။ မူးယစ်ဆေးသုံးသလို ကွန်ပျူတာဗိုင်းရပ်စ်သတ်တဲ့ဆော့ဝဲလ်လည်း ရောင်းသူဖြစ်တယ်။ အမေရိကန်သမ္မတဝင်ရွေးဖို့တောင် ကြေညာခဲ့သေးတယ်။ သူ့နာမည်က John McAfee ဖြစ်တယ်။
    .
    သူ့ပုံကြည့်ပြီး သူဟာ တကယ်ပဲ ပရိုဂရမ်မာတစ်ယောက်လားလို့ သံသယမဖြစ်ပါနဲ့… ပြီးတော့ သူဟာ ကွန်ပျူတာဗိုင်းရပ်စ်တစ်မျိုးကို ချေဖျက်နိုင်သူဖြစ်ခဲ့တယ်။
    .
    တကယ်လို့ Silicon Valley ကို ကြီးစဉ်ငယ်လိုက် စီလိုက်မယ်ဆိုရင် စတိဂျော့နဲ့ ဘီဂိတ်က သူ့ကိုအစ်ကိုကြီးလို့ ခေါ်ရလိမ့်မယ်။ သူဟာ သူတို့နှစ်ယောက်ထက် အသက်၁ဝနှစ်လောက် ကြီးနေလို့ပါပဲ။ ၁၉၄၅ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ John McAfee ကို မွေးဖွားခဲ့တယ်။ အခု သူ ၇၁နှစ်ရှိပါပြီ။
    .
    တခြားပါရမီရှင်တော်တော်များများလိုပဲ McAfee ရဲ့ဖခင်ကလည်း အရက်သမားပါပဲ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့သူပါပဲ။ ဖခင်ဆုံးတော့ McAfee အသက်က ၁၅နှစ်ပဲရှိသေးတယ်။
    .
    ပုန်ကုန်ထကြွတဲ့အရွယ်၊ တဇွတ်ထိုးခေါင်းမာတဲ့ ဆယ်ကျော်သက်အရွယ်ဆိုတော့ သိပ်မကြာပါဘူး.. ဖခင်ရဲ့ ခြေရာကို သူနင်းနိုင်ခဲ့တယ်။ သူ အရက်စွဲခဲ့တယ်။ ဒီ့ထက်ပိုပြီး မူးယစ်ဆေးကို ဘယ်လိုသုံးမှ ပိုမိုက်မယ်ဆိုတာကို သူလေ့လာခဲ့တယ်။
    .
    မူးယစ်ဆေးစွဲ၊ အရက်စွဲပေမယ့် McAfee ဟာ ကျောင်းစာမှာထူးချွန်တယ်။
    .
    ၁၉၆၇ခုနှစ် အသက် ၂၂ နှစ်အရွယ်မှာ သချာင်္မေဂျာနဲ့ သူဘွဲ့ရခဲ့တယ်။ အဲဒီကတဆင့် လူစီယားနားတက္ကသိုလ်မှာ Ph.D.ဆက်တက်ခဲ့တယ်။ ဒါပေမယ့် ကျောင်းမပြီးခင်မှာဘဲ ကျောင်းထုတ်ခံလိုက်ရတယ်။
    .
    အကြောင်းက Ph.D. တက်နေသူတိုင်းဟာ (ကျောင်းမပြီးသေးတဲ့) မေဂျာတက်နေသူတစ်ယောက်ကိုခေါ်ပြီး အားလပ်ချိန်မှာ စာပြပေးတာမျိုးတွေ၊ စာရှင်းပြတာမျိုးတွေလုပ်ရတယ်။ McAfeeက သူတာဝန်ယူခေါ်ထားတဲ့ ကျောင်းသူကို အိပ် ထည့် ပစ်လိုက်တယ်။ အခုခေတ်မှာ ဆရာက ကျောင်းသူနဲ့အိပ်တယ်ဆိုတာ မကြာခဏ ကြားရတတ်တဲ့သတင်းဆိုပေမယ့် အဲဒီတုန်းက ၁၉၆ဝခုနှစ်ဝန်းကျင်၊ ရော့ခ်ဂီတတောင် မနှိုးထသေးတဲ့အချိန်ဆိုတော့ အတွေးအခေါ်တွေက ရှေးရိုးစွဲတွေဖြစ်နေသေးတယ်။
    .
    နောက်တော့ အဲဒီကျောင်းသူကို သူ တာဝန်ယူလက်ထပ်ယူလိုက်တယ်။ အဲဒီနောက် NASAမှာ အလုပ်တစ်ခုရှာပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို ဖြတ်သန်းနေလိုက်တယ်။
    .
    အဲဒီနောက်မှာတော့ ရာထူးတိုး၊ လခတိုးနဲ့ ၁၉၇ဝနှောင်းပိုင်းမှာတော့ Xerox မှာ အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ခဲ့တယ်။ သူရဲ့ အဓိက အလုပ်က graphical interface operating systemဖြစ်တယ်။ စတိဂျော့ကို Mac OS လုပ်ဖို့ ဉာဏ်ကွန့်မြူးမှုပေးခဲ့တဲ့ systemလို့ စတိဂျော့အတ္ထုပတ္တိထဲမှာ ဖော်ပြခဲ့ဖူးတယ်။ Xerox က ၁၉၈၁ခုနှစ်မှာ ဂရမ်ဖစ်မျက်နှာပြင်ပြုလုပ်ခြင်းစနစ် Xerox 8010 Star ကို ဖော်ပြမိတ်ဆက်ခဲ့တယ်။
    .
    နောက်ပိုင်း အင်တာဗျူးတွေမှာ McAfee က အလုပ်မှာ ထူးချွန်ထက်မြက်တဲ့လက်ရွေးစင် ဘယ်လိုကြောင့်ဖြစ်လာခဲ့တယ်ဆိုတဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။
    .
    “အဲဒီတုန်းက နည်းပညာကုမ္ပဏီတော်တော်များများမှာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ သူဌေးအပါအဝင် ကျွန်တော်တို့တတွေ မူးယစ်ဆေးကို အနည်းအများသုံးစွဲတတ်ကြတယ်။ အိမ်မှာဆိုရင်တော့ မျက်နှာပူစရာပေါ့။ မိန်းမနဲ့ ကိုယ့်အမေမမြင်အောင် အဲဒီမူးယစ်ဆေးတွေကို သေချာဝှက်ရတယ်။ ကုမ္ပဏီမှာကျတော့ အဲဒီလိုမဟုတ်ဘူး… နေ့လယ်နားချိန်ဆိုရင် လုပ်ဖော်ကိုင်ဖက်ရုံးခန်းမှာ ချလိုက်ကြတာပဲ။ ဒါဟာ တကယ့်ထူးခြားဆန်းကြယ်ခဲ့တဲ့ နှစ်ကာလတွေပေါ့…..”
    .
    မူးယစ်ဆေးက McAfee ကို ဘဝပျက်မတတ်ဖြစ်စေခဲ့တယ်။ အလုပ်အကိုင်ကောင်းလေ ပိုက်ဆံအိတ်ဖောင်းလေ.. အရက်နဲ့ မူးယစ်ဆေးသုံးနှုန်းကလည်း ပြင်းလေဖြစ်လာခဲ့တယ်။ The Wolf of Wall Street ရုပ်ရှင်ကို ကြည့်ခဲ့ဖူးကြမှာပေါ့။ အဲဒီတစ်ခေတ်ရဲ့အဖြစ်ကို အခြေခံထားတာပါပဲ။
    .
    ၁၉၈၄ခုနှစ်မှာ မယားက ဒါကိုသည်းမခံနိုင်ခဲ့တော့ သူတို့ကွာရှင်းလိုက်ကြတယ်။ အလုပ်လည်း ပြုတ်သွားခဲ့တယ်။ ဒီလိုနဲ့ မူးယစ်ဆေးဖြတ်ဖို့ အသိဝင်လာခဲ့ပြီး မူးယစ်ဆေးဖြတ်ပေးတဲ့အဖွဲ့ဆီ သူရောက်သွားခဲ့တယ်။
    .
    မူးယစ်ဆေးဖြတ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ဖြတ်လိုက်တာ တကယ်ပဲ သူဖြတ်နိုင်ခဲ့တယ်။ အဲဒီနောက် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ ၅ဝဝထဲကတစ်ခုမှာ သူအလုပ်တစ်ခုရှာလုပ်ခဲ့တယ်။
    .
    ၁၉၈၆ခုနှစ်မှာ ပါကစ်စတန်က ညီအစ်ကိုနှစ်ယောက်က ကမ္ဘာ့ပထမ ကွန်ပျူတာဗိုင်းရပ်တစ်မျိုးကို ထွင်လိုက်တယ်။ ပါကစ်စတန်ဗိုင်းရပ်စ်လို့ သမိုင်းတွင်ခဲ့တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ဖြစ်တယ်။ ဒါဟာ John McAfee ရဲ့ခမ်းနားတဲ့ဘဝကို ကာလိုက်ကာ ဆွဲဖွင့်ပေးလိုက်တာပါပဲ။
    .
    “နည်းပညာအသိုင်းအဝိုင်းမှာ ကျွန်တော်အပါအဝင်ပေါ့.. ဘယ်သူကမှ ကွန်ပျူတာလည်း ဗိုင်းရပ်စ်ကူးတတ်တယ်ဆိုတာကို တစ်ခါမှ မကြားခဲ့ဖူးဘူး။ ဒါဟာ လူတွေကို ညို့ငင်လိုက်တာပါပဲ” လို့ BBC အင်တာဗျူးတစ်ခုမှာ McAfee က အဲဒီလိုဖြေခဲ့ပါတယ်။
    .
    နည်းပညာအိမ်တွင်းပုန်းတွေလိုပေါ့… သူလည်း ရက်သတ္တပတ်တော်တော်ကြာကြာ နေ့ညမနားဘဲ အဲဒီဗိုင်းရပ်စ်ကို ချေဖျက်နိုင်မယ့် ပရိုဂရမ်တစ်ခုကို ရှာဖွေရေးဆွဲခဲ့တယ်။ အဲဒီနောက် အင်တာနက်ပေါ်တင်ပြီး လူတွေကို အခမဲ့ပေးသုံးခဲ့တယ်။
    .
    အဲဒီနောက် အသိုင်းအဝိုင်းမှာ သူနာမည်ရလာခဲ့တယ်။ ဒါပေမယ့် အခမဲ့ချည်းပေးသုံးနေလို့လည်း မဖြစ်သေးဘူး… စားဝတ်နေရေး ဖြေရှင်းဖို့လည်းရှိသေးတယ်ဆိုပြီး သူကိုယ်တိုင် ဗိုင်းရပ်စ်သတ်တဲ့ဆော့ဝဲလ်ကုမ္ပဏီတစ်ခု တည်ထောင်လိုက်တယ်။ အဲဒီကုမ္ပဏီကို သူ့နာမည် — McAfee လို့ ပေးခဲ့တယ်။
    .
    အဲဒီနောက်မှာတော့ ကုမ္ပဏီရဲ့ CEO အဖြစ် မိန်းမလှတွေ ဝိုင်းဝိုင်းလည်နဲ့ လူ့ဘဝရဲ့အထွတ်အထိပ်ကို သူလျှောက်လှမ်းတက်ရောက်သွားခဲ့တယ်။ ကွန်ပျူတာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့စာအုပ်တွေ သူရေးသားထုတ်ဝေခဲ့တယ်၊ ကားတစ်စီးပေါ်မှာ ကွန်ပျူတာအလုံး ဆယ်လုံးလောက်တင်ပြီး ဒါဟာ သူ့ရဲ့ “ဗိုင်းရပ်စ်ကာကွယ်ရေးကား”လို့ သူဆိုခဲ့တယ်။
    .
    ယနေ့ခေတ် နည်းပညာနယ်ပယ်က နာမည်ကြီးသူတွေလိုပဲ သူဟာ တီဗီဖန်သားပြင်ပေါ်မှာ မကြာခဏ နေရာယူခဲ့တော့တယ်။ ၁၉၉၂ခုနှစ် ဇန်နဝါရီလမှာ McAfee ဟာ တီဗီဖန်သားပြင်ပေါ်ကနေ “မတ်လ ၆ရက်နေ့ကျရင် Michelangelo ဗိုင်းရပ်စ် ( DOS ဗိုင်းရပ်စ်တစ်မျိုး၊ ဟတ်ဒစ်ထဲဝင်ပြီး အကုန်ဖျက်ဆီးလိုက်တာမျိုး)က တစ်ကမ္ဘာလုံးက ကွန်ပျူတာ အလုံး ၅သန်းခန့်ကို ဖျက်ဆီးလိမ့်မယ်” လို့ သတိပေးခဲ့တယ်။
    .
    သူ့အပြောကို လူတွေကယုံကြတယ်။ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅ဝဝထဲက တစ်ဝက်လောက်ဟာ သူ့ဆီကနေ ဗိုင်းရပ်စ်သတ်တဲ့ဆော့ဝဲလ်တွေ ဝယ်ယူခဲ့ကြတယ်။ ၂ လအတွင်း သူ့ကုမ္ပဏီအမြတ် ၁ဝဆရှိခဲ့တယ်။ ၆လအတွင်း အမြတ် ၅ဝဆ ရခဲ့တယ်။ Anti- Virus ဆော့ဝဲလ်လောကမှာ McAfee က ဘုရင်တစ်ဆူဖြစ်လာခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ် မတ်လ ၆ရက်နေ့မှာ ဘာမှလည်း မဖြစ်ပျက်ခဲ့ပါဘူး။
    .
    အလုပ်ဖိစီးမှု၊ ဝေဖန်မှုတွေကြောင့် ၁၉၉၄ခုနှစ်မှာ McAfee အလုပ်နားဖို့ဖြစ်လာခဲ့တယ်။ NASDAQ စတော့ပ်မှာ သူ့ကုမ္ပဏီစာရင်းဝင်သွားပြီးတဲ့နောက် McAfee က သူ့အတွက်လူအိုစားရိတ်ဆိုပြီး ဒေါ်လာ ၁ဝဝမီလီယံယူ ထွက်သွားခဲ့တော့တယ်။
    .
    အငြိမ်းစားဘဝက ကောင်းမွန်သလို အငြိမ်းစားဘဝက ပျင်းရိငြီးငွေ့ဖွယ်ဖြစ်တယ်။
    .
    McAfee ဟာ ဒေါ်လာ ၂၅မီလီယံနဲ့ ကော်ရိုလာဒိုပြည်နယ်မှာ ဧက ၂၈ဝကျယ်တဲ့ တောအုပ်တစ်ခုဝယ်လိုက်တယ်။ ပြီးတော့ ခမ်းနားကြီးကျယ်တဲ့အိမ်တစ်လုံး ဆောက်လုပ်ပြီး အယ်ရီဇိုးနား၊ ဟာဝိုင်အီ၊ တက္ကဆက်နဲ့ နယူးမက်ဆီကိုပြည်နယ်တွေမှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ခဲ့တယ်။
    .
    Yoga ကိုစွဲလမ်းပြီး ၂ဝဝ၁ခုနှစ်မှာ ယောဂနဲ့ ပတ်သက်တဲ့ စာအုပ် ၄အုပ်ထွက်ခဲ့တယ်။ အဲဒီကတဆင့် ထူးကဲတဲ့အားကစားတွေ… အနိမ့်ပျံသန်းတာ၊ သဲသောင်မှာ ကားမောင်းတာ စတာတွေလုပ်ခဲ့တယ်။
    .
    နောက်တော့ အဲဒါတွေကို ပျင်းရိလာတာနဲ့ အမေရိကားတိုက်အလယ်ပိုင်းက မြို့ငယ်ပိုင်းတစ်ခုဖြစ်တဲ့ Belize မြို့မှာ သွားရောက်နေထိုင်ခဲ့တယ်။ လုပ်ငန်းတစ်ခု စတင်တည်ထောင်ဖို့သွားတယ်လို့တော့ သူပြောတာပဲ .. ဒါပေမယ့် မိန်းမတွေနဲ့ပျော်ပါး နယ်ခံလူတချို့ရှာပြီး ကိုယ်ပိုင်စစ်တပ်အဖွဲ့ တစ်ဖွဲ့ဖွဲ့လိုက်တယ်။ သူ လုပ်ငန်းတည်ထောင်နေတာပါ၊ GDP တည်ဆောက်နေတာပါဆိုတာကို Belize အစိုးရ မယုံပါဘူး။ သူ အိုင်းစ်မူးယစ်ဆေးစမ်းသပ်တီထွင်နေတာလို့ပဲ အစိုးရက သံသယရှိတယ်။
    .
    ၂ဝ၁၂ခုနှစ်မှာ ဘိုးတော်ရဲ့အိမ်နီးချင်းတစ်ယောက် အသတ်ခံလိုက်ရတယ်။ အဲဒီမှာ Belize အစိုးရက ဘိုးတော်ကိုထိဖို့ အကြောင်းဖန်လာတော့တာပဲ။ သူ့ကို ရဲလာဖမ်းတဲ့အချိန် ဘိုးတော်က သဲတွင်းတူးပြီး ထွက်ပြေးသွားခဲ့တယ်။ အဲဒီနောက် သူ့နောက်လိုက်တွေနဲ့ လှေစီးပြီး ကွာတီမာလကို တိမ်းရှောင်သွားခဲ့တယ်။
    .
    ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရလို့ McAfee အရမ်းဒေါပုန်ထခဲ့တယ်။ ဒါဟာ တမင်ထောင်ချောက်ဆင်တယ်လို့ သူ့ blog မှာ မကျေမနပ်ရေးခဲ့တယ်။ ဆုကြေး ဒေါ်လာ ၂ သိန်းခွဲထုတ်ပြီး တကယ့်တရားခံကို ရှာခဲ့တယ်။
    .
    ကွာတီမာလမှာ သူအရှောင်အတိမ်းကောင်းခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်ကိုတောင် လက်ခံတွေ့ဆုံခဲ့သေးတယ်။ ကိုယ့်ခေါင်းကို သေနတ်နဲ့ချိန်ထားတဲ့ ခပ်မိုက်မိုက်သူ့ပုံက မဂ္ဂဇင်းမျက်နှာဖုံးမှာ နေရာယူခဲ့တယ်။ ဒါပေမယ့် အဲဒီသတင်းထောက်က သူလျှိုလား မပြောတတ်ဘူး။ အင်တာနက်ပေါ်တင်လိုက်တဲ့ သူ့ပုံကို ညာကလစ်(Right-click)နဲ့ ဓာတ်ပုံရိုက်ယူခဲ့တဲ့ တည်နေရာကို တိတ်တိတ်လေးထည့်လိုက်တယ်။
    .
    အဲဒီနောက် ဘိုးတော်အဖမ်းခံလိုက်ရပြီး ပြည်တော်ပြန်ပို့ခံလိုက်ရတယ်။ ပြည်တော်ပြန်ပြီးနောက် အမ်းချလောင်းဆိုပြီး စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်သွားခဲ့ပြန်တယ်။ ဆော့ဝဲလ်တွေထွင်ပြန်တယ်၊ ကွန့်ဖရင့်မျိုးစုံ တက်ပြန်တယ်။ ၂ဝ၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရွေးမယ်လို့တောင် ကြေငြာခဲ့သေးတယ်။ Cyber Party ဆိုတဲ့ ပါတီအသစ်တစ်ခုကိုတောင် ထူထောင်လိုက်သေးတယ်။ သူဝင်ရွေးရတဲ့အကြောင်းရင်းက အမေရိကန်အစိုးရဟာ နည်းပညာအတတ်နဲ့ပတ်သက်ပြီး ဘာမှမသိနားမလည်ဘူး.. နိုင်ငံ့လုံခြုံရေးအတွက် သူတို့ကိုပဲ အားကိုးလို့မဖြစ်နိုင်ဘူးလို့ ဆိုတယ်။
    .
    McAfee ကရော အင်တာနက်လောကရဲ့လုံခြုံရေးကို ဘယ်နဲ့ ဘယ်လိုကာကွယ်နေသလဲ။
    .
    သူကတော့ ဒီလိုဖြေပါတယ်… “” ကျွန်တော် Anti- Virus ဆော့ဝဲလ်မသုံးဘူး။ ဗိုင်းရပ်စ်က မရှိတော့ဘူး သေကုန်ပြီလို့ ကျွန်တော်ထင်တယ်။ အဲဒီဗိုင်းရပ်စ်တွေက ခေတ်ဟောင်းနည်းပညာလောက်ပဲ။ ဟက်ကာနည်းပညာက ပိုသစ်လွင်တယ် အဲဒီဗိုင်းရပ်စ်တွေထက် ဘယ်နှဆလောက်တောင် မြန်သလဲမသိဘူး။ ဒါကြောင့် Anti- Virus က ရှိသင့်တော့တဲ့အရာမဟုတ်ဘူး။ ကျွန်တော်က GPS မပါတဲ့ ဖုန်း၊ အဖုံးပါတဲ့ဖုန်းကိုပဲ ရွေးချယ်သုံးတယ်။ တကယ်လို့ ကျွန်တော်အင်တာနက်သုံးချင်ရင် ဆမ်ဆောင်းဖုန်းကိုသုံးတယ်။ ၂ ပတ်တစ်ခါ ဖုန်းတစ်လုံးလဲတယ်”
    .
    အဲဒါပဲ McAfee က Silicon Valley သမိုင်းမှာ အမိုက်ဆုံး ပရိုဂရမ်မာတစ်ယောက်ဆိုတာ။ အသက် ၇၁ နှစ်ရှိပြီ ရှင်းပြစရာမလိုအောင် ကြံ့ခိုင်သန်မာရဲရင့်နေတုန်း….
    ——
    မူရင်းလင့်– https://en.wikipedia.org/wiki/John_McAfee
    http://www.baike.com/…/%E7%BA%A6%E7%BF%B0%C2%B7%E9%BA%A6%E5…
    http://www.toutiao.com/i6194937583664955906/
    mccafee.
    Credit : #NineNineSaNay @ နိုင်းနိုင်းစနေ (Oct. 17. 2016)
    Programming ကို တကယ်တမ်း ဘယ်လိုလေ့လာမလဲ
    ကျနော့်ကို Programming ဘယ်လို လေ့လာရမလဲ လာမေးတတ်တဲ့ လူငယ်တွေရှိတယ်.. ၁၉ – ၃၀ ကြား လူငယ်တွေပေါ့.. လူငယ်တွေဆိုလို့ ကျနော်လဲ ၂၇ ပဲ ရှိပါသေးတယ်.. 😛 အဲ့ဒီမှာ အတော်များများ ဖြစ်တတ်တာ လုပ်လေ့လုပ်ထ ရှိတဲ့ အကျင့်တစ်ခု ပြောပြမယ်… အဲ့ဒီအကျင့်က ပညာရပ်တစ်ခု လေ့လာတဲ့အချိန်မှာ မှားတတ်တဲ့ အကြီးဆုံး အမှားလို့ ထင်တယ်..
    အပြင်မှာပဲ ဖြစ်ဖြစ် Online ကနေပဲ ဖြစ်ဖြစ် လေ့လာစရာတွေ ဖတ်စရာတွေ ပေးလိုက်ရင် ပျော်သွားကြပြီး ပထမဆုံး စဉ်းစားကြတဲ့အတွေးက ကိုယ့်ဘာသာ ပတ်ဝန်းကျင်နဲ့ Isolate လုပ်ပစ်ဖို့ စဉ်းစားတတ်ကြတာပဲ.. လွယ်လွယ်ပြောရင်တော့ “ဂူအောင်းပြီး သိုင်းကျင့်တယ်” ပေါ့ဗျာ.. အခန်းအောင်းပြီး Computer ရှေ့ထိုင်မယ်.. စာတွေ လုပ်မယ် စာဖတ်မယ် ပြန်စမ်းသပ်မယ်… အတိုင်းအတာတစ်ခုထိ သိသွားမှ ပြန်ထွက်လာမယ်ပေါ့..
    ကျနော်တို့ ငယ်ငယ်က မြ၀တီက တရုတ်သိုင်းကားတွေပဲ ပြတာ.. မင်းသားက ချောက်ထဲကျ… သိုင်းကျမ်းတွေ့ရင် တွေ့.. မတွေ့ရင် သိုင်းသင်ပေးမဲ့လူနဲ့တွေ့.. ဆရာကြီးဖြစ်.. ချောက်ထဲကနေ ပြန်တက်လာ.. မင်းသားကြောင့် သိုင်းလောကကြီးတစ်ခုလုံးခြောက်ခြားသွား.. လူဆိုးကိုဆော်… ဒါတွေနဲ့ပဲ ကြီးလာရတော့ မသိစိတ်ထဲမှာ စွဲနေတယ် ထင်ပါရဲ့.. Hero ဖြစ်ချင်တာ Hero ကို ကိုးကွယ်တာ တစ်ခုခုကို လေ့လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပတ်ဝန်းကျင်နဲ့ Isolate လုပ်ပစ်တာ လူငယ်တွေမှာ အကျင့်ကြီးလို ဖြစ်နေတယ်..
    ပညာတော့ အတိုင်းအတာ တစ်ခုထိ တတ်လာပါရဲ့.. ကိုယ်တတ်တဲ့ပညာကို သူများကို ပြန် Share မပေးချင်တော့ဘူး.. ကိုယ့်သိုင်းကို သူများတတ်ရင် သူများလဲ Hero ဖြစ်သွားမှာကိုး.. ဒီတော့ Share မလုပ်ချင်ဘူး.. Company တွေ ရောက်တဲ့အခါလဲ Team နဲ့ မလုပ်ချင်တဲ့ မလုပ်တတ်တဲ့အတွက် ပြသနာ စတက်တာပဲ.. Company မှာ Software ရေးတာ တယောက်ထဲ ရေးလို့ မရဘူး.. Team နဲ့ ရေးတာမို့ အရမ်း ပြသနာကြီးတယ်.. ပြီးတော့ မသိစိတ်မှာကိုက Heroism ကို ဦးစားပေးတဲ့အတွက် ကိုယ်တတ်ကြောင်း Skill ပြချင်တာက လွဲရင် တခြားလူအတွက် ထည့်မစဉ်းစားဘူး.. ပြန်လဲ မသင်ပေးချင်ဘူး.. ဒီတော့ အလုပ်မဖြစ်ပဲ ပြသနာတွေ တက်လာကော.. တချို့ Company တွေက HR ကောင်းတော့ ပြသနာမရှိဘူး.. Startup တွေ မဖြစ်ထွန်းလာတာ ပျက်ကုန်တာ ဒီပြသနာကြောင့်ပဲ…
    ပညာရပ်တစ်ခုကို လေ့လာတဲ့အခါမှာ တယောက်နဲ့ တယောက်ဆွေးနွေးပြီး လေ့လာရင် ပိုပြီး တတ်မြောက်တာ မြန်တယ်.. ဆရာနဲ့သာမက ကျောင်းသားအချင်းချင်းလဲ ဆွေးနွေးရတယ်.. ကိုယ့်ဘာသာ Isolate လုပ်ပစ်လိုက်တဲ့အချိန်မှာ ဆွေးနွေးဖို့ လူလဲ မရှိတော့သလို ထင်သလောက်လဲ ရှေ့ကို မရောက်တော့ဘူး.. နောက်ပြသနာ တစ်ခုက လူကြောက်လာတာပဲ.. ဘာလို့လဲဆိုတော့ ကိုယ်လေ့လာထားတဲ့ ပညာရပ်တစ်ခုကို သူများနဲ့ မဆွေးနွေးဖူးတဲ့အခါ မှားယွင်းသွားမှာ အရမ်းကြောက်တယ်.. Self Confidence မရှိဘူး.. အကြောင်းရင်းက Hero တွေက ဘယ်တော့မှ မမှားဘူးလေ.. အဲ့မှာတင် ပြသနာအကြီးကြီးတက်တော့တာပဲ..
    Company ရောက်တဲ့အခါမှာ ဘယ်လောက်တော်တော် Project Manager နှပ်သမျှ ခံရတယ်.. ကိုယ်ရေးတဲ့ Code မှန်လဲ မှားတယ်လို့ ပြောရင် ပြန်မပြောရဲတဲ့အတွက် မှားတယ်လို့ပဲ လက်ခံလိုက်ရတယ်.. အလုပ်ခွင်မှာ မပျော်တော့ဘူး… စိတ်အရမ်းဖိစီးလာမယ်… ကြာတော့ မခံစားနိုင်ပဲ အလုပ်က ထွက်ရော..
    တချို့လဲ အဲ့အဆင့်ထိ မရောက်ကြဘူး.. တချို့နေရာတွေမှာ ကိုယ့်ဘာသာ လေ့လာလို့ မရတဲ့အခါ ကိုယ့်ဘာသာ အားငယ်ပြီး ဆက်မလေ့လာဖြစ်ကြတော့ဘူး.. ဒီလို ခဏခဏ ဖြစ်တဲ့အချိန်မှာ ကိုယ့်ဘာသာ ကောက်ရိုးမီးလို့ ထင်လာတယ်.. ငါ စောက်ရမ်း ပိန်းပါ့လားလို့ ထင်လာတယ်.. Self-Respect မရှိတော့ဘူး.. Heroism ရဲ့ Down Side ပေါ့.. Depression ၀င်လာမယ်.. ပိုပြီး လူကြောက်တတ်လာမယ်.. လူတယောက်ကို မျက်လုံးချင်းတောင် မဆိုင်ရဲအောင် ဖြစ်လာမယ်.. ကိုယ်သိထားတဲ့အမှန်တရား တစ်ခုကို သူများနဲ့ ငြင်းတဲ့အခါ ဟုတ်ရဲ့လားလို့ ပြန်မေးရင် ဟုတ်ပါတယ် ငါမှန်တယ်လို့ ရဲရဲဝံ၀ံ မပြောရဲအောင် ဖြစ်လာမယ်.. ဘာမှ ဆက်မလေ့လာဖြစ်တော့ဘူး…
    တချို့ကျတော့ Over Confidence ဖြစ်သွားတယ်.. ကိုယ့်ဟာကိုယ် သူများတွေထက်ကို သောက်ကျိုးနည်း တော်တယ် ထင်လာတယ်.. အတိုင်းအတာ တစ်ခုထိ တော်ပေမဲ့ တစ်တောင်ထက် တစ်တောင် ပို မြင့်ကြတာချည်းပဲဆိုတော့ ပြသနာက များသထက် များလာတယ်.. ငါသာအတော်ဆုံး ငါသာအတတ်ဆုံးဆိုတဲ့ စိတ်ဝင်လာတယ်.. သူများတွေကို Respect မပေးတတ်တော့ဘူး.. စိတ်ရောဂါအသေးစားပဲ ထင်တယ်.. မင်းတို့ Technology လောက်ကတော့ ကလေးကလားပါ.. ငါ ၂ ရက်လောက် လေ့လာရင် ရပါတယ် ဆိုတာမျိုးတွေ တွေ့ရတတ်တယ်.. ဘယ်သူနဲ့မှ အဆင်မပြေတဲ့ Anti-Social ဖြစ်လာကောပေါ့..
    ပိုဆိုးတာက Comfort Zone ထဲ ရောက်သွားတာပဲ.. Comfort Zone ဆိုတဲ့သဘောက ဘာမှ ထပ်မလေ့လာချင်တော့ဘူး.. ကိုယ် သိသလောက်လေးနဲ့ ပျော်နေပြီး အိပ်တယ် စားတယ်.. လုပ်ချင်တာလုပ်တယ်.. ဘာမှ ဆက်မလေ့လာဖြစ်တော့ဘူး.. Productivity = 0 ဖြစ်သွားမယ်.. ရောက်နေပြီဆိုလဲ ရအောင် ရုန်းထွက်ပါ.. အိမ်ထဲမှာပဲ မနေပါနဲ့.. အပြင်ထွက်ပါ.. သူများတွေနဲ့ စကားပြောပါ.. သူငယ်ချင်းတွေနဲ့ Hangout လုပ်ပါ.. အပျင်းမကြီးပါနဲ့..
    “ဂူအောင်းပြီး သိုင်းကျင့်” တဲ့ အတွေးအခေါ်က အမှားကြီး မှားပါတယ်.. အဲ့ဒီအကျင့်ရှိတယ်ဆိုရင်လဲ ဖျောက်ပစ်လိုက်ပါ.. ပညာရပ်တစ်ခုလေ့လာတဲ့အခါမှာ သူများတွေနဲ့ အတူတူ လေ့လာပါ.. ကျနော်တို့ Programmer လောကမှာတော့ “Social Coder” ဖြစ်အောင် ကြိုးစားပါ.. “Social Coder” ဆိုတဲ့သဘောက အိမ်တွင်းအောင်းပြီး မလေ့လာပါနဲ့.. နည်းပညာနဲ့ ပတ်သက်တဲ့ ပွဲတွေ သွားပါ.. တွေ့ကရာ ရှစ်သောင်းတော့ မတက်နဲ့ပေါ့.. Programmer က Network ပွဲသွားတာမျိုးမလုပ်နဲ့.. ကိုယ် တက်သင့်တယ်ထင်တဲ့ ပွဲတွေ တက်ပါ..
    ပွဲတက်ပြီး မုန့်စား လက်ဆောင်ယူပြီး ပြန်မလာပါနဲ့.. တခြားလူတွေနဲ့ Social Networking လုပ်ပါ.. အချင်းချင်း ချိတ်ပေးတဲ့ အလုပ်အကိုင် အခွင့်အလန်းတွေ ရှိလာမယ်.. Freelancer တွေဆို ပိုတောင် တက်သင့်သေးတယ်.. Topic တစ်ခုစပြီး အပြန်အလှန်ဆွေးနွေးပါ.. အချင်းချင်း Respect ထားပါ.. ကိုယ်သိသလောက် ပြောပြပါ.. သူပြောတာလဲ သေသေချာချာ နားထောင်ပါ.. အရှေ့က Senior တွေကိုလဲ လေးလေးစားစားဆက်ဆံပါ.. လူမကြောက်တတ်အောင် လေ့ကျင့်ပါ.. Bar Camp လို ပွဲမျိုးတွေမှာ ကိုယ်သိတာကို ပြန် Sharing လုပ်ပါ.. ပြီးတော့ မိတ်ဆွေ များအောင် လုပ်ပါ..
    လေ့လာရင် ကိုယ်နဲ့ အတူ လေ့လာမဲ့လူတွေ ရှာပါ.. အနည်းဆုံး ၃ ယောက်ရှိပါစေ.. သူတို့နဲ့ အတူတူ Community လေး တစ်ခု အသိုင်းအ၀ိုင်းလေး တစ်ခုရအောင် ဖန်တီးယူပါ.. အဲ့ဒီ Community နဲ့ အမြဲတမ်း အဆက်အဆံလုပ်ပါ.. သူတို့နဲ့ အတူ လေ့လာပါ.. ပြန်လည် ဝေမျှပါ.. အကောင်းဆုံးကတော့ သင်တန်းလိုမျိုးမှာ ရှာတာပဲ..
    အိမ်မှာ ကုတ်ပြီး မလေ့လာပါနဲ့..Community နဲ့ အတူတူ လေ့လာပါ.. ကျန်းမာရေးထိခိုက်တဲ့အပြင် ကြာရင် FA ပါ ဖြစ်လာလိမ့်မယ်… အားကစား တစ်ခုခုလုပ်ပါ.. ( အကောင်းဆုံးက စက်ဘီးစီးတာ ရေကူးတာ.. လူတိုင်းလုပ်တတ်တယ် မလုပ်တတ်ရင် သင်ထားပါ 😀 ) ဆိုးတာက Comfort Zone ထဲ ရောက်သွားတာပဲ.. Comfort Zone ဆိုတဲ့သဘောက ဘာမှ ထပ်မလေ့လာချင်တော့ဘူး.. ကိုယ် သိသလောက်လေးနဲ့ ပျော်နေပြီး အိပ်တယ် စားတယ်.. လုပ်ချင်တာလုပ်တယ်.. ဘာမှ ဆက်မလေ့လာဖြစ်တော့ဘူး.. Productivity = 0 ဖြစ်သွားမယ်.. ရောက်နေပြီဆိုလဲ ရအောင် ရုန်းထွက်ပါ.. အိမ်ထဲမှာပဲ မနေပါနဲ့.. အပြင်ထွက်ပါ.. သူများတွေနဲ့ စကားပြောပါ.. သူငယ်ချင်းတွေနဲ့ Hangout လုပ်ပါ.. အပျင်းမကြီးပါနဲ့..
    “Be a Social Coder” and “ဂူအောင်းပြီး သိုင်းမကျင့်ပါနဲ့”
    Written by Htet Wai Yan Soe
    ရှမ်းပြည်နယ်မှာ လေယာဉ်ကွင်းတည်ဆောက်လိုကြောင်း ဦးနေဝင်း မြေးနှစ်ဦး တင်ပြ
    (ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကို တွေ့ရစဉ်) Photo: RFA
    ဗိုလ်ချုပ်ဟောင်း ဦးနေဝင်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်လိုကြောင်းနဲ့ ဆိုလာစနစ်နဲ့ လျှပ်စစ်ဖြန့်ဝေရေး လုပ်ငန်းတွေ ဆောင်ရွက်လိုကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
    ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က တောင်ကြီးမြို့မှာရှိတဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို လာပြီး တင်ပြခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
    "လေယာဉ်ကွင်း မူဆယ်မှာတည်ဆောက်ဖို့ကိစ္စကို လာရောက်တင်ပြတာပေါ့နော်၊ နောက်သူတို့ လက်ရှိ ဘာလုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာကိုလည်း ရှင်းလင်းတင်ပြတယ်၊ သူတို့ကတော့ လုပ်ချင်တယ်ပဲ ပြောမှာပေါ့၊ ဒီဘက်က သုံးသပ်ပေးရမှာက စီမံကိန်းတစ်ခုရဲ့ ရည်ရွယ်ချက်ရှိရမယ်၊ အကျိုးအမြတ်တွေရှိရမယ်၊ နောက်ပြီးတော့ impact area တွေ ဘယ်လောက်သွားမလဲ အဲဒါတွေ အကုန်လုံးတွက်ချက်ရမယ်၊ နောက် investor တွေက ဘယ်သူတွေလဲ၊ နောက်ပြီးတော့ ငွေရေး ကြေးရေးက ဘယ်ကလာလဲ၊ အဲဒါတွေကို သေချာတွက်ချက်ပြီးတော့မှ လုပ်ရတာလေ၊ အလုပ်တစ်ခုက အင်းအင်း အင်းအင်း ဆိုပြီးတော့ ဇွတ်လက်မှတ်ထိုးလို့မရဘူးလေ"
    ရှမ်းပြည်နယ် မူဆယ်မြို့မှာ လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဦးစိုင်းအိုက်ပေါင်းရဲ့ ရွှေရှမ်းပြည်ကုမ္ပဏီ တို့ကလည်း တင်ပြထားတယ်လို့ ပြောပါတယ်။
    လတ်တလောမှာ မူဆယ်မြို့နယ်အတွင်း လေယာဉ်ကွင်း တည်ဆောက်ဖို့ လေကြောင်းဦးစီးဌာနမှာ အစီအစဉ်မရှိသေးကြောင်း၊ စီမံကိန်းအကြီးစားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ ခွင့်ပြုရတာဖြစ်ကြောင်း၊ လုပ်ငန်းဖြစ်နိုင်ခြေနဲ့ ဒေသခံတွေရဲ့ အမြင်သဘောထားကိုသာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြရတာဖြစ်ကြောင်း ပြန်လည်ရှင်းပြ ခဲ့တယ်လို့လည်း ပြောပါတယ်။
    မူဆယ်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တာကြောင့် လေယာဉ်ကွင်းတည်ဆောက်မယ်ဆိုရင် စစ်ရေးနဲ့ ကာကွယ်ရေး သဘောထားအမြင်တွေ လိုအပ်တာကြောင့် တပ်မတော်တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
    RFA Burmese
    https://www.facebook.com/rfaburmese
    သင် အဆိပ်တွေကို မသိမသာနဲ့ နေ့စဉ် တဖြည်းဖြည်းစားသုံးမိနေပါသလား
    သတင်းစာ ၊ ဂျာနယ်စားပွဲခင်း နှင့် ကျန်းမာရေး ဆိုတဲ့ ကျန်းမာရေးအ သိပေးဆောင်းပါးလေးကို ဖတ်ရူပြီး ကိုယ့်အနီးအနားဝန်းကျင်က လူတွေပါသိအောင် Share ပေးလိုက်ကြဦးနော်။
    အချို့သူတွေက ထမင်းစားခါနီးမှာ စားပွဲခုံပေမှာစိုးလို့ဆိုပြီး အလွယ်တကူ တွေ့ရာဂျာနယ်တွေ ၊ သတင်းစာတွေနဲ့ ခင်းကျင်းပြီး ထမင်းပွဲပြင်ဆင်စားသောက်လေ့ရှိကြပါတယ်။
    ဘာကြောင့် ဒီလိုသတင်းစာတွေခင်းကျင်းစားသောက်နေရလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ကြပါဘူး။
    တစ်ချို့တွေကတော့ စားပွဲပေမှာစိုးလို့ ၊ ဒီလိုခင်းကျင်းထားတော့ ပိုသန့်တယ်ထင်ကြပါတယ်။ တစ်ချို့ဆို ပုံများတဲ့ဂျာနယ်ဆို ပိုပြီးတော့တောင် ရွေးချယ်ခင်းလေ့ရှိကြပါတယ်။
    ဒါဆို ဒီလိုသတင်းစာခင်းကျင်းစားသောက်ရင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးဖြစ်ပြီး ဘယ်လို
    တကယ်တော့အစားသောက်တွေ စားသောက်ချိန်မှာ အခုလိုChemical တွေနဲ့ပေါင်းစပ်ပြီး ဖေါ်စပ်ထားတဲ့ မင်တွေကြောင့် ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်နေတယ်ဆိုတာ သတိမထားမိကြပါဘူး။
    ကျန်းမာရေးပညာရှင်တစ်ချို့ အခိုင်အမာပြောဆိုကြတာကတော့ ဒီလိုဂျာနယ်တွေ ၊ သတင်းစာတွေမှာ ရိုက်နှိပ်ထားတဲ့ မှင်တွေမှာပါဝင်တဲ့ ခဲဓါတ်၊ ခရိုမီယမ်ဓါတ်၊ ကက်ဒမီယံ ဓာတုဒြပ်စင်တွေ၊ မာကျူရီသတ္တုဓါတ်တွေ ပါဝင်ပါတယ်။ ဥပမာ ဒီထဲက ခဲဓါတ်က လူတွေရဲ့ခန္ဓာကိုယ်ကို ဘာဆိုးကျိုးဖြစ်စေနိုင်သလဲဆိုတော့ အကြောင်းကြောင်းကြေင့် လူ့ရဲ့ပါးစပ်ထဲရောက်သွားပြီဆိုပါက လူတွေရဲ့သွေးကြောထဲမှာရှိတဲ့ဆဲလ်အသစ် ပေါက်ဖွားမှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
    ဒိထက်ဆိုးရင် သွေးကြောကနေတဆင့် ဦးနှောက်ထဲထိ ၀င်ရောက်ပြီး ဆဲလ်တွေကိုဖျတ်ဆီးပြီး ဦးနှောက်ရဲ့အတွင်းပိုင်းထိ ပျက်စီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ပေါ်ပေါက်နိုင်လဲဆိုတော့ ခေါင်းမူးတာတွေ ၊ အိပ်မပျော်တာတွေ၊ ခေါင်းကိုက်တာတွေ ၊ မှတ်ဥာဏ်ချို့ယွင်းမှုတွေ အထိဖြစ်ပေါ်လာနိုင်ပါတယ်။
    နောက်ပြီး ဒီသတင်းစာတွေ၊ ဂျာနယ်တွေဟာ နေ့စဉ်ဖတ်ရူသူတွေလက်ထဲရောက်ဖို့ အလျဉ်မှီရိုက်နှိပ်နေရတဲ့အတွက် ဒီမှင်တွေခြောက်နေပေမဲ့လည်း အမှုံအမွှားကတော့ လွင့်နိုင်သေးပါတယ်။ ဒီမှာ တစ်ချို့သူတွေကမေးကောင်းမေးပါလိမ့်မယ် ဒါဆိုသတင်းစာအဟောင်းတွေဆိုရင်တော့ မှင်တွေက ခြောက်ပြီး ဘယ်ဘေးဥပါဒ်မှမရှိဘူးပေါ့ဆိုပြီး ။ ဒီလိုလဲမဟုတ်ပါဘူး။
    အကောင်းဆုံးကတော့ အစားသောက်တွေစားရင် ဒီလိုသတင်းစာတွေ ၊ ဂျာနယ်တွေခင်းပြီးမစားသောက်တာ အကောင်းဆုံးပါပဲ ။ သတင်းစာ ၊ ဂျာနယ်တို့ဆိုတဲ့အရာဟာ တစ်ဦးတစ်ယောက်ထဲလှန်လှောပြီး ထားထားတဲ့အရာမဟုတ်ပါဘူး။ လူပေါင်းစုံက ကိုင်တွယ်ဖတ်ရူကြပါတယ်။ နောက်ပြီး လူတွေရဲ့လက်ဆိုတာက ဘာတွေကိုင်မိလို့ ကိုင်မိမှန်းမသိနိုင်ပဲ ရောဂါပိုးမွှားမျိုးစုံ ကပ်တွယ်နေတဲ့ အစိတ်အပိုင်းပါ။ ဒီလိုလက်တွေအများကြီးကနေ ကိုင်တွယ်ဖတ်ရူထားတဲ့ ဂျာနယ်တွေ ၊ သတင်းစာတွေမှာလည်း ဘာရောဂါတွေကပ်ပါနိုင်လဲဆိုတာ ဘယ်သူမှ မျက်စိနဲ့မမြင်နိုင်ဘူးလေ ။
    ဒါကြောင့် အကောင်းဆုံးကတော့ အစားသောက်စားရင် အခင်းအကျင်းအဖြစ် ဒီလိုသတင်းစာတွေ ၊ ဂျာနယ်တွေကို အသုံးမပြုဖို့ အကောင်းဆုံးအကြံပြုပါတယ်။
    တစ်ချို့တွေဆို အသီးအရွက်တွေ ၊ သစ်သီးဝလံတွေရောင်းချတဲ့နေရာမှာလည်း အသီးတွေအောက်မှာ သတင်းစာတွေကို အလွယ်တကူခင်းကျင်းထားတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုအသီးအနှံတွေဝယ်မိတယ်ဆိုရင်လည်း ရေနဲ့သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ စားသောက်ဖို့လည်းမမေ့ပါနဲ့။
    မနုဿ မှ အင်တာနက်မှာ ဖတ်ရှုလိုက်ရတဲ့ ကျန်းမာရေးအသိပေး ဆောင်းပါးတစ်ပုဒ်အား ဘာသာပြန်တင်ပြလိုက်ရပါသည်။
    poison
    Credit: မနုဿ ရဲ့ စာမျက်နှာလေးများ
    Sunday, October 23, 2016
    အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများ၊ ငွေကြေးထောက်ပံ့ ကူညီသူနှင့် လက်နက်တစ်လက် ဖမ်းဆီးရမိ
    နေပြည်တော်၊ အောက်တိုဘာ - ၂၃
    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်း(တောင်)ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီခန့် က သတင်းအရ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ဆွေယောဒူရီ(ဘ) အုံမော်အာသစ်၊ ဂူရာများ(ဘ) ကော်ရုံဂူလာ၊ MV ကော်မော်ရီဒိန်(ဘ)မာမတ်နှင့် မာမက်ဒူလာ(ဘ)အဒူဝါဆေး တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။
    အလားတူ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲခန့် တွင် ဝါးပိတ်ကျေးရွာအတွင်းဝင်ရောက်ရှင်းလင်းရာ အိမ်တစ်အိမ်အတွင်းမှ အမ်အေ-၁၁ (၁)လက်၊ ၎င်းကျည်အိမ် (၁) ခုနှင့် ၎င်းကျည် (၂၅)တောင့်တို့ကို ရှာဖွေ တွေ့ရှိခဲ့သည်။
    ထို့ပြင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို ငွေကြေးထောက်ပံ့ ကူညီအားပေးသည့် မောင်တောမြို့၊ မြို့မတောင် (၂) ရပ်ကွက်နေ မောင်မောင်စိန်(ဘ) အော်ဇီအူလာအား ယနေ့ နံနက် ၁၁ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
    ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများအား ဆက်လက် ဖမ်းဆီးရမိရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
    (မြ၀တီ)
    MOI Webportal Myanmar
    https://www.facebook.com/MOIWebportalMyanmar/
    မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းအားလုံး အောက်တိုဘာ ၂၄ ရက် စဖွင့်မည်
    နိရဉ္စရာ၊ အောက်တိုဘာ ၂၃ ရက်
    ရခိုင်ပြည်နယ်မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်းများ အားလုံးကို မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
    “ကျွန်တော်တို့ မနက် ကျောင်းဖွင့်ရက်မှာ မြို့ပေါ်ရှိ ကျောင်းအားလုံးကျောင်းအားလုံးဖွင့်နိုင်အောင် စီစဉ် ထားပါတယ်။ လုံခြုံရေးအပြည့်အစုံနဲ့ မြို့ပေါ်က သွားလာရ လွယ်ကူတဲ့ နယ်က ကျောင်းအချို့ကိုလည်း ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်မှ နိရဉ္စရာသို့ ပြောသည်။
    အောက်တိုဘာလ ၉ ရက်နေ့က ကျီးကန်းပြင် ဌာနချုပ်၊ ငခူရ စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် စခန်းသုံးခုလုံး တိုက်ခိုက်ခံရပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှုမရှိသောကြောင့် မောင်တောမြို့နယ်ရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့သည်။
    နယ်ရှိ မူလတန်းကျောင်းများကိုမူ လုံခြုံရေး အရ မနက်ဖြန်တွင် ဖွင့်လှစ်မည် မဟုတ်သော်လည်း အထက်တန်းကျောင်းများရှိ ဆယ်တန်းကျောင်းသား ကျောင်းသူများကို ပညာဆက်လက်လက် သင်ကြားနိုင်ရေး စီစဉ်နေကြောင်း သိရသည်။
    မောင်တောမြို့နှင့် အလှမ်းဝေးသည့် အထက်တန်းကျောင်းများရှိ ဆယ်တန်း ကျောင်းသား၊ ကျောင်းသူများအား လုံခြုံရေးတင်ကျပ်စွာဖြင့် ပညာသင်ကြားနိုင်အောင် ဆရာ ဆရာမများအနေဖြင့် စီစဉ် ဆောင်ရွက်နေကြောင်း၊ ကျောင်းချိန်အပါအ၀င် အသွားအလာအားလုံး ဆရာ/ဆရာမများအတွက် လုံခြုံရေး တင်းကျပ်ပေးရန်လိုအပ်ပြီး သက်ဆိုင်ရာများနှင့်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း ပညာရေးမှူး ဦးခင်အောင်မှ ဆက်ပြောသည်။
    ရွှေရအောင်(တောင်ကုတ်)
    Narinjara
    https://www.facebook.com/Narinjara
    ကွာရှင်းထားတာ မှန်ကန်ကြောင်း အတည်ပြုလိုက်တဲ့ ဝိုင်းစုခိုင်သိန်း
    22.10.2016
    ကျန်တဲ့ ကောလဟလတွေကတော့ မဖြေရှင်းတော့ဘူးလို့ ဆိုပါတယ်။
    အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ ဥက္ကာမြင့်ကြူတို့ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် နှစ်ဖက် သက်သေ လူကြီးများရှေ့မှောက်မှာ  ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို ယနေ့ထုတ် မြန်မာ့အလင်းသတင်း စာထဲမှာ ကြော်ငြာထည့်သွင်းခဲ့ပါတယ်။
    အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကွာရှင်းထားတယ်ဆိုတာ မှန်ကန်ကြောင်း အဆိုတော် ဝိုင်းစုခိုင်သိန်းမှ Myanmar Celebrity  အင်တာဗျူးမှာ အတည်ပြု ပြောပြခဲ့ပါတယ်။
    သူမရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို ပြောပြသင့်တဲ့ ကိစ္စတစ်ခုလို့ ထင်တဲ့အတွက် ပြောပြခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ကောလဟလတွေနဲ့ ပတ်သက်လို့ ဘာမှ ဖြေရှင်းစရာ မရှိပါဘူးလို့ သူမက ဆိုပါတယ်။
    အောက်တိုဘာ(၂၂)ရက်နေ့တွင် ကျင်းပခဲ့တဲ့ သူမရဲ့ " ဂါ " အခွေပရိုမိုးရှင်းမှာ ပရိသတ်များနဲ့ အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာကို တွေ့ရပါတယ်။
    Source : Myanmar Celebrity
    Photo  : ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်၊ နစ်ကီ/7Day Daily
    ဓူဝံ