Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 30, 2016

ငိုအားထက္ရီအားသန္ရမလို




ငိုအားထက္ရီအားသန္ရမလို
မႏၲေလး နဲ႕ စစ္ကိုင္းဘက္မွာ ဧရာဝတီျမစ္ေရတိုးမႈမ်ားေႀကာင့္ျခေသ့ၤ႐ုပ္ႀကီးလည္း
ငုတ္တုပ္ေရျမဳပ္ေနေပမယ့္
သူ႔ဟာနဲ႔သူေတာ့ အလုပ္ျဖစ္ေနတယ္။

Photo:Mingalar Ko Ko.

အစိုးရ အမည္ပ်က္ စာရင္း ပယ္ဖ်က္ဖို႔ စီစဥ္ေန

အရင္အစိုးရေတြ လက္ထက္မွာ အမည္ပ်က္စာရင္း ထည့္သြင္း ခံရသူေတြထဲက ပထမအသုတ္အေနနဲ႔ လူ (၃၀၀)နီးပါးေလာက္ကို စာရင္းကေန ပယ္ဖ်က္ေပးဖို႔ ရွိေနပါတယ္။

ေလာေလာဆယ္မွာ အမည္ပ်က္စာရင္းမွာ ထည့္သြင္းတဲ့ အခ်က္အလက္ေတြကို ေျဖေလ်ာ့ေပးၿပီး စိစစ္မွုေတြ လုပ္ေနပါတယ္။

အစိုးရသစ္လက္ထက္မွာ ပထမဆုံးအႀကိမ္အျဖစ္ လူအမ်ားႀကီးကို အမည္ပ်က္ စာရင္းထဲ ကေန ပယ္ဖ်က္ ေပးမွာ ျဖစ္ပါတယ္။

အမည္ပ်က္ စာရင္းကေန ပယ္ဖ်က္ေပးမယ္သူေတြ ထဲမွာ ျမန္မာနိုင္ငံသားေတြနဲ႔ နိုင္ငံျခားသား အခ်ိဳ႕ပါဝင္ပါတယ္။

ဒီထဲမွာ နိုင္ငံျခား ပညာေတာ္သင္သြားၿပီး ဌာနမွာ အလုပ္ျပန္မဝင္တဲ့ အစိုးရ ဝန္ထမ္းေတြ၊ ေလ်ာ္ေၾကးေပးဖို႔ ပ်က္ကြက္တဲ့ ဝန္ထမ္းေတြ ပါဝင္တယ္လို႔ လူဝင္မွုႀကီးၾကပ္ေရးနဲ႔ ျပည့္သူအင္အားဦးစီးဌာနက အျမဲတမ္း အတြင္းဝန္ ဦးျမင့္ႀကိဳင္က ေျပာပါတယ္။

တခ်ိန္တည္း မွာပဲ အရပ္ဖက္အဖြဲ႕အစည္း (၄၀)ေက်ာ္ က စုေပါင္း လက္မွတ္ ထိုးၿပီး ျပည္ပမွာရွိတဲ့ ျမန္မာနိုင္ငံသားေတြကို ဂုဏ္သိကၡာ ရွိရွိျပန္လာဖို႔ နိုင္ငံသား ျဖစ္ခြင့္ ေပးဖို႔ ဆိုၿပီး နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဆီကို အိတ္ဖြင့္ စာ ေပးပို႔ခဲ့ပါတယ္။

ျပည္ပ ေရာက္ေနတဲ့ သူေတြကို ျမန္မာ နိုင္ငံသား ေလၽွာက္တဲ့ အခါမွာ ဥပေဒနဲ႔ အညီ နိုင္ငံသား ျပန္ေပးဖို႔ ေတာင္းဆို ခဲ့တယ္လို႔ နိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အဖြဲ႕က ကိုဘိုၾကည္က ေျပာပါတယ္။

အမည္ပ်က္ စာရင္းကေန ပယ္ဖ်က္ေပးဖို႔ စိစစ္ေနတဲ့ လူ ၃၀၀ ရဲ့ အမည္စာရင္း ဟာ လာမယ့္ တစ္ပတ္ အတြင္းထြက္လာဖို႔ ရွိတယ္လို႔ အျမဲတမ္းအတြင္း ဦးျမင့္ႀကိဳင္က ေျပာပါတယ္။

ေလာေလာဆယ္မွာ အစိုးရက အမည္ပ်က္စာရင္း သြင္းထားတဲ့ စာရင္းက (၉၀၀၀) ေလာက္ရွိၿပီး အဲဒီ အထဲက (၄၀၀၀)ေက်ာ္ဟာ ပ်က္စီး ေပ်ာက္ဆုံးတဲ့ ပတ္စ္ပို႔ စာအုပ္ေတြ ျဖစ္ၿပီး က်န္တဲ့ (၄၀၀၀)ေက်ာ္က လူစာရင္း ျဖစ္ပါတယ္။

လူစာရင္း ထဲမွာေတာ့ (၃၀၀၀)ေလာက္ဟာ နိုင္ငံတကာရဲတပ္ဖြဲ႕က အလိုရွိတဲ့ ရာဇဝတ္မွုက်ဴးလြန္သူေတြ၊ အၾကမ္းဖက္အဖြဲ႕ မူးယစ္ေဆးဝါးအဖြဲ႕ေတြ နဲ႔ ဆက္ႏြယ္ေနသူေတြ ပါဝင္ၿပီး သူတို႔ကိုေတာ့ စာရင္းထဲကေန ပယ္ဖ်က္ေပးမွာ မဟုတ္ပါဘူး။

လူစာရင္းထဲမွာ က်န္တဲ့ လူ(၁၀၀၀)ေလာက္ကို အမည္ပ်က္ စာရင္း ကေန ပယ္ဖ်က္ေပးဖို႔ စိစစ္ေနတာ ျဖစ္တယ္လို႔ ဦးျမင့္ႀကိဳင္ က ေျပာပါတယ္။
BBC
............
အစိုးရ အမည်ပျက် စာရင်း ပယ်ဖျက်ဖို့ စီစဉ်နေ

အရင်အစိုးရတွေ လက်ထက်မှာ အမည်ပျက်စာရင်း ထည့်သွင်း ခံရသူတွေထဲက ပထမအသုတ်အနေနဲ့ လူ (၃၀၀)နီးပါးလောက်ကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ ရှိနေပါတယ်။

လောလောဆယ်မှာ အမည်ပျက်စာရင်းမှာ ထည့်သွင်းတဲ့ အချက်အလက်တွေကို ဖြေလျော့ပေးပြီး စိစစ်မှုတွေ လုပ်နေပါတယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် လူအများကြီးကို အမည်ပျက် စာရင်းထဲ ကနေ ပယ်ဖျက် ပေးမှာ ဖြစ်ပါတယ်။

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးမယ်သူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား အချို့ပါဝင်ပါတယ်။

ဒီထဲမှာ နိုင်ငံခြား ပညာတော်သင်သွားပြီး ဌာနမှာ အလုပ်ပြန်မဝင်တဲ့ အစိုးရ ဝန်ထမ်းတွေ၊ လျော်ကြေးပေးဖို့ ပျက်ကွက်တဲ့ ဝန်ထမ်းတွေ ပါဝင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည့်သူအင်အားဦးစီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

တချိန်တည်း မှာပဲ အရပ်ဖက်အဖွဲ့အစည်း (၄၀)ကျော် က စုပေါင်း လက်မှတ် ထိုးပြီး ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဂုဏ်သိက္ခာ ရှိရှိပြန်လာဖို့ နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို အိတ်ဖွင့် စာ ပေးပို့ခဲ့ပါတယ်။

ပြည်ပ ရောက်နေတဲ့ သူတွေကို မြန်မာ နိုင်ငံသား လျှောက်တဲ့ အခါမှာ ဥပဒေနဲ့ အညီ နိုင်ငံသား ပြန်ပေးဖို့ တောင်းဆို ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ကိုဘိုကြည်က ပြောပါတယ်။

အမည်ပျက် စာရင်းကနေ ပယ်ဖျက်ပေးဖို့ စိစစ်နေတဲ့ လူ ၃၀၀ ရဲ့ အမည်စာရင်း ဟာ လာမယ့် တစ်ပတ် အတွင်းထွက်လာဖို့ ရှိတယ်လို့ အမြဲတမ်းအတွင်း ဦးမြင့်ကြိုင်က ပြောပါတယ်။

လောလောဆယ်မှာ အစိုးရက အမည်ပျက်စာရင်း သွင်းထားတဲ့ စာရင်းက (၉၀၀၀) လောက်ရှိပြီး အဲဒီ အထဲက (၄၀၀၀)ကျော်ဟာ ပျက်စီး ပျောက်ဆုံးတဲ့ ပတ်စ်ပို့ စာအုပ်တွေ ဖြစ်ပြီး ကျန်တဲ့ (၄၀၀၀)ကျော်က လူစာရင်း ဖြစ်ပါတယ်။

လူစာရင်း ထဲမှာတော့ (၃၀၀၀)လောက်ဟာ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေ၊ အကြမ်းဖက်အဖွဲ့ မူးယစ်ဆေးဝါးအဖွဲ့တွေ နဲ့ ဆက်နွယ်နေသူတွေ ပါဝင်ပြီး သူတို့ကိုတော့ စာရင်းထဲကနေ ပယ်ဖျက်ပေးမှာ မဟုတ်ပါဘူး။

လူစာရင်းထဲမှာ ကျန်တဲ့ လူ(၁၀၀၀)လောက်ကို အမည်ပျက် စာရင်း ကနေ ပယ်ဖျက်ပေးဖို့ စိစစ်နေတာ ဖြစ်တယ်လို့ ဦးမြင့်ကြိုင် က ပြောပါတယ်။
BBC

Friday, July 29, 2016

မေပါင္းအပ္ေသာလူ(၃)မ်ိဳး


မိမိေနထိုင္ရာ ေလာကႀကီးတြင္ သူငယ္ခ်င္းအျဖစ္ မေပါင္းသင္း မေပါင္းအပ္ေသာ လူမ်ား၏ အေၾကာင္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။
၁။ အလိုက္သင့္ေပါင္းၿပီး အတြင္းႀကိတ္မေကာင္းၾကံေသာသူ
မိမိအားအလိုက္သင့္ ေရလိုက္ငါးလိုက္ေပါင္းသင္းကာ မိမိအားနည္းခ်က္မ်ားကို အခြင့္ေကာင္းယူကာ တိုက္ခိုက္တတ္ေသာ သူမ်ိဳးပင္ျဖစ္သည္။ သူတစ္ပါးမ်က္ရည္ကို လမ္းခင္းကာ နင္းခ်ပစ္ေလ့႐ွိေသာ သူမ်ားပင္ ျဖစ္ေသာေၾကာင့္ ထိုသူမ်ားကို စြန္႔ခြာသင့္ပါတယ္။
၂။ လိုရင္တစ္မ်ိဳး၊ မလိုရင္တစ္မ်ိဳး ဆက္ဆံတတ္သူ
မိမိထံမွ အခြင့္အေရးလိုခ်င္လ်င္တစ္မ်ိဳး၊ အခြင့္အေရးမရႏိုင္လ်င္တစ္မ်ိဳး၊ အေျခအေနေပၚ မူတည္ၿပီး အမ်ိဳးမ်ိဳးေျပာင္းလဲ ဆက္ဆံတတ္ေသာ သူမ်ားကို ေ႐ွာင္က်ဥ္သင့္ပါတယ္။ မိမိေအာင္ျမင္ခ်ိန္တြင္ မိမိထံ၌ ႐ွိေနၿပီး က်႐ႈံးခ်ိန္တြင္ စြန္႔ခြာတတ္ေသာ "သာကူး" လူမ်ိဳးပင္ ျဖစ္သည္။
၃။ မိမိေကာင္းစားေရး အတြက္ သူတစ္ဖက္သားကို ေခ်ာက္တြန္းတတ္သူ
မိမိေလ်ာက္လွမ္းရာ ေျခလွမ္းတိုင္းတြင္ သူတစ္ပါးကို
နင္းေခ်ၿပီး ေလ်ာက္တတ္ေသာ လူစားမ်ိဳးျဖစ္သည္။ တစ္နည္းအားျဖင့္ ဆိုေသာ္ မိမိကိုယ္ိတုိင္ဘဝကို မတည္ေဆာက္ဘဲ သူတစ္ပါးက်႐ႈံးမွ မိမိဘဝေအာင္ျမင္မည္ဟု ေတြးထင္တတ္ေသာ လူမ်ိဳးပင္ျဖစ္သည္။
သူငယ္ခ်င္းတို႔ေရ သင့္ပတ္ဝန္းက်င္မွာ ယခုေဖာ္ျပထားတဲ့ လူ(၃)မ်ိဳး ႐ွိေနခဲ့ရင္ေတာ့ အေပါင္းအသင္းမလုပ္ဖို႔ ႀကိဳတင္သတိေပးလိုက္ပါရေစ။
credit - Original Uploader

ကေလးေတြ ေျခနဲ႔လက္မွာ အနာေပါက္ရင္ လ်င္ျမန္စြာ ကုသဖို႔လိုအပ္

ကေလးေတြရဲ႕ ေျခေတြ လက္ေတြ မွာ အနာေတြ ေပါက္တဲ့အခါ ပိုး၀င္ၿပီး ေက်ာက္ကပ္ထိခိုက္ႏုိင္တာေၾကာင့္ အျမန္ဆံုးကုသဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။
ေရာဂါပိုး၀င္ၿပီး ေက်ာက္ကပ္ေရာင္ျခင္းဟာ နာတာရွည္ျဖစ္ေပၚလာကာ ေက်ာက္ကပ္ပ်က္စီးသြားႏုိင္တာေၾကာင့္ ေသခ်ာမကုသရင္ အသက္အႏၲရာယ္ရွိတာ ျဖစ္တယ္လို႔ အေထြေထြေရာဂါကုဆရာ၀န္ၾကီး ေဒါက္တာဇာနည္ဇင္က ေျပာၾကားထားေၾကာင္း သိရပါတယ္။
ခ်က္ခ်င္းမကုရင္ အနာကေန ပိုး၀င္လာႏိုင္ကာ ႏွစ္ပတ္၊ တစ္လ ၾကာတဲ့အခါ ကေလးမ်က္ႏွာက အမ္းလာေၾကာင္း၊ ေသြးေပါင္ေတြ တက္လာေၾကာင္းနဲ႔ ဆီးေသြးစစ္ၾကည့္တဲ့အခါ ေက်ာက္ကပ္ေရာင္တာ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။
ဆီးစြန္႔ထုတ္မႈနည္းျပီး မ်က္ႏွာအန္းလာျခင္း၊ ဆီးသြားတဲ့အခါ ေသြးပါျခင္း၊ ေသြးေပါင္တက္ျခင္း၊ ဗုိက္နာျခင္း၊ ႏံုးျခင္း၊ အေရျပား ယားယံျခင္းနဲ႔ ႂကြက္တက္ျခင္းေတြဟာ ေက်ာက္ကပ္ေရာင္ျခင္းရဲ႕ လကၡဏာေတြ ျဖစ္တယ္လို႔ သိရပါတယ္။
Photos & Source: 7Day Daily
============
Duwun

အမတ္လုပ္ခ်င္တဲ့သူေတြ


ပ်ဥ္းမနားက ေက်ာင္းေဆာင္အလွဴကိစၥ

ဦးပိန္တံတားေရမေက်ာ္ပါ

Tuesday, July 26, 2016

ေယာက္်ားေတြ ဘာလို႕ လိမ္ေျပာၾကသလဲ




တေန႔ ေသာအခါ သစ္ခုတ္သမား တစ္ေယာက္ သည္ ျမစ္ကမ္းနေဘး ရွိ သစ္ပင္ကိုခုတ္ရင္း အရွိန္လြန္ကာ ပုဆိန္ ေရထဲသို႔ ျပဳတ္က်သြားေလသည္။ ျပန္ရွာမရတဲ့အဆံုး.. သစ္ခုတ္သမားလဲ ၀မ္းနည္းစြာ ငိုေၾကြးေလ၏... ထိုအခါ ျမစ္ေစာင့္နတ္ ရုတ္တရက္ေပၚလာျပီး..

ျမစ္ေစာင့္နတ္ - ဘာေၾကာင့္ မ်ားငိုေနရတာလဲ အသင္လူသား

သစ္ခုတ္သမား - ကၽြန္ေတာ့္ ပုဆိန္ ေရထဲျပဳတ္က်သြားလို႔ပါ.. ထိုပုဆိန္နဲ႔ပဲ ကၽြန္ေတာ္ သက္ေမြးရတာပါ အရွင္.. အသစ္လဲမ၀ယ္ႏိုင္ပါဘူး... ဟုအမွန္အတိုင္းေျဖလိုက္ေတာ့

ျမစ္ေစာင့္နတ္လဲ ကိုယ္ေရာင္ေဖ်ာက္ျပီး .. ခဏအၾကာ ေရႊပုဆိန္ နဲ႔ ျပန္ေရာက္လာျပီး

ျမစ္ေစာင့္နတ္ - ဒါသင့္ပုဆိန္လား
သစ္ခုတ္သမား - မဟုတ္ပါဘူး ထိုအခါ ျမစ္ေစာင့္နတ္ လဲ ေငြပုဆိန္ကိုျပျပီး

ျမစ္ေစာင့္နတ္ - ဒါေရာသင့္ပုဆိန္လား
သစ္ခုတ္သမား - မဟုတ္ပါဘူး ထိုအခါ ျမစ္ေစာင့္နတ္လဲ သံပုဆိန္ကို ျပျပီး

ျမစ္ေစာင့္နတ္ - ဒါေရာ သင့္ပုဆိန္လား
သစ္ခုတ္သမား - ဟုတ္ပါတယ္ ..ကၽြန္ေတာ္မ်ိဳး ပုဆိန္ပါ ဟုေျဖလိုက္ေသာ္ ျမစ္ေစာင့္နတ္ လည္း ေက်နပ္ျပီး သစ္ခုတ္သမား ၏ ရိုးသားမႈကို အသိအမွတ္ျပဳေသာ အားျဖင့္ ပုဆိန္သံုးလက္စလံုးကို သစ္ခုတ္သမားအားေပးလိုက္ေလသည္....

ကာလအတန္ၾကာေသာ္ ထိုသစ္ခုတ္သမား တို႔ လင္မယားသည္ ျမစ္ကမ္းနေဘး တြင္လမ္းေလွ်က္ေနစဥ္ သူ၏ဇနီးမွာ ေျခေခ်ာ္ျပီး ေရထဲသို႔ျပဳတ္က်သြားေလသည္... ျပန္ရွာမရတဲ့အဆံုး.. သစ္ခုတ္သမားလဲ ၀မ္းနည္းစြာ ငိုေၾကြးေလ၏... ထိုအခါ ျမစ္ေစာင့္နတ္ ရုတ္တရက္ေပၚလာျပီး..

ျမစ္ေစာင့္နတ္ - ဘာေၾကာင့္ မ်ားငိုေနရတာလဲ အသင္လူသား သစ္ခုတ္သမား - ကၽြန္ေတာ့္မိန္းမေရထဲျပဳတ္က်သြားလုိ႔ပါ အရွင္ ဟုအမွန္အတိုင္းေျဖလိုက္ေတာ့ ျမစ္ေစာင့္နတ္လဲ ကိုယ္ေရာင္ေဖ်ာက္ျပီး .. ခဏအၾကာ "တင္ဇာ၀င့္ေက်ာ္" နဲ႔ ျပန္ေရာက္လာျပီး....

ျမစ္ေစာင့္နတ္ - ဒါသင့္ မိန္းမလား ဟုေမးေသာ္
သစ္ခုတ္သမား - ဟုတ္ပါသည္ အရွင္နတ္မင္းၾကီး ထိုအခါျမစ္ေစာင့္နတ္လဲ ေဒါသထြက္ျပီး ..

"သင္ လိမ္ေပသည္ မမွန္စကားကိုဆိုေလသည္" ဟုေျပာေသာ္ သစ္ခုတ္သမားက "ခြင့္လြတ္ပါ.. အရွင္ နတ္မင္းၾကီး ... ကၽြန္ေတာ္လိမ္ခ်င္လို႔ လိမ္ရျခင္းမဟုတ္ပါ...အကယ္၍ "တင္ဇာ၀င့္ေက်ာ္" ကို ကၽြန္ေတာ့္ မိန္းမ မဟုတ္ပါဘူး ေျဖလိုက္ေသာ္ .. နတ္မင္းၾကီး လည္း "မိုေဟကို" ကိုျပေပလိမ့္မည္... အကယ္၍ "မိုေဟကို" ကို ကၽြန္ေတာ့္ မိန္းမ မဟုတ္ပါဘူး ေျဖလိုက္ေသာ္ .. နတ္မင္းၾကီး လည္း ကၽြန္ေတာ္ မိန္းမ ကိုျပေပလိမ့္မည္... ထိုအခါ ကၽြန္ေတာ္မ်ိဳးက အမွန္အတိုင္း ဟုတ္ပါသည္ ဟုေျဖေသာ္ အရွင္ နတ္မင္းၾကီး က ကၽြန္ေတာ့္ကို မိန္းမသံုးေယာက္စလံုးေပးေပလိမ့္မည္ ...။

အရွင္ နတ္မင္းၾကီး ကၽြန္ေတာ္မ်ိဳးသည္ အလြန္ဆင္းရဲ ပါသည္ ထိုေၾကာင့္ ဘယ္လိုမွ မိန္းမသံုေယာက္၀မ္း၀ေအာင္ ရွာမေကၽြးႏိုင္ပါ .. ထိုေၾကာင့္ "တင္ဇာ၀င့္ေက်ာ္" ကို ကၽြန္ေတာ့္ မိန္းမ ပါဟု ေျဖလိုက္ရျခင္းျဖစ္ပါတယ္ " ထိုအခါ ျမစ္ေစာင့္နတ္ လဲ လြန္စြာ ေက်နပ္ျပီး သစ္ခုတ္သမား ၏ ရိုးသားမႈကို ဂုဏ္ျပဳေသာအားျဖင့္ မိန္းမသံုးေယာက္လံုး ကိုေပးျပီး အသက္စာ စာမကုန္ေသာ စည္းစိမ္တို႔ကို ပါေပးလိုက္ေလသည္.. ။

။ ဤ ပံုျပင္ေလး ၏ အဓိက ရည္ရြယ္ခ်က္ကေတာ့ ... ေယာက်ာ္းမ်ား လိမ္ေျပာသည္ဆိုရာတြင္ လိမ္ခ်င္၍ မဟုတ္ပဲ.... အမ်ား ေကာင္းက်ိဳးအတြက္ ရိုးသားစြာ လိမ္ျခင္း ျဖစ္ပါေၾကာင္း ..... "အျဖဴေရာင္ မုသား" မ်ားသာျဖစ္ေၾကာင္းသိေစလို၍ ျဖစ္ပါသည္ .....

မွတ္ခ်က္ ။ ။ အထက္ပါေဖာ္ျပပါ ပံုျပင္သည္ "စာေရးသူ၏ ပင္ကို အေတြး လား " ဟု ေမးခဲ့ေသာ္... "မဟုတ္ပါ" ဟုေျဖရပါလိမ့္မည္... စာေရးသူထံ ေရာက္လာေသာ English လုိေရးထားေသာ ပံုျပင္အား ျမန္မာလို သင့္ေလ်ာ္သလို ျပန္ဆို ျပီး အခ်ဳိ ႔ေနရာမ်ားတြင္ ျဖည့္စြတ္ထားျခင္းျဖစ္ေၾကာင္း ရိုးသားစြာ မလိမ္မညာ ၀န္ခံအပ္ပါသည္ ...

Credit to NNSy
ဟာသလုလင္
......


" ယောက်ျားတွေ ဘာလို့ လိမ်ပြောကြသလဲ "

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား

သစ်ခုတ်သမား - ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမဝယ်နိုင်ပါဘူး... ဟုအမှန်အတိုင်းဖြေလိုက်တော့

မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး

မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီး

မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား - မဟုတ်ပါဘူး ထိုအခါ မြစ်စောင့်နတ်လဲ သံပုဆိန်ကို ပြပြီး

မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား - ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ ဟုဖြေလိုက်သော် မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသည်....

ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေး တွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်... ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..

မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား သစ်ခုတ်သမား - ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင် ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ "တင်ဇာဝင့်ကျော်" နဲ့ ပြန်ရောက်လာပြီး....

မြစ်စောင့်နတ် - ဒါသင့် မိန်းမလား ဟုမေးသော်
သစ်ခုတ်သမား - ဟုတ်ပါသည် အရှင်နတ်မင်းကြီး ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး ..

"သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်" ဟုပြောသော် သစ်ခုတ်သမားက "ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ...အကယ်၍ "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း "မိုဟေကို" ကိုပြပေလိမ့်မည်... အကယ်၍ "မိုဟေကို" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် .. နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် ...။

အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ .. ထိုကြောင့် "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် " ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး အသက်စာ စာမကုန်သော စည်းစိမ်တို့ကို ပါပေးလိုက်လေသည်.. ။

။ ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကတော့ ... ယောကျာ်းများ လိမ်ပြောသည်ဆိုရာတွင် လိမ်ချင်၍ မဟုတ်ပဲ.... အများ ကောင်းကျိုးအတွက် ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ..... "အဖြူရောင် မုသား" များသာဖြစ်ကြောင်းသိစေလို၍ ဖြစ်ပါသည် .....

မှတ်ချက် ။ ။ အထက်ပါဖော်ပြပါ ပုံပြင်သည် "စာရေးသူ၏ ပင်ကို အတွေး လား " ဟု မေးခဲ့သော်... "မဟုတ်ပါ" ဟုဖြေရပါလိမ့်မည်... စာရေးသူထံ ရောက်လာသော English လိုရေးထားသော ပုံပြင်အား မြန်မာလို သင့်လျော်သလို ပြန်ဆို ပြီး အချို ့နေရာများတွင် ဖြည့်စွတ်ထားခြင်းဖြစ်ကြောင်း ရိုးသားစွာ မလိမ်မညာ ၀န်ခံအပ်ပါသည် ...

Credit to NNSy
ဟာသလုလင် 

ဝန္ႀကီးဌာနမ်ား ယူနီကုဒ္ ေဖာင့္ အသံုးျပဳရန္ ဆံုးျဖတ္


2016-07-25

unicode-620.jpg
ယူနီကုဒ္ ကီးဘုတ္လက္ကြက္ပံုစံကို ေတြ႔ရစဥ္
Photo: Myanmar Language

ျမန္မာႏိုင္ငံ ကြန္ျပဴတာ သံုးစဲြသူ အမ်ားစုအတြက္ ယူနီကုဒ္နဲ႔ ေဇာ္ဂ်ီ ေဖာင့္ႏွစ္မ်ိဳးရိွရာမွာ အစိုးရ၀န္ႀကီးဌာနေတြ အေနနဲ႔ ယူနီကုဒ္ကိုသာ အသံုးျပဳဖို႔ ပညာေရး၀န္ႀကီးဌာနက ဆံုးျဖတ္လိုက္ပါတယ္။

အရင္က စံသတ္မွတ္ခ်က္မရွိခဲ့ေပမယ့္ အခု အစိုးရလုပ္ငန္းေတြအတြက္ စံသတ္မွတ္လိုက္တာျဖစ္တယ္လို႔ ပညာေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေက်ာ္စြာစုိး က ေျပာပါတယ္။

"က်ေနာ္တို႔ ကြန္ပ်ဴတာေပၚမွာ ျမန္မာစာ စာလံုးေတြ အသံုးျပဳတဲ့အခါက်ေတာ့ အရင္တုန္းကေတာ့ ျမန္မာစာ စာလံုးေတြက စနစ္တစ္ခု မရွိေတာ့တဲ့အခါက်ေတာ့ က်ေနာ္ပို႔လိုက္တဲ့ စာတစ္ေစာင္က ဒီ့ျပင္လူဆီကို ေရာက္ သြားရင္ စံတစ္ခုနဲ႔ ဖြင့္လိုက္လို႔ရွိရင္ ဖတ္လို႔မရတာေတြ ျဖစ္ကုန္တာေပါ့ေနာ္၊ အဲ့ဒီဟာကို ေက်ာ္လႊားႏိုင္ဖို႔ အတြက္ စံသတ္မွတ္လိုက္တဲ့သေဘာပါ"

တခ်ိဳ႕၀န္ႀကီးဌာနေတြမွာ အရင္ကတည္းက ယူနီကုဒ္ကို သံုးစြဲေနၿပီျဖစ္ေပမယ့္ မသံုးၾကေသးတဲ့ ဌာနေတြရွိေန တယ္လို႔လည္း ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးနဲ႔ ကြန္ပ်ဴတာဖြံ႕ၿဖိဳးေရး ေကာင္စီအဖြဲ႕ဝင္ေတြဟာ ယူနီကုဒ္ကို တစ္ႏုိင္ငံလံုးအတုိင္းအတာနဲ႔ အသံုးျပဳႏုိင္ေရးကို မေန႔က ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ျပည္တြင္းမွာ တယ္လီဖုန္းနဲ႔ ကြန္ပ်ဴတာ အသံုးျပဳသူေတြဟာ ယူနီကုဒ္ကို အသံုးျပဳတာနည္းၿပီး ေဇာ္ဂ်ီကိုသာ သံုးစဲြၾကတာျဖစ္ပါတယ္။ ျမန္မာ့ဆက္သြယ္ေရး၊ အူရီဒူး၊ တယ္လီေနာ စတဲ႔ ဆက္သြယ္ေရးလုပ္ငန္းေတြကိုလည္း သံုးစဲြသူေတြထံ စာေပးပို႔တဲ့အခါ ေဇာ္ဂ်ီေဖာင့္နဲ႔ ယူနီကုတ္ကို ေရာၿပီး ေပးပို႔ဖုိ႔လည္း ေတာင္းဆိုထားပါတယ္။
RFA
...........

2016-07-25


unicode-620.jpg
ယူနီကုဒ် ကီးဘုတ်လက်ကွက်ပုံစံကို တွေ့ရစဉ်
Photo: Myanmar Language

မြန်မာနိုင်ငံ ကွန်ပြူတာ သုံးစွဲသူ အများစုအတွက် ယူနီကုဒ်နဲ့ ဇော်ဂျီ ဖောင့်နှစ်မျိုးရှိရာမှာ အစိုးရဝန်ကြီးဌာနတွေ အနေနဲ့ ယူနီကုဒ်ကိုသာ အသုံးပြုဖို့ ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။

အရင်က စံသတ်မှတ်ချက်မရှိခဲ့ပေမယ့် အခု အစိုးရလုပ်ငန်းတွေအတွက် စံသတ်မှတ်လိုက်တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုး က ပြောပါတယ်။

"ကျနော်တို့ ကွန်ပျူတာပေါ်မှာ မြန်မာစာ စာလုံးတွေ အသုံးပြုတဲ့အခါကျတော့ အရင်တုန်းကတော့ မြန်မာစာ စာလုံးတွေက စနစ်တစ်ခု မရှိတော့တဲ့အခါကျတော့ ကျနော်ပို့လိုက်တဲ့ စာတစ်စောင်က ဒီ့ပြင်လူဆီကို ရောက် သွားရင် စံတစ်ခုနဲ့ ဖွင့်လိုက်လို့ရှိရင် ဖတ်လို့မရတာတွေ ဖြစ်ကုန်တာပေါ့နော်၊ အဲ့ဒီဟာကို ကျော်လွှားနိုင်ဖို့ အတွက် စံသတ်မှတ်လိုက်တဲ့သဘောပါ"

တချို့ဝန်ကြီးဌာနတွေမှာ အရင်ကတည်းက ယူနီကုဒ်ကို သုံးစွဲနေပြီဖြစ်ပေမယ့် မသုံးကြသေးတဲ့ ဌာနတွေရှိနေ တယ်လို့လည်း ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ကွန်ပျူတာဖွံ့ဖြိုးရေး ကောင်စီအဖွဲ့ဝင်တွေဟာ ယူနီကုဒ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုနိုင်ရေးကို မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းမှာ တယ်လီဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူတွေဟာ ယူနီကုဒ်ကို အသုံးပြုတာနည်းပြီး ဇော်ဂျီကိုသာ သုံးစွဲကြတာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး၊ အူရီဒူး၊ တယ်လီနော စတဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကိုလည်း သုံးစွဲသူတွေထံ စာပေးပို့တဲ့အခါ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ကို ရောပြီး ပေးပို့ဖို့လည်း တောင်းဆိုထားပါတယ်။
RFA


သားသမီးနဲ့မိဘ


ထိုင္းႏိုင္ငံ ထိန္းသိမ္းေရးစခန္းရွိ ျမန္မာအလုပ္သမားမ်ားကုိ သြားေရာက္ေခၚယူမည္


အျပန္စရိတ္ မရွိ၍ ထိုင္းႏိုင္ငံ ထိန္းသိမ္းေရးစခန္း၌ ေရာက္ရိွေနေသာ ျမန္မာအလုပ္သမား ၃၀၀၀ ေက်ာ္ကို ၾသဂုတ္လဆန္းပိုင္းတြင္ ေလယာဥ္ေျခာက္စင္း သို႔မဟုတ္ ခုနစ္စင္းျဖင့္ သြားေရာက္ေခၚယူမည္ ျဖစ္ေၾကာင္း အလုပ္သမား၊ အလုပ္အကိုင္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဝန္ႀကီး ဦးသိမ္းေဆြက ေျပာၾကားသည္။
ယင္းသို႔ ျပဳလုပ္ရန္ လဝက၊ ႏိုင္ငံျခားေရး၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပည္ထဲေရး ဝန္ႀကီးဌာနတို႔ ပူးေပါင္းလုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။
ျပန္လည္ေခၚယူရန္ လူတစ္ဦးခ်င္းစီအတြက္ ကုန္က်စရိတ္မွာ ေငြက်ပ္တစ္သိန္းခြဲခန္႔ ကုန္က်မည္ျဖစ္ၿပီး အလွဴရွင္မ်ားကုိ ပူးေပါင္းပါဝင္ခြင့္ ေပးထားေၾကာင္း ၄င္းက ထပ္ေလာင္းေျပာသည္။
(ဓာတ္ပံု - ေအာင္ထက္)
Source. The voice
....
"ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာအလုပ်သမားများကို သွားရောက်ခေါ်ယူမည်"
===================
အပြန်စရိတ် မရှိ၍ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်း၌ ရောက်ရှိနေသော မြန်မာအလုပ်သမား ၃၀၀၀ ကျော်ကို သြဂုတ်လဆန်းပိုင်းတွင် လေယာဉ်ခြောက်စင်း သို့မဟုတ် ခုနစ်စင်းဖြင့် သွားရောက်ခေါ်ယူမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးသိမ်းဆွေက ပြောကြားသည်။
ယင်းသို့ ပြုလုပ်ရန် လဝက၊ နိုင်ငံခြားရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ပြန်လည်ခေါ်ယူရန် လူတစ်ဦးချင်းစီအတွက် ကုန်ကျစရိတ်မှာ ငွေကျပ်တစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ပြီး အလှူရှင်များကို ပူးပေါင်းပါဝင်ခွင့် ပေးထားကြောင်း ၄င်းက ထပ်လောင်းပြောသည်။
(ဓာတ်ပုံ - အောင်ထက်)
Source. The voice

Monday, July 25, 2016

ပုဂၢလိက ႐ုပ္သံ လုပ္ငန္းအသစ္မ်ား ခြင့္ျပဳေပးေတာ့မည္


ရန္ကုန္၊ ဇူလိုင္ ၂၅
ပုဂၢလိက ႐ုပ္သံ ထုတ္လုပ္သည့္ လုပ္ငန္းသစ္မ်ား၏ ႐ုပ္သံ ထုတ္လႊင့္ခြင့္မ်ားကို ခြင့္ျပဳ ေပးသြားေတာ့မည္ျဖစ္ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနထံမွ သိရသည္။
ယခုလ (ဇူလိုင္လ)ကုန္ သို႔မဟုတ္ ေနာက္လ ၾသဂုတ္လဆန္းတြင္ ႐ုပ္သံ ထုတ္လႊင့္ရန္ စိတ္ပါဝင္စားသည့္ အဆိုျပဳလႊာမ်ားကို ဖိတ္ေခၚသြားမည္ျဖစ္ၿပီး သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈ ရွိသူမ်ားကို တင္ဒါစနစ္ျဖင့္ ခြင့္ျပဳေပးသြားမည္ ျဖစ္ေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာန ဒုတိယ အၿမဲတန္း အတြင္းဝန္ ဦးမ်ဳိးျမင့္ေမာင္က The Voice သို႔ ေျပာၾကားသည္။
႐ုပ္သံ ထုတ္လႊင့္မႈ ဥပေဒ ေရးဆြဲမႈ မၿပီးဆုံးေသးသည့္အတြက္ အသစ္လုပ္ကိုင္မည့္ ႐ုပ္သံဌာနမ်ား အေနႏွင့္ ထုတ္လႊင့္သည့္ လိုင္းမ်ားကို ပိုင္ဆိုင္ခြင့္ရမည္ မဟုတ္ေသာ္လည္း လက္ရွိ အစိုးရက ထုတ္လႊင့္ေနသည့္ လိုင္းမ်ားကို ငွားရမ္း အသုံးျပဳခြင့္ ေပးသြားမည္ဟု ၎က ဆိုသည္။
“ဥပေဒ မထြက္ေသးတဲ့အတြက္ လိုင္းေတြကိုေတာ့ အပိုင္ေပးလို႔ မရေသးဘူး။ ကြၽန္ေတာ္တို႔မွာ ရွိတဲ့ လိုင္းေတြထဲကမွ သင့္တင့္မွ်တတဲ့ အေရအတြက္ကို မွ်ေပးမွာေပါ။့ မွန္းထားတာေတာ့ ဒီလကုန္ သို႔မဟုတ္ ေနာက္လဆန္းထဲမွာ စိတ္ဝင္စားမႈ အဆိုျပဳလႊာ ျပဳစုၿပီး စိတ္ပါဝင္စားတဲ့ သူေတြကို ဖိတ္ေခၚသြားမွာေပါ့ ၿပီးရင္ သတ္မွတ္ခ်က္ေတြကို ရွင္းျပမယ္ေပါ။့ တင္ဒါစနစ္ ဆိုရင္လည္း တင္ဒါစနစ္နဲ႔ေပါ့” ဟု ၎က ရွင္းျပသည္။
လက္ရွိတြင္ ႐ုပ္ျမင္သံၾကားႏွင့္ အသံထုတ္လႊင့္ျခင္းဆိုင္ရာ ဥပေဒၾကမ္း ထြက္ရွိထားၿပီ ျဖစ္ၿပီး နည္းဥပေဒ ထပ္မံ ထြက္ရွိရန္ႏွင့္ ျပင္ဆင္ရန္ လိုအပ္သည္မ်ားကို ျပင္ဆင္ေနေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနမွ သိရသည္။
ယင္းဥပေဒတြင္ အစိုးရသစ္လက္ထက္ ဝန္ႀကီးဌာန အေျပာင္းအလဲမ်ား၊ ႐ုပ္သံလိုင္း ပိုင္ဆိုင္ခြင့္မ်ား အပါအဝင္ အခ်က္ ခုႏွစ္ခ်က္ခန္႔ ျပင္ဆင္ရန္ က်န္ရွိေနေသးၿပီး နည္းဥပေဒ ထြက္ရွိရန္ တစ္ႏွစ္နီးပါးခန္႔ ၾကာျမင့္မည္ဟု ခန္႔မွန္းထားေၾကာင္း ျပန္ၾကားေရး ဝန္ႀကီးဌာနမွ သိရသည္။
Source.The voice

မဂၤလာဦးညကို ဘယ္လိုေက်ာ္ျဖတ္မလဲ?


Posted on - Jul 25
၂၅၊ ဇူလိုင္၊ ၂၀၁၆

မိမိရဲ႕ ခ်စ္သူနဲ႔ ဘ၀လက္တြဲခြင္႔ရၿပီး ႀကံဳေတြ႔ရတဲ႔ ပထမဦးဆံုး မဂၤလာဦးညဟာ ရင္ခုန္စရာျဖစ္ၿပီး ခ်စ္ဗ်ဴဟာကို အတူတကြ ခင္းၾကမယ္႔ ေမာင္ႏွံတို႔အတြက္ ရွက္ျခင္း၊ ေၾကာက္ျခင္းနဲ႔ အျခားေသာ အမ်ိဳးအမည္မသိတဲ႔ စိတ္ခံစားခ်က္ေတြကလည္း လႊမ္းမိုးေနမွာပါ။ အိပ္ရာထက္မွာ အတူတူႀကံဳေတြ႔ရမယ္႔ မဂၤလာဦးညရဲ႕ အခိုက္အတန္႔ေလးေတြကို အေကာင္းဆံုး ဘယ္လုိေက်ာ္ျဖတ္ႏိုင္မလဲဆိုတဲ႔ အႀကံေပးခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁ - လံုၿခံေရးကို သတိျပဳပါ။

လံုၿခံေရးဆိုတာ ရန္သူေတြကို ကာကြယ္ဖို႔ ေျပာတာမဟုတ္ပါဘူး။ ကေလးယူဖို႔ အဆင္သင္႔မျဖစ္ေသးဘူးဆိုရင္ ကာကြယ္ရမယ္႔ လံုၿခံေရးကို ေျပာတာပါ။ ကိုယ္၀န္တားတဲ႔ နည္းလမ္းေတြကို သက္ဆိုင္ရာ ဆရာ၀န္ေတြထံ ေမးျမန္းလို႔ နဂိုကတည္းက ႀကိဳတင္စီစဥ္ထားသင္႔ပါတယ္။ ထို႔အျပင္ ႏွစ္ဦးစလံုးမွာ လိင္ကကူးစက္တက္တဲ႔ ေရာဂါေတြ ရွိမရွိဆိုတာ လက္မထပ္ခင္ထဲက ႀကိဳတင္စစ္ေဆးထားၾကျခင္းကလညး္ ေကာငး္မြန္ေသာ က်န္းမာေရးဆိုင္ရာ အေလ႔အထတစ္ခု ျဖစ္ပါတယ္။

၂ - အရမ္းႀကီး မေမွ်ာ္လင္႔ထားပါနဲ႔။

အေတြ႔အႀကံဳ မရွိေသးတဲ႔ ႏွစ္ဦးစလံုးအတြက္ ခက္ခဲတဲ႔ ပံုစံနဲ႔ နည္းလမ္းေတြကို အသံုးမျပဳသင္႔သလို၊ သင္ၾကည္႔ဘူးတဲ႔ အျပာကားေတြထဲက ျပဳလုပ္ပံုေတြ၊ ၾကာခ်ိန္ေတြ၊ အရြယ္အစားေတြဟာလည္း အျပင္ေလာကနဲ႔ အနည္းငယ္ ေ၀းကြာတဲ႔ အခ်က္ေတြဆိုတာ သိထားသင္႔ပါတယ္။ ထုိ႔အျပင္ ပထမဆံုးအေတြ႔အႀကံဳျဖစ္တာေၾကာင္႔ ထိပ္ဆံုးထိမေရာက္ရင္ေတာင္႔ အလယ္အလတ္ေလာက္ဆို မဆိုးဘူးလို႔ ေျပာႏိုင္ပါတယ္။

၃ - အစပ်ိဳးဖို႔ မေမ႔ပါနဲ႔။

အဓိကကိစၥကို မေရာက္ခင္ အေရွ႕မွာ အစပ်ိဳးျခင္းက သင္ေရွ႕ဆက္သြားမယ္႔ အဓိကကိစၥအတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစမွာပါ။ အစပ်ိဳးျခငး္ဆုိတာမွာ အသားျခင္းထိကပ္ျခငး္၊ ႏႈတ္ခမ္းျခင္းနမ္းျခင္း၊ ကိုယ္ခႏၶာကို နမ္းျခင္း၊ ေပြ႔ဖက္ျခင္း၊ အဂၤါအျခင္းျခင္း ထိကပ္ျခင္းတုိ႔ ပါ၀င္ပါတယ္။

၄ - ဟန္မေဆာင္ပါနဲ႔။

သင္႔ရဲ႕ခံစားခ်က္ေတြနဲ႔ အျပဳအမူေတြ၊ မ်က္ႏွာသြင္ျပင္ေတြမွာ ဟန္ေဆာင္မႈေတြ မပါပါေစနဲ႔။ သေဘာရိုး၊ သေဘာစဥ္ စိတ္ထဲရွိတဲ႔အတိုင္း ျပဳမူလုပ္ေဆာင္ပါ။ ဟန္ေဆာင္ျခင္းဟာ ေရရွည္မွာမေကာငး္သလို၊ တစ္ဦးနဲ႔တစ္ဦး နားလည္မႈယူရာမွာ၊ အေပးအယူလုပ္ရာမွာ ထိခိုက္ႏိုင္တာမို႔ ဟန္ေဆာင္တာေတြကို မလုပ္သင္႔ပါဘူး။


၄ - မေမွ်ာ္လင္႔ေသာ အခက္အခဲေတြကို ႀကိဳေတြးထားပါ။

အထြတ္အထိပ္ကို အတူတကြ မေရာက္ရွိႏိုင္တာမ်ိဳး၊ ကိုယ္ကျမန္ေနတာမ်ိဳးနဲ႔ မျဖစ္မေနႀကံဳေတြ႔ရႏိုင္တဲ႔ နာက်င္မႈေ၀ဒနာမ်ိဳးကို ႀကိဳတင္ေမွ်ာ္မွန္းထားသင္႔ပါတယ္။ ထို႔အတူ ႏွစ္ကိုယ္တူၾကားက အေပးအယူအတြက္ ေနာင္အခါမ်ားမွာ ပြင္႔ပြင္႔လင္းလင္း ညွိႏိႈင္းေဆြးေႏြးသင္႔ၿပီး၊ တစ္ဦးအေပၚ တစ္ဦး နားလည္မႈရွိရွိနဲ႔ ေရွ႕ဆက္သင္႔ပါတယ္။
www.momolay.com/p/22442/text

ဗိုလ္ခ်ဳပ္ေအာင္ဆန္းက်ဆံုးျပီး ဇူလိုင္၂၅ရက္၊ေသာၾကာေန ့ညပိုင္းအခ်ိန္အသံလြင့္ရံုမွ ထုတ္လြင့္ခဲ့ေသာေဒၚခင္ၾကည္၏ တိုင္းျပည္သို ့မွာၾကားခ်က္


- “ကၽြန္မ၏ ခင္ပြန္းသည္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ လူမ်ိဳးအတြက္ ႀကိဳးပမ္းရင္း လမ္းခုလတ္မွာပဲ အခုေတာ့ က်ဆုံးသြား႐ွာပါၿပီ။ ဒီေတာ့ကာ က်ဆုံးသြားရတဲ့ လူေတြလည္း က်ဆုံးသြားၾကၿပီ ျဖစ္တဲ့အတြက္ ခ်ဲ႕ထြင္လု႔ိလည္း မေျပာလိုေတာ့ပါဘူး။

က်ဆုံးတဲ့ပုဂၢိဳလ္မ်ားကို ခ်စ္ၾကည္ေလးစားၾကရင္ျဖင့္ သူတို႔ရည္႐ြယ္ထားတဲ့ ပန္းတုိင္အဝင္ေရာက္ ေအာင္ ခ်မွတ္တဲ့ လမ္းစဥ္အတိုင္း လိုက္နာေဆာင္႐ြက္ၾကပါလို႔ ေျပာပါရေစေတာ့။

ကၽြန္မမွာေတာ့ ႀကီးေလးတဲ့ တာဝန္ေတြကို ေ႐ွ႕ေဆာင္ေ႐ွ႕႐ြက္အျဖစ္နဲ႔ မလုပ္ႏိုင္ေသးလို႔ ေနာက္ကေနၿပီးေတာ့ပဲ ဗိုလ္ခ်ဳပ္ခ်မွတ္ခဲ့တဲ့ လမ္းစဥ္မ်ားကို တနည္းတဖုံ ျပဳစုအားေပးၿပီး သူ႔ရဲ႕ရင္ႏွစ္ျဖစ္တဲ့ ကေလးမ်ားကို သူတို႔ရဲ႕ ဖခင္ေသြးပီပီ ဖခင္လို ျဖစ္ထြန္းလာေစဖို႔ ျပဳစုပ်ိဳးေထာင္ေပးေတာ့မယ္လို႔ ဆုံးျဖတ္ၿပီးပါၿပီ။

ကၽြန္မနည္းတူ ကၽြန္မႏွင့္ ကံတူအက်ိဳးေပး ျဖစ္ၾကရတဲ့ က်ဆုံးသြားၾကတဲ့ ေခါင္းေဆာင္ႀကီးမ်ားရဲ႕ ဇနီးသည္မ်ားမွာလည္းဝမ္းနည္းပက္လက္ ျဖစ္ၾကေပလိမ့္မယ္လို႔သိပါရဲ႕။ဒါေပမဲ့ ကၽြန္မ ေျပာလိုတာကေတာ့ သူတို႔ကို တကယ္ခ်စ္႐ိုးမွန္ရင္ျဖင့္ သူတို႔ခ်မွတ္ထားခဲ့တဲ့ လမ္းစဥ္ကို လိုက္ၾကေစလိုပါတယ္။ ဒါမွပဲ သူတို႔ကို ခ်စ္ရာခင္ရာ ေရာက္ပါလိမ့္မယ္။

ဒီေတာ့ ကၽြန္မတို႔က အေကာင္အထည္ေပၚေအာင္ ဝိုင္းဝန္းၿပီး အားေပးၾကဖို႔ လိုပါတယ္။ ကၽြန္မတို႔ တိုင္းသူျပည္သားမ်ားကလည္း က်ဆုံးသြားတဲ့ ပုဂၢိဳလ္ႀကီးမ်ားကို ေလးစားတဲ့အေနနဲ႔ ေဒါသေ႐ွ႕ထားၿပီး စိတ္လိုက္မာန္ပါ မျပဳလုပ္ၾကဘဲ၊ ကြယ္လြန္တဲ့ ပုဂၢိဳလ္မ်ားရဲ႕ ခ်မွတ္ထားခဲ့တဲ့ လမ္းစဥ္အတိုင္း တသေဝမတိမ္း လိုက္နာေဆာင္႐ြက္ဖို႔ လိုပါတယ္။

ဖဆပလ အဖြဲ႔ႀကီးနဲ႔၊ ဖဆပလ အစိုးရအဖြဲ႔ကို အားလုံးေထာက္ခံၾကၿပီး ကြယ္လြန္႐ွာၾကတဲ့ ေခါင္းေဆာင္မ်ားရဲ႕ ရည္မွန္းခ်က္ျဖစ္တဲ့ လုံးဝလြတ္လပ္ေရး မရမေန ႀကိဳးစားအားထုတ္ ၾကပါလို႔"သာ တိုင္းျပည္အား အၿပီးတိုင္မွာၾကားခဲ့ပါတယ္ဟူ၍ ေျပာၾကားသြားခဲ့ေလသည္။

မူရင္း ေက်ာ္ၾကီး

13.8.2014

ဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္ သူတို႕ မိသားစုမ်ား ဝိုင္းေနေသာ ​ေဒၚေအာင္ဆန္းစုၾကည္​

သုတ| July 25, 2016 |
ေဒၚေအာင္ဆန္းစုၾကည္

တကၠသိုလ္ရိပ္သာလမ္း အိမ္အမွတ္ ၅၄ မွ ဇူလိုင္လ ၁၉ ရက္ အာဇာနည္ေန႔ အထိမ္းအမွတ္ အခမ္းအနားမွ ထြက္ေပၚလာေသာ ဤပုံတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထိုင္လ်ွက္အေနအထားျဖင့္ အျငိမ္းစားဗိုလ္ခ်ဳပ္ႀကီးႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ေခါင္းေဆာင္ေဟာင္း ဦးေရႊမန္း၏ ဇနီး ေဒၚခင္ေလးသက္ (ဝဲမွ ၆ ေယာက္ေျမာက္) ကို စကားလွည့္ေျပာေနသည္။ ေဒၚခင္ေလးသက္၏ ေနာက္တြင္ သူတို႔ဇနီးေမာင္ႏွံ၏ ေခြၽးမမ်ားျဖစ္ေသာ ေဒၚေဇဇင္လတ္ (ဦးတိုးနိုင္မန္း၏ ဇနီး) နွင့္ ေဒၚခင္ႏွင္းသႏၲာ (ဦးေအာင္သက္မန္း၏ ဇနီး) တို႔ ထိုင္ေနၾကသည္။ ဓာတ္ပုံတြင္ ပါဝင္ေသာ အျခားသူမ်ားမွာ ဒုတိယသမၼတ – ၁ ဦးျမင့္ေဆြ၏ ဇနီး ေဒၚခင္သက္ေဌး (ဝဲမွ ပထမ)ႏွင့္ လႊတ္ေတာ္ ဥကၠဌ ဦးဝင္းျမင့္၏ ဇနီး ေဒၚခ်ိဳခ်ိဳ (ဝဲမွ ၄ ေယာက္ေျမာက္) တို႔ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ဗိုလ္ခ်ဳပ္ႀကီးမ်ား၏ မိသားစုမ်ားအေၾကာင္း ေျပာဆုိျခင္းသည္ ပုဂၢလိကကိစၥမ်ားကို အရဲစြန္႔ စူးစမ္းရာ ေရာက္ေကာင္းေရာက္နိုင္သည္။ သို႔ေသာ္ နိုင္ငံေရးသည္လည္း ပုဂၢလိကကိစၥျဖစ္သည္ကို က်ေနာ္တို႔နိုင္ငံတြင္ ျငင္းပယ္၍ မရေပ။ က်ေနာ္တို႔၏ နိုင္ငံေရးကံၾကမၼာသည္ပင္ တစိတ္တပုိင္းအားျဖင့္ ပုဂၢလိက ကိစၥမ်ားျဖစ္သည္မွာ ေသခ်ာသည္။

လြတ္လပ္ေရးသူရဲေကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ အလႊာစုံမွ နိုင္ငံသားမ်ား၏ ပုဂၢလိက သူရဲေကာင္း ျဖစ္သည္။ သူသည္ က်ေနာ္တို႔အတြက္ အဖိုးတန္ေသာလက္ေဆာင္ကို လူထုက အႀကီးအက်ယ္ ခ်စ္ခင္ယုံၾကည္ေသာ သူ၏သမီး ေဒၚေအာင္ဆန္းစုၾကည္အသြင္ျဖင့္ ထားခဲ့သည္။

ယခုနွစ္ အာဇာနည္ေန႔ အခမ္းအနားသည္ လြန္စြာ ထူးျခားသည္။ တနိုင္ငံလံုးက ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အျခား အမ်ိဳးသားသူရဲေကာင္း အာဇာနည္ ၈ ဦး တို႔ ေသဆုံးမႈ ၆၉ နွစ္ေျမာက္ နွစ္ပတ္လည္ကို  ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ျခင္းအား ေစာင့္ၾကည့္ၾကသည္။ ယခုႏွစ္ ဇူလိုင္ ၁၉ သည္ ဖခင္ျဖစ္သူ၏ မၿပီးဆုံးေသးေသာ လုပ္ငန္း တာဝန္အေမြကို ၂၁ ရာစုထဲထိ ဆက္လက္ေဖာ္ေဆာင္မည့္ ပင္လံုစာခ်ဳပ္၏ ရည္ရြယ္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ရန္ ႏိုင္ငံေတာ္အႀကံေပးပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အျပင္းအထန္ ၾကိဳးစားေနခ်ိန္ျဖစ္ေသာေၾကာင့္ လူထုက ႏိုးႏိုးၾကားၾကား ျဖစ္ေနၾကသည္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးသည္ ေဒၚစု၏ မူဝါဒဦးစားေပး ျဖစ္သည္။ ထိုအတြက္ပင္ သူသည္ တခ်ိန္က သူ႕ကို ထိပ္တန္းရန္သူအျဖစ္ သတ္မွတ္ခဲ့ေသာ လက္ေဟာင္းနွင့္ လက္ရွိ ဗိုလ္ခ်ဳပ္ႀကီးမ်ားနွင့္ လက္ေတြ႕က်ေသာ ျပန္လည္သင့္ျမတ္ေရး ဆက္ဆံေရးကို တည္ေဆာက္ေနရသည္။ ဆယ္စုနွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္အျဖစ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ အာဇာနည္ေန႕ နွစ္ပတ္လည္အခမ္းအနားမ်ားကို တက္ေရာက္သျဖင့္ ယခုနွစ္တြင္ ျပန္လည္သင့္ျမတ္ေရး သေကၤတမ်ား ျဖစ္လာခဲ့သည္။

တခ်ိန္တည္းတြင္ တကၠသိုလ္ရိပ္သာလမ္း အိမ္အမွတ္ ၅၄ ေရွ႕တြင္ စစ္ကားမ်ားနွင့္ ရဲအေစာင့္ကားမ်ား ထိုေန႔က တန္းစီထားသည္ကို ေတြ႕ရသည္မွာလည္း ထူးဆန္းေနသည္။ အစိမ္းေရာင္နွင့္ ေရတပ္အျပာေရာင္ ယူနီေဖာင္းဝတ္ လုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက လမ္းေဘးတြင္ေနရာယူထားၾကသည္။ ယခင္နွစ္မ်ားကမူ ေတာ္လွန္ေသာ ပင္နီတိုက္ပုံနွင့္ ကခ်င္လုံခ်ည္ကို ဝတ္ထားေသာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ လူငယ္မ်ား ေဒၚေအာင္ဆန္းစုၾကည္၏ ၿခံဝန္းအတြင္း ျပည့္က်ပ္ေနခဲ့သည္။ ယခုနွစ္ တကၠသိုလ္ရိပ္သာလမ္း အိမ္အမွတ္ ၅၄ မွ အာဇာနည္ေန႔အခမ္းအနားသည္ အနွစ္သာရႏွင့္ အသြင္သဏၭန္ နွစ္မ်ိဳးလံုး ေျပာင္လဲသြားသည္။ အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ ဝါရင့္ေခါင္းေဆာင္အခ်ိဳ႕ ရွိျခင္းမွလြဲ၍ ထိုေန႔ကအခမ္းအနားမွာ ဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္  ၎တို႔၏မိသားစုမ်ား အထူးေတြ႕ဆုံပြဲ ပုံသာေပါက္ေနသည္။ ေဒၚစုအိမ္သို႕ တပ္ခ်ဳပ္ ပထမဆုံး လာေရာက္လည္ပတ္ျခင္းလည္း ျဖစ္ဖြယ္ရွိသည္။

ထိုေန႔ အခမ္းအနားမွ ထြက္ေပၚလာေသာပုံမ်ားတြင္ အျငိမ္းစားဗိုလ္ခ်ဳပ္ႀကီးႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ေခါင္းေဆာင္ေဟာင္း ဦးေရႊမန္းသည္ သူ၏ဇနီး ေဒၚခင္ေလးသက္သာမက အျခားမိသားစုဝင္မ်ားကိုပါ ေခၚေဆာင္လာသည္။ အထက္တြင္ ေဖာ္ျပထားေသာပုံတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထိုင္လ်က္ အေနအထားျဖင့္ ေဒၚခင္ေလးသက္ကို စကားလွည့္ေျပာေနသည္။ ေဒၚခင္ေလးသက္ေနာက္တြင္ သူမတို႔ ဇနီးေမာင္နွံ၏ ေခြၽးမမ်ားျဖစ္ေသာ ဦးတိုးနိုင္မန္း၏ဇနီး ေဒၚေဇဇင္လတ္နွင့္ ဦးေအာင္သက္မန္း၏ ဇနီး ေဒၚခင္နွင္းသႏၲာတို႔ ထိုင္ေနၾကသည္။

နိုင္ငံတခု၏ အဓ္ိက နိုင္ငံေရး စစ္ေရးေခါင္းေဆာင္းမ်ား၏ ပုံမွတဆင့္ ထိုနိုင္ငံ၏ နိုင္ငံေရးရာသီဥတု အေျခအေနကို ဖြင့္ဆိုရန္ ၾကိဳးစားျခင္းမွာ လူထုအတြက္ ထူးဆန္းသည္ဟု မဆိုသာေပ။ ေသခ်ာသည္မွာ ထိုဓာတ္ပုံသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဘက္နွင့္ ၾက့ံခိုင္ေရးပါတီဘက္ နွစ္ဘက္လုံးတြင္ ကြဲျပားျခားနားေသာ ခံစားမႈမ်ား၊ အဓိပၸာယ္ဖြင့္ဆိုမႈမ်ား၊ ခန္႔မွန္းေျပာဆိုမႈ အမ်ားအျပားကို ျဖစ္ေစမည္ဟူေသာအခ်က္ ျဖစ္သည္။

ၾက့ံခိုင္ေရးပါတီ ဦးေဆာင္ေသာအစိုးရမွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္ေသာ အစိုးရသို႔ အကူးအေျပာင္းသည္ အေပၚယံတြင္ ေခ်ာေမြ႕ပုံရေသာ္လည္း ဥပမာအားျဖင့္ ေတာင္အာဖရိကတြင္ကဲ့သို႔ အမွန္တရားေကာ္မရွင္ မပါေသာ လတ္တေလာ ျပန္လည္သင့္ျမတ္ေရး ပတ္ဝန္းက်င္ အေျခအေနမ်ား၏ သြင္ျပင္လကၡဏာအခ်ိဳ႕ နွင့္ပတ္သက္၍ ဒီမိုကေရစီအင္အားစုအခ်ိဳ႕မွာ ၿမိဳသိပ္ေနရသည္။ ျပည္သူမ်ားသည္ လက္စားေခ်ျခင္းက္ို မလိုလားၾကပါ။ သို႕ေသာ္ အမ်ားအျပားမွာ အတိတ္က ဗိုလ္ခ်ဳပ္ႀကီးမ်ားလုပ္ခဲ့ေသာ လုပ္ရပ္မ်ားနွင့္ပတ္သက္၍ တရားမ်ွတမႈ လိုအပ္ျခင္းကို ခံစားၾကရသည္။ ထိုသို႔ေသာသူမ်ားအတြက္မူ ညႇင္းပမ္းနိွပ္စက္မႈ၊ ရက္စက္ၾကမ္းၾကဳတ္မႈနွင့္ အဂတိလိုက္စားမႈ အေလ့အထေဟာင္းမ်ားကို ကိုယ္စားျပဳေသာသူမ်ားက ၎တို႔၏ အခ်စ္ခင္ဆုံးေခါင္းေဆာင္ကို ဝန္းရံခ်ီးက်ဴးေနသည္ကို ရႈျမင္ရသည္မွာ အခက္အခဲတခုျဖစ္သည္။

လူေဟာင္းဟု သတ္မွတ္နိုင္သည့္သူမ်ားအနက္ ေဒၚေအာင္ဆန္းစုၾကည္၏ အာရုံကို ပထမဆုံး ဖမ္းစားနိုင္သူမွာ ၂၀၁၁ ေဖေဖာ္ဝါရီမွ ၂၀၁၆ ဇန္နဝါရီအထိ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ တာဝန္ယူခဲ့သူ ဦးေရႊမန္းျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္နွင့္ ဦးေရႊမန္းအၾကား ဆက္ဆံေရးတိုးတက္မႈကို ဒီမိုကေရစီအင္အားစုဘက္ သာမက စစ္တပ္ဘက္ကပါ ေစာင့္ၾကည့္ ေဝဖန္ၾကသည္။ ထိုဆက္ဆံေရးသည္ ျမန္မာ့ နိုင္ငံေရးအေျခအေနအေပၚ သက္ေရာက္မႈ ႀကီးမားေသာေၾကာင့္ ျဖစ္သည္။ ထိုဆက္ဆံေရးသည္ ၂၀၁၂ ခုနွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အျပတ္အသတ္ အနိုင္ရခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ လႊတ္ေတာ္နိုင္ငံေရးသို႔ စတင္ဝင္ေရာက္သည့္ လြန္ခဲ့ေသာ ၄ နွစ္က စတင္ခဲ့သည္။ ထို႕ေနာက္ ဦးေရႊမန္းသည္ သူ၏ လႊတ္ေတာ္ဥကၠဌရာထူးကို သုံးၿပီး ေဒၚေအာင္ဆန္းစုၾကည္နွင့္ ဆက္ဆံေရးထူေထာင္ရန္ အခ်ိန္ေပး အားထုတ္ခဲ့သည္။ လႊတ္ေတာ္ေကာ္မတီဥကၠဌမ်ားအၾကားႏွင့္ လူထုအခမ္းအနားမ်ားတြင္ သူမကို အထူး အေလးေပးဆက္ဆံသည္။ ထိုလုပ္ရပ္မ်ားသည္ ျပည္ေထာင္စုၾက့ံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီေခါင္းေဆာင္မႈအတြင္း အကြဲအၿပဲမ်ား ေမြးဖြားေပးခဲ့သည္။

ဒီမိုကေရစီအင္အားစုဘက္တြင္မူ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ လက္တြဲၿပီး ဆယ္စုနွစ္ ၃ ခု ေက်ာ္ စစ္တပ္၏ ဖိႏွိပ္မႈကို ဆန္႕က်င္တိုက္ခိုက္ခဲ့သူမ်ားသည္ ဦးေ႐ႊမန္းႏွင့္ မည္သည့္ဗိုလ္ခ်ဳပ္ကိုမဆို ယုံၾကည္ရန္ ခက္ခဲေနၾကသည္။ အျခား ဗိုလ္ခ်ဳပ္မ်ားကဲ့သို႔ အလ်ွင္အျမန္ ခ်မ္းသာလာျပီး မိသားစု စီးပြားေရးအင္ပါယာကို ထူေထာင္ခဲ့သူနွင့္ ဆက္ဆံေရးအေပၚ ႀကီးမားစြာ စိုးရိမ္ၾကသည္။

ထိုမဟာမိတ္ျဖစ္ေနေသာ ဘက္နွစ္ဘက္တြင္ နိုင္ငံေရး၊ စီးပြားေရးအရ အက်ိဳးအျမတ္အမ်ားဆုံးရသူမွာ ဦးေရႊမန္းျဖစ္သည္ဟူေသာ ယူဆမႈတခု ရွိေနသည္။ ၾက့ံခိုင္ေရးပါတီမွ သူ႔ကိုျဖဳတ္ခ်စဥ္ အေရးပါေသာကာလတဝိုက္အတြင္း အမ်ားအျပားက သူသည္ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးခင္ညြန္႕ႏွင့္ ေနာက္လိုက္မ်ားအေပၚ က်ေရာက္ခဲ့ေသာ ကံဆိုးမိုးေမွာင္က်မႈမ်ိဳး က်ေရာက္မည္ဟုထင္ခဲ့ၾကသည္။ ဦးေရႊမန္း၏ သားမ်ားႏွင့္ ပတ္သက္ေသာ စီးပြားေရးအသိုင္းအဝိုင္းမွာ ျဖစ္လာနိုင္ေသာ ေနာက္ဆက္တြဲျပႆနာမ်ားနွင့္ ပတ္သက္၍ အထူးစိုးရိမ္ခဲ့ၾကသည္။

ဦးေရႊမန္း ကံေကာင္းသည္။ မိသားစု စီးပြားေရးလုပ္ငန္း အက်ိဳးစီးပြားနွင့္ပတ္သက္၍ အာဏာအလြဲသုံးစားျပဳမႈ၊ အဂတိလိုက္စားမႈတို႔ျဖင့္ စြဲခ်က္တင္ခံရျခင္း မရွိေပ။  ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ မဟာမိတ္ဖြဲ႕ျခင္းသည္ သူ၏ နိုင္ငံေရးအခန္းကဏၭကိုသာမက သူ႔သားမ်ားျဖစ္ေသာ ဦးေအာင္သက္မန္းႏွင့္ ဦးတိုးႏိုုင္မန္းတို႔၏ ဧရာေရႊဝါ လယ္ယာစီးပြားေရးလုပ္ငန္းနွင့္ Redlink အင္တာနက္ဘေရာ႕ဘန္းကုမၸဏီ တို႔အတြက္ အေကာင္းဆုံး အကာအကြယ္ကို ဖန္တီးေပးခဲ့သည္ဟု အခ်ိဳ႕ သုံးသပ္သူမ်ားက ယုံၾကည္ၾကသည္။

တဘက္တြင္မူ ေဒၚေအာင္ဆန္းစုၾကည္ကို တခါကဝန္းရံခဲ့ေသာ ဒီမိုကရက္မ်ားမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအေၾကာင္းျပၿပီး အပစ္ပယ္ခံရသည္ဟု ခံစားၾကရသည္။ သို႔မဟုတ္ အနည္းဆုံးအေနျဖင့္ တကၠသိုလ္ရိပ္သာလမ္း အမွတ္ ၅၄ မွ ယခုႏွစ္ အာဇာနည္ေန႔က ထြက္ေပၚလာေသာပုံမွာ အေမစုသည္ လတ္တေလာတြင္ ဗိုလ္ခ်ဳပ္ႀကီးမ်ားႏွင့္ ၎တို႔မိသားစုမ်ားကို ေတြ႕ဆံုျပီး အလုပ္မ်ားေနသည္ဟူေသာ သတင္းစကားကို ေပးသည္။ ဤကား အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးတြင္ လက္ခံရန္ ခက္ခဲေသာအမွန္တရားမ်ား၏ နိဒါန္းမွ်သာတည္း။

(သုတ သည္ ျမန္မာနိုင္ငံမွ အလြတ္တန္းစာေရးဆရာနွင့္ နိုင္ငံေရးေလ့လာသူျဖစ္သည္။ ဧရာဝတီ အဂၤလိပ္ပိုင္းတြင္ ေဖာ္ျပထားေသာ Thuta ၏ The Lady, Surrounded by the Generals and Their Families ကို ဘာသာျပန္ဆိုသည္)
Irrawaddy
အဲဒီေဆာင္းပါးတစ္ခုလံုးမွာ
သူ႔ေဆာင္းပါးကုိ ယုိင္လဲေစမယ့္ အေၾကာင္းအရာတစ္ရပ္ကို
ဧရာဝတီေဆာင္ပါးရွင္က ခ်န္ထားခဲ့တယ္
.
.
အဲဒါက ဘာလဲဆိုေတာ့
ေဒၚစုဟာ
လက္ရွိ နိူင္ငံ့အႀကီးအကဲ
တစ္ေယာက္အျဖစ္ ရွိေနၿပီး
နိုင္ငံတာဝန္ကိုထမ္းေဆာင္ေနတဲ့အတြက္
အေျခခံဥပေဒအရ ပါတီအေရးေတြ ေဆာင္႐ြက္လို႔မရသလုိ

သူ႔အိမ္မွာလည္း မနွစ္ကလို
ပါတီကလူေတြနဲ႔ ပါတီပံုစံ
က်င္းပဖို႔မလြယ္ေတာ့ဘူး
.
.ရံုးသစ္ဖြင့္ပြဲေတာင္
ေဒၚစုမတက္ခဲ့တာ သက္ေသပဲ
.
ဦးေ႐ႊမန္းနဲ႔ ကာခ်ဳပ္ကိုဖိတ္တဲ့အတြက္
တပ္ထံုးစံအရ
ဒုကာခ်ဳပ္ေတြ ၾကည္းေရေလ
ဗိုလ္ခ်ဳပ္ႀကီးေတြ မဖိတ္မရေတာ့ပါဘူး
.
.
ေဆာင္းပါးရွင္က
ေရးခ်င္တာေရးေနတာ
ဒီအခ်က္ေတြကို
ခ်မျပထားတာေတာ့
ရည္႐ြယ္ခ်က္ရွိတယ္ထင္ပါတယ္..
..
..
ေျပာခ်င္တာက
ေဝဖန္ခ်င္ရင္
အကုန္ခ်ျပ ၿပီးမွေဝဖန္ပါ
.
.ေဆာင္းပါးရွင္ သုတ ဆိုတဲ့ သူ
ဝမ္းစာမျပည့္တာလား
.
.
ဒါမွမဟုတ္
ပင္လံု နီးခ်ိန္မွာ
ေဒၚစုခ်ျပတဲ့
အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို
သံသယဝင္ေအာင္ နွပ္ေက်ာင္းေပးတာလား
.
.
ငရဲသား

Eleven Media Group ရဲ ့ရန္ကုန္တိုင္းအစိုးရကိုေ၀ဖန္ခ်က္။ ........................................ ရန္ကုန္တိုင္း အစိုးရ ဘာလဲ၊ ဘယ္လဲ


Eleven Media Group ရဲ ့ရန္ကုန္တိုင္းအစိုးရကိုေ၀ဖန္ခ်က္။
........................................
ရန္ကုန္တိုင္း အစိုးရ ဘာလဲ၊ ဘယ္လဲ

NLD အစိုးရသစ္ရဲ႕ သက္တမ္းဟာ လက္ရွိ အခ်ိန္မွာ (၂၀၁၆ ဧၿပီ ၁ ရက္) အုပ္ခ်ဳပ္ေရး အာဏာကို လႊဲေျပာင္းယူခဲ့ခ်ိန္က စတြက္ရင္ သံုးလေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။ ဒီသက္တမ္း သံုးလေက်ာ္အတြင္း အစိုးရသစ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ၾကည့္မယ္ဆိုရင္ ရက္ ၁၀၀ စီမံခ်က္က စလို႔ ၀န္ႀကီးဌာန ၂၂ ခုဟာ သူ႔က႑နဲ႔သူ လုပ္ေဆာင္ေနတာကို ေတြ႔ရပါတယ္။

၀န္ႀကီးဌာန ၂၂ ခုရဲ႕ ရက္ ၁၀၀ စီမံခ်က္ အေျဖေတြက မထြက္ေသးတဲ့အတြက္ ရလဒ္ေတြက ဘယ္လိုလာမလဲ ဆိုတာကေတာ့ မသိေသးပါဘူး။

ဒါေပမဲ့ NLD အစိုးရရဲ႕ သံုးလေက်ာ္ကာလအတြင္းမွာ ထူးထူး ျခားျခား ျမင့္တက္လာတာကေတာ့ အစိုးရအဆက္ဆက္က မေျဖရွင္း ႏိုင္ခဲ့တဲ့ အေျခခံ စားေသာက္ကုန္ ေစ်းႏႈန္းေတြပဲ ျဖစ္ပါတယ္။ ဒီလို အေျခခံ စားေသာက္ကုန္ ကုန္ေစ်းႏႈန္းေတြ ျမင့္တက္လာေပမယ့္ အေျခခံ လူတန္းစားေတြရဲ႕ ၀င္ေငြေတြကေတာ့ ျမင့္တက္လာျခင္း မရွိဘဲ အရင္အတိုင္း ျဖစ္ေနတာကို ေတြ႕ရပါတယ္။

အစိုးရသစ္ တာ၀န္ယူၿပီး သံုးလေက်ာ္ အတြင္းမွာ အေျခခံ စားေသာက္ကုန္ ကုန္ေစ်းႏႈန္းေတြဟာ ျမင့္တက္လာတဲ့အတြက္ အဲဒီဒဏ္ကို အေျခခံ လူတန္းစားေတြကပဲ အလူးအလဲ ခံေနရပါတယ္။ ရန္ကုန္ၿမိဳ႕မွာ အေျခခံ စားေသာက္ကုန္ေတြျဖစ္တဲ့ သား၊ ငါး၊ ဟင္းသီး ဟင္းရြက္ တစ္ႀကိမ္ေစ်းတက္ရင္ အနည္းဆံုးက်ပ္ ၁၀၀ ကေန ၃၀၀ အထိ တက္ခဲ့တဲ့အတြက္ အရင္ႏွစ္နဲ႔ ႏိႈင္းယွဥ္ရင္ စားေသာက္စရိတ္ ကုန္က်မႈ သံုးဆခန္႔ တက္လာတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဒီႏွစ္မတ္လက ၀က္သား တစ္ပိႆာ က်ပ္ ၈,၀၀၀ ေအာက္သာ ရွိခဲ့ေပမယ့္ လက္ရွိမွာ က်ပ္တစ္ေသာင္းေက်ာ္ ရွိေနၿပီး အမဲသား၊ ငါးေစ်းေတြကလည္း တစ္ပိႆာကို က်ပ္ ၂၀၀၀ ကေန ၄၀၀၀ ၾကား ေစ်းတက္ခဲ့ပါတယ္။ ၾကက္ဥတစ္လံုးကို အရင္က ၁၀၀ က်ပ္ခန္႔ကေန အစိုးရသစ္ရဲ႕ သံုးလအတြင္း ၁၅၀ က်ပ္ခန္႔အထိ ေစ်းတက္ခဲ့ပါတယ္။

“အရင္ကဆို ၀က္သားပဲ ျဖစ္ျဖစ္၊ ၾကက္သားပဲ ျဖစ္ျဖစ္၊ ဘာအသား၀ယ္၀ယ္ ၁၅၀၀ ဖိုးေလာက္ဆို မိသားစု စားေလာက္တယ္။ အခုဆို အဲဒီ ၁၅၀၀ ဖိုးေလာက္ကိုပဲ ၃၀၀၀ ေလာက္ ေပး၀ယ္ရတယ္။ ေစ်းက တက္သြားသြားတာ ႏွစ္ဆပဲ။ ၀င္ေငြကေတာ့ တိုးလာတယ္ မရွိဘူး။ ပိုက်ပ္တည္းလာတယ္” လို႔ ဒဂံုၿမိဳ႕နယ္မွ အိမ္ရွင္မ တစ္ဦးက ဆိုပါတယ္။

အစိုးရသစ္လက္ထက္ သံုးလေက်ာ္အတြင္း အေျခခံ လက္လုပ္လက္စား လူတန္းစားေတြ စားေနရတဲ့ ကန္စြန္းရြက္ တစ္စည္းကိုေတာင္ အခု က်ပ္ ၃၀၀ အထိ ေစ်းတက္ခဲ့ပါတယ္။

အေျခခံ ျပည္သူေတြရဲ႕ ေန႔စ ဥ္စားေသာက္ေနရတဲ့ ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္၊ သားငါး စတဲ့ မီးဖိုေခ်ာင္ ပစၥည္းေတြရဲ႕ ေစ်းႏႈန္းေတြက ျမင့္တက္ေနတဲ့အတြက္ အေျခခံ ျပည္သူေတြရဲ႕ အဓိက ျပႆနာကို အစိုးရသစ္ အေနနဲ႔ ေျဖရွင္းေပးႏိုင္ျခင္း မရွိေသးပါဘူး။

“ကုန္ေစ်းႏႈန္းကလည္း မက်ဘူး။ အလုပ္အကိုင္ အခြင့္အလမ္းလည္း ပိုမလာဘူး။ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈကလည္း ထင္သေလာက္ ၀င္မလာဘူး။ ဘယ္လိုအေၾကာင္းေၾကာင့္မွ စီးပြားေရးက တိုးတက္လာမယ္လို႔ မျမင္ဘူး” လို႔ စီးပြားေရး ပညာရွင္ အၿငိမ္းစား သံအမတ္ႀကီး ဦးလွေမာင္က သူ႔အျမင္ကို ေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ရဲ႕ ကားက်ပ္မႈ ျပႆနာ၊ မိုးတြင္းဆို ေရႀကီးေရလွ်ံမႈ ျပႆနာ၊ အလုပ္လက္မဲ့ ျပႆနာ အစရွိတဲ့ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္ကိုလည္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရသစ္ အေနနဲ႔ မေျဖရွင္းႏိုင္ေသးတာကို ေတြ႕ရပါတယ္။

“ရန္ကုန္မွာ ဘာေတြမ်ားလာလဲ ဆိုေတာ့ ကုန္ေစ်းႏႈန္းေတြ တက္လာတယ္။ အလုပ္လက္မဲ့ေတြ ေတြ႕လာရတယ္” လို႔ စီးပြားေရးပညာရွင္ ဦးသန္းစိုး (ေဘာဂေဗဒ) က ဆိုပါတယ္။


■ ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ ဘာေျပာခဲ့လဲ

ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္အျဖစ္ ဦးၿဖိဳးမင္းသိန္းကို ခန္႔အပ္လိုက္တယ္လို႔ မတ္ ၂၈ ရက္က က်င္းပခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အစည္းအေ၀းမွာ အတည္ျပဳခဲ့ပါတယ္။

ဒီလို ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္အျဖစ္ အတည္ျပဳၿပီးခ်ိန္မွာေတာ့ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက မီဒီယာေတြကို အခုလို ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ရန္ကုန္တိုင္းဟာ အခက္အခဲေတြ၊ စိန္ေခၚမႈ ေတြအမ်ားႀကီးရွိတဲ့ ေနရာေဒသတစ္ခု ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စီးပြားေရးၿမိဳ႕ေတာ္ႀကီးလည္း ျဖစ္တယ္။ ရန္ကုန္တိုင္း အတြင္းမွာ ကားက်ပ္တဲ့ ျပႆနာေတြ၊ မိုးရာသီမွာ ေရႀကီးေရလွ်ံ ျဖစ္ေနတဲ့ ျပႆနာေတြ၊ ၿမိဳ႕ထဲမွာ အမိႈက္ေတြ စုပံုေနတဲ့ အေျခအေနေတြ၊ အလုပ္လက္မဲ့ ျပႆနာေတြ၊ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြလာတဲ့ ေနရာမွာ ၾကံဳေတြ႕ေနရတဲ့ အျခားအျခားေသာ အခက္အခဲေတြ ကြၽန္ေတာ္တို႔ ရန္ကုန္ၿမိဳ႕မွာ အမ်ားႀကီး ရွိပါတယ္။ ဒီအေျခအေနေတြ အားလံုးကို ကြၽန္ေတာ္တို႔ တတ္စြမ္းသေရြ႕ ေျဖရွင္းသြားပါ့မယ္။ ကြၽန္ေတာ္တို႔ရဲ႕ ျပဳျပင္ေျပာင္းလဲေရးဟာ အာဂတိလိုက္စားမႈကင္းတဲ့ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ကို အမွန္တကယ္ အေကာင္အထည္ ေဖာ္ေပးႏိုင္မယ့္ ျပည္သူလိုလားတဲ့ အစိုးရတစ္ရပ္ျဖစ္ေအာင္ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္” လို႔ ဦးၿဖိဳးမင္းသိန္းက ဆိုပါတယ္။

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ေျပာၾကားခဲ့တဲ့ စကားကို ျပန္ေကာက္ရင္ အခ်က္ႏွစ္ခ်က္ကို ေတြ႕ရပါတယ္။ ပထမ အခ်က္က ရန္ကုန္ၿမိဳ႕က ျပႆနာေတြကို ေျဖရွင္းသြားမယ္ဆိုတဲ့ အခ်က္နဲ႔၊ ဒုတိယ အခ်က္က ဒီလို ျပဳျပင္ေျပာင္းလဲရာမွာ ရန္ကုန္တိုင္း အစိုးရ အေနနဲ႔ အဂတိ လိုက္စားမႈ ကင္းကင္းနဲ႔ ျပည္သူေတြရဲ႕ လိုအပ္ခ်က္ေတြကို အမွန္တကယ္ အေကာင္အထည္ ေဖာ္မယ္ဆိုတဲ့ အခ်က္ ႏွစ္ခ်က္ပဲ ျဖစ္ပါတယ္။

ပထမ အခ်က္မွာ ပါရွိတဲ့ အခ်က္ေတြကေတာ့ ကားက်ပ္တဲ့ ျပႆနာ၊ မိုးရာသီ ေရႀကီးေရလွ်ံတဲ့ ျပႆနာ၊ အလုပ္လက္မဲ့ ျပႆနာနဲ႔ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လာတဲ့အခါ ေတြ႕ႀကံဳရတဲ့ အခက္အခဲေတြကို ေျပာသြားတာ ေတြ႕ရပါတယ္။

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အေနနဲ႔ ၀န္ႀကီးခ်ဳပ္ျဖစ္ခ်ိန္က စလို႔ လက္ရွိ အခ်ိန္အထိ သက္တမ္းအားျဖင့္ သံုးလေက်ာ္ ေလးလ အတြင္းကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ဒီသက္တမ္းအတြင္း သူေျပာၾကားခဲ့တာေတြကို ျပန္ၾကည့္မယ္ဆိုရင္ ရန္ကုန္ၿမိဳ႕ရဲ႕ ျပႆနာေတြကို ေျဖရွင္းႏိုင္ျခင္း မရွိေသးပါဘူး။

ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းေပၚမွာ ကားေတြ ပိတ္ေနပါေသးတယ္။ မိုးရြာရင္ ရန္ကုန္ၿမိဳ႕ႀကီးက ေရႀကီး ေရလွ်ံမႈေတြ ရွိေနပါေသးတယ္။ အလုပ္လက္မဲ့ လူဦးေရကလည္း ရန္ကုန္ၿမိဳ႕မွာ ႀကီးထြားလို႔ ေနပါတယ္။ ႏိုင္ငံျခား ရင္းႏွီးျမဳပ္ႏွံမႈကလည္း ေလာက္ေလာက္လားလား ၀င္ေရာက္လာတာကို မေတြ႕ရေသးပါဘူး။

ဒါ့အျပင္ လွ်ပ္စစ္မီးေတြကလည္း ပ်က္ေနတုန္းပါပဲ။ စီးပြားေရးကလည္း က်ဆင္းေနဆဲ ျဖစ္ပါတယ္။ ၀င္ေငြတိုးတက္မႈ မရွိတဲ့အျပင္ အေျခခံ စားေသာက္ကုန္ ကုန္ေစ်းႏႈန္းေတြ ႀကီးျမင့္ေနတာေၾကာင့္ အေျခခံ လူတန္းစားေတြရဲ႕ ဘ၀ေတြက ပိုၿပီးေတာ့ က်ပ္တည္းလို႔ လာပါတယ္။

ဒီေလာက္ အခ်ိန္ေလးနဲ႔ ဒီကိစၥေတြကို ခ်က္ခ်င္းလက္ငင္း ျပဳျပင္ႏိုင္ဖို႔က လြယ္ကူတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ သက္တမ္း သံုးလေက်ာ္ ေလးလအတြင္း ေဆာင္ရြက္ခဲ့တဲ့ ေဆာင္ရြက္ခ်က္ေတြကို ၾကည့္မယ္ဆိုရင္ စီမံခန္႔ခြဲမႈ အလြဲေတြကို ေတြ႕ရမွာ ျဖစ္ပါတယ္။


■ ၀န္ႀကီးခ်ဳပ္ရဲ႕ ပထမအလြဲ

ဒီသက္တမ္း သံုးလေက်ာ္ ေလးလအတြင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း လုပ္ေဆာင္ခဲ့တဲ့ စီမံခန္႔ခြဲမႈ အလြဲေတြကို ေျပာရမယ္ဆိုရင္ ပထမဆံုး အလြဲက ျပည္သူလူထု ေရြးခ်ယ္ထားတဲ့ ေရြးေကာက္ခံ စည္ပင္သာယာေကာ္မတီ၀င္ ေလးဦးကို ျဖဳတ္လိုက္တာပဲ ျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ လက္မွတ္နဲ႔ ေရြးေကာက္ခံ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ေကာ္မတီ၀င္ေတြ တရား၀င္ ထုတ္ပယ္လိုက္တဲ့ အေၾကာင္းၾကားစာကို ေမ ၁၈ ရက္က ေရာက္ရွိလာတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ေကာ္မတီ၀င္ (၇) အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူ ဦးခင္လႈိင္ (ေဇာတိက)က ေျပာပါတယ္။

“၀န္ႀကီးခ်ဳပ္ လက္မွတ္နဲ႔ ထုတ္ပယ္ေၾကာင္း စာေရာက္လာတာပါ” လို႔ ဦးခင္လႈိင္က ဆိုပါတယ္။

ဒီလို တရား၀င္ ထုတ္ပယ္တဲ့ စာေရာက္ရွိလာတာေၾကာင့္ သက္ဆုိင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္ အသီးသီးက တာ၀န္ထမ္းေဆာင္ေနၾကတဲ့ ေရြးေကာက္ခံ စည္ပင္သာယာေရး ေကာ္မတီ ဥကၠ႒၊ အဖဲြ႕၀င္ အားလံုး ပစၥည္းမ်ားသိမ္းဖို႔ ညႊန္ၾကားခ်က္ ထုတ္ေပးလိုက္တယ္လို႔ ဦးခင္လိႈင္ (ေဇာတိက)က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ထုတ္ပယ္တဲ့ အေၾကာင္း တရား၀င္စာ ထုတ္ဖို႔ ေတာင္းတာ။ ဥပေဒ တစ္ခုတည္းနဲ႔မွ လုပ္လို႔ မရတာ။ ခန္႔စဥ္ ကာလကတည္းက ေရြးေကာက္ပြဲကို အသိအမွတ္ျပဳ ခန္႔ကတည္းက အရင္၀န္ႀကီးခ်ဳပ္ ဦးျမင့္ေဆြက ခန္႔ခဲ့တာ။ ေရြးေကာက္ပြဲ ရလဒ္ကို အသိအမွတ္ျပဳၿပီး ခန္႔ခဲ့တာ။ ကြၽန္ေတာ္တို႔ကို ျဖဳတ္ခ်င္ရင္ ျဖဳတ္တဲ့စာကို ၀န္ႀကီးခ်ဳပ္က ပို႔ေပးပါဆိုၿပီး ကြၽန္ေတာ္ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးထားပါတယ္။ အခု ကြၽန္ေတာ့္ လက္ထဲကို ျဖဳတ္ပါတယ္ဆိုတဲ့စာ ဒီေန႔ ေရာက္လာၿပီ။ အဲဒီအတြက္ ခ႐ုိင္၊ ၿမိဳ႕နယ္ အသီးသီးမွာ ရွိၾကတဲ့ သူေတြကို ညႊန္ၾကားခ်က္ ထုတ္ေပးလိုက္ၿပီ။ ပစၥည္းေတြသိမ္းၿပီး အျမန္အပ္လိုက္ေတာ့ ဆိုၿပီး အေၾကာင္းၾကားၿပီးသြားၿပီ။ ကြၽန္ေတာ္လည္း ေျပာင္းေနပါၿပီ” လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၀င္ (၇) ဦးခင္လိႈင္ (ေဇာတိက) က ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၀င္ေတြ အေနနဲ႔ ေမ ၁၇ ရက္ သတင္းစာ ရွင္းလင္းမႈ အၿပီး ေမ ၁၈ ရက္မွာ စည္ပင္ေကာ္မတီ၀င္ေတြကို ထုတ္ပယ္တဲ့ တရား၀င္ အေၾကာင္းၾကားစာ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အဆင့္ဆင့္ ေရြးေကာက္ပြဲေတြကို ပထမဆံုးအျဖစ္ အရင္အစိုးရ လက္ထက္ ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာ ၁၇ ရက္က ျပဳလုပ္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ အဆင့္မွာ ေကာ္မတီ၀င္အျဖစ္ ဦးေဌးေအာင္ (Sakura)၊ ဦးခင္လိႈင္ (ေဇာတိက)၊ ေဒါက္တာေအးမင္းနဲ႔ ဦးခင္ေမာင္တင့္တို႔ စုစုေပါင္း ေလးဦး၊ ခ႐ိုင္ စည္ပင္သာယာေရး ေကာ္မတီ အဆင့္မွာ ၁၂ ဦးနဲ႔ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အဆင့္မွာ ၉၉ ဦး စုစုေပါင္း ၁၁၅ ဦးကို ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ေကာ္မတီ၀င္ေတြ တရား၀င္ ထုတ္ပယ္လိုက္ၿပီး သိပ္မၾကာခင္ အခ်ိန္မွာပဲ ဇြန္ ၁ ရက္က ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွာ လစ္လပ္ေနတဲ့ အစိုးရခန္႔ ေကာ္မတီ၀င္ေတြရဲ႕ ေနရာမွာ အတြင္းေရးမွဴး အျဖစ္ ေဒၚလိႈင္ေမာ္ဦး၊ တြဲဖက္အတြင္းေရးမွဴးအျဖစ္ ဦးသန္း၊ ေကာ္မတီ၀င္အျဖစ္ ေဒၚေမေမသြင္နဲ႔ ေဒၚသန္းျမင့္ေအာင္တို႔ကို ခန္႔အပ္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဖြဲ႕စည္းပံုအရ စည္ပင္သာယာေရး ၀န္ႀကီးမွာ ေကာ္မတီဥကၠ႒ျဖစ္ၿပီး အစိုးရခန္႔ ေကာ္မတီ၀င္ ေလးဦးအနက္ ႏွစ္ဦးမွာ အဲဒီေကာ္မတီရဲ႕ အတြင္းေရးမွဴးနဲ႔ တြဲဖက္အတြင္းေရးမွဴးရာထူး ရရွိမွာ ျဖစ္သလို က်န္ႏွစ္ဦးကေတာ့ ေကာ္မတီ၀င္ (၄) နဲ႔ (၅) အျဖစ္ ရွိမွာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ အစိုးရသစ္ရဲ႕ လုပ္ငန္းေတြကို ေစာင့္ၾကည့္ ေလ့လာသူ တစ္ဦးက “YCDC မွာ ခန္႔ထားတဲ့ ဟာေတြက တလြဲေတြ ျဖစ္ေနတယ္။ အဓိကက YCDC ဟာ Weak Point ျဖစ္တယ္။ အဲဒါေၾကာင့္ အရင္တုန္းက လူေတြကို ခ်န္ထား၊ အရင္ အစိုးရတုန္းက လူေတြကို ျဖဳတ္၊ ျပည္သူေရြးေကာက္ တင္ေျမႇာက္ထားတဲ့ လူေတြကို မခန္႔နဲ႔ဦး။ တြဲသြား ေျခာက္လေလာက္။ တြဲသြားမယ့္ ဟာကို မလုပ္ဘဲနဲ႔ ဒီလို ေကာက္ခန္႔ပစ္လိုက္တယ္။ ၿပီးေတာ့ ျပည္သူက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ သူေတြကို အကုန္ ျဖဳတ္ပစ္တယ္။ Data ေတြရဖို႔၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆက္အစပ္ျဖစ္မယ့္ ဟာေတြ အကုန္ ျဖဳတ္ပစ္တယ္။ YCDC ဟာ Break Down ျဖစ္သြားတယ္” လို႔ ဆိုပါတယ္။


■ ၀န္ႀကီးခ်ဳပ္ရဲ႕ ဒုတိယ အလြဲ

၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ေနာက္ထပ္ စီမံခန္႔ခြဲမႈ အလြဲကေတာ့ အရင္အစိုးရ လက္ထက္ ကတည္းက တည္ေဆာက္ ခြင့္ျပဳခဲ့တဲ့ အထပ္ျမင့္ အေဆာက္အအံုေတြကို ျပန္လည္ စိစစ္ဖို႔ ေမ ၁၄ ရက္က တရား၀င္ စာထုတ္ခဲ့ၿပီး လုပ္ငန္းေတြ ရပ္ဆိုင္းခံရတဲ့ အေဆာက္အအံု ၂၀၀ ေက်ာ္ ရွိခဲ့တယ္လို႔ သိရပါတယ္။

အဲဒီ အထဲကမွ အထပ္ျမင့္ အေဆာက္အအံု ၁၂ လံုးကို အထပ္ေတြ ျပန္ေလွ်ာ့ခဲ့တာျဖစ္ၿပီး ကမၻာေအးေစတီ လမ္းေပၚက ေဆာက္လုပ္ခဲ့တဲ့ KERU အေဆာက္အအံုကို ၂၉ ထပ္ကေန ၁၇ ထပ္အထိ၊ ဖိုးစိန္လမ္းေပၚရွိ ဖိုးစိန္ကြန္ဒိုကို ၃၁ ထပ္ကေန ၁၂ ထပ္အထိ၊ Golden Dragon ကြန္ဒိုကို ၁၂ ထပ္ခြဲကေန ေလးထပ္အထိ၊ Paragon Residence ကို ၂၇ ထပ္ကေန အထပ္ ၂၀ အထိ၊ အေရွ႕ျမင္းၿပိဳင္ကြင္း လမ္းေပၚရွိ East Race Course အေဆာက္အအံုကို အထပ္ ၂၀ ကေန ၁၆ ထပ္အထိ ေလွ်ာ့ခ်ခဲ့တယ္လို႔ သိရပါတယ္။

က်န္ရွိတဲ့ အထပ္ျမင့္ အေဆာက္အအံုေတြကို စိစစ္ေနဆဲ ျဖစ္တာေၾကာင့္ ေဆာက္လုပ္ေရး လုပ္ငန္းေတြပါ ရပ္ဆိုင္းထားရပါတယ္။ ဒီလို ေဆာက္လုပ္ေရး လုပ္ငန္းေတြ ရပ္နားထားရတဲ့ အတြက္ ဒီလုပ္ငန္းကို မွီခိုေနရတဲ့ လုပ္သားေတြမွာ စား၀တ္ေနေရး အခက္အခဲ ျဖစ္ေနၿပီး ျပန္ေလွ်ာ့ခဲ့ရတဲ့ အထပ္ေတြကို ႀကိဳပြိဳင့္၀ယ္ယူမိခဲ့သူေတြ အေနနဲ႔ နစ္နာမႈေတြလည္း ႀကီးမားေနပါတယ္။

ဒီလို ရပ္ဆိုင္းထားရတဲ့ အထပ္ျမင့္ အေဆာက္အအံုေတြဟာ အရင္အစိုးရ လက္ထက္က ခ်မွတ္ခဲ့တဲ့ မူ၀ါဒ၊ စည္းမ်ဥ္းစည္းကမ္းေတြကို ေအာင္ျမင္ထားတဲ့ အေဆာက္အအံုေတြျဖစ္ၿပီး ႏိုင္ငံေတာ္ပိုင္ေျမ မဟုတ္ဘဲ ပုဂၢလိကကိုယ္ပိုင္ေျမေပၚမွာ ေဆာက္လုပ္ထားတဲ့ အေဆာက္အအံုမ်ား ျဖစ္ပါတယ္။

ဒီလို ရပ္ဆိုင္းခံရတာေၾကာင့္ လုပ္ငန္းရွင္ေတြ အေနနဲ႔ မ်ားစြာ နစ္နာေနသလို ေဆာက္လုပ္ခြင့္ပါမစ္ က်ထားၿပီးသား အထပ္ျမင့္ အေဆာက္အအံု ၁၂ လံုးနဲ႔ ႏွစ္လေက်ာ္ ရပ္ဆိုင္းခံထားရတဲ့ မူ၀ါဒ ေအာင္ျမင္ၿပီးသား အထပ္ျမင့္ အေဆာက္အအံု ၁၈၅ လံုးအေပၚ အရင္ခ်မွတ္ခဲ့တဲ့ မူ၀ါဒေတြကို ရန္ကုန္တိုင္းေဒသႀကီးကေန ျပန္လည္ျပင္ဆင္ၿပီး ပါမစ္ ဖ်က္သိမ္းျခင္း၊ စိစစ္ျခင္းနဲ႔ ပတ္သက္လို႔ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ေတြက ဇူလိုင္ ၂၁ ရက္က ရန္ကုန္ၿမိဳ႕ရွိ ႏိုဗိုတယ္ ဟိုတယ္မွာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

“ယခု ရပ္ဆိုင္းထားတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ အားလံုးသည္ ယခင္ကကဲ့သို႔ ႏိုင္ငံေတာ္ေျမေပၚမွာ ပန္းျခံေပၚမွာ အမ်ားပိုင္ေျမေပၚမွာ အထူးအခြင့္အေရး ရယူၿပီးေတာ့ ေဆာင္ရြက္ခဲ့တာ မဟုတ္ပါဘူး။ အားလံုး ရွင္းရွင္းလင္းလင္း သဲသဲကြဲကြဲ သိရွိေအာင္ ေျပာၾကားျခင္း ျဖစ္ပါတယ္။ အခု ရပ္ဆိုင္းခံ့ရတဲ့ ၁၂ လံုးသည္ မိမိကိုယ္ပိုင္ေျမေပၚမွာ ေဆာက္လုပ္ထားျခင္း ျဖစ္ပါတယ္။ မိမိကိုယ္ပိုင္ေျမျဖစ္လို႔ ေျမေတြအားလံုးသည္ နာမည္ေပါက္ ရရွိၿပီးမွသာလွ်င္ ေဆာက္လုပ္ခြင့္ ရရွိတာ ျဖစ္ပါတယ္။ အခြန္ကိစၥနဲ႔ ေျပာမယ္ဆိုရင္လည္း နာမည္ေပါက္တစ္ခု ရရွိဖို႔ဆိုတာ အခြန္မေဆာင္ဘဲနဲ႔ ကြၽန္ေတာ္တို႔ နာမည္ေပါက္ မရပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္ကို အခြန္ေတြလည္း ေပးေဆာင္ထားတယ္” လို႔ ရပ္ဆိုင္းခံထားရတဲ့ အေဆာက္အအံုေတြထဲက ေဆာက္လုပ္ေရး လုပ္ငန္းရွင္ ဦးမ်ိဳးျမင့္က ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“အထပ္ျမင့္ တိုက္ေတြနဲ႔ ပတ္သက္ရင္လည္း စီးပြားေရး၊ အုပ္ခ်ဳပ္ေရး ဒါမွမဟုတ္ Mindset သေဘာထားက ဥပေဒနဲ႔အညီ ဆိုၿပီး အသစ္ လုပ္ရမွာ။ ၿပီးခဲ့တာေတြ ျပန္ျပင္ဆိုတာ မလုပ္ေကာင္းပါဘူး။ ေနာက္ေၾကာင္း ျပန္မလွည့္ေကာင္းပါဘူး။ ဒီလိုလုပ္ရင္ ဇယား႐ႈပ္မယ္။ မႏိုင္မနင္း ျဖစ္သြားမယ္” လို႔ စီးပြားေရး ပညာရွင္ အၿငိမ္းစား သံအမတ္ႀကီး ဦးလွေမာင္က သူ႔အျမင္ကို ေျပာပါတယ္။

ဒါေပမဲ့ ဒီလို ရပ္ဆုိင္းခံထားရတဲ့ အထပ္ျမင့္ အေဆာက္အအံုေတြမွာ အစိုးရနဲ႔ အက်ိဳးတူ ပူးေပါင္း လုပ္ကိုင္ေနတဲ့ ခ႐ိုနီ ကုမၸဏီႀကီးေတြရဲ႕ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ပါ၀င္ျခင္း မရွိပါဘူး။

“ယခု ရပ္ခိုင္းထားတဲ့ အထဲမွာ အစိုးရနဲ႔ အက်ိဳးတူ ေဆာက္တဲ့ အေဆာက္အအံုေတြက်ေတာ့ မရပ္ခိုင္းထားဘူး။ ဗိုလ္ခ်ဳပ္ေစ်း လဟာျပင္ ေနရာမွာ ေဆာက္လုပ္ေနတဲ့ ေရႊေတာင္ကုမၸဏီက ေဆာက္တဲ့ အထပ္ျမင့္ေတြ ဆိုရင္ အက်ိဳးတူ ေဆာက္တာျဖစ္လို႔ ရပ္ခိုင္းတဲ့ထဲမွာ မပါဘူး” လို႔ ဦးမ်ိဳးျမင့္က ဇူလိုင္ ၂၃ ရက္က ေျပာၾကားပါတယ္။

ဗိုလ္ခ်ဳပ္ေစ်း လဟာျပင္ ေနရာမွာ အစိုးရနဲ႔ အက်ိဳးတူ ပူးေပါင္း ေဆာက္လုပ္ေနတဲ့ ေရႊေတာင္ ကုမၸဏီရဲ႕ 34 Twin Tower အေဆာက္အအံုဟာ ေရႊတိဂံု ေစတီေတာ္ရဲ႕ ကန္႔သတ္ ဧရိယာနဲ႔ အနည္းငယ္ လမ္းတစ္ဖက္သာ လြတ္ကင္းတဲ့ အေနအထားျဖစ္ၿပီး အက်ိဳးတူ ျဖစ္တာေၾကာင့္ ရပ္ဆိုင္းခံရတဲ့ အေဆာက္အအံု စာရင္းမွာ မပါ၀င္ခဲ့သလို အရင္ အမ်ားျပည္သူပိုင္ သိမ္ျဖဴကစားကြင္း ေနရာမွာ အက်ိဳးတူ ေဆာက္လုပ္ေနတဲ့ အထပ္ျမင့္ အေဆာက္အအံုဟာလည္း ရပ္ဆိုင္းခံရတဲ့ အထဲမွာ မပါ၀င္ဘူးလို႔ သိရပါတယ္။

ဒါ့ျပင္ ေဆာက္လုပ္ေရး လုပ္ငန္းေတြ အေနနဲ႔ ဘဏ္ေတြမွာ ေငြေခ်းယူ လုပ္ကိုင္ထားတာေၾကာင့္ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ယိမ္းယိုင္သြားပါက ဘဏ္ေတြပါ ထိခုိက္သြားႏိုင္တဲ့ အေျခအေန ရွိေနပါတယ္။

“အစ္ကိုတို႔လို ေဆာက္လုပ္ေရး ကုမၸဏီ ေသးေသးေလးေတြ ေတာင္ဘဏ္မွာ ျမန္မာေငြက်ပ္ သံုးဘီလ်ံေလာက္ ေခ်းယူထားတယ္။ ေဒၚလာနဲ႔ တြက္မယ္ဆိုရင္ ေဒၚလာ ေလးသိန္းေလာက္ ရွိတယ္။ ဒါဘဏ္မွာပဲ ေခ်းထားတာေနာ္။ က်န္တဲ့ ေဆာက္လုပ္ေရး ပစၥည္း အေၾကြးေတြနဲ႔ ဆိုရင္ ေဒၚလာ တစ္သန္းေလာက္ ရွိပါတယ္။ က်န္တဲ့ ကုမၸဏီအႀကီးေတြ ဆိုရင္ေတာ့ မေျပာတတ္ေတာ့ဘူး” လို႔ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ ဦးမ်ိဳးျမင့္က ေျပာၾကားသည္။

“တိုက္ခန္းေတြကို ဘဏ္နဲ႔ ခ်ိတ္ဆက္ၿပီး အရစ္က်နဲ႔ ၀ယ္ထားၾကတာေတြ ရွိတယ္။ ဘဏ္က တိုက္ခန္းဖိုးေတြကို အစ္ကိုတို႔ကို ေပးေခ်ၿပီးသား။ ၀ယ္ယူသူက ဘဏ္ကို ဆက္သြင္းရမွာ။ အခုလို ျဖစ္သြားေတာ့ ဘာဆက္လုပ္ရမွန္း မသိဘဲ ၀ယ္ယူသူေတြကလည္း ဘဏ္ကို ပိုက္ဆံ ဆက္မသြင္းရဲေတာ့ဘဲ ျဖစ္ေနတာ။ အေဆာက္အအံု ၁၂ လံုးမွာ ေရာင္းထားတဲ့ အခန္းေပါင္း ၁၀၀၀ ေက်ာ္ေလာက္ ရွိတယ္” လို႔ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ ဦးဘိုစန္းက ေျပာပါတယ္။

အရင္ကတည္းက အေရာင္းအ၀ယ္ ေအးေနတဲ့ ေဆာက္လုပ္ေရး ေစ်းကြက္မွာ အထပ္ျမင့္ အေဆာက္အအံုမ်ား ရပ္ဆိုင္းခံရတဲ့ အခ်ိန္ကစလို႔ ေစ်းကြက္လံုး၀ ပ်က္သြားၿပီ ျဖစ္ပါတယ္။

“နဂိုကတည္းက ေဆာက္လုပ္ေရးက ေအးေနတာ။ အခုေစ်းကြက္ လံုး၀ ပ်က္သြားတယ္။ ႀကိဳပိြဳင့္ ၀ယ္ထားတဲ့ သူကလည္း ဘယ္လို ျဖစ္သြားမွာလဲ။ ဘာေတြ ဆံုး႐ံႈးမွာလဲ လွမ္းေမးေနၾကတယ္” လို႔ ဦးမ်ိဳးျမင့္က ဆက္လက္ေျပာပါတယ္။

“ေဆာက္လုပ္ေရး ေစ်းကြက္မွာေတာ့ ေတာ္ေတာ္ေလးကို ယံုၾကည္မႈ ပ်က္သြားပါၿပီ” လို႔ အထပ္ျပန္ေလွ်ာ့ခ်ရတဲ့ အထပ္ျမင့္ အေဆာက္အအံု ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ဦးက ဆိုပါတယ္။

ဒီလို အထပ္ျမင့္ အေဆာက္အအံုေတြကို ျပန္လည္စစ္ေဆးဖို႔ ရန္ကုန္ၿမိဳ႕ေတာ္ အဂၤါရပ္နဲ႔အညီ ေဆာက္အအံုမ်ား ေဆာက္လုပ္မႈ စိစစ္ေရး ေကာ္မတီကို ဇြန္ ၁၇ ရက္က ဖြဲ႕စည္းခဲ့ၿပီး ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕ လွ်ပ္စစ္စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရး ၀န္ႀကီး ေဒၚနီလာေက်ာ္က ဥကၠ႒အျဖစ္ ပါ၀င္ပါတယ္။

“အဲဒီထဲမွာ အာခီတက္ ငါးဦး ပါတယ္။ က်န္တာေတြသည္ ႐ိုး႐ိုးေလးပဲ။ ၂၀၁၂ ခုႏွစ္က Building Code ေတြ၊ Zoning Law ေတြ ရွိခဲ့လား။ မရွိခဲ့ဘူး။ အဲဒီေတာ့ အရင္ ပညာရွင္ ခြင့္ျပဳခဲ့တာကို အခု ပညာရွင္က ဂ႐ုမစိုက္ဘူးဆိုတဲ့ သေဘာမ်ိဳး။ ပညာရွင္ေတြ အခ်င္းခ်င္း ၾကားထဲက မေက်နပ္တဲ့ ပြတ္တိုက္မႈေတြကို ကြၽန္ေတာ္တို႔က ၾကားထဲကေန ခံေနရတာ။ အခု ရန္ကုန္တိုင္း အစိုးရက ရန္ကုန္ၿမိဳ႕ကို စနစ္တက် လုပ္ခ်င္တယ္။ ဒါေပမဲ့ ဘာမွ မလုပ္တတ္ဘူး” လို႔ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ဦးကလည္း ေျပာပါတယ္။

လက္ရွိ အေဆာက္အအံုမ်ား စိစစ္ေရး ကိစၥမွာ အမွန္တကယ္ ေထာက္ျပႏိုင္တဲ့ ပညာရွင္ေတြထက္ အျမင္ရွိတဲ့ သူေတြကိုသာ ေနရာေပး ပါ၀င္ေစတာေၾကာင့္ လြဲမွားမႈေတြ ျဖစ္ေနရတာလို႔ ရန္ကုန္ၿမိဳ႕ရွိ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ဦးက ေ၀ဖန္ ေျပာဆိုပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ စီးပြားေရး ပညာရွင္ ဦးသန္းစိုး (ေဘာဂေဗဒ) က “စီးပြားေရး စီမံခန္႔ခဲြမႈနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္ေတြ႕သေလာက္ ကြၽန္ေတာ့္ကားေလး ပြိဳင့္တစ္ခုမွာ ရပ္ေတာ့ လမ္းစရိတ္ေတာင္းတဲ့ မိသားစုတစ္ခု ေတြ႕တယ္။ သူတို႔က ေသခ်ာၾကည့္ေတာ့ ပိုက္ဆံေတာင္းတဲ့ သူေတြေတာ့ မဟုတ္ဘူး။ ေဆာက္လုပ္ေရး ဆိုက္ကေန အလုပ္မရိွလို႔ ျပန္ခိုင္းတဲ့သူေတြ ျဖစ္မယ္။ အိုးေတြခြက္ေတြနဲ႔။ အသံုးပစၥည္းေလးေတြနဲ႔ ေတြ႕ေတာ့ ေတာ္ေတာ္ကို စိတ္မေကာင္းဘူး။ ကြၽန္ေတာ္တို႔ မ်က္စိေရွ႕မွာတင္ အထပ္ျမင့္ အေဆာက္အအံုေတြ ရပ္လိုက္တာရယ္၊ ႏွစ္လေလာက္အတြင္း အထပ္ျမင့္ အေဆာက္အအံုေတြ ရပ္လိုက္လို႔ ေဆာက္လုပ္ေရး လုပ္သားေတြ အလုပ္လက္မဲ့ ျဖစ္မႈေတြ မ်ားလာတာကို ျမင္သြားတာေပါ့။ ဒီလူေတြက ေရႊ႕ေျပာင္းလုပ္သားေတြျဖစ္ဖို႔ မ်ားပါတယ္။ ရန္ကုန္က အလုပ္အကိုင္ မေပးႏိုင္တဲ့ အခါက်ေတာ့ ျပန္ၾကတာေပါ့။ အဲဒီလို မိသားစုေလး ႏွစ္စုကို ကြၽန္ေတာ္ ေတြ႕တယ္။ ဒါက စီးပြားေရး အရ ေျပာရရင္ေတာ့ နည္းနည္းေတာ့ စိုးရိမ္ရတယ္” လို႔ ဆိုပါတယ္။


■ ၀န္ႀကီးခ်ဳပ္ရဲ႕ တတိယ အလြဲ

ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ တတိယ အလြဲကေတာ့ က်ဴးေက်ာ္ ျပႆနာပဲ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ က်ဴးေက်ာ္ေတြကို စာရင္းေကာက္ယူမွာ ျဖစ္ၿပီး သူတို႔ရဲ႕ ဘ၀ ျပန္လည္ ထူေထာင္ေရးအတြက္ ကူညီေပးမယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေမ ၂၅ ရက္က ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕႐ံုးမွာ ျပဳလုပ္တဲ့ က်ဴးေက်ာ္စာရင္း ေကာက္ယူေရးဆိုင္ရာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

နယ္ေတြမွာလည္း အလုပ္အကိုင္ ရွားပါးမႈေတြ ရွိေနတဲ့အတြက္ ျမန္မာႏိုင္ငံ ေနရာ အႏွံ႔အျပားမွာ ရွိတဲ့ ေဒသခံေတြဟာ ေဒသကို စြန္႔ၿပီး မိသားစုလိုက္ ရန္ကုန္ၿမိဳ႕ကို ေျပာင္းေရႊ႕ အေျခခ် ေနထိုင္မႈေတြ ရွိလာပါတယ္။ ဒီလိုေနထိုင္တဲ့ အခါမွာလည္း အိုးပိုင္အိမ္ပိုင္ မရွိတဲ့အတြက္ က်ဴးေက်ာ္ေနရာေတြမွာ ၀င္ေရာက္ေနထိုင္ၿပီး ရရာ အလုပ္ကို လုပ္ကိုင္ရင္းနဲ႔ စား၀တ္ေနေရးကို ေရၾကည္ရာျမက္ႏုရာ ရွာေဖြ စားေသာက္ေနၾကတာပါ။

ရန္ကုန္မွာ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ရပ္ဆိုင္းထားတာေၾကာင့္ စီးပြားေရးေတြ မေကာင္းတဲ့အျပင္ အလုပ္လက္မဲ့ မ်ားျပားေနတဲ့ အခ်ိန္မွာ နယ္ကေန လာေရာက္တဲ့ အတြက္ က်ဴးေက်ာ္သူေတြလည္း မ်ားျပားလာတာလည္း ျဖစ္ပါတယ္။

လက္ရွိ က်ဴးေက်ာ္ေနသူေတြကို စာရင္းေကာက္ရာမွာ ဒီဂ်စ္တယ္ နည္းပညာနဲ႔ လက္ေဗြနဲ႔ မ်က္ႏွာတြကို မွတ္တမ္းယူၿပီး တစ္ဦးခ်င္းစီရဲ႕ ေနာက္ေၾကာင္းကိုလည္း စုံစမ္းစစ္ေဆးတာေတြ လုပ္ၿပီးမွ က်ဴးေက်ာ္အစစ္ ဟုတ္၊ မဟုတ္ သတ္မွတ္မွာ ျဖစ္ပါတယ္။

က်ဴးေက်ာ္ေတြကို စာရင္း ေကာက္ယူမယ့္ စီမံခ်က္ကို (၄၅) ရက္အတြင္း အၿပီး လုပ္ေဆာင္မယ္ ဆိုေပမယ့္ အမွန္တကယ္ စီမံခ်က္ စမယ့္ အခ်ိန္နဲ႔ ၿပီးဆုံးမယ့္ ကာလကို ထုတ္ေဖာ္ေျပာၾကားျခင္းေတာ့ မရွိပါဘူး။ က်ဴးေက်ာ္ေတြကို စာရင္း ေကာက္ယူရင္ေတာင္ အမွန္တကယ္ က်ဴးေက်ာ္ေနသူေတြအတြက္ ေနထိုင္ဖို႔ အိမ္ရာနဲ႔ အလုပ္အကိုင္ေတြကို ေဖာ္ေဆာင္မယ့္ ကိစၥကိုလည္း စိစစ္ေနတဲ့ အဆင့္မွာပဲ ရွိေသးတယ္လို႔ သိရပါတယ္။

အၾကမ္းဖ်င္း ေကာက္ယူထားတဲ့ စာရင္းအရ ရန္ကုန္တိုင္းေဒသႀကီးအတြင္း က်ဴးေက်ာ္ေနထိုင္တဲ့ အိမ္ေထာင္စု တစ္သိန္းေက်ာ္ ရွိၿပီး ေနထိုင္သူ ဦးေရ ေလးသိန္းေက်ာ္ ရွိေနတဲ့အတြက္ ဒီက်ဴးေက်ာ္ေတြ အားလံုးကို ေနရာျပန္လည္ ခ်ထားေပးမယ္ ဆိုရင္ ေျမေနရာေတြ အမ်ားအျပား လိုအပ္ေနၿပီး လက္ရွိအခ်ိန္မွာ ေျမေစ်းႏႈန္း ႀကီးျမင့္ေနတာေၾကာင့္ ျဖစ္ႏိုင္တဲ့ အေနအထား မရွိပါဘူး။

ဒီကိစၥနဲ႔ ပတ္သက္လို႔ စီးပြားေရး ပညာရွင္ အၿငိမ္းစား သံအမတ္ႀကီး ဦးလွေမာင္က “က်ဴးေက်ာ္ ကိစၥကလည္း ေတာ္ေတာ္ကို က်ယ္ျပန္႔တယ္။ ေျခေျချမစ္ျမစ္ လိုက္ရမယ္။ ဘာေၾကာင့္ ဒီလိုမ်ား ရတယ္ဆိုတာ စဥ္းစားရမွာ။ အဲဒါကို စာရင္းေကာက္မယ္ဆိုရင္ စာရင္းက မ်ိဳးစံုလြဲႏိုင္တယ္။ က်ဴးေက်ာ္ မဟုတ္တဲ့ သူေတြ ရပ္ကြက္တို႔၊ လမ္းတို႔မွာ တကယ္ေနထိုင္ခဲ့သူေတြကို စာရင္းေဖ်ာက္တာေတြ ရွိတယ္။ အေကာင္းဆံုးကေတာ့ ေရတိုေရလတ္ ေရရွည္ စီမံကိန္း လုပ္သင့္တယ္” လို႔ ဆိုပါတယ္။

အစိုးရ အဖြဲ႕အေနနဲ႔ ရန္ကုန္တိုင္းအတြင္း က်ဴးေက်ာ္ ေနထိုင္သူေတြ လုံး၀မရွိေစဖို႔ ေမ ၂၆ ရက္ ေနာက္ပိုင္းကစလို႔ အသစ္ က်ဴးေက်ာ္ေနထိုင္သူေတြကို ဥပေဒအတိုင္း ထိထိေရာက္ေရာက္ အေရးယူမယ္လို႔ ရန္ကုန္တိုင္း အစိုးရ လုံျခံဳေရးနဲ႔ နယ္စပ္ေရးရာ ၀န္ႀကီး ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ဆိုထားေပမယ့္ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေျပာၾကားခဲ့ၿပီး ေနာက္ပိုင္း ရန္ကုန္ၿမိဳ႕မွာ က်ဴးေက်ာ္ အေရအတြက္ ပိုမို တိုးပြားလာခဲ့ၿပီး အခ်ိဳ႕ေနရာေတြမွာ ေန႔ခ်င္းညခ်င္း ဆိုသလို က်ဴးေက်ာ္ေတြ ထပ္မံ ၀င္ေရာက္လာခဲ့ပါတယ္။

အထူးသျဖင့္ လိႈင္သာယာ၊ ဒဂံုဆိပ္ကမ္း စတဲ့ ေနရာေတြမွာ က်ဴးေက်ာ္ေတြ ထပ္မံ တိုးပြားလာခဲ့တာပါ။

ဒီလို က်ဴးေက်ာ္သူေတြ မ်ားျပားလာတဲ့အျပင္ အလုပ္အကိုင္ ရွားပါးမႈေတြေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ ဒုစ႐ိုက္မႈေတြလည္း မ်ားျပားလာခဲ့ပါတယ္။ အစိုးရသစ္ လက္ထက္မွာ ေန႔ခင္းေၾကာင္ေတာင္ လုႏႈိက္တာေတြ၊ အုပ္စုဖြဲ႕ ရမ္းကားတာေတြ၊ လူျမင္ကြင္းမွာ မိုက္ေၾကးခြဲတာေတြ စတဲ့ ဒုစ႐ိုက္မႈေတြက ရန္ကုန္ၿမိဳ႕ ေနရာ အႏွံ႔အျပားမွာ ျဖစ္ေပၚေနပါတယ္။

ဒီလို ဒုစရိုက္မႈေတြ ထူေျပာလာတဲ့အတြက္ ရန္ကုန္ၿမိဳ႕ရဲ႕ တရားဥပေဒ စိုးမိုးမႈကိုလည္း စိန္ေခၚသလို ျဖစ္ေနပါတယ္။


■ ၀န္ႀကီးခ်ဳပ္ရဲ႕ စတုတၳ အလြဲ

ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေရြးေကာက္ခံ နယ္ေျမျဖစ္တဲ့ လွည္းကူးၿမိဳ႕သစ္ အပါအ၀င္ သန္လ်င္၊ ဒလ၊ တြံေတး၊ ထန္းတပင္၊ ဒဂံုအေရွ႕ စတဲ့ ၿမိဳ႕သစ္ စီမံကိန္း ေျခာက္ခုကို ၂၀၁၆ ခုႏွစ္ ကေန ၂၀၃၀ ျပည့္ႏွစ္အထိ အေကာင္အထည္ေဖာ္ဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီနဲ႔ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ (JICA) တို႔ ပူးေပါင္း ေရးဆြဲခဲ့တဲ့ “မဟာရန္ကုန္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး မဟာဗ်ဴဟာ စီမံကိန္း” မွာ ဒီလို ၿမိဳ႕သစ္ေတြ ခ်ဲ႕ထြင္ဖို႔ပါ ရွိခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အထဲကမွ လွည္းကူးၿမိဳ႕သစ္ ဧက ၅၀၀ ကို ၂၀၁၆ ခုႏွစ္ကေန ၂၀၂၆ ခုႏွစ္အထိ၊ သန္လ်င္ၿမိဳ႕သစ္ ဧက ၅၀၀ ကို ၂၀၁၆ ခုႏွစ္ကေန ၂၀၃၀ ျပည့္ႏွစ္အထိ၊ ဒလၿမိဳ႕သစ္ ဧက ၅၀၀ ကို ၂၀၁၆ ခုႏွစ္ကေန ၂၀၃၀ ျပည့္ႏွစ္အထိ၊ တြံေတးၿမိဳ႕သစ္ ဧက ၅၀၀ ကို ၂၀၁၆ ခုႏွစ္ကေန ၂၀၃၀ ျပည့္ႏွစ္ အထိ၊ ထန္းတပင္ၿမိဳ႕သစ္ ဧက ၅၀၀ ကို၂၀၁၆ ခုႏွစ္ကေန ၂၀၃၀ ျပည့္ႏွစ္ အထိ၊ ဒဂံုအေရွ႕ၿမိဳ႕သစ္ ဧက ၅၀၀ ကို ၂၀၁၇ ခုႏွစ္ကေန ၂၀၃၁ ခုႏွစ္အထိ အသီးသီး ေဖာ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

“ဒုတိယ ကာလတို ငါးႏွစ္စီမံကိန္းမွာ ၿမိဳ႕သစ္စီမံကိန္းေတြ ေဆာင္ရြက္ဖို႔ လ်ာထားပါတယ္” လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ၿမိဳ႕ျပစီမံကိန္း ေရးဆြဲေရး ဌာနမွ ဒုတိယ ဌာနမွဴး ဦးတိုးေအာင္က ဆုိပါတယ္။ “မဟာရန္ကုန္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရး မဟာဗ်ဴဟာ စီမံကိန္း” အရ ရန္ကုန္ၿမိဳ႕ကို ၿမိဳ႕တိုးခ်ဲ႕ဖို႔ ရန္ကုန္အေရွ႕ပိုင္းၿမိဳ႕သစ္ ၁၇၃၇၅ ဧက၊ ရန္ကုန္ အေနာက္ေတာင္ပိုင္း ၿမိဳ႕သစ္ (ရန္ကုန္ၿမိဳ႕သစ္) ၂၁၇၁၆ ဧက၊ သန္လ်င္ ၿမိဳ႕သစ္ ၂၁၁၉၃ ဧက၊ ဒလၿမိဳ႕သစ္ ၁၅၁၇၃ ဧက၊ ထန္းတပင္ၿမိဳ႕သစ္ ၂၄၇၄၈ ဧက၊ ေမွာ္ဘီၿမိဳ႕သစ္ ၁၁၅၉၄ ဧကနဲ႔ လွည္းကူးၿမိဳ႕သစ္ ၆၉၃၃ ဧက စုစုေပါင္း ၁၁၈၇၃၂ ဧက လ်ာထားတယ္လို႔ အရင္အစိုးရက ထုတ္ျပန္ခဲ့ဖူးပါတယ္။

ဒီအထဲကမွ ရန္ကုန္ အေနာက္ေတာင္ၿမိဳ႕သစ္ (ရန္ကုန္ၿမိဳ႕သစ္) စီမံကိန္းကို ဦးစြာ အေကာင္အထည္ေဖာ္ဖို႔ အရင္အစိုးရက တင္ဒါေခၚယူခဲ့ၿပီး သူတို႔သက္တမ္း မကုန္ဆံုးမီ လပိုင္း အလိုမွာ ကုမၸဏီ သံုးခုကို ခြဲေ၀လုပ္ကိုင္ခြင့္ ခ်ထားေပးခဲ့တာ ျဖစ္ပါတယ္။

က်န္ရွိတဲ့ ၿမိဳ႕သစ္ ေျခာက္ခုကို ဆက္လက္ အေကာင္အထည္ေဖာ္မယ့္ ပံုစံမွာ နယ္ေျမတစ္ခုခ်င္းစီ အလိုက္ ဧက ၅၀၀ ေလာက္သာ ကနဦး အေနနဲ႔ အေကာင္အထည္ေဖာ္မယ့္ ပံုစံ ျဖစ္ပါတယ္။

ဒီအထဲက ရန္ကုန္ၿမိဳ႕သစ္ စီမံကိန္းကို ဧက ၂၀၀၀၀ ေက်ာ္ အေကာင္အထည္ေဖာ္မွာ ျဖစ္ၿပီး ဒီစီမံကိန္းဟာ အရင္အစိုးရ လက္ထက္က လုပ္ကိုင္ခြင့္ ခ်ေပးခဲ့တဲ့ စီမံကိန္း ျဖစ္တာေၾကာင့္ လက္ရွိ အစိုးရသစ္နဲ႔ လႊတ္ေတာ္ထံ ျပန္လည္ တင္ျပမွာ ျဖစ္ပါတယ္။

အရင္ ရန္ကုန္ၿမိဳ႕ေတာ္ကို တိုးခ်ဲ႕ခဲ့ရာမွာ သာေကတ၊ ေတာင္ဥကၠလာပ၊ ေျမာက္ဥကၠလာပတို႔ကို စတင္ ခ်ဲ႕ထြင္ခဲ့ၿပီး ၁၉၈၈ ခုႏွစ္ ေနာက္ပိုင္း ဒဂံုၿမိဳ႕သစ္၊ လိႈင္သာယာ၊ ေရႊျပည္သာတို႔ကို ထပ္မံ ခ်ဲ႕ထြင္ခဲ့တာ ျဖစ္ပါတယ္။

ဒီလို ခ်ဲ႕ထြင္ခဲ့ေပမယ့္ ဒဂံုၿမိဳ႕သစ္၊ လိႈင္သာယာ၊ ေရႊျပည္သာ ၿမိဳ႕သစ္ေတြမွာ ေရ၊ မီး စတဲ့ အေျခခံ အေဆာက္အအုံ ျပည့္စံုလံုေလာက္မႈ မရွိေသးဘူးလို႔ ၿမိဳ႕ျပပညာရွင္ အခ်ဳိ႕က ေထာက္ျပထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ လက္ရွိ လူဦးေရ ငါးသန္းေက်ာ္ ေနထိုင္ေနၿပီး ၂၀၄၀ ျပည့္ႏွစ္မွာ လူဦးေရ ၁၁ သန္း နီးပါးအထိ တိုးလာႏိုင္တယ္လို႔ ပညာရွင္ေတြက ခန္႔မွန္းထားပါတယ္။

“ရန္ကုန္ၿမိဳ႕ျပဟာ ၿမိဳ႕ေဟာင္းႀကီး ျဖစ္ပါတယ္။ ဒီၿမိဳ႕ေဟာင္းႀကီးကို ၿမိဳ႕သစ္ေတြနဲ႔ ၀ိုင္းရံ တည္ေဆာက္တာနဲ႔ ၿမိဳ႕ေဟာင္းနဲ႔ ဇုန္ေတြ အတြင္းမွာ မေဆာက္သင့္တဲ့ အေဆာက္အအံုေတြ ေပၚထြန္းလာမႈက လံုျခံဳေရး အရနဲ႔ ကြၽန္ေတာ္တို႔ ၿမိဳ႕ေဟာင္း အဂၤါရပ္ကို ပ်က္စီးသြားခဲ့ပါတယ္။ ဒီအေျခအေနကို ျပန္လည္ထိန္းသိမ္းဖို႔ လိုပါတယ္။ ရန္ကုန္ၿမိဳ႕ေဟာင္း ဧရိယာကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔လည္း လိုပါတယ္။ ၿမိဳ႕သစ္ေတြကိုလည္း ေခတ္မီဖြံ႕ၿဖိဳးတဲ့ ၿမိဳ႕သစ္ေတြ ျဖစ္ေအာင္ လုပ္သင့္ပါတယ္” လို႔ ေမ ၅ ရက္က ၿမိဳ႕ေတာ္ခန္းမမွာ ျပဳလုပ္တဲ့ ရန္ကုန္ၿမိဳ႕ ဘက္စံုဖြံ႕ၿဖိဳးမႈ အေျခခံ အခ်က္အလက္မ်ားႏွင့္ အဆိုျပဳခ်က္မ်ား ေဆြးေႏြးပြဲမွာ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့ပါတယ္။

လွည္းကူးၿမိဳ႕နယ္ အပါအ၀င္ ေဒသေျခာက္ခုကို ၿမိဳ႕သစ္စီမံကိန္း ေဖာ္ေဆာင္မွာ ျဖစ္တဲ့အတြက္ အဲဒီ ေဒသေတြက ေျမေစ်းႏႈန္းေတြ ျမင့္တက္သြားႏိုင္တယ္လို႔ အိမ္ရာ အက်ဳိးေဆာင္ေတြက ခန္႔မွန္းထားပါတယ္။

ဒီလို ေျမေစ်းတက္လာရင္ အရင္ဆံုး ေစ်းကစားမယ့္ သူေတြကေတာ့ ခ႐ိုနီေတြနဲ႔ ပိုက္ဆံ ခ်မ္းသာတဲ့ သူေတြပဲ ျဖစ္ပါတယ္။ ဒီလိုသာ ေစ်းကစားခဲ့ရင္ေတာ့ အရင္ အစိုးရ လက္ထက္က ၿမိဳ႕သစ္ စီမံကိန္းက ေျမကြက္ေတြလိုပဲ ေျမေစ်းေတြက အဆမတန္ ႀကီးထြားလာမွာ ျဖစ္ပါတယ္။

ဒီၿမိဳ႕သစ္ စီမံကိန္းေတြကို ေဖာ္ေဆာင္မယ့္ ကိစၥဟာ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ စတုတၳ အလြဲပဲ ျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အထပ္ျမင့္ အေဆာက္အအံုေတြကို ျပန္လည္ စိစစ္ဖို႔ဆိုၿပီး ေဆာက္လုပ္ေရး လုပ္ငန္းေတြကို ရပ္နားခဲ့တဲ့အတြက္ စီးပြားေရး ယိုင္လဲေနခ်ိန္မွာ အလ်င္မလိုတဲ့ ၿမိဳ႕သစ္ စီမံကိန္းေတြကို အေကာင္အထည္ေဖာ္မယ့္ ကိစၥဟာ ျပည္သူ႔ဘ႑ာေငြေတြကို ျဖဳန္းတီးသလို ျဖစ္ေနပါတယ္။

ဒီၿမိဳ႕သစ္ စီမံကိန္းေတြဟာ ဘယ္သူ႔အတြက္ ေဖာ္ေဆာင္ေနတာလဲဆိုတာ ရွင္းရွင္းလင္းလင္းသိဖို႔ လိုပါတယ္။ ဒီၿမိဳ႕သစ္ စီမံကိန္းထက္ အေရးႀကီးေနတာက ရပ္နားထားတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းေတြကို အျမန္ဆံုး ျပန္လည္လုပ္ကိုင္ ေဆာင္ရြက္ႏိုင္ေအာင္ လုပ္ေဆာင္ေပးဖို႔ လိုအပ္ေနပါတယ္။

ဒီေဆာက္လုပ္ေရး လုပ္ငန္းအေပၚမွာ လုပ္ကိုင္ စားေသာက္ေနတဲ့ လုပ္သား ဦးေရနဲ႔ သူတို႔ အေပၚမွာ မွီခိုေနရတဲ့ မိသားစုဦးေရဟာ ရန္ကုန္ၿမိဳ႕မွာ အမ်ားအျပား ရွိေနပါတယ္။ ဒီလုပ္ငန္း အသက္ေမြး၀မ္းေက်ာင္း ျပဳေနတဲ့ သူေတြရဲ႕ စား၀တ္ေနေရးကိုလည္း ထည့္သြင္း စဥ္းစားၿပီးေတာ့ အျမန္ဆံုး လုပ္ေဆာင္ႏိုင္ေအာင္ လုပ္ေပးရပါမယ္။

ဒီလိုမွ မဟုတ္ဘဲ အခ်ိန္အၾကာႀကီး ဆက္ဆြဲေနဦးမယ္ ဆိုရင္ေတာ့ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ၿပိဳလဲလာတာနဲ႔အမွ် သူ႔နဲ႔ ဆက္စပ္ေနတဲ့ ဘဏ္လုပ္ငန္းေတြ၊ အုတ္၊ သဲ၊ ေက်ာက္လုပ္ငန္းေတြ၊ ဘိလပ္ေျမ လုပ္ငန္းေတြပါ ၿပိဳလဲသြားမွာ ျဖစ္သလို ဒီလုပ္ငန္းအေပၚ မီွခိုေနတဲ့ လုပ္သားေတြရဲ႕ စား၀တ္ေနေရးဟာလည္း ခက္ခဲလာမွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ႀကိဳပိြဳင့္ ၀ယ္ထားတဲ့ သူေတြရဲ႕ ေငြေၾကးဆံုး႐ံႈးမႈေတြကိုလည္း ထည့္တြက္ရမွာ ျဖစ္ပါတယ္။

“ေဆာက္လုပ္ေရးေလာက တစ္ခုလံုး ယိမ္းယိုင္သြားရင္ ေနာက္ထပ္ ျဖစ္ေပၚလာႏိုင္တဲ့ ေနာက္ဆက္တြဲ Impact၊ လိႈင္းလံုး ႀကီးတယ္။ ဒီတစ္လိႈင္းတည္းနဲ႔ မရပ္ပါဘူး။ ေနာက္က လိႈင္းေတြက ဆင့္သြားပါတယ္။ အဲဒါေတြကို စိုးရိမ္လို႔ ကြၽန္ေတာ္တို႔ အသနားခံ တင္ျပျခင္း ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ေတာ့ ႏိုင္ငံေရးအရ မေျပာလိုေပမယ့္ လုပ္ရပ္ကေတာ့ ေနာက္ေၾကာင္းျပန္တဲ့ သေဘာမ်ဳိး ဆန္ပါတယ္။ လက္ရွိ ဒီညႊန္ၾကားခ်က္ အတိုင္းေတာ့ လိုက္နာမွာ မဟုတ္ပါဘူး” လို႔ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ ဦးမ်ဳိးျမင့္က ေျပာပါတယ္။

ဒါေၾကာင့္ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အေနနဲ႔ အေျခခံ ျပည္သူေတြရဲ႕ မ်က္ႏွာကို ၾကည့္ၿပီး ေဆာက္လုပ္ေရး လုပ္ငန္းေတြကို အျမန္ဆံုးျပန္လည္ လုပ္ေဆာင္ခြင့္ ေပးမွာလား၊ ဒါမွမဟုတ္ ခ႐ိုနီေတြရဲ႕ ေျမေစ်းကစားမႈကိုပဲ အားေပးမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။


■ ပဥၥမေျမာက္ အလြဲ

ရန္ကုန္ၿမိဳ႕မွာ လက္ရွိ အခ်ိန္အထိ ျပည္သူေတြ ေန႔စဥ္ ခံစားေနရတဲ့ ဒုကၡတစ္ခုကေတာ့ ယာဥ္ေၾကာ ပိတ္ဆို႔မႈပဲ ျဖစ္ပါတယ္။ အရင္ အစိုးရ လက္ထက္က ခံုးေက်ာ္တံတားေတြ ဘယ္ေလာက္ပဲ ေဆာက္ခဲ့ေပမယ့္ လမ္းေပၚမွာ ယာဥ္ေၾကာပိတ္ဆို႔မႈကေတာ့ ဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

ဒီလို ယာဥ္ေၾကာက်ပ္တည္းမႈကို အခု အစိုးရသစ္ လက္ထက္မွာလည္း ေျဖရွင္းႏိုင္ျခင္း မရွိေသးပါဘူး။

ဒါေပမဲ့ အစိုးရသစ္ လက္ထက္မွာ ထူးျခားတာတစ္ခု အေနနဲ႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး အာဏာပိုင္ အဖြဲ႕ကို ဖြဲ႕စည္းခဲ့ပါတယ္။ အဲဒီ အဖြဲ႕က ဥပေဒ ေရးဆြဲေနၿပီး ဥပေဒ ထြက္ေပၚလာပါက မထသ အဖြဲ႕ကို ဖ်က္သိမ္းမွာ ျဖစ္ပါတယ္။ ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖရွင္းဖို႔အတြက္ မထသ လက္ေအာက္မွာ ရွိေနတဲ့ ယာဥ္လိုင္းေတြကို ေလွ်ာ့ခ်ဖို႔ လုပ္ေနပါတယ္။

“အခုဟာက လိုင္းေတြ ရွိတယ္။ ကားမရွိဘူးဆိုတဲ့ ဟာေတြ ရွိတယ္။ တခ်ဳိ႕က်ေတာ့လည္း တစ္စီးႏွစ္စီးပဲ ရွိလို႔ ေပါင္းခိုင္းလိုက္တယ္။ အဲဒါက အေျဖထြက္လာမယ္။ ပထမဦးဆံုး အဆင့္ကေတာ့ ၂၅ လိုင္းေလွ်ာ့ဖို႔ေပါ့။ ေနာက္တစ္ပတ္ေလာက္ဆို ေၾကညာမယ္” လို႔ ဇူလိုင္ ၂၂ ရက္ က မထသ(ဗဟို) ႐ံုးခ်ဳပ္မွာ ျပဳလုပ္တဲ့ ၄၈ ႀကိမ္ေျမာက္ လုပ္အားယွဥ္ၿပိဳင္ဆု၊ ပညာရည္ခြၽန္ဆု ခ်ီးျမင့္ပြဲႏွင့္ ပညာသင္ ေထာက္ပံ့စရိတ္ ေပးအပ္ပြဲမွာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး အာဏာပိုင္ အဖြဲ႕က အေထြေထြ အတြင္းေရးမွဴး ေဒါက္တာ ေမာင္ေအာင္က ေျပာပါတယ္။

ဒါ့ျပင္ ရန္ကုန္ဘတ္စ္ကား အမ်ားပိုင္ ကုမၸဏီကို အစိုးရရဲ႕ မတည္ ရင္းႏွီးေငြ က်ပ္ ၁၀ ဘီလ်ံ၊ ပုဂၢလိကရဲ႕ ရင္းႏွီးေငြ က်ပ္ ၁၅ ဘီလ်ံနဲ႔ ဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီး ပုဂၢလိကရဲ႕ ရင္းႏွီးေငြက်ပ္ ၁၅ ဘီလ်ံအတြက္ ရွယ္ယာေတြကို ႏို၀င္ဘာ ၃ ရက္ကေန စတင္ကာ ရွယ္ယာ တစ္စုကို က်ပ္တစ္သိန္းႏႈန္းနဲ႔ ေရာင္းခ်ခဲ့ရာမွာ ဒီဇင္ဘာ ပထမပတ္အထိ ရွယ္ယာ သိန္း ၆၀၀၀ ေက်ာ္ဖိုး ေရာင္းခ်ခဲ့ရတယ္လို႔ သိရပါတယ္။

ရန္ကုန္ ဘတ္စ္ကား အမ်ားနဲ႔ သက္ဆုိင္တဲ့ ကုမၸဏီရဲ႕ ရွယ္ယာေတြထဲကမွ ကုမၸဏီ တည္ေထာင္သူေတြအျဖစ္ ပါ၀င္ခြင့္ရတဲ့ ေရႊေတာင္၊ ေရႊသံလြင္၊ ဒိုင္းမြန္းစတား၊ Zeya & Associate နဲ႔ Fish and Marine 2000 ကုမၸဏီေတြက ရွယ္ယာ ရွစ္ရာခိုင္ႏႈန္းစီ ၀ယ္ယူခြင့္ ရရွိခဲ့တဲ့အတြက္ ရွယ္ယာ ၁၅ ဘီလ်ံရဲ႕ ရာခိုင္ႏႈန္း ၄၀ ကို ၀ယ္ယူခြင့္ ရရွိခဲ့ၿပီး က်န္တဲ့ ရွယ္ယာေတြကို အမ်ားျပည္သူထံ ထုတ္ေရာင္းတာလို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးစနစ္ ေျပာင္းလဲမႈေတြ လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။ ဒီလို လုပ္တဲ့ အခါမွာ အမ်ားျပည္သူ အခက္အခဲ သိထားဖို႔လည္း လိုတာေၾကာင့္ အခုကားေပၚက ခရီးသည္ေတြအသံ နားေထာင္ၾကည့္ပါတယ္။ ဒီအခ်ိန္က တကယ့္ ယာဥ္အက်ပ္ဆံုး အခ်ိန္ပါပဲ။ အမ်ားျပည္သူ ဘယ္လို ရင္ဆိုင္ေနရလဲ၊ ဘယ္လို အခက္အခဲ ရွိလဲဆုိတဲ့ ဒီအေျခအေနေတြကို ကြၽန္ေတာ္တို႔ သိမွ ေျဖရွင္းေပးႏိုင္မွာ ျဖစ္ပါတယ္” လို႔ ဇူလိုင္ ၁၆ ရက္က ရွစ္မိုင္ကေန တိုင္းေဒသႀကီး လႊတ္ေတာ္႐ံုးေရွ႕အထိ BRT-Lite ဘတ္စ္ကား စီးနင္းရာမွာ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက မီဒီယာေတြကို ေျပာခဲ့ပါတယ္။

YBPC ကို အစိုးရက ရွယ္ယာ ၅၁ ရာခိုင္ႏႈန္း၊ အမ်ားျပည္သူပါ၀င္မႈ ရွယ္ယာ ၄၉ ရာခိုင္ႏႈန္းနဲ႔ ထူေထာင္ထားတာျဖစ္ၿပီး လက္ရွိ အခ်ိန္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ က်ပ္ ၂၅ ဘီလ်ံေက်ာ္နဲ႔ လည္ပတ္ေနတာပါ။

ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဆံုး BRT-Lite ယာဥ္လိုင္းကို ေဖေဖာ္၀ါရီ ၇ ရက္က ယာဥ္ ၁၅ စီးနဲ႔ စတင္ေျပးဆြဲခဲ့ၿပီး လက္ရွိမွာေတာ့ ယာဥ္စီးေရ ၄၅ စီးနဲ႔ လမ္းေၾကာင္းႏွစ္ေၾကာင္းခြဲ ေျပးဆြဲေနတာ ျဖစ္ပါတယ္။

ခရီးသြား အခ်ဳိ႕ရဲ႕ စည္းကမ္း မရွိမႈေၾကာင့္ ယာဥ္စီးခေငြ အျပည့္အ၀ မရရွိတာအျပင္ ဘတ္စ္ကားမွတ္တိုင္ အခ်ဳိ႕ ဖ်က္ဆီးခံရတဲ့အတြက္ ဆံုး႐ံႈး နစ္နာမႈမ်ား ရွိေနပါတယ္။

ယာဥ္လိုင္းရဲ႕ တတိယေျမာက္ လမ္းေၾကာင္း အသစ္ကို ထပ္မံေျပးဆြဲဖို႔ ျပင္ဆင္ေနၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ႀကီးၾကပ္မႈနဲ႔ အလားတူ အမ်ားပိုင္ယာဥ္လိုင္း အသစ္ေတြ ရန္ကုန္ၿမိဳ႕အတြင္း ထပ္မံ ထြက္ေပၚလာဖို႔လည္း ရွိေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက “ဘာေၾကာင့္လဲဆို တစ္ဦးတစ္ေယာက္ခ်င္း ပိုင္ဆိုင္ေနတဲ့ ယာဥ္လိုင္းေတြဟာ အ႐ံႈးေပၚႏိုင္တဲ့ ယာဥ္လိုင္းကို ေျပးဆြဲႏိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က အစုအဖြဲ႕ ဖြဲ႕စည္းၿပီး ကုမၸဏီပံုစံကို ေျပာင္းလဲဖို႔ တိုက္တြန္းခ်င္တာ ျဖစ္ပါတယ္။ ကုမၸဏီပံုစံကို ေျပာင္းလဲတဲ့ ေနရာမွာလည္း ကြၽန္ေတာ္တို႔မွာ အခက္အခဲေတြ ရွိပါတယ္။ ဘာေၾကာင့္လဲဆို ကုမၸဏီ တစ္ခုကို ေျပာင္းလဲလိုက္တဲ့ အေျခအေနတိုင္းမွာ သူေ႒းေတြကပဲ ႀကီးစိုးေနတာလားလို႔ ေမးခြန္းထုတ္စရာမ်ဳိး ေပၚလာတတ္ပါတယ္။ ဒါေၾကာင့္မို႔ သူေ႒းေတြခ်ည္း ႀကီးစိုးေနတဲ့ အေျခအေန မဟုတ္ဘဲ ပန္းတိုင္ကေတာ့ အမ်ားျပည္သူ ပါ၀င္ႏိုင္တဲ့ အမ်ားပိုင္ ကုမၸဏီမ်ား ျဖစ္ေရးအတြက္ပါ” လို႔ ဇူလိုင္ ၂၂ ရက္က မထသ (ဗဟို) ႐ံုးခ်ဳပ္မွာ ျပဳလုပ္တဲ့ ၄၈ ႀကိမ္ေျမာက္ လုပ္အား ယွဥ္ၿပိဳင္ဆု၊ ပညာရည္ခြၽန္ဆု ခ်ီးျမင့္ပြဲႏွင့္ ပညာသင္ ေထာက္ပံ့စရိတ္ ေပးအပ္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာ ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အေနနဲ႔ BRT စနစ္ကို အေကာင္အထည္ ေဖာ္ေနၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ BRT နဲ႔ ပတ္သက္ရင္ ေယဘုယ် အေနနဲ႔ ဒီအခ်က္ေတြ ပါရွိရမွာ ျဖစ္ပါတယ္။ ပထမအခ်က္ အေနနဲ႔ BRT ဘတ္စ္ကားေတြ အတြက္ သီးသန္႔လမ္းေၾကာင္း (dedicated lane) ရွိရမွာ ျဖစ္ၿပီး လမ္းတစ္ေလွ်ာက္ အျခားကားေတြ ၀င္ေရာက္ခြင့္ မရွိရပါဘူး။ ဒုတိယ အခ်က္က ေျပးဆြဲမယ့္ ဘတ္စ္ကားေတြ တည္ေဆာက္ပုံနဲ႔ သြင္ျပင္လကၡဏာ တူညီပါတယ္။ တတိယ အခ်က္က ICT နည္းပညာသုံးၿပီး ကားလာမယ့္အခ်ိန္၊ ေရာက္ရွိမယ့္ မွတ္တိုင္ စတဲ့ ကားမွတ္တိုင္ေတြမွာ LED ဘုတ္ေတြနဲ႔ ေဖာ္ျပသလို ကားတိုင္းမွာလည္း ေဖာ္ျပရမွာ ျဖစ္ပါတယ္။ စတုတၳအခ်က္ အေနနဲ႔ station ေတြ သီးသန္႔ေဆာက္လုပ္ရမွာ ျဖစ္ၿပီး electronic ticketing system လည္း ရွိရမွာျဖစ္ၿပီး ပဥၥမအခ်က္ အေနနဲ႔ကေတာ့ BRT လိုင္းကို အျခားသယ္ယူပုိ႔ေဆာင္ေရး လမ္းေၾကာင္းေတြနဲ႔ ခ်ိတ္ဆက္ရမွာ ျဖစ္ပါတယ္။ ဒီအတြက္ bus terminal ေတြပါ ပါရွိရမွာ ျဖစ္ပါတယ္။

ဒီအခ်က္ေတြက BRT စနစ္ ေဖာ္ေဆာင္တဲ့ အခါမွာ မပါမျဖစ္ ပါရွိရမယ့္ ေယဘုယ် အခ်က္ေတြ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိ ေျပးဆြဲေနၿပီျဖစ္တဲ့ BRT စနစ္ကို ေယဘုယ် အခ်က္ေတြနဲ႔ တိုက္ဆိုင္စစ္ေဆးၾကည့္မယ္ ဆိုရင္ ပထမအခ်က္ ျဖစ္တဲ့ “BRT ဘတ္စ္ကားေတြအတြက္ သီးသန္႔လမ္းေၾကာင္း (dedicated lane) ရွိရမွာ ျဖစ္ၿပီး လမ္းတစ္ေလွ်ာက္ အျခားကားေတြ ၀င္ေရာက္ခြင့္ မရွိရပါဘူး” ဆိုတဲ့ အခ်က္နဲ႔တင္ ရန္ကုန္ၿမိဳ႕မွာ BRT စနစ္နဲ႔ ဆြဲဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

ဒါေၾကာင့္ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အေနနဲ႔ BRT စနစ္ကို ဆက္လက္ အေကာင္အထည္ ေဖာ္မယ္ဆိုရင္ ျပည္သူ အတြက္လား၊ ခ႐ိုနီ အတြက္လား ဆိုတာကို ျပန္ၿပီး စဥ္းစားရမွာ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ရန္ကုန္ဘတ္စ္ကား အမ်ားနဲ႔ သက္ဆုိင္တဲ့ ကုမၸဏီရဲ႕ ရွယ္ယာေတြထဲကမွ ကုမၸဏီတည္ေထာင္သူေတြအျဖစ္ ပါ၀င္ခြင့္ရတဲ့ ေရႊေတာင္၊ ေရႊသံလြင္၊ ဒိုင္းမြန္းစတား၊ Zeya & Associate နဲ႔ Fish and Marine 2000 ကုမၸဏီေတြဟာဆိုရင္ ခ႐ိုနီ ကုမၸဏီေတြ ျဖစ္ေနလို႔ပါပဲ။

အရင္တစ္ခါကလည္း ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို SKY NET စေလာင္းေတြ ယူလိုသူရွိရင္ ေပးဖို႔ စာရင္းေတြ လိုက္ေကာက္တဲ့ ျဖစ္စဥ္မ်ဳိး ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ ရိွခဲ့ဖူးပါတယ္။

ဒါဟာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ အေနနဲ႔ ခြင့္ျပဳလို႔ SKY NET က စာရင္းလိုက္ေကာက္သလား ဆိုတဲ့ အေနအထားမ်ဳိးကိုလည္း ျပည္သူေတြ ၾကားမွာ အေတြးပြားစရာ ျဖစ္လာခဲ့ပါတယ္။

ဒါေၾကာင့္ လက္ရွိ BRT ေျပးဆြဲမႈက ၀န္ထမ္းစရိတ္ ကာမိ႐ံုေလာက္ပဲ ရရွိၿပီး ေျပးဆြဲရာမွာ အသံုးျပဳတဲ့ Scania ကားေတြကလည္း တစ္စီးကို သိန္းေထာင္နဲ႔ခ်ီ ရွိေနတာေၾကာင့္ BRT ေျပးဆြဲတဲ့ ကိစၥက ကားတင္သြင္းခြင့္ ရထားတဲ့ ခ႐ိုနီ ကုမၸဏီေတြ အက်ဳိးအတြက္ပဲ ျဖစ္ေနလားလို႔ ေမးခြန္းထုတ္ရမလို ျဖစ္ေနပါတယ္။

“လက္ရွိ BRT က ၀န္ထမ္း စရိတ္ေလာက္ပဲ ရတယ္လို႔ သိရတယ္။ BRT ကားတစ္စီးက အားလံုး စရိတ္ႏုတ္ၿပီး ေျခာက္ေသာင္းေလာက္ပဲ က်န္တာ။ သူတို႔ သံုးထားတဲ့ ကားေတြကလည္း ေစ်းႀကီးတယ္။ အဲဒီကားေတြ သြင္းဖို႔အတြက္ အရင္အစိုးရ လက္ထက္ ကတည္းက ကုမၸဏီ ငါးခုေလာက္နဲ႔ စာခ်ဳပ္ ခ်ဳပ္ထားၿပီး အခုထိ သြင္းေနတာ။ ဘယ္ကုမၸဏီ ဆိုတာေတာ့ အတိအက် မသိပါဘူး” လို႔ မထသနဲ႔ နီးစပ္တဲ့ အသိုင္းအ၀ိုင္းမွ ပုဂၢိဳလ္တစ္ဦးက ေျပာပါတယ္။


■ ဘယ္သူ႕မွာ တာ၀န္ရွိလဲ

ရန္ကုန္ၿမိဳ႕ဟာ ျမန္မာႏိုင္ငံရဲ႕ စီပြားေရးၿမိဳ႕ေတာ္ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ စီးပြားေရး ၿပိဳလဲခဲ့ရင္ ျမန္မာ တစ္ႏိုင္ငံလံုးရဲ႕ စီးပြားေရးဟာလည္း ၿပိဳလဲသြားမွာ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာ ရန္ကုန္ၿမိဳ႕ကို အုပ္ခ်ဳပ္ေနတာဟာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ျဖစ္ပါတယ္။ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ ဆိုတာကလည္း ျပည္သူက ေရြးခ်ယ္ တင္ေျမႇာက္ထားတဲ့ အစိုးရ အဖြဲ႕ပဲ ျဖစ္ပါတယ္။ ဒီအစိုးရ အဖြဲ႕ကို ျပည္သူလူထုက ဘာလို႔ ေရြးခ်ယ္ခဲ့ၾကပါသလဲ။

NLD အစိုးရရဲ႕ ေရြးေကာက္ပြဲတုန္းက “ေျပာင္းလဲခ်ိန္ တန္ၿပီ” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ျပည္သူေတြ အေနနဲ႔ သူတို႔ရဲ႕ နိမ့္က်ေနတဲ့ ဘ၀ေတြ ေျပာင္းလဲခ်င္တဲ့အတြက္ NLD အစိုးရသစ္ကို ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ NLD အစိုးရရဲ႕ အစိုးရသက္တမ္း သံုးလေက်ာ္ ေလးလ အတြင္းမွာေတာ့ ျပည္သူေတြရဲ႕ ဘ၀ေတြက ေျပာင္းလဲမႈေတြကို မခံစားရေသးပါဘူး။

လက္ရွိ အခ်ိန္အထိလည္း ရန္ကုန္ၿမိဳ႕ရွိ ျပည္သူေတြ အေနနဲ႔ အရင္အစိုးရ အဆက္ဆက္က ခံစားခဲ့ရတဲ့ ဒုကၡေတြကို ခံစားေနရဆဲ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ အေနနဲ႔ အေျခခံ ျပည္သူေတြ ေန႔စဥ္ သြားလာေနရတဲ့ ယာဥ္ေၾကာ က်ပ္တည္းမႈေတြကို မေျဖရွင္းေပးႏိုင္ေသးပါဘူး။ လွ်ပ္စစ္မီးေတြကိုလည္း အျပည့္အ၀ မေပးႏိုင္ေသးပါဘူး။ ကုန္ေစ်းႏႈန္းကလည္း ဆက္လက္ ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။ မိုးတြင္းဆို ရန္ကုန္ၿမိဳ႕မွာ ေရႀကီးေရလွ်ံမႈေတြက ျဖစ္ေနဆဲပါပဲ။ အလုပ္အကိုင္ အခြင့္အလမ္းေတြ တိုးတက္လာတာကိုလည္း မေတြ႕ရေသးပါဘူး။ ၀င္ေငြထြက္ေငြ မွ်တေအာင္ လုပ္ေပးႏုိင္တာလည္း မရွိေသးပါဘူး။

ရန္ကုန္တိုင္း အစိုးရသစ္ရဲ႕ သက္တမ္း သံုးလေက်ာ္ ေလးလအတြင္းမွာ ေျပာင္းလဲခ်ိန္တန္ၿပီဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ေျပာင္းလဲမႈ တစ္စံုတစ္ရာ မေတြ႕ရေသးေပမယ့္ ေျပာင္းလဲႏိုင္ဖို႔ လုပ္ေဆာင္ေနတာကိုေတာ့ ေတြ႕ေနရပါတယ္။

ဒီလို ေျပာင္းလဲဖို႔ လုပ္ေဆာင္ေနတဲ့ အခ်ိန္မွာ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း အေနနဲ႔ ေရွ႕ကေျပာခဲ့တဲ့ အလြဲေတြကို ျပန္လည္ ဆန္းစစ္ေစခ်င္ပါတယ္။

ဒီလိုမွ မဟုတ္ဘဲ ဒီအတိုင္း ဆက္လက္လုပ္ေဆာင္မယ္ ဆိုရင္ စီမံခန္႔ခြဲမႈ အလြဲတစ္ခုေၾကာင့္ ရန္ကုန္ၿမိဳ႕ရဲ႕ စီးပြားေရး ၿပိဳလဲခဲ့မယ္ ဆိုရင္ေတာ့ ေပးဆပ္မႈက ျမန္မာ တစ္ႏိုင္ငံလံုးရဲ႕ စီးပြားေရး ၿပိဳလဲမႈ ျဖစ္လာႏိုင္ပါတယ္။

ဒါေၾကာင့္ ႏိုင္ငံရဲ႕ စီပြားေရး တစ္ခုလံုး ကေမာက္ကမ အေျခအေနေတြနဲ႔ ၿပိဳလဲသြားခဲ့မယ္ ဆိုရင္ေတာ့ ျပည္သူေတြ ထိုးလာမယ့္ လက္ညႇိဳးေတြကို ရန္ကုန္တိုင္း အစိုးရအဖြဲ႕ ခံယူရလိမ့္မယ္ ဆိုတာ အဓိက တာ၀န္ရွိသူျဖစ္တဲ့ ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း သတိျပဳဖို႔ လိုအပ္ပါလိမ့္မယ္။

Written by: သတင္းအယ္ဒီတာအဖြဲ႕
.....


Eleven Media Group ရဲ ့ရန်ကုန်တိုင်းအစိုးရကိုဝေဖန်ချက်။
........................................
ရန်ကုန်တိုင်း အစိုးရ ဘာလဲ၊ ဘယ်လဲ

NLD အစိုးရသစ်ရဲ့ သက်တမ်းဟာ လက်ရှိ အချိန်မှာ (၂၀၁၆ ဧပြီ ၁ ရက်) အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းယူခဲ့ချိန်က စတွက်ရင် သုံးလကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒီသက်တမ်း သုံးလကျော်အတွင်း အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် ရက် ၁၀၀ စီမံချက်က စလို့ ၀န်ကြီးဌာန ၂၂ ခုဟာ သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

၀န်ကြီးဌာန ၂၂ ခုရဲ့ ရက် ၁၀၀ စီမံချက် အဖြေတွေက မထွက်သေးတဲ့အတွက် ရလဒ်တွေက ဘယ်လိုလာမလဲ ဆိုတာကတော့ မသိသေးပါဘူး။

ဒါပေမဲ့ NLD အစိုးရရဲ့ သုံးလကျော်ကာလအတွင်းမှာ ထူးထူး ခြားခြား မြင့်တက်လာတာကတော့ အစိုးရအဆက်ဆက်က မဖြေရှင်း နိုင်ခဲ့တဲ့ အခြေခံ စားသောက်ကုန် စျေးနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေခံ စားသောက်ကုန် ကုန်စျေးနှုန်းတွေ မြင့်တက်လာပေမယ့် အခြေခံ လူတန်းစားတွေရဲ့ ၀င်ငွေတွေကတော့ မြင့်တက်လာခြင်း မရှိဘဲ အရင်အတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။

အစိုးရသစ် တာဝန်ယူပြီး သုံးလကျော် အတွင်းမှာ အခြေခံ စားသောက်ကုန် ကုန်စျေးနှုန်းတွေဟာ မြင့်တက်လာတဲ့အတွက် အဲဒီဒဏ်ကို အခြေခံ လူတန်းစားတွေကပဲ အလူးအလဲ ခံနေရပါတယ်။ ရန်ကုန်မြို့မှာ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ သား၊ ငါး၊ ဟင်းသီး ဟင်းရွက် တစ်ကြိမ်စျေးတက်ရင် အနည်းဆုံးကျပ် ၁၀၀ ကနေ ၃၀၀ အထိ တက်ခဲ့တဲ့အတွက် အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် စားသောက်စရိတ် ကုန်ကျမှု သုံးဆခန့် တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနှစ်မတ်လက ၀က်သား တစ်ပိဿာ ကျပ် ၈,၀၀၀ အောက်သာ ရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ်တစ်သောင်းကျော် ရှိနေပြီး အမဲသား၊ ငါးစျေးတွေကလည်း တစ်ပိဿာကို ကျပ် ၂၀၀၀ ကနေ ၄၀၀၀ ကြား စျေးတက်ခဲ့ပါတယ်။ ကြက်ဥတစ်လုံးကို အရင်က ၁၀၀ ကျပ်ခန့်ကနေ အစိုးရသစ်ရဲ့ သုံးလအတွင်း ၁၅၀ ကျပ်ခန့်အထိ စျေးတက်ခဲ့ပါတယ်။

“အရင်ကဆို ၀က်သားပဲ ဖြစ်ဖြစ်၊ ကြက်သားပဲ ဖြစ်ဖြစ်၊ ဘာအသားဝယ်ဝယ် ၁၅၀၀ ဖိုးလောက်ဆို မိသားစု စားလောက်တယ်။ အခုဆို အဲဒီ ၁၅၀၀ ဖိုးလောက်ကိုပဲ ၃၀၀၀ လောက် ပေးဝယ်ရတယ်။ စျေးက တက်သွားသွားတာ နှစ်ဆပဲ။ ၀င်ငွေကတော့ တိုးလာတယ် မရှိဘူး။ ပိုကျပ်တည်းလာတယ်” လို့ ဒဂုံမြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ဆိုပါတယ်။

အစိုးရသစ်လက်ထက် သုံးလကျော်အတွင်း အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ စားနေရတဲ့ ကန်စွန်းရွက် တစ်စည်းကိုတောင် အခု ကျပ် ၃၀၀ အထိ စျေးတက်ခဲ့ပါတယ်။

အခြေခံ ပြည်သူတွေရဲ့ နေ့စ ဉ်စားသောက်နေရတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ သားငါး စတဲ့ မီးဖိုချောင် ပစ္စည်းတွေရဲ့ စျေးနှုန်းတွေက မြင့်တက်နေတဲ့အတွက် အခြေခံ ပြည်သူတွေရဲ့ အဓိက ပြဿနာကို အစိုးရသစ် အနေနဲ့ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

“ကုန်စျေးနှုန်းကလည်း မကျဘူး။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမလာဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ထင်သလောက် ၀င်မလာဘူး။ ဘယ်လိုအကြောင်းကြောင့်မှ စီးပွားရေးက တိုးတက်လာမယ်လို့ မမြင်ဘူး” လို့ စီးပွားရေး ပညာရှင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က သူ့အမြင်ကို ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ ကားကျပ်မှု ပြဿနာ၊ မိုးတွင်းဆို ရေကြီးရေလျှံမှု ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ အစရှိတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ် အနေနဲ့ မဖြေရှင်းနိုင်သေးတာကို တွေ့ရပါတယ်။

“ရန်ကုန်မှာ ဘာတွေများလာလဲ ဆိုတော့ ကုန်စျေးနှုန်းတွေ တက်လာတယ်။ အလုပ်လက်မဲ့တွေ တွေ့လာရတယ်” လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ဆိုပါတယ်။


■ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဘာပြောခဲ့လဲ

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကို ခန့်အပ်လိုက်တယ်လို့ မတ် ၂၈ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

ဒီလို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် အတည်ပြုပြီးချိန်မှာတော့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းဟာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေအများကြီးရှိတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးမြို့တော်ကြီးလည်း ဖြစ်တယ်။ ရန်ကုန်တိုင်း အတွင်းမှာ ကားကျပ်တဲ့ ပြဿနာတွေ၊ မိုးရာသီမှာ ရေကြီးရေလျှံ ဖြစ်နေတဲ့ ပြဿနာတွေ၊ မြို့ထဲမှာ အမှိုက်တွေ စုပုံနေတဲ့ အခြေအနေတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေ၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာတဲ့ နေရာမှာ ကြုံတွေ့နေရတဲ့ အခြားအခြားသော အခက်အခဲတွေ ကျွန်တော်တို့ ရန်ကုန်မြို့မှာ အများကြီး ရှိပါတယ်။ ဒီအခြေအနေတွေ အားလုံးကို ကျွန်တော်တို့ တတ်စွမ်းသရွေ့ ဖြေရှင်းသွားပါ့မယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အာဂတိလိုက်စားမှုကင်းတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် အကောင်အထည် ဖော်ပေးနိုင်မယ့် ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားခဲ့တဲ့ စကားကို ပြန်ကောက်ရင် အချက်နှစ်ချက်ကို တွေ့ရပါတယ်။ ပထမ အချက်က ရန်ကုန်မြို့က ပြဿနာတွေကို ဖြေရှင်းသွားမယ်ဆိုတဲ့ အချက်နဲ့၊ ဒုတိယ အချက်က ဒီလို ပြုပြင်ပြောင်းလဲရာမှာ ရန်ကုန်တိုင်း အစိုးရ အနေနဲ့ အဂတိ လိုက်စားမှု ကင်းကင်းနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမှန်တကယ် အကောင်အထည် ဖော်မယ်ဆိုတဲ့ အချက် နှစ်ချက်ပဲ ဖြစ်ပါတယ်။

ပထမ အချက်မှာ ပါရှိတဲ့ အချက်တွေကတော့ ကားကျပ်တဲ့ ပြဿနာ၊ မိုးရာသီ ရေကြီးရေလျှံတဲ့ ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါ တွေ့ကြံုရတဲ့ အခက်အခဲတွေကို ပြောသွားတာ တွေ့ရပါတယ်။

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ၀န်ကြီးချုပ်ဖြစ်ချိန်က စလို့ လက်ရှိ အချိန်အထိ သက်တမ်းအားဖြင့် သုံးလကျော် လေးလ အတွင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီသက်တမ်းအတွင်း သူပြောကြားခဲ့တာတွေကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်မြို့ရဲ့ လမ်းပေါ်မှာ ကားတွေ ပိတ်နေပါသေးတယ်။ မိုးရွာရင် ရန်ကုန်မြို့ကြီးက ရေကြီး ရေလျှံမှုတွေ ရှိနေပါသေးတယ်။ အလုပ်လက်မဲ့ လူဦးရေကလည်း ရန်ကုန်မြို့မှာ ကြီးထွားလို့ နေပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကလည်း လောက်လောက်လားလား ၀င်ရောက်လာတာကို မတွေ့ရသေးပါဘူး။

ဒါ့အပြင် လျှပ်စစ်မီးတွေကလည်း ပျက်နေတုန်းပါပဲ။ စီးပွားရေးကလည်း ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ၀င်ငွေတိုးတက်မှု မရှိတဲ့အပြင် အခြေခံ စားသောက်ကုန် ကုန်စျေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် အခြေခံ လူတန်းစားတွေရဲ့ ဘဝတွေက ပိုပြီးတော့ ကျပ်တည်းလို့ လာပါတယ်။

ဒီလောက် အချိန်လေးနဲ့ ဒီကိစ္စတွေကို ချက်ချင်းလက်ငင်း ပြုပြင်နိုင်ဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ သက်တမ်း သုံးလကျော် လေးလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် စီမံခန့်ခွဲမှု အလွဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။


■ ၀န်ကြီးချုပ်ရဲ့ ပထမအလွဲ

ဒီသက်တမ်း သုံးလကျော် လေးလအတွင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း လုပ်ဆောင်ခဲ့တဲ့ စီမံခန့်ခွဲမှု အလွဲတွေကို ပြောရမယ်ဆိုရင် ပထမဆုံး အလွဲက ပြည်သူလူထု ရွေးချယ်ထားတဲ့ ရွေးကောက်ခံ စည်ပင်သာယာကော်မတီဝင် လေးဦးကို ဖြုတ်လိုက်တာပဲ ဖြစ်ပါတယ်။

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ လက်မှတ်နဲ့ ရွေးကောက်ခံ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်တွေ တရားဝင် ထုတ်ပယ်လိုက်တဲ့ အကြောင်းကြားစာကို မေ ၁၈ ရက်က ရောက်ရှိလာတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင် (၇) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်လှိုင် (ဇောတိက)က ပြောပါတယ်။

“၀န်ကြီးချုပ် လက်မှတ်နဲ့ ထုတ်ပယ်ကြောင်း စာရောက်လာတာပါ” လို့ ဦးခင်လှိုင်က ဆိုပါတယ်။

ဒီလို တရားဝင် ထုတ်ပယ်တဲ့ စာရောက်ရှိလာတာကြောင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အသီးသီးက တာဝန်ထမ်းဆောင်နေကြတဲ့ ရွေးကောက်ခံ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် အားလုံး ပစ္စည်းများသိမ်းဖို့ ညွှန်ကြားချက် ထုတ်ပေးလိုက်တယ်လို့ ဦးခင်လှိုင် (ဇောတိက)က ပြောပါတယ်။

“ကျွန်တော်တို့က ထုတ်ပယ်တဲ့ အကြောင်း တရားဝင်စာ ထုတ်ဖို့ တောင်းတာ။ ဥပဒေ တစ်ခုတည်းနဲ့မှ လုပ်လို့ မရတာ။ ခန့်စဉ် ကာလကတည်းက ရွေးကောက်ပွဲကို အသိအမှတ်ပြု ခန့်ကတည်းက အရင်ဝန်ကြီးချုပ် ဦးမြင့်ဆွေက ခန့်ခဲ့တာ။ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး ခန့်ခဲ့တာ။ ကျွန်တော်တို့ကို ဖြုတ်ချင်ရင် ဖြုတ်တဲ့စာကို ၀န်ကြီးချုပ်က ပို့ပေးပါဆိုပြီး ကျွန်တော်ရဲ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။ အခု ကျွန်တော့် လက်ထဲကို ဖြုတ်ပါတယ်ဆိုတဲ့စာ ဒီနေ့ ရောက်လာပြီ။ အဲဒီအတွက် ခရိုင်၊ မြို့နယ် အသီးသီးမှာ ရှိကြတဲ့ သူတွေကို ညွှန်ကြားချက် ထုတ်ပေးလိုက်ပြီ။ ပစ္စည်းတွေသိမ်းပြီး အမြန်အပ်လိုက်တော့ ဆိုပြီး အကြောင်းကြားပြီးသွားပြီ။ ကျွန်တော်လည်း ပြောင်းနေပါပြီ” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက) က ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေ အနေနဲ့ မေ ၁၇ ရက် သတင်းစာ ရှင်းလင်းမှု အပြီး မေ ၁၈ ရက်မှာ စည်ပင်ကော်မတီဝင်တွေကို ထုတ်ပယ်တဲ့ တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ပထမဆုံးအဖြစ် အရင်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်မှာ ကော်မတီဝင်အဖြစ် ဦးဌေးအောင် (Sakura)၊ ဦးခင်လှိုင် (ဇောတိက)၊ ဒေါက်တာအေးမင်းနဲ့ ဦးခင်မောင်တင့်တို့ စုစုပေါင်း လေးဦး၊ ခရိုင် စည်ပင်သာယာရေး ကော်မတီ အဆင့်မှာ ၁၂ ဦးနဲ့ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဆင့်မှာ ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်တွေ တရားဝင် ထုတ်ပယ်လိုက်ပြီး သိပ်မကြာခင် အချိန်မှာပဲ ဇွန် ၁ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ လစ်လပ်နေတဲ့ အစိုးရခန့် ကော်မတီဝင်တွေရဲ့ နေရာမှာ အတွင်းရေးမှူး အဖြစ် ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသန်း၊ ကော်မတီဝင်အဖြစ် ဒေါ်မေမေသွင်နဲ့ ဒေါ်သန်းမြင့်အောင်တို့ကို ခန့်အပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းပုံအရ စည်ပင်သာယာရေး ၀န်ကြီးမှာ ကော်မတီဥက္ကဋ္ဌဖြစ်ပြီး အစိုးရခန့် ကော်မတီဝင် လေးဦးအနက် နှစ်ဦးမှာ အဲဒီကော်မတီရဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးရာထူး ရရှိမှာ ဖြစ်သလို ကျန်နှစ်ဦးကတော့ ကော်မတီဝင် (၄) နဲ့ (၅) အဖြစ် ရှိမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရသစ်ရဲ့ လုပ်ငန်းတွေကို စောင့်ကြည့် လေ့လာသူ တစ်ဦးက “YCDC မှာ ခန့်ထားတဲ့ ဟာတွေက တလွဲတွေ ဖြစ်နေတယ်။ အဓိကက YCDC ဟာ Weak Point ဖြစ်တယ်။ အဲဒါကြောင့် အရင်တုန်းက လူတွေကို ချန်ထား၊ အရင် အစိုးရတုန်းက လူတွေကို ဖြုတ်၊ ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ လူတွေကို မခန့်နဲ့ဦး။ တွဲသွား ခြောက်လလောက်။ တွဲသွားမယ့် ဟာကို မလုပ်ဘဲနဲ့ ဒီလို ကောက်ခန့်ပစ်လိုက်တယ်။ ပြီးတော့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေကို အကုန် ဖြုတ်ပစ်တယ်။ Data တွေရဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အဆက်အစပ်ဖြစ်မယ့် ဟာတွေ အကုန် ဖြုတ်ပစ်တယ်။ YCDC ဟာ Break Down ဖြစ်သွားတယ်” လို့ ဆိုပါတယ်။


■ ၀န်ကြီးချုပ်ရဲ့ ဒုတိယ အလွဲ

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ နောက်ထပ် စီမံခန့်ခွဲမှု အလွဲကတော့ အရင်အစိုးရ လက်ထက် ကတည်းက တည်ဆောက် ခွင့်ပြုခဲ့တဲ့ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည် စိစစ်ဖို့ မေ ၁၄ ရက်က တရားဝင် စာထုတ်ခဲ့ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းခံရတဲ့ အဆောက်အအုံ ၂၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အထဲကမှ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို အထပ်တွေ ပြန်လျှော့ခဲ့တာဖြစ်ပြီး ကမ္ဘာအေးစေတီ လမ်းပေါ်က ဆောက်လုပ်ခဲ့တဲ့ KERU အဆောက်အအုံကို ၂၉ ထပ်ကနေ ၁၇ ထပ်အထိ၊ ဖိုးစိန်လမ်းပေါ်ရှိ ဖိုးစိန်ကွန်ဒိုကို ၃၁ ထပ်ကနေ ၁၂ ထပ်အထိ၊ Golden Dragon ကွန်ဒိုကို ၁၂ ထပ်ခွဲကနေ လေးထပ်အထိ၊ Paragon Residence ကို ၂၇ ထပ်ကနေ အထပ် ၂၀ အထိ၊ အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ East Race Course အဆောက်အအုံကို အထပ် ၂၀ ကနေ ၁၆ ထပ်အထိ လျှော့ချခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ အထပ်မြင့် အဆောက်အအုံတွေကို စိစစ်နေဆဲ ဖြစ်တာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေပါ ရပ်ဆိုင်းထားရပါတယ်။ ဒီလို ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရတဲ့ အတွက် ဒီလုပ်ငန်းကို မှီခိုနေရတဲ့ လုပ်သားတွေမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး ပြန်လျှော့ခဲ့ရတဲ့ အထပ်တွေကို ကြိုပွိုင့်ဝယ်ယူမိခဲ့သူတွေ အနေနဲ့ နစ်နာမှုတွေလည်း ကြီးမားနေပါတယ်။

ဒီလို ရပ်ဆိုင်းထားရတဲ့ အထပ်မြင့် အဆောက်အအုံတွေဟာ အရင်အစိုးရ လက်ထက်က ချမှတ်ခဲ့တဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတွေကို အောင်မြင်ထားတဲ့ အဆောက်အအုံတွေဖြစ်ပြီး နိုင်ငံတော်ပိုင်မြေ မဟုတ်ဘဲ ပုဂ္ဂလိကကိုယ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံများ ဖြစ်ပါတယ်။

ဒီလို ရပ်ဆိုင်းခံရတာကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့ များစွာ နစ်နာနေသလို ဆောက်လုပ်ခွင့်ပါမစ် ကျထားပြီးသား အထပ်မြင့် အဆောက်အအုံ ၁၂ လုံးနဲ့ နှစ်လကျော် ရပ်ဆိုင်းခံထားရတဲ့ မူဝါဒ အောင်မြင်ပြီးသား အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးအပေါ် အရင်ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လည်ပြင်ဆင်ပြီး ပါမစ် ဖျက်သိမ်းခြင်း၊ စိစစ်ခြင်းနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“ယခု ရပ်ဆိုင်းထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အားလုံးသည် ယခင်ကကဲ့သို့ နိုင်ငံတော်မြေပေါ်မှာ ပန်းခြံပေါ်မှာ အများပိုင်မြေပေါ်မှာ အထူးအခွင့်အရေး ရယူပြီးတော့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ အားလုံး ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ သိရှိအောင် ပြောကြားခြင်း ဖြစ်ပါတယ်။ အခု ရပ်ဆိုင်းခံ့ရတဲ့ ၁၂ လုံးသည် မိမိကိုယ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ပိုင်မြေဖြစ်လို့ မြေတွေအားလုံးသည် နာမည်ပေါက် ရရှိပြီးမှသာလျှင် ဆောက်လုပ်ခွင့် ရရှိတာ ဖြစ်ပါတယ်။ အခွန်ကိစ္စနဲ့ ပြောမယ်ဆိုရင်လည်း နာမည်ပေါက်တစ်ခု ရရှိဖို့ဆိုတာ အခွန်မဆောင်ဘဲနဲ့ ကျွန်တော်တို့ နာမည်ပေါက် မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတော်ကို အခွန်တွေလည်း ပေးဆောင်ထားတယ်” လို့ ရပ်ဆိုင်းခံထားရတဲ့ အဆောက်အအုံတွေထဲက ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“အထပ်မြင့် တိုက်တွေနဲ့ ပတ်သက်ရင်လည်း စီးပွားရေး၊ အုပ်ချုပ်ရေး ဒါမှမဟုတ် Mindset သဘောထားက ဥပဒေနဲ့အညီ ဆိုပြီး အသစ် လုပ်ရမှာ။ ပြီးခဲ့တာတွေ ပြန်ပြင်ဆိုတာ မလုပ်ကောင်းပါဘူး။ နောက်ကြောင်း ပြန်မလှည့်ကောင်းပါဘူး။ ဒီလိုလုပ်ရင် ဇယားရှုပ်မယ်။ မနိုင်မနင်း ဖြစ်သွားမယ်” လို့ စီးပွားရေး ပညာရှင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က သူ့အမြင်ကို ပြောပါတယ်။

ဒါပေမဲ့ ဒီလို ရပ်ဆိုင်းခံထားရတဲ့ အထပ်မြင့် အဆောက်အအုံတွေမှာ အစိုးရနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့ ခရိုနီ ကုမ္ပဏီကြီးတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပါ၀င်ခြင်း မရှိပါဘူး။

“ယခု ရပ်ခိုင်းထားတဲ့ အထဲမှာ အစိုးရနဲ့ အကျိုးတူ ဆောက်တဲ့ အဆောက်အအုံတွေကျတော့ မရပ်ခိုင်းထားဘူး။ ဗိုလ်ချုပ်စျေး လဟာပြင် နေရာမှာ ဆောက်လုပ်နေတဲ့ ရွှေတောင်ကုမ္ပဏီက ဆောက်တဲ့ အထပ်မြင့်တွေ ဆိုရင် အကျိုးတူ ဆောက်တာဖြစ်လို့ ရပ်ခိုင်းတဲ့ထဲမှာ မပါဘူး” လို့ ဦးမျိုးမြင့်က ဇူလိုင် ၂၃ ရက်က ပြောကြားပါတယ်။

ဗိုလ်ချုပ်စျေး လဟာပြင် နေရာမှာ အစိုးရနဲ့ အကျိုးတူ ပူးပေါင်း ဆောက်လုပ်နေတဲ့ ရွှေတောင် ကုမ္ပဏီရဲ့ 34 Twin Tower အဆောက်အအုံဟာ ရွှေတိဂုံ စေတီတော်ရဲ့ ကန့်သတ် ဧရိယာနဲ့ အနည်းငယ် လမ်းတစ်ဖက်သာ လွတ်ကင်းတဲ့ အနေအထားဖြစ်ပြီး အကျိုးတူ ဖြစ်တာကြောင့် ရပ်ဆိုင်းခံရတဲ့ အဆောက်အအုံ စာရင်းမှာ မပါ၀င်ခဲ့သလို အရင် အများပြည်သူပိုင် သိမ်ဖြူကစားကွင်း နေရာမှာ အကျိုးတူ ဆောက်လုပ်နေတဲ့ အထပ်မြင့် အဆောက်အအုံဟာလည်း ရပ်ဆိုင်းခံရတဲ့ အထဲမှာ မပါ၀င်ဘူးလို့ သိရပါတယ်။

ဒါ့ပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေ အနေနဲ့ ဘဏ်တွေမှာ ငွေချေးယူ လုပ်ကိုင်ထားတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ယိမ်းယိုင်သွားပါက ဘဏ်တွေပါ ထိခိုက်သွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

“အစ်ကိုတို့လို ဆောက်လုပ်ရေး ကုမ္ပဏီ သေးသေးလေးတွေ တောင်ဘဏ်မှာ မြန်မာငွေကျပ် သုံးဘီလျံလောက် ချေးယူထားတယ်။ ဒေါ်လာနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ လေးသိန်းလောက် ရှိတယ်။ ဒါဘဏ်မှာပဲ ချေးထားတာနော်။ ကျန်တဲ့ ဆောက်လုပ်ရေး ပစ္စည်း အကြွေးတွေနဲ့ ဆိုရင် ဒေါ်လာ တစ်သန်းလောက် ရှိပါတယ်။ ကျန်တဲ့ ကုမ္ပဏီအကြီးတွေ ဆိုရင်တော့ မပြောတတ်တော့ဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောကြားသည်။

“တိုက်ခန်းတွေကို ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ ၀ယ်ထားကြတာတွေ ရှိတယ်။ ဘဏ်က တိုက်ခန်းဖိုးတွေကို အစ်ကိုတို့ကို ပေးချေပြီးသား။ ၀ယ်ယူသူက ဘဏ်ကို ဆက်သွင်းရမှာ။ အခုလို ဖြစ်သွားတော့ ဘာဆက်လုပ်ရမှန်း မသိဘဲ ၀ယ်ယူသူတွေကလည်း ဘဏ်ကို ပိုက်ဆံ ဆက်မသွင်းရဲတော့ဘဲ ဖြစ်နေတာ။ အဆောက်အအုံ ၁၂ လုံးမှာ ရောင်းထားတဲ့ အခန်းပေါင်း ၁၀၀၀ ကျော်လောက် ရှိတယ်” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဘိုစန်းက ပြောပါတယ်။

အရင်ကတည်းက အရောင်းအဝယ် အေးနေတဲ့ ဆောက်လုပ်ရေး စျေးကွက်မှာ အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းခံရတဲ့ အချိန်ကစလို့ စျေးကွက်လုံးဝ ပျက်သွားပြီ ဖြစ်ပါတယ်။

“နဂိုကတည်းက ဆောက်လုပ်ရေးက အေးနေတာ။ အခုစျေးကွက် လုံးဝ ပျက်သွားတယ်။ ကြိုပွိုင့် ၀ယ်ထားတဲ့ သူကလည်း ဘယ်လို ဖြစ်သွားမှာလဲ။ ဘာတွေ ဆုံးရှုံးမှာလဲ လှမ်းမေးနေကြတယ်” လို့ ဦးမျိုးမြင့်က ဆက်လက်ပြောပါတယ်။

“ဆောက်လုပ်ရေး စျေးကွက်မှာတော့ တော်တော်လေးကို ယုံကြည်မှု ပျက်သွားပါပြီ” လို့ အထပ်ပြန်လျှော့ချရတဲ့ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ဒီလို အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည်စစ်ဆေးဖို့ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ ဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီကို ဇွန် ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် ပါ၀င်ပါတယ်။

“အဲဒီထဲမှာ အာခီတက် ငါးဦး ပါတယ်။ ကျန်တာတွေသည် ရိုးရိုးလေးပဲ။ ၂၀၁၂ ခုနှစ်က Building Code တွေ၊ Zoning Law တွေ ရှိခဲ့လား။ မရှိခဲ့ဘူး။ အဲဒီတော့ အရင် ပညာရှင် ခွင့်ပြုခဲ့တာကို အခု ပညာရှင်က ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုး။ ပညာရှင်တွေ အချင်းချင်း ကြားထဲက မကျေနပ်တဲ့ ပွတ်တိုက်မှုတွေကို ကျွန်တော်တို့က ကြားထဲကနေ ခံနေရတာ။ အခု ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မြို့ကို စနစ်တကျ လုပ်ချင်တယ်။ ဒါပေမဲ့ ဘာမှ မလုပ်တတ်ဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးကလည်း ပြောပါတယ်။

လက်ရှိ အဆောက်အအုံများ စိစစ်ရေး ကိစ္စမှာ အမှန်တကယ် ထောက်ပြနိုင်တဲ့ ပညာရှင်တွေထက် အမြင်ရှိတဲ့ သူတွေကိုသာ နေရာပေး ပါ၀င်စေတာကြောင့် လွဲမှားမှုတွေ ဖြစ်နေရတာလို့ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဝေဖန် ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က “စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ကျွန်တော်တွေ့သလောက် ကျွန်တော့်ကားလေး ပွိုင့်တစ်ခုမှာ ရပ်တော့ လမ်းစရိတ်တောင်းတဲ့ မိသားစုတစ်ခု တွေ့တယ်။ သူတို့က သေချာကြည့်တော့ ပိုက်ဆံတောင်းတဲ့ သူတွေတော့ မဟုတ်ဘူး။ ဆောက်လုပ်ရေး ဆိုက်ကနေ အလုပ်မရှိလို့ ပြန်ခိုင်းတဲ့သူတွေ ဖြစ်မယ်။ အိုးတွေခွက်တွေနဲ့။ အသုံးပစ္စည်းလေးတွေနဲ့ တွေ့တော့ တော်တော်ကို စိတ်မကောင်းဘူး။ ကျွန်တော်တို့ မျက်စိရှေ့မှာတင် အထပ်မြင့် အဆောက်အအုံတွေ ရပ်လိုက်တာရယ်၊ နှစ်လလောက်အတွင်း အထပ်မြင့် အဆောက်အအုံတွေ ရပ်လိုက်လို့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်မှုတွေ များလာတာကို မြင်သွားတာပေါ့။ ဒီလူတွေက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ဖို့ များပါတယ်။ ရန်ကုန်က အလုပ်အကိုင် မပေးနိုင်တဲ့ အခါကျတော့ ပြန်ကြတာပေါ့။ အဲဒီလို မိသားစုလေး နှစ်စုကို ကျွန်တော် တွေ့တယ်။ ဒါက စီးပွားရေး အရ ပြောရရင်တော့ နည်းနည်းတော့ စိုးရိမ်ရတယ်” လို့ ဆိုပါတယ်။


■ ၀န်ကြီးချုပ်ရဲ့ တတိယ အလွဲ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တတိယ အလွဲကတော့ ကျူးကျော် ပြဿနာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်တွေကို စာရင်းကောက်ယူမှာ ဖြစ်ပြီး သူတို့ရဲ့ ဘဝ ပြန်လည် ထူထောင်ရေးအတွက် ကူညီပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

နယ်တွေမှာလည်း အလုပ်အကိုင် ရှားပါးမှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ရှိတဲ့ ဒေသခံတွေဟာ ဒေသကို စွန့်ပြီး မိသားစုလိုက် ရန်ကုန်မြို့ကို ပြောင်းရွှေ့ အခြေချ နေထိုင်မှုတွေ ရှိလာပါတယ်။ ဒီလိုနေထိုင်တဲ့ အခါမှာလည်း အိုးပိုင်အိမ်ပိုင် မရှိတဲ့အတွက် ကျူးကျော်နေရာတွေမှာ ၀င်ရောက်နေထိုင်ပြီး ရရာ အလုပ်ကို လုပ်ကိုင်ရင်းနဲ့ စားဝတ်နေရေးကို ရေကြည်ရာမြက်နုရာ ရှာဖွေ စားသောက်နေကြတာပါ။

ရန်ကုန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် စီးပွားရေးတွေ မကောင်းတဲ့အပြင် အလုပ်လက်မဲ့ များပြားနေတဲ့ အချိန်မှာ နယ်ကနေ လာရောက်တဲ့ အတွက် ကျူးကျော်သူတွေလည်း များပြားလာတာလည်း ဖြစ်ပါတယ်။

လက်ရှိ ကျူးကျော်နေသူတွေကို စာရင်းကောက်ရာမှာ ဒီဂျစ်တယ် နည်းပညာနဲ့ လက်ဗွေနဲ့ မျက်နှာတွကို မှတ်တမ်းယူပြီး တစ်ဦးချင်းစီရဲ့ နောက်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီးမှ ကျူးကျော်အစစ် ဟုတ်၊ မဟုတ် သတ်မှတ်မှာ ဖြစ်ပါတယ်။

ကျူးကျော်တွေကို စာရင်း ကောက်ယူမယ့် စီမံချက်ကို (၄၅) ရက်အတွင်း အပြီး လုပ်ဆောင်မယ် ဆိုပေမယ့် အမှန်တကယ် စီမံချက် စမယ့် အချိန်နဲ့ ပြီးဆုံးမယ့် ကာလကို ထုတ်ဖော်ပြောကြားခြင်းတော့ မရှိပါဘူး။ ကျူးကျော်တွေကို စာရင်း ကောက်ယူရင်တောင် အမှန်တကယ် ကျူးကျော်နေသူတွေအတွက် နေထိုင်ဖို့ အိမ်ရာနဲ့ အလုပ်အကိုင်တွေကို ဖော်ဆောင်မယ့် ကိစ္စကိုလည်း စိစစ်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ သိရပါတယ်။

အကြမ်းဖျင်း ကောက်ယူထားတဲ့ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု တစ်သိန်းကျော် ရှိပြီး နေထိုင်သူ ဦးရေ လေးသိန်းကျော် ရှိနေတဲ့အတွက် ဒီကျူးကျော်တွေ အားလုံးကို နေရာပြန်လည် ချထားပေးမယ် ဆိုရင် မြေနေရာတွေ အများအပြား လိုအပ်နေပြီး လက်ရှိအချိန်မှာ မြေစျေးနှုန်း ကြီးမြင့်နေတာကြောင့် ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က “ကျူးကျော် ကိစ္စကလည်း တော်တော်ကို ကျယ်ပြန့်တယ်။ ခြေခြေမြစ်မြစ် လိုက်ရမယ်။ ဘာကြောင့် ဒီလိုများ ရတယ်ဆိုတာ စဉ်းစားရမှာ။ အဲဒါကို စာရင်းကောက်မယ်ဆိုရင် စာရင်းက မျိုးစုံလွဲနိုင်တယ်။ ကျူးကျော် မဟုတ်တဲ့ သူတွေ ရပ်ကွက်တို့၊ လမ်းတို့မှာ တကယ်နေထိုင်ခဲ့သူတွေကို စာရင်းဖျောက်တာတွေ ရှိတယ်။ အကောင်းဆုံးကတော့ ရေတိုရေလတ် ရေရှည် စီမံကိန်း လုပ်သင့်တယ်” လို့ ဆိုပါတယ်။

အစိုးရ အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူတွေ လုံးဝမရှိစေဖို့ မေ ၂၆ ရက် နောက်ပိုင်းကစလို့ အသစ် ကျူးကျော်နေထိုင်သူတွေကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ လုံခြံုရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုထားပေမယ့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်မြို့မှာ ကျူးကျော် အရေအတွက် ပိုမို တိုးပွားလာခဲ့ပြီး အချို့နေရာတွေမှာ နေ့ချင်းညချင်း ဆိုသလို ကျူးကျော်တွေ ထပ်မံ ၀င်ရောက်လာခဲ့ပါတယ်။

အထူးသဖြင့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း စတဲ့ နေရာတွေမှာ ကျူးကျော်တွေ ထပ်မံ တိုးပွားလာခဲ့တာပါ။

ဒီလို ကျူးကျော်သူတွေ များပြားလာတဲ့အပြင် အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေလည်း များပြားလာခဲ့ပါတယ်။ အစိုးရသစ် လက်ထက်မှာ နေ့ခင်းကြောင်တောင် လုနှိုက်တာတွေ၊ အုပ်စုဖွဲ့ ရမ်းကားတာတွေ၊ လူမြင်ကွင်းမှာ မိုက်ကြေးခွဲတာတွေ စတဲ့ ဒုစရိုက်မှုတွေက ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ဖြစ်ပေါ်နေပါတယ်။

ဒီလို ဒုစရိုက်မှုတွေ ထူပြောလာတဲ့အတွက် ရန်ကုန်မြို့ရဲ့ တရားဥပဒေ စိုးမိုးမှုကိုလည်း စိန်ခေါ်သလို ဖြစ်နေပါတယ်။


■ ၀န်ကြီးချုပ်ရဲ့ စတုတ္ထ အလွဲ

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ခံ နယ်မြေဖြစ်တဲ့ လှည်းကူးမြို့သစ် အပါအဝင် သန်လျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်၊ ဒဂုံအရှေ့ စတဲ့ မြို့သစ် စီမံကိန်း ခြောက်ခုကို ၂၀၁၆ ခုနှစ် ကနေ ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဖို့ လျာထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ရေးဆွဲခဲ့တဲ့ “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” မှာ ဒီလို မြို့သစ်တွေ ချဲ့ထွင်ဖို့ပါ ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အထဲကမှ လှည်းကူးမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ၊ သန်လျင်မြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ၊ ဒလမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ၊ တွံတေးမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ် အထိ၊ ထန်းတပင်မြို့သစ် ဧက ၅၀၀ ကို၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ် အထိ၊ ဒဂုံအရှေ့မြို့သစ် ဧက ၅၀၀ ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အထိ အသီးသီး ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။

“ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းမှာ မြို့သစ်စီမံကိန်းတွေ ဆောင်ရွက်ဖို့ လျာထားပါတယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင်က ဆိုပါတယ်။ “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” အရ ရန်ကုန်မြို့ကို မြို့တိုးချဲ့ဖို့ ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊ သန်လျင် မြို့သစ် ၂၁၁၉၃ ဧက၊ ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနဲ့ လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားတယ်လို့ အရင်အစိုးရက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒီအထဲကမှ ရန်ကုန် အနောက်တောင်မြို့သစ် (ရန်ကုန်မြို့သစ်) စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ဖို့ အရင်အစိုးရက တင်ဒါခေါ်ယူခဲ့ပြီး သူတို့သက်တမ်း မကုန်ဆုံးမီ လပိုင်း အလိုမှာ ကုမ္ပဏီ သုံးခုကို ခွဲဝေလုပ်ကိုင်ခွင့် ချထားပေးခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ မြို့သစ် ခြောက်ခုကို ဆက်လက် အကောင်အထည်ဖော်မယ့် ပုံစံမှာ နယ်မြေတစ်ခုချင်းစီ အလိုက် ဧက ၅၀၀ လောက်သာ ကနဦး အနေနဲ့ အကောင်အထည်ဖော်မယ့် ပုံစံ ဖြစ်ပါတယ်။

ဒီအထဲက ရန်ကုန်မြို့သစ် စီမံကိန်းကို ဧက ၂၀၀၀၀ ကျော် အကောင်အထည်ဖော်မှာ ဖြစ်ပြီး ဒီစီမံကိန်းဟာ အရင်အစိုးရ လက်ထက်က လုပ်ကိုင်ခွင့် ချပေးခဲ့တဲ့ စီမံကိန်း ဖြစ်တာကြောင့် လက်ရှိ အစိုးရသစ်နဲ့ လွှတ်တော်ထံ ပြန်လည် တင်ပြမှာ ဖြစ်ပါတယ်။

အရင် ရန်ကုန်မြို့တော်ကို တိုးချဲ့ခဲ့ရာမှာ သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပတို့ကို စတင် ချဲ့ထွင်ခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာတို့ကို ထပ်မံ ချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ချဲ့ထွင်ခဲ့ပေမယ့် ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့သစ်တွေမှာ ရေ၊ မီး စတဲ့ အခြေခံ အဆောက်အအုံ ပြည့်စုံလုံလောက်မှု မရှိသေးဘူးလို့ မြို့ပြပညာရှင် အချို့က ထောက်ပြထားပါတယ်။

ရန်ကုန်မြို့မှာ လက်ရှိ လူဦးရေ ငါးသန်းကျော် နေထိုင်နေပြီး ၂၀၄၀ ပြည့်နှစ်မှာ လူဦးရေ ၁၁ သန်း နီးပါးအထိ တိုးလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

“ရန်ကုန်မြို့ပြဟာ မြို့ဟောင်းကြီး ဖြစ်ပါတယ်။ ဒီမြို့ဟောင်းကြီးကို မြို့သစ်တွေနဲ့ ၀ိုင်းရံ တည်ဆောက်တာနဲ့ မြို့ဟောင်းနဲ့ ဇုန်တွေ အတွင်းမှာ မဆောက်သင့်တဲ့ အဆောက်အအုံတွေ ပေါ်ထွန်းလာမှုက လုံခြံုရေး အရနဲ့ ကျွန်တော်တို့ မြို့ဟောင်း အင်္ဂါရပ်ကို ပျက်စီးသွားခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။ ရန်ကုန်မြို့ဟောင်း ဧရိယာကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုပါတယ်။ မြို့သစ်တွေကိုလည်း ခေတ်မီဖွံ့ဖြိုးတဲ့ မြို့သစ်တွေ ဖြစ်အောင် လုပ်သင့်ပါတယ်” လို့ မေ ၅ ရက်က မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲမှာ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

လှည်းကူးမြို့နယ် အပါအဝင် ဒေသခြောက်ခုကို မြို့သစ်စီမံကိန်း ဖော်ဆောင်မှာ ဖြစ်တဲ့အတွက် အဲဒီ ဒေသတွေက မြေစျေးနှုန်းတွေ မြင့်တက်သွားနိုင်တယ်လို့ အိမ်ရာ အကျိုးဆောင်တွေက ခန့်မှန်းထားပါတယ်။

ဒီလို မြေစျေးတက်လာရင် အရင်ဆုံး စျေးကစားမယ့် သူတွေကတော့ ခရိုနီတွေနဲ့ ပိုက်ဆံ ချမ်းသာတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီလိုသာ စျေးကစားခဲ့ရင်တော့ အရင် အစိုးရ လက်ထက်က မြို့သစ် စီမံကိန်းက မြေကွက်တွေလိုပဲ မြေစျေးတွေက အဆမတန် ကြီးထွားလာမှာ ဖြစ်ပါတယ်။

ဒီမြို့သစ် စီမံကိန်းတွေကို ဖော်ဆောင်မယ့် ကိစ္စဟာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စတုတ္ထ အလွဲပဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည် စိစစ်ဖို့ဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်နားခဲ့တဲ့အတွက် စီးပွားရေး ယိုင်လဲနေချိန်မှာ အလျင်မလိုတဲ့ မြို့သစ် စီမံကိန်းတွေကို အကောင်အထည်ဖော်မယ့် ကိစ္စဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို ဖြုန်းတီးသလို ဖြစ်နေပါတယ်။

ဒီမြို့သစ် စီမံကိန်းတွေဟာ ဘယ်သူ့အတွက် ဖော်ဆောင်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ဒီမြို့သစ် စီမံကိန်းထက် အရေးကြီးနေတာက ရပ်နားထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

ဒီဆောက်လုပ်ရေး လုပ်ငန်းအပေါ်မှာ လုပ်ကိုင် စားသောက်နေတဲ့ လုပ်သား ဦးရေနဲ့ သူတို့ အပေါ်မှာ မှီခိုနေရတဲ့ မိသားစုဦးရေဟာ ရန်ကုန်မြို့မှာ အများအပြား ရှိနေပါတယ်။ ဒီလုပ်ငန်း အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ သူတွေရဲ့ စားဝတ်နေရေးကိုလည်း ထည့်သွင်း စဉ်းစားပြီးတော့ အမြန်ဆုံး လုပ်ဆောင်နိုင်အောင် လုပ်ပေးရပါမယ်။

ဒီလိုမှ မဟုတ်ဘဲ အချိန်အကြာကြီး ဆက်ဆွဲနေဦးမယ် ဆိုရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲလာတာနဲ့အမျှ သူ့နဲ့ ဆက်စပ်နေတဲ့ ဘဏ်လုပ်ငန်းတွေ၊ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေ၊ ဘိလပ်မြေ လုပ်ငန်းတွေပါ ပြိုလဲသွားမှာ ဖြစ်သလို ဒီလုပ်ငန်းအပေါ် မှီခိုနေတဲ့ လုပ်သားတွေရဲ့ စားဝတ်နေရေးဟာလည်း ခက်ခဲလာမှာ ဖြစ်ပါတယ်။ နောက်ပြီး ကြိုပွိုင့် ၀ယ်ထားတဲ့ သူတွေရဲ့ ငွေကြေးဆုံးရှုံးမှုတွေကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။

“ဆောက်လုပ်ရေးလောက တစ်ခုလုံး ယိမ်းယိုင်သွားရင် နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ Impact၊ လှိုင်းလုံး ကြီးတယ်။ ဒီတစ်လှိုင်းတည်းနဲ့ မရပ်ပါဘူး။ နောက်က လှိုင်းတွေက ဆင့်သွားပါတယ်။ အဲဒါတွေကို စိုးရိမ်လို့ ကျွန်တော်တို့ အသနားခံ တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တော့ နိုင်ငံရေးအရ မပြောလိုပေမယ့် လုပ်ရပ်ကတော့ နောက်ကြောင်းပြန်တဲ့ သဘောမျိုး ဆန်ပါတယ်။ လက်ရှိ ဒီညွှန်ကြားချက် အတိုင်းတော့ လိုက်နာမှာ မဟုတ်ပါဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောပါတယ်။

ဒါကြောင့် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ အခြေခံ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံးပြန်လည် လုပ်ဆောင်ခွင့် ပေးမှာလား၊ ဒါမှမဟုတ် ခရိုနီတွေရဲ့ မြေစျေးကစားမှုကိုပဲ အားပေးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


■ ပဥ္စမမြောက် အလွဲ

ရန်ကုန်မြို့မှာ လက်ရှိ အချိန်အထိ ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတစ်ခုကတော့ ယာဉ်ကြော ပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ အရင် အစိုးရ လက်ထက်က ခုံးကျော်တံတားတွေ ဘယ်လောက်ပဲ ဆောက်ခဲ့ပေမယ့် လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုကတော့ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဒီလို ယာဉ်ကြောကျပ်တည်းမှုကို အခု အစိုးရသစ် လက်ထက်မှာလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ အစိုးရသစ် လက်ထက်မှာ ထူးခြားတာတစ်ခု အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ အဖွဲ့က ဥပဒေ ရေးဆွဲနေပြီး ဥပဒေ ထွက်ပေါ်လာပါက မထသ အဖွဲ့ကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့အတွက် မထသ လက်အောက်မှာ ရှိနေတဲ့ ယာဉ်လိုင်းတွေကို လျှော့ချဖို့ လုပ်နေပါတယ်။

“အခုဟာက လိုင်းတွေ ရှိတယ်။ ကားမရှိဘူးဆိုတဲ့ ဟာတွေ ရှိတယ်။ တချို့ကျတော့လည်း တစ်စီးနှစ်စီးပဲ ရှိလို့ ပေါင်းခိုင်းလိုက်တယ်။ အဲဒါက အဖြေထွက်လာမယ်။ ပထမဦးဆုံး အဆင့်ကတော့ ၂၅ လိုင်းလျှော့ဖို့ပေါ့။ နောက်တစ်ပတ်လောက်ဆို ကြေညာမယ်” လို့ ဇူလိုင် ၂၂ ရက် က မထသ(ဗဟို) ရုံးချုပ်မှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် လုပ်အားယှဉ်ပြိုင်ဆု၊ ပညာရည်ချွန်ဆု ချီးမြင့်ပွဲနှင့် ပညာသင် ထောက်ပံ့စရိတ် ပေးအပ်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

ဒါ့ပြင် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို အစိုးရရဲ့ မတည် ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိကရဲ့ ရင်းနှီးငွေ ကျပ် ၁၅ ဘီလျံနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပုဂ္ဂလိကရဲ့ ရင်းနှီးငွေကျပ် ၁၅ ဘီလျံအတွက် ရှယ်ယာတွေကို နိုဝင်ဘာ ၃ ရက်ကနေ စတင်ကာ ရှယ်ယာ တစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ရောင်းချခဲ့ရာမှာ ဒီဇင်ဘာ ပထမပတ်အထိ ရှယ်ယာ သိန်း ၆၀၀၀ ကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ရန်ကုန် ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေထဲကမှ ကုမ္ပဏီ တည်ထောင်သူတွေအဖြစ် ပါ၀င်ခွင့်ရတဲ့ ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နဲ့ Fish and Marine 2000 ကုမ္ပဏီတွေက ရှယ်ယာ ရှစ်ရာခိုင်နှုန်းစီ ၀ယ်ယူခွင့် ရရှိခဲ့တဲ့အတွက် ရှယ်ယာ ၁၅ ဘီလျံရဲ့ ရာခိုင်နှုန်း ၄၀ ကို ၀ယ်ယူခွင့် ရရှိခဲ့ပြီး ကျန်တဲ့ ရှယ်ယာတွေကို အများပြည်သူထံ ထုတ်ရောင်းတာလို့ သိရပါတယ်။

“ကျွန်တော်တို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲမှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလို လုပ်တဲ့ အခါမှာ အများပြည်သူ အခက်အခဲ သိထားဖို့လည်း လိုတာကြောင့် အခုကားပေါ်က ခရီးသည်တွေအသံ နားထောင်ကြည့်ပါတယ်။ ဒီအချိန်က တကယ့် ယာဉ်အကျပ်ဆုံး အချိန်ပါပဲ။ အများပြည်သူ ဘယ်လို ရင်ဆိုင်နေရလဲ၊ ဘယ်လို အခက်အခဲ ရှိလဲဆိုတဲ့ ဒီအခြေအနေတွေကို ကျွန်တော်တို့ သိမှ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဇူလိုင် ၁၆ ရက်က ရှစ်မိုင်ကနေ တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့အထိ BRT-Lite ဘတ်စ်ကား စီးနင်းရာမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။

YBPC ကို အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ အများပြည်သူပါ၀င်မှု ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ ထူထောင်ထားတာဖြစ်ပြီး လက်ရှိ အချိန်မှာ ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၅ ဘီလျံကျော်နဲ့ လည်ပတ်နေတာပါ။

ရန်ကုန်မြို့ရဲ့ ပထမဆုံး BRT-Lite ယာဉ်လိုင်းကို ဖေဖော်ဝါရီ ရ ရက်က ယာဉ် ၁၅ စီးနဲ့ စတင်ပြေးဆွဲခဲ့ပြီး လက်ရှိမှာတော့ ယာဉ်စီးရေ ၄၅ စီးနဲ့ လမ်းကြောင်းနှစ်ကြောင်းခွဲ ပြေးဆွဲနေတာ ဖြစ်ပါတယ်။

ခရီးသွား အချို့ရဲ့ စည်းကမ်း မရှိမှုကြောင့် ယာဉ်စီးခငွေ အပြည့်အဝ မရရှိတာအပြင် ဘတ်စ်ကားမှတ်တိုင် အချို့ ဖျက်ဆီးခံရတဲ့အတွက် ဆုံးရှုံး နစ်နာမှုများ ရှိနေပါတယ်။

ယာဉ်လိုင်းရဲ့ တတိယမြောက် လမ်းကြောင်း အသစ်ကို ထပ်မံပြေးဆွဲဖို့ ပြင်ဆင်နေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ အလားတူ အများပိုင်ယာဉ်လိုင်း အသစ်တွေ ရန်ကုန်မြို့အတွင်း ထပ်မံ ထွက်ပေါ်လာဖို့လည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဘာကြောင့်လဲဆို တစ်ဦးတစ်ယောက်ချင်း ပိုင်ဆိုင်နေတဲ့ ယာဉ်လိုင်းတွေဟာ အရှုံးပေါ်နိုင်တဲ့ ယာဉ်လိုင်းကို ပြေးဆွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က အစုအဖွဲ့ ဖွဲ့စည်းပြီး ကုမ္ပဏီပုံစံကို ပြောင်းလဲဖို့ တိုက်တွန်းချင်တာ ဖြစ်ပါတယ်။ ကုမ္ပဏီပုံစံကို ပြောင်းလဲတဲ့ နေရာမှာလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိပါတယ်။ ဘာကြောင့်လဲဆို ကုမ္ပဏီ တစ်ခုကို ပြောင်းလဲလိုက်တဲ့ အခြေအနေတိုင်းမှာ သူဋ္ဌေးတွေကပဲ ကြီးစိုးနေတာလားလို့ မေးခွန်းထုတ်စရာမျိုး ပေါ်လာတတ်ပါတယ်။ ဒါကြောင့်မို့ သူဋ္ဌေးတွေချည်း ကြီးစိုးနေတဲ့ အခြေအနေ မဟုတ်ဘဲ ပန်းတိုင်ကတော့ အများပြည်သူ ပါ၀င်နိုင်တဲ့ အများပိုင် ကုမ္ပဏီများ ဖြစ်ရေးအတွက်ပါ” လို့ ဇူလိုင် ၂၂ ရက်က မထသ (ဗဟို) ရုံးချုပ်မှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် လုပ်အား ယှဉ်ပြိုင်ဆု၊ ပညာရည်ချွန်ဆု ချီးမြင့်ပွဲနှင့် ပညာသင် ထောက်ပံ့စရိတ် ပေးအပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ BRT စနစ်ကို အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ BRT နဲ့ ပတ်သက်ရင် ယေဘုယျ အနေနဲ့ ဒီအချက်တွေ ပါရှိရမှာ ဖြစ်ပါတယ်။ ပထမအချက် အနေနဲ့ BRT ဘတ်စ်ကားတွေ အတွက် သီးသန့်လမ်းကြောင်း (dedicated lane) ရှိရမှာ ဖြစ်ပြီး လမ်းတစ်လျှောက် အခြားကားတွေ ၀င်ရောက်ခွင့် မရှိရပါဘူး။ ဒုတိယ အချက်က ပြေးဆွဲမယ့် ဘတ်စ်ကားတွေ တည်ဆောက်ပုံနဲ့ သွင်ပြင်လက္ခဏာ တူညီပါတယ်။ တတိယ အချက်က ICT နည်းပညာသုံးပြီး ကားလာမယ့်အချိန်၊ ရောက်ရှိမယ့် မှတ်တိုင် စတဲ့ ကားမှတ်တိုင်တွေမှာ LED ဘုတ်တွေနဲ့ ဖော်ပြသလို ကားတိုင်းမှာလည်း ဖော်ပြရမှာ ဖြစ်ပါတယ်။ စတုတ္ထအချက် အနေနဲ့ station တွေ သီးသန့်ဆောက်လုပ်ရမှာ ဖြစ်ပြီး electronic ticketing system လည်း ရှိရမှာဖြစ်ပြီး ပဥ္စမအချက် အနေနဲ့ကတော့ BRT လိုင်းကို အခြားသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် bus terminal တွေပါ ပါရှိရမှာ ဖြစ်ပါတယ်။

ဒီအချက်တွေက BRT စနစ် ဖော်ဆောင်တဲ့ အခါမှာ မပါမဖြစ် ပါရှိရမယ့် ယေဘုယျ အချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြေးဆွဲနေပြီဖြစ်တဲ့ BRT စနစ်ကို ယေဘုယျ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မယ် ဆိုရင် ပထမအချက် ဖြစ်တဲ့ “BRT ဘတ်စ်ကားတွေအတွက် သီးသန့်လမ်းကြောင်း (dedicated lane) ရှိရမှာ ဖြစ်ပြီး လမ်းတစ်လျှောက် အခြားကားတွေ ၀င်ရောက်ခွင့် မရှိရပါဘူး” ဆိုတဲ့ အချက်နဲ့တင် ရန်ကုန်မြို့မှာ BRT စနစ်နဲ့ ဆွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ BRT စနစ်ကို ဆက်လက် အကောင်အထည် ဖော်မယ်ဆိုရင် ပြည်သူ အတွက်လား၊ ခရိုနီ အတွက်လား ဆိုတာကို ပြန်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေထဲကမှ ကုမ္ပဏီတည်ထောင်သူတွေအဖြစ် ပါ၀င်ခွင့်ရတဲ့ ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နဲ့ Fish and Marine 2000 ကုမ္ပဏီတွေဟာဆိုရင် ခရိုနီ ကုမ္ပဏီတွေ ဖြစ်နေလို့ပါပဲ။

အရင်တစ်ခါကလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို SKY NET စလောင်းတွေ ယူလိုသူရှိရင် ပေးဖို့ စာရင်းတွေ လိုက်ကောက်တဲ့ ဖြစ်စဉ်မျိုး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရှိခဲ့ဖူးပါတယ်။

ဒါဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ခွင့်ပြုလို့ SKY NET က စာရင်းလိုက်ကောက်သလား ဆိုတဲ့ အနေအထားမျိုးကိုလည်း ပြည်သူတွေ ကြားမှာ အတွေးပွားစရာ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ BRT ပြေးဆွဲမှုက ၀န်ထမ်းစရိတ် ကာမိရုံလောက်ပဲ ရရှိပြီး ပြေးဆွဲရာမှာ အသုံးပြုတဲ့ Scania ကားတွေကလည်း တစ်စီးကို သိန်းထောင်နဲ့ချီ ရှိနေတာကြောင့် BRT ပြေးဆွဲတဲ့ ကိစ္စက ကားတင်သွင်းခွင့် ရထားတဲ့ ခရိုနီ ကုမ္ပဏီတွေ အကျိုးအတွက်ပဲ ဖြစ်နေလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။

“လက်ရှိ BRT က ၀န်ထမ်း စရိတ်လောက်ပဲ ရတယ်လို့ သိရတယ်။ BRT ကားတစ်စီးက အားလုံး စရိတ်နုတ်ပြီး ခြောက်သောင်းလောက်ပဲ ကျန်တာ။ သူတို့ သုံးထားတဲ့ ကားတွေကလည်း စျေးကြီးတယ်။ အဲဒီကားတွေ သွင်းဖို့အတွက် အရင်အစိုးရ လက်ထက် ကတည်းက ကုမ္ပဏီ ငါးခုလောက်နဲ့ စာချုပ် ချုပ်ထားပြီး အခုထိ သွင်းနေတာ။ ဘယ်ကုမ္ပဏီ ဆိုတာတော့ အတိအကျ မသိပါဘူး” လို့ မထသနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။


■ ဘယ်သူ့မှာ တာဝန်ရှိလဲ

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီပွားရေးမြို့တော် ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ စီးပွားရေး ပြိုလဲခဲ့ရင် မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးဟာလည်း ပြိုလဲသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ရန်ကုန်မြို့ကို အုပ်ချုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဆိုတာကလည်း ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအစိုးရ အဖွဲ့ကို ပြည်သူလူထုက ဘာလို့ ရွေးချယ်ခဲ့ကြပါသလဲ။

NLD အစိုးရရဲ့ ရွေးကောက်ပွဲတုန်းက “ပြောင်းလဲချိန် တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ နိမ့်ကျနေတဲ့ ဘဝတွေ ပြောင်းလဲချင်တဲ့အတွက် NLD အစိုးရသစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ NLD အစိုးရရဲ့ အစိုးရသက်တမ်း သုံးလကျော် လေးလ အတွင်းမှာတော့ ပြည်သူတွေရဲ့ ဘဝတွေက ပြောင်းလဲမှုတွေကို မခံစားရသေးပါဘူး။

လက်ရှိ အချိန်အထိလည်း ရန်ကုန်မြို့ရှိ ပြည်သူတွေ အနေနဲ့ အရင်အစိုးရ အဆက်ဆက်က ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ခံစားနေရဆဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ အခြေခံ ပြည်သူတွေ နေ့စဉ် သွားလာနေရတဲ့ ယာဉ်ကြော ကျပ်တည်းမှုတွေကို မဖြေရှင်းပေးနိုင်သေးပါဘူး။ လျှပ်စစ်မီးတွေကိုလည်း အပြည့်အဝ မပေးနိုင်သေးပါဘူး။ ကုန်စျေးနှုန်းကလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ မိုးတွင်းဆို ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုတွေက ဖြစ်နေဆဲပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာတာကိုလည်း မတွေ့ရသေးပါဘူး။ ၀င်ငွေထွက်ငွေ မျှတအောင် လုပ်ပေးနိုင်တာလည်း မရှိသေးပါဘူး။

ရန်ကုန်တိုင်း အစိုးရသစ်ရဲ့ သက်တမ်း သုံးလကျော် လေးလအတွင်းမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ရသေးပေမယ့် ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်နေတာကိုတော့ တွေ့နေရပါတယ်။

ဒီလို ပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ရှေ့ကပြောခဲ့တဲ့ အလွဲတွေကို ပြန်လည် ဆန်းစစ်စေချင်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ ဒီအတိုင်း ဆက်လက်လုပ်ဆောင်မယ် ဆိုရင် စီမံခန့်ခွဲမှု အလွဲတစ်ခုကြောင့် ရန်ကုန်မြို့ရဲ့ စီးပွားရေး ပြိုလဲခဲ့မယ် ဆိုရင်တော့ ပေးဆပ်မှုက မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ပြိုလဲမှု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ စီပွားရေး တစ်ခုလုံး ကမောက်ကမ အခြေအနေတွေနဲ့ ပြိုလဲသွားခဲ့မယ် ဆိုရင်တော့ ပြည်သူတွေ ထိုးလာမယ့် လက်ညှိုးတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ ခံယူရလိမ့်မယ် ဆိုတာ အဓိက တာဝန်ရှိသူဖြစ်တဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။

Written by: သတင်းအယ်ဒီတာအဖွဲ့