Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 29, 2016

Made in Myanmar ဟာလီဒဗစ္ဆင္ ဆိုင္ကယ္

မႏၲေလးတိုင္း သပိတ္က်င္းျမိဳ့
ျငိမ္းခ်မ္းေအာင္ စက္မွဴ လက္မွဴ
လုပ္ငန္း က ျပဳလုပ္တပ္ဆင္ထားပါတယ္
ေရာင္းမည္ ၇၅၀ ၀၀၀ က်ပ္ ဟုသိရသည္
မွတ္ခ်က္###
Made in Myanmar
T B K N
အင္ဂ်င္ . . .တရုတ္ 150 ကလပ္ဘီးပါ
တာယာ. . .ေနာက္ 145 R. 12
ကားေလး တာယာ
ေရွ့တာယာ. . .CZI 2.50.17
ေရွ့ေနာက္, . . ဒစ္ ဘရိတ္ ျဖစ္ပါတယ္။
ေဘာင္. . .သပိတ္က်င္းတြင္ျပဳလုပ္ထားသည္။
ဝယ္ယူခ်င္သူမ်ား ေမးနိုင္ပါတယ္
ဆိုင္ကယ္ျကည့္ခ်င္ရင္ သပိတ္က်င္းျမိဳ့လာျကည့္ပါ။
ျပည္တြင္း တြင္တပ္ဆင္ျပဳလုပ္ထားသည္
https://www.facebook.com/kyaw.myanmar.982/posts/236024303408837





တစ္ေယာက္တည္းပါပဲလို႕ေျပာလာတဲ့ ရဲေလး က ရည္းစားေနာက္ထပ္ မထားေတာ့ဘူးလို႕ ဖြင့္ဟ


ခင္ေဆြသက္

ေလွ်ာက္လွမ္းေနတဲ့ အႏုပညာသက္တမ္းနဲ႕ဂီတသက္တမ္းက ၁၂ ႏွစ္နီးပါးရွိေနၿပီလို႕ေျပာျပလာတဲ့ ရဲေလးက အိမ္ေထာင္က်သြားတဲ့အတြက္ ၂ ႏွစ္နီးပါးေလာက္ အႏုပညာေလာက နဲ႕အဆက္ျပတ္သြားေပမယ့္ ျပန္လည္ေရာက္ရွိလာတဲ့ အခ်ိန္မွာလဲ အခ်ိန္အရမ္းမေပးရပဲနဲ႕ အလြယ္တကူ အသားက်သြားျပန္ပါတယ္။ ရဲေလးရဲ႕ အိမ္ေထာင္ေရးအေၾကာင္းနဲ႕ အႏုပညာေရးရာအေၾကာင္းမ်ားကို ခုလို ေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိရုိက္ေနတဲ့ ကားေလးအေၾကာင္းကုိ အရင္ေျပာျပေပးပါဦး။

အခုရုိက္ေနတဲ့ကားေလးက လက္ရွိ Current ျဖစ္ေနတဲ့ စႏႈိက္တဲ့ ကိစၥေလးေတြကို ပညာေပးအေနနဲ႕ေရာ ဖန္စီအေနနဲ႕ေရာ ရုိက္ေနတယ္။ ေပါ့ေပါ့ပါးပါးေလးပါ။ သိပ္အၾကီးၾကီးေတာ့ မလုပ္ရဘူး။ ပံုမွန္ေလးပါပဲ။ ကၽြန္ေတာ္ကေတာ့ စႏႈိက္ King ေပါ့။ စိုးနႏၵာေက်ာ္ကလဲ စႏႈိက္ေက်ာ္မေလးေပါ့။ တကယ္ေတာ့ ပ်င္းလို႕ ေပ်ာ္ေအာင္လိုက္ေပြးေနတဲ့ သေဘာမ်ိဳးေပါ့။ ႏွစ္ေယာက္စလံုးကလဲ လူၾကီးလူေကာင္းသားသမီးေတြ၊ သူတုိ႕ကုိ သူတို႕မွားမွန္းသိတဲ့အခ်ိန္ သူတို႕ကုိသူတုိ႕ တကယ္ကိုတစ္ေယာက္နဲ႕တစ္ေယာက္ေတြ႕သြားတဲ့အခ်ိန္မွာ သူတုိ႕လုပ္တာေတြဟာ မေကာင္းေတာ့ဘူးဆိုတာကိုသိၿပီး ဆက္မလုပ္ေတာ့တဲ့ အခ်ိန္မွာ ႏွစ္ေယာက္စလံုးက တကယ္ခ်စ္သြားၾကတယ္ေပါ့။ ဒါရုိက္တာကေက်ာ္ႏွင္းဆီပါ။ နာမည္ကေတာ့ အတိအက်မေရြးရေသးဘူး။

-ဒါၿပီးရင္ဘာေတြလက္ခံထားတာရွိဦးမလဲ။

မီဒီယာ 7 နဲ႕ဇာတ္လမ္းတြဲရုိက္ဖို႕ရွိတယ္။ အခုဒီမွာရိုက္ရတာလဲ အဆင္ေျပေတာ့ သူတုိ႕ကလဲ ဇာတ္လမ္းေလးေတြရွာထားတယ္ေျပာတယ္။ အဲ့ဒါေၾကာင့္ဆက္ရုိက္ျဖစ္မွာပါ။

-ဂီတပိုင္းနဲ႕ပတ္သက္ၿပီးေတာ့ေရာ ဘာေတြလႈပ္ရွားျဖစ္မလဲ။

ဂီတပိုင္းကေတာ့ ပံုမွန္ေလးပါပဲ။ သီခ်င္းအသစ္ေတြကုိေရးေနတယ္။ ေနာက္ၿပီး ထက္ယံအေခြထဲမွာလဲ Featuring ၀င္ဆိုေပးထားတယ္။ ေနာက္မတ္လထဲမွာ ထြက္မဲ့ ပိုပုိရဲ႕ သၾကၤန္ဆုေတာင္းအေခြထဲမွာလဲ ဇာတ္လမ္းတုိေလးကို ၀င္သရုပ္ေဆာင္ေပးထားတယ္။ အဆိုေတာ့ မပါပါဘူး။ တစ္နာရီမျပည့္တစ္ျပည့္စာ အတိုေလးေပါ့။ သူကလဲ အရမ္းေပါ့ပါးတယ္။ ဖန္စီေလးပါပဲ။ သၾကၤန္အေငြ႕အသက္ေလးေတြလဲ ပါတယ္။ အခုေနာက္ပုိင္းေသခ်ာတာတစ္ခုက ဇာတ္ကားေတြ ခပ္စိတ္စိတ္နဲ႕ရုိက္ျဖစ္သြားမယ္။ အမ်ားၾကီးလဲ လက္ခံလို႕မရဘူး။ တစ္လကို တစ္ကားႏႈန္းပဲျဖစ္ျဖစ္၊ ႏွစ္ကားႏႈန္းပဲျဖစ္ျဖစ္ အဲ့ဒီလိုေလးေတာ့ သတ္မွတ္ထားမယ္။ သီခ်င္းအတြက္ေရာ၊ အျခားဟာေတြ အတြက္ေရာ အခ်ိန္ေပးေနရတာျဖစ္တဲ့ အတြက္ေၾကာင့္ေလ။

-သီခ်င္းတစ္ပုဒ္ကုိ ဖန္တီးတဲ့အခါမွာေရာ ဘယ္လိုအသက္သြင္းေလ့ရွိလဲ။

ေျပာရရင္ စိတ္ကူးယဥ္ဆန္တဲ့ အႏုပညာသမားေတြျဖစ္တဲ့အတြက္ အျမဲတမ္းစိတ္ကူးယဥ္ဆန္ဆန္ေလးေတြးတယ္။ ျဖစ္ႏုိင္တာေတြကုိလဲေတြးတယ္။ မျဖစ္ႏုိင္တာေတြကိုလဲေတြးတယ္။ အဲ့ဒီလိုေတြးၿပီး Mood ထည့္ၿပီးေရးတာမ်ားတယ္။ အဲ့ဒါေၾကာင့္ေျပာရရင္စိတ္ႏုတာေပါ့။ သစ္ရြက္ေၾကြတာကို သစ္ရြက္ေၾကြတာလို႕မေရးပဲ အလြမ္းေတြေျမမွာခတယ္ဘာညာေပါ့။ အဲ့ဒီလိုေလးေတြေရးတယ္။ ကဗ်ာေတြလဲေရးတဲ့အတြက္ ကဗ်ာဆရာရဲ႕အေတြးေတြလဲ ပါတယ္။ ဥပမာ သိပၸံဇာတ္လမ္းေတြ၊ ေမွာ္ကားေတြကို မရွိတာေတြကို အရွိလုပ္ၿပီးေရးရတာမ်ိဳးေပါ့။ တခ်ိဳ႕စိတ္ကူးယဥ္ဆန္မႈေတြက လူေတြရဲ႕စိတ္မွာ တကယ္ျဖစ္လာတာမ်ိဳးေတြလဲ ရွိလာႏုိင္တာေပါ့ေနာ္။

-အဲ့ဒါဆုိ အျပင္မွာေရာ အစ္ကုိက စိတ္ကူးယဥ္ဆန္တဲ့သူလား။ လက္ေတြ႕ဆန္တဲ့သူလား။

ကၽြန္ေတာ္က အႏုပညာနဲ႕ပတ္သက္ရင္ပဲစိတ္ကူးယဥ္ဆန္တာ၊ အျပင္မွာေတာ့ လက္ေတြ႕ဆန္တဲ့သူပါ။ လက္ေတြ႕ကိုပဲရင္ဆုိင္တယ္။ ကၽြန္ေတာ္က လက္ေတြ႕သမားစိတ္ကူးယဥ္ဆန္တာက ဇာတ္လမ္းစဥ္းစားတဲ့အခ်ိန္၊ သီခ်င္းေရးတဲ့ အခ်ိန္မွာပဲ စိတ္ကူးယဥ္ဆန္တာ ပရိသတ္ၾကိဳက္မဲ့စကားလံုးေလးေတြကိုေရြးတာ၊ လြင့္ပ်ံေနတဲ့ စိတ္ကူးစိတ္သန္းေလးေတြကိုဖမ္းဆုပ္ရတာေပါ့။ ကၽြန္ေတာ္က အေျပာထက္အျပင္မွာလက္ေတြ႕လုပ္တယ္။ အလုပ္နဲ႕ပဲ သက္ေသျပတယ္။ မျဖစ္ႏုိင္တာၾကီးကုိလဲ မေျပာဘူး။ ျဖစ္ေတာ့မယ္ဆုိေတာ့မွ ၾကိဳေျပာတာမ်ားတယ္။

-ဂီတသက္တမ္းေရာ ဘယ္ေလာက္ရွိသြားၿပီလဲ။

၁၂ ႏွစ္ေက်ာ္ၿပီ။ အခုေနာက္ပုိင္း အရင္ကထက္ပိုၾကိဳးစားမယ္။ ႏုိင္ငံရဲ႕စီးပြားေရး ၊ ႏုိင္ငံရဲ႕ေစ်းကြက္က ေျပာင္းသြားၿပီဆိုေတာ့ အဲ့ဒီေစ်းကြက္ကိုၾကည့္ၿပီး အေကာင္းဆံုးၾကိဳးစားသြားမယ္။ ပရိသတ္နဲ႕ အဆက္အသြယ္ျပတ္သြားတာ ကေတာ့ ၂ႏွစ္ေလာက္ေပါ့။ အဲ့ဒါကလဲ ပရိသတ္ေတြျပန္ေျပာျပလို႕သိတာပါ။ ကၽြန္ေတာ့စိတ္ထဲမွာေတာ့ ၆လေလာက္လုိ႕ပဲ ထင္မိတယ္။ ေတြ႕ေတာ့ သူတို႕ေျပာမွ ေၾသာ္အဲ့ဒီေလာက္ေတာင္ၾကာသြားလားေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္ျပန္ၾကိဳးစားေတာ့လဲ ကၽြန္ေတာ့အတြက္ အခ်ိန္အရမ္းမေပးရဘူး။ သူ႕ဟာနဲ႕သူ အသားျပန္က်သြားတယ္။ ဒီ ၂၀၁၆ ထဲမွာလဲ ပံုမွန္လိုျဖစ္သြားတယ္။ အရင္တုန္းကလို ရိႈးျပန္ဆုိ၊ အျငိမ့္ျပန္က၊ ဇာတ္ကားေတြရုိက္နဲ႕ပဲျဖတ္သန္းျဖစ္မွာပါ။

-ႏွင္းဆီနဲ႕ၾသစေၾတးလ် ခရီးစဥ္လိုက္မသြားတာကေရာဘာလို႕မ်ားလဲ။

အဲ့ဒါက ရန္ကုန္မွာ Myanmar Idol Program မၿပီးမခ်င္း ရိုက္ေနရတဲ့အတြက္ ဘယ္မွမသြားျဖစ္တာပါ။ ေနာက္ပြဲေတြေတာ့ လုိက္ျဖစ္မွာပါ။

-Myanmar Idol Program မွာေရာ ဘယ္လုိပါ၀င္ျဖစ္သြားတာလဲ။

ဒါကေတာ့ MNTV ကအစ္ကုိေတြ အစ္မေတြအားလံုးက အႏုပညာရွင္အမ်ားၾကီးထဲမွာမွ ကၽြန္ေတာ္တို႕သံုးေယာက္ကုိေရြးခ်ယ္လိုက္တာေပါ့။ အဲ့ဒါကေတာ့ ရူးေၾကာင္မူးေၾကာင္နဲ႕ပါသြားတာေပါ့။ ကိုယ့္ကိုကုိယ္ အဲ့ဒီလိုလုပ္ရမယ္လို႕လဲ မထင္ထားဘူး။ လာေျပာတုန္းကလဲ တကယ္အံ့ၾသတယ္။ ဒါေပမဲ့ တကယ္လုပ္ျဖစ္သြားတယ္။ ဒါကတကယ္လဲစိန္ေခၚမႈတစ္ခုပါပဲ။ ႏုိင္ငံျခားသားေတြနဲ႕လဲ ဒီလိုအႏုပညာ Program သစ္ေတြကို တြဲလုပ္ရတယ္။ အရမ္းလဲေအာင္ျမင္သလုိ အရမ္းလဲ ပင္ပန္းတယ္။ အရမ္းလဲ အေျပာခံရတယ္။ ဒါေပမဲ့ျပသနာမရွိဘူး။ ျမန္မာျပည္ကုိ ဟမ္ဘာဂါဆိုတဲ့ အစားအေသာက္စေရာက္တုန္းက ဒါကို စားရေကာင္းမွန္း မသိခဲ့ဘူး။ ေနာက္က်ေတာ့လဲ ဆုိင္တိုင္းဆိုင္တိုင္းက ဟမ္ဘာဂါနဲ႕ Snack ဆိုင္ေတြၾကီးပဲျဖစ္တဲ့အေျခအေနထိေရာက္သြားတယ္ေလ။ ဒါကဥပမာေပးတာေပါ့။ ဘယ္အႏုပညာတင္ဆက္မႈ အသစ္ကိုပဲ လုပ္လုပ္စစခ်င္းမွာ အေျပာခံရတယ္။ အတိုက္အခုိက္ခံရတယ္။ ေ၀ဖန္ခံရတယ္။ ဒါေပမဲ့ေနာက္ဆံုးေတာ့ ေအာင္ျမင္သြားတာပါပဲ။

-အဆုိေတာ္အသစ္ေတြနဲ႕သီခ်င္းေတြတြဲလုပ္ထားတာလဲေတြ႕ရတယ္။ သူတုိ႕အေပၚအျမင္ေလးကိုလဲသိခ်င္ပါတယ္။

ဟုိတေလာက ထက္ယံနဲ႕ေတာ့ သီခ်င္းတြဲလုပ္ျဖစ္တယ္။ အဲ့ဒီသီခ်င္းေလးကိုလဲၾကိဳက္ၾကပါတယ္။ ကၽြန္ေတာ္တို႕လဲအရင္တုန္းက အသစ္ပဲေလ။ အေဟာင္းကိုမွီၿပီးလက္တြဲၿပီး တက္ရတာပဲေလ။ သူတို႕လဲအဲ့ဒီလိုပဲေပါ့။ အေထြအထူးေတာ့ မရွိပါဘူး။ အဓိကကေတာ့ လူေတြမ်ားလာေလေလ ကၽြန္ေတာ္တို႕ပိုၿပီးၾကိဳးစားဖို႕ေကာင္းေလေလပုိၿပီး ကြဲထြက္ေလေလပဲေပါ့။ ကြဲထြက္ေလေလဆိုတာ ကာလာ အသိအသာၾကီးျဖစ္တာေပါ့။ ေနာက္ပိုင္းလူငယ္ေတြလဲ သူ႕ဟာနဲ႕သူေတာ့ၾကိဳးစားၾကပါတယ္။ ဒါေပမဲ့ ၁၀၀၀ ေလာက္လုပ္မွ ၁၀ ေလာက္ထြက္တာဆိုေတာ့ အရည္အခ်င္းရွိတဲ့သူ၊ တကယ္ၾကိဳးစားတဲ့သူ၊ တကယ္ အသိုင္းအ၀ိုင္းဆန္႕တဲ့သူကေတာ့ ထြက္လာမွာပဲ။ အေရအတြက္နည္းနည္းနဲ႕အရည္အခ်င္းရွိတဲ့သူေတြ ထြက္ေပၚလာလိ့မ္မယ္လုိ႕ ထင္ပါတယ္။ ကၽြန္ေတာ့မ်က္လံုးထဲမွာေတာ့ အားလံုးနဲ႕အဆင္ေျပတယ္။ ကၽြန္ေတာ္ကေတာ့ ၾကားထဲကလူဆိုေတာ့ အားလံုးနဲ႕အဆင္ေျပေအာင္ေနပါတယ္။ အဓိကကေတာ့ အျပိဳင္အဆိုင္ရွိမွ တိုးတက္တာဆိုေတာ့ ကၽြန္ေတာ္တို႕ကေတာ့ ျပိဳင္ပါတယ္။ အကုန္လံုးကုိျပိဳင္တယ္။ အလုပ္ခ်ိန္မဟုတ္တဲ့ အခ်ိန္က်ရင္လဲ အကုန္လံုးကို ရင္းရင္းႏွီးႏွီး bro လိုေပါင္းတယ္။ ခင္လဲခင္တတ္တယ္။ အငယ္ေတြကို ေကာင္းတာေတြလဲေျပာေပးသလိုဆိုးတာေတြလဲ သင္ျပေပးပါတယ္။ ကၽြန္ေတာ္တို႕လဲအၾကီးေတြဆီက ဒီလိုပဲသင္ယူခဲ့ရတာပဲ။ အဲ့ဒီလိုနဲ႕ပဲ သြားပါတယ္။ အခုဆို အလုပ္ကုိေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕လုပ္တယ္။ လူက စိတ္ညစ္ခံလို႕မရဘူး။ အလုပ္မွာ စိတ္ညစ္ရင္ အေႏွာင့္အယွက္ျဖစ္တယ္။ ေပ်ာ္စရာေတြေတြးၿပီး အလုပ္ကိုေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္ပါတယ္။

-သၾကၤန္အတြက္ေရာ သီခ်င္းေတြမ်ားလုပ္ထားေသးလား။

သၾကၤန္အတြက္က ကိုဟဲေလးတို႕လုပ္တဲ့ Summer 5 ဆိုတဲ့အေခြထဲမွာေတာ့ တစ္ပုဒ္ပါတယ္။ တစ္ႏွစ္တစ္ပုဒ္ေတာ့ ပံုမွန္ေလးလုပ္ျဖစ္တယ္။ အဲ့ဒီသီခ်င္းေလးက သၾကၤန္သီခ်င္းဆိုေပမဲ့ သၾကၤန္စာသားတစ္လံုးမွမပါဘူး။ ကၽြန္ေတာ္ရဲ႕ One man show နဲ႕ေနာက္ပိုင္း ရိႈးအသစ္ေတြမွာ ဆုိလို႕ရေအာင္ဆိုၿပီးထည့္ထားတာ၊ ျမဴးတဲ့သီခ်င္းေလးပါပဲ။ သၾကၤန္ေခြထဲမွာပါေပမဲ့ သၾကၤန္စာသားတစ္လံုးမွမပါတဲ့သီခ်င္းေလးပါ။

-လက္ရွိအိမ္ေထာင္ေရးကေရာ ဘယ္လိုအေနအထားရွိလဲ။

ဘာမွမေျပာခ်င္ဘူး။ ကၽြန္ေတာ္တစ္ခါေျပာၿပီးသြားၿပီ။ ခဏခဏမေျပာဘူး။ ကၽြန္ေတာ္အိမ္ေထာင္ေရး မေျပာဘူး။ ႏုိင္ငံေရးမေျပာဘူး။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ့ပရိသတ္ေတြလဲ မသိခ်င္ဘူး။ သူတုိ႕ေတြ ကၽြန္ေတာ္ေပ်ာ္ေနတာပဲျမင္ခ်င္တဲ့သူဆိုေတာ့ စိတ္ညစ္စရာေတြ မေျပာခ်င္ဘူး။ ကၽြန္ေတာ္နဲ႕ပတ္သက္တာ အႏုပညာတစ္ခုပဲရွိတယ္။ ေနာက္ပိုင္းမွာ အိမ္ေထာင္ေရးလဲ မေျပာဘူး။ အခ်စ္ေရးလဲမေျပာဘူး။ ကၽြန္ေတာ္ရည္းစားရွိေနရင္ေတာင္ ထပ္မေျပာဘူး။ ဘာလို႕လဲဆိုေတာ့ ပရိသတ္ေတြ ကၽြန္ေတာ္တို႕ကိုသိခ်င္တာ အႏုပညာအေၾကာင္း။ အဲ့ဒါေၾကာင့္ က်န္တဲ့ဟာကေတာ့ ပရိသတ္စိတ္၀င္စားမႈ မရွိဘူးလို႕ကၽြန္ေတာ္ေလ့လာမိတယ္။ ကၽြန္ေတာ္ရဲေလးကိုၾကည့္ရင္ အျမဲတမ္းျပံဳးေနတာကိုပဲျမင္ေနရမယ္။ ပရိသတ္ေတြ လုိခ်င္တာ အဲ့ဒါပဲဆိုေတာ့ ပရိသတ္မလုိခ်င္တဲ့ အာဃာတေတြ အမုန္းတရားေတြ၊ ဥေပကၡာျပဳမႈေတြကို မလိုခ်င္တဲ့အတြက္ အဲ့ဒါေတြကို အခ်ိန္ရရင္ရသလို ပရိသတ္ေတြကုိအခ်ိန္ေပးၿပီးအျမဲတမ္းဆက္ဆံပါတယ္။ အျမဲတမ္းထိေတြ႕ပါတယ္လုိ႕။

-အခုခ်ိန္မွာ ရဲေလးကတစ္ေယာက္တည္းလို႕ေျပာလို႕ရလား။

ကၽြန္ေတာ္ကအခုခ်ိန္မွာတစ္ေယာက္တည္းပါပဲ။ ကၽြန္ေတာ္ရည္းစားလဲမရွိဘူး။ အဲ့ဒါကိုပရိသတ္ေတြ သိရင္ၿပီးတာပါပဲ။ ကၽြန္ေတာ္ရည္းစားလဲ ထပ္မထားဘူး။

 http://www.trend.com.mm/2016/03/01/hip-hop-8973

................................................

တစ်ယောက်တည်းပါပဲလို့ပြောလာတဲ့ ရဲလေး က ရည်းစားနောက်ထပ် မထားတော့ဘူးလို့ ဖွင့်ဟ


ခင်ဆွေသက်

လျှောက်လှမ်းနေတဲ့ အနုပညာသက်တမ်းနဲ့ဂီတသက်တမ်းက ၁၂ နှစ်နီးပါးရှိနေပြီလို့ပြောပြလာတဲ့ ရဲလေးက အိမ်ထောင်ကျသွားတဲ့အတွက် ၂ နှစ်နီးပါးလောက် အနုပညာလောက နဲ့အဆက်ပြတ်သွားပေမယ့် ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာလဲ အချိန်အရမ်းမပေးရပဲနဲ့ အလွယ်တကူ အသားကျသွားပြန်ပါတယ်။ ရဲလေးရဲ့ အိမ်ထောင်ရေးအကြောင်းနဲ့ အနုပညာရေးရာအကြောင်းများကို ခုလို မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက လက်ရှိ Current ဖြစ်နေတဲ့ စနှိုက်တဲ့ ကိစ္စလေးတွေကို ပညာပေးအနေနဲ့ရော ဖန်စီအနေနဲ့ရော ရိုက်နေတယ်။ ပေါ့ပေါ့ပါးပါးလေးပါ။ သိပ်အကြီးကြီးတော့ မလုပ်ရဘူး။ ပုံမှန်လေးပါပဲ။ ကျွန်တော်ကတော့ စနှိုက် King ပေါ့။ စိုးနန္ဒာကျော်ကလဲ စနှိုက်ကျော်မလေးပေါ့။ တကယ်တော့ ပျင်းလို့ ပျော်အောင်လိုက်ပွေးနေတဲ့ သဘောမျိုးပေါ့။ နှစ်ယောက်စလုံးကလဲ လူကြီးလူကောင်းသားသမီးတွေ၊ သူတို့ကို သူတို့မှားမှန်းသိတဲ့အချိန် သူတို့ကိုသူတို့ တကယ်ကိုတစ်ယောက်နဲ့တစ်ယောက်တွေ့သွားတဲ့အချိန်မှာ သူတို့လုပ်တာတွေဟာ မကောင်းတော့ဘူးဆိုတာကိုသိပြီး ဆက်မလုပ်တော့တဲ့ အချိန်မှာ နှစ်ယောက်စလုံးက တကယ်ချစ်သွားကြတယ်ပေါ့။ ဒါရိုက်တာကကျော်နှင်းဆီပါ။ နာမည်ကတော့ အတိအကျမရွေးရသေးဘူး။

-ဒါပြီးရင်ဘာတွေလက်ခံထားတာရှိဦးမလဲ။

မီဒီယာ 7 နဲ့ဇာတ်လမ်းတွဲရိုက်ဖို့ရှိတယ်။ အခုဒီမှာရိုက်ရတာလဲ အဆင်ပြေတော့ သူတို့ကလဲ ဇာတ်လမ်းလေးတွေရှာထားတယ်ပြောတယ်။ အဲ့ဒါကြောင့်ဆက်ရိုက်ဖြစ်မှာပါ။

-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလှုပ်ရှားဖြစ်မလဲ။

ဂီတပိုင်းကတော့ ပုံမှန်လေးပါပဲ။ သီချင်းအသစ်တွေကိုရေးနေတယ်။ နောက်ပြီး ထက်ယံအခွေထဲမှာလဲ Featuring ၀င်ဆိုပေးထားတယ်။ နောက်မတ်လထဲမှာ ထွက်မဲ့ ပိုပိုရဲ့ သင်္ကြန်ဆုတောင်းအခွေထဲမှာလဲ ဇာတ်လမ်းတိုလေးကို ၀င်သရုပ်ဆောင်ပေးထားတယ်။ အဆိုတော့ မပါပါဘူး။ တစ်နာရီမပြည့်တစ်ပြည့်စာ အတိုလေးပေါ့။ သူကလဲ အရမ်းပေါ့ပါးတယ်။ ဖန်စီလေးပါပဲ။ သင်္ကြန်အငွေ့အသက်လေးတွေလဲ ပါတယ်။ အခုနောက်ပိုင်းသေချာတာတစ်ခုက ဇာတ်ကားတွေ ခပ်စိတ်စိတ်နဲ့ရိုက်ဖြစ်သွားမယ်။ အများကြီးလဲ လက်ခံလို့မရဘူး။ တစ်လကို တစ်ကားနှုန်းပဲဖြစ်ဖြစ်၊ နှစ်ကားနှုန်းပဲဖြစ်ဖြစ် အဲ့ဒီလိုလေးတော့ သတ်မှတ်ထားမယ်။ သီချင်းအတွက်ရော၊ အခြားဟာတွေ အတွက်ရော အချိန်ပေးနေရတာဖြစ်တဲ့ အတွက်ကြောင့်လေ။

-သီချင်းတစ်ပုဒ်ကို ဖန်တီးတဲ့အခါမှာရော ဘယ်လိုအသက်သွင်းလေ့ရှိလဲ။

ပြောရရင် စိတ်ကူးယဉ်ဆန်တဲ့ အနုပညာသမားတွေဖြစ်တဲ့အတွက် အမြဲတမ်းစိတ်ကူးယဉ်ဆန်ဆန်လေးတွေးတယ်။ ဖြစ်နိုင်တာတွေကိုလဲတွေးတယ်။ မဖြစ်နိုင်တာတွေကိုလဲတွေးတယ်။ အဲ့ဒီလိုတွေးပြီး Mood ထည့်ပြီးရေးတာများတယ်။ အဲ့ဒါကြောင့်ပြောရရင်စိတ်နုတာပေါ့။ သစ်ရွက်ကြွေတာကို သစ်ရွက်ကြွေတာလို့မရေးပဲ အလွမ်းတွေမြေမှာခတယ်ဘာညာပေါ့။ အဲ့ဒီလိုလေးတွေရေးတယ်။ ကဗျာတွေလဲရေးတဲ့အတွက် ကဗျာဆရာရဲ့အတွေးတွေလဲ ပါတယ်။ ဥပမာ သိပ္ပံဇာတ်လမ်းတွေ၊ မှော်ကားတွေကို မရှိတာတွေကို အရှိလုပ်ပြီးရေးရတာမျိုးပေါ့။ တချို့စိတ်ကူးယဉ်ဆန်မှုတွေက လူတွေရဲ့စိတ်မှာ တကယ်ဖြစ်လာတာမျိုးတွေလဲ ရှိလာနိုင်တာပေါ့နော်။

-အဲ့ဒါဆို အပြင်မှာရော အစ်ကိုက စိတ်ကူးယဉ်ဆန်တဲ့သူလား။ လက်တွေ့ဆန်တဲ့သူလား။

ကျွန်တော်က အနုပညာနဲ့ပတ်သက်ရင်ပဲစိတ်ကူးယဉ်ဆန်တာ၊ အပြင်မှာတော့ လက်တွေ့ဆန်တဲ့သူပါ။ လက်တွေ့ကိုပဲရင်ဆိုင်တယ်။ ကျွန်တော်က လက်တွေ့သမားစိတ်ကူးယဉ်ဆန်တာက ဇာတ်လမ်းစဉ်းစားတဲ့အချိန်၊ သီချင်းရေးတဲ့ အချိန်မှာပဲ စိတ်ကူးယဉ်ဆန်တာ ပရိသတ်ကြိုက်မဲ့စကားလုံးလေးတွေကိုရွေးတာ၊ လွင့်ပျံနေတဲ့ စိတ်ကူးစိတ်သန်းလေးတွေကိုဖမ်းဆုပ်ရတာပေါ့။ ကျွန်တော်က အပြောထက်အပြင်မှာလက်တွေ့လုပ်တယ်။ အလုပ်နဲ့ပဲ သက်သေပြတယ်။ မဖြစ်နိုင်တာကြီးကိုလဲ မပြောဘူး။ ဖြစ်တော့မယ်ဆိုတော့မှ ကြိုပြောတာများတယ်။

-ဂီတသက်တမ်းရော ဘယ်လောက်ရှိသွားပြီလဲ။

၁၂ နှစ်ကျော်ပြီ။ အခုနောက်ပိုင်း အရင်ကထက်ပိုကြိုးစားမယ်။ နိုင်ငံရဲ့စီးပွားရေး ၊ နိုင်ငံရဲ့စျေးကွက်က ပြောင်းသွားပြီဆိုတော့ အဲ့ဒီစျေးကွက်ကိုကြည့်ပြီး အကောင်းဆုံးကြိုးစားသွားမယ်။ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားတာ ကတော့ ၂နှစ်လောက်ပေါ့။ အဲ့ဒါကလဲ ပရိသတ်တွေပြန်ပြောပြလို့သိတာပါ။ ကျွန်တော့စိတ်ထဲမှာတော့ ၆လလောက်လို့ပဲ ထင်မိတယ်။ တွေ့တော့ သူတို့ပြောမှ သြော်အဲ့ဒီလောက်တောင်ကြာသွားလားပေါ့။ ဒါပေမဲ့ ကျွန်တော်ပြန်ကြိုးစားတော့လဲ ကျွန်တော့အတွက် အချိန်အရမ်းမပေးရဘူး။ သူ့ဟာနဲ့သူ အသားပြန်ကျသွားတယ်။ ဒီ ၂၀၁၆ ထဲမှာလဲ ပုံမှန်လိုဖြစ်သွားတယ်။ အရင်တုန်းကလို ရှိုးပြန်ဆို၊ အငြိမ့်ပြန်က၊ ဇာတ်ကားတွေရိုက်နဲ့ပဲဖြတ်သန်းဖြစ်မှာပါ။

-နှင်းဆီနဲ့သြစတြေးလျ ခရီးစဉ်လိုက်မသွားတာကရောဘာလို့များလဲ။

အဲ့ဒါက ရန်ကုန်မှာ Myanmar Idol Program မပြီးမချင်း ရိုက်နေရတဲ့အတွက် ဘယ်မှမသွားဖြစ်တာပါ။ နောက်ပွဲတွေတော့ လိုက်ဖြစ်မှာပါ။

-Myanmar Idol Program မှာရော ဘယ်လိုပါ၀င်ဖြစ်သွားတာလဲ။

ဒါကတော့ MNTV ကအစ်ကိုတွေ အစ်မတွေအားလုံးက အနုပညာရှင်အများကြီးထဲမှာမှ ကျွန်တော်တို့သုံးယောက်ကိုရွေးချယ်လိုက်တာပေါ့။ အဲ့ဒါကတော့ ရူးကြောင်မူးကြောင်နဲ့ပါသွားတာပေါ့။ ကိုယ့်ကိုကိုယ် အဲ့ဒီလိုလုပ်ရမယ်လို့လဲ မထင်ထားဘူး။ လာပြောတုန်းကလဲ တကယ်အံ့သြတယ်။ ဒါပေမဲ့ တကယ်လုပ်ဖြစ်သွားတယ်။ ဒါကတကယ်လဲစိန်ခေါ်မှုတစ်ခုပါပဲ။ နိုင်ငံခြားသားတွေနဲ့လဲ ဒီလိုအနုပညာ Program သစ်တွေကို တွဲလုပ်ရတယ်။ အရမ်းလဲအောင်မြင်သလို အရမ်းလဲ ပင်ပန်းတယ်။ အရမ်းလဲ အပြောခံရတယ်။ ဒါပေမဲ့ပြသနာမရှိဘူး။ မြန်မာပြည်ကို ဟမ်ဘာဂါဆိုတဲ့ အစားအသောက်စရောက်တုန်းက ဒါကို စားရကောင်းမှန်း မသိခဲ့ဘူး။ နောက်ကျတော့လဲ ဆိုင်တိုင်းဆိုင်တိုင်းက ဟမ်ဘာဂါနဲ့ Snack ဆိုင်တွေကြီးပဲဖြစ်တဲ့အခြေအနေထိရောက်သွားတယ်လေ။ ဒါကဥပမာပေးတာပေါ့။ ဘယ်အနုပညာတင်ဆက်မှု အသစ်ကိုပဲ လုပ်လုပ်စစချင်းမှာ အပြောခံရတယ်။ အတိုက်အခိုက်ခံရတယ်။ ဝေဖန်ခံရတယ်။ ဒါပေမဲ့နောက်ဆုံးတော့ အောင်မြင်သွားတာပါပဲ။

-အဆိုတော်အသစ်တွေနဲ့သီချင်းတွေတွဲလုပ်ထားတာလဲတွေ့ရတယ်။ သူတို့အပေါ်အမြင်လေးကိုလဲသိချင်ပါတယ်။

ဟိုတလောက ထက်ယံနဲ့တော့ သီချင်းတွဲလုပ်ဖြစ်တယ်။ အဲ့ဒီသီချင်းလေးကိုလဲကြိုက်ကြပါတယ်။ ကျွန်တော်တို့လဲအရင်တုန်းက အသစ်ပဲလေ။ အဟောင်းကိုမှီပြီးလက်တွဲပြီး တက်ရတာပဲလေ။ သူတို့လဲအဲ့ဒီလိုပဲပေါ့။ အထွေအထူးတော့ မရှိပါဘူး။ အဓိကကတော့ လူတွေများလာလေလေ ကျွန်တော်တို့ပိုပြီးကြိုးစားဖို့ကောင်းလေလေပိုပြီး ကွဲထွက်လေလေပဲပေါ့။ ကွဲထွက်လေလေဆိုတာ ကာလာ အသိအသာကြီးဖြစ်တာပေါ့။ နောက်ပိုင်းလူငယ်တွေလဲ သူ့ဟာနဲ့သူတော့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ၁၀၀၀ လောက်လုပ်မှ ၁၀ လောက်ထွက်တာဆိုတော့ အရည်အချင်းရှိတဲ့သူ၊ တကယ်ကြိုးစားတဲ့သူ၊ တကယ် အသိုင်းအဝိုင်းဆန့်တဲ့သူကတော့ ထွက်လာမှာပဲ။ အရေအတွက်နည်းနည်းနဲ့အရည်အချင်းရှိတဲ့သူတွေ ထွက်ပေါ်လာလိ့မ်မယ်လို့ ထင်ပါတယ်။ ကျွန်တော့မျက်လုံးထဲမှာတော့ အားလုံးနဲ့အဆင်ပြေတယ်။ ကျွန်တော်ကတော့ ကြားထဲကလူဆိုတော့ အားလုံးနဲ့အဆင်ပြေအောင်နေပါတယ်။ အဓိကကတော့ အပြိုင်အဆိုင်ရှိမှ တိုးတက်တာဆိုတော့ ကျွန်တော်တို့ကတော့ ပြိုင်ပါတယ်။ အကုန်လုံးကိုပြိုင်တယ်။ အလုပ်ချိန်မဟုတ်တဲ့ အချိန်ကျရင်လဲ အကုန်လုံးကို ရင်းရင်းနှီးနှီး bro လိုပေါင်းတယ်။ ခင်လဲခင်တတ်တယ်။ အငယ်တွေကို ကောင်းတာတွေလဲပြောပေးသလိုဆိုးတာတွေလဲ သင်ပြပေးပါတယ်။ ကျွန်တော်တို့လဲအကြီးတွေဆီက ဒီလိုပဲသင်ယူခဲ့ရတာပဲ။ အဲ့ဒီလိုနဲ့ပဲ သွားပါတယ်။ အခုဆို အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လုပ်တယ်။ လူက စိတ်ညစ်ခံလို့မရဘူး။ အလုပ်မှာ စိတ်ညစ်ရင် အနှောင့်အယှက်ဖြစ်တယ်။ ပျော်စရာတွေတွေးပြီး အလုပ်ကိုပျော်ပျော်ရွှင်ရွှင်လုပ်ပါတယ်။

-သင်္ကြန်အတွက်ရော သီချင်းတွေများလုပ်ထားသေးလား။

သင်္ကြန်အတွက်က ကိုဟဲလေးတို့လုပ်တဲ့ Summer 5 ဆိုတဲ့အခွေထဲမှာတော့ တစ်ပုဒ်ပါတယ်။ တစ်နှစ်တစ်ပုဒ်တော့ ပုံမှန်လေးလုပ်ဖြစ်တယ်။ အဲ့ဒီသီချင်းလေးက သင်္ကြန်သီချင်းဆိုပေမဲ့ သင်္ကြန်စာသားတစ်လုံးမှမပါဘူး။ ကျွန်တော်ရဲ့ One man show နဲ့နောက်ပိုင်း ရှိုးအသစ်တွေမှာ ဆိုလို့ရအောင်ဆိုပြီးထည့်ထားတာ၊ မြူးတဲ့သီချင်းလေးပါပဲ။ သင်္ကြန်ခွေထဲမှာပါပေမဲ့ သင်္ကြန်စာသားတစ်လုံးမှမပါတဲ့သီချင်းလေးပါ။

-လက်ရှိအိမ်ထောင်ရေးကရော ဘယ်လိုအနေအထားရှိလဲ။

ဘာမှမပြောချင်ဘူး။ ကျွန်တော်တစ်ခါပြောပြီးသွားပြီ။ ခဏခဏမပြောဘူး။ ကျွန်တော်အိမ်ထောင်ရေး မပြောဘူး။ နိုင်ငံရေးမပြောဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့ပရိသတ်တွေလဲ မသိချင်ဘူး။ သူတို့တွေ ကျွန်တော်ပျော်နေတာပဲမြင်ချင်တဲ့သူဆိုတော့ စိတ်ညစ်စရာတွေ မပြောချင်ဘူး။ ကျွန်တော်နဲ့ပတ်သက်တာ အနုပညာတစ်ခုပဲရှိတယ်။ နောက်ပိုင်းမှာ အိမ်ထောင်ရေးလဲ မပြောဘူး။ အချစ်ရေးလဲမပြောဘူး။ ကျွန်တော်ရည်းစားရှိနေရင်တောင် ထပ်မပြောဘူး။ ဘာလို့လဲဆိုတော့ ပရိသတ်တွေ ကျွန်တော်တို့ကိုသိချင်တာ အနုပညာအကြောင်း။ အဲ့ဒါကြောင့် ကျန်တဲ့ဟာကတော့ ပရိသတ်စိတ်ဝင်စားမှု မရှိဘူးလို့ကျွန်တော်လေ့လာမိတယ်။ ကျွန်တော်ရဲလေးကိုကြည့်ရင် အမြဲတမ်းပြုံးနေတာကိုပဲမြင်နေရမယ်။ ပရိသတ်တွေ လိုချင်တာ အဲ့ဒါပဲဆိုတော့ ပရိသတ်မလိုချင်တဲ့ အာဃာတတွေ အမုန်းတရားတွေ၊ ဥပေက္ခာပြုမှုတွေကို မလိုချင်တဲ့အတွက် အဲ့ဒါတွေကို အချိန်ရရင်ရသလို ပရိသတ်တွေကိုအချိန်ပေးပြီးအမြဲတမ်းဆက်ဆံပါတယ်။ အမြဲတမ်းထိတွေ့ပါတယ်လို့။

-အခုချိန်မှာ ရဲလေးကတစ်ယောက်တည်းလို့ပြောလို့ရလား။

ကျွန်တော်ကအခုချိန်မှာတစ်ယောက်တည်းပါပဲ။ ကျွန်တော်ရည်းစားလဲမရှိဘူး။ အဲ့ဒါကိုပရိသတ်တွေ သိရင်ပြီးတာပါပဲ။ ကျွန်တော်ရည်းစားလဲ ထပ်မထားဘူး။

 http://www.trend.com.mm/2016/03/01/hip-hop-8973

အာဏာလဲႊေျပာင္းေပးေရးကာလ ကမၻာမွာ ျမန္မာအၾကာဆံုး

NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တိုင္းရင္းသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေတြ႕ဆံုပြဲ (ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီလ ၂၉ ရက္ ၂၀၁၆)
ျမန္မာႏိုင္ငံမွာ အာဏာလဲႊေျပာင္းဖို႔ အခ်ိန္ (၅)လယူတာဟာ အလြန္ကိုၾကာျမင့္လြန္းတယ္လို႔ NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က မေန႔က ေ၀ဖန္ေျပာဆိုလိုက္ပါတယ္။ ဒီလိုၾကာတဲ့ႏိုင္ငံမ်ဳိး ကမၻာမွာမရွိဘူး ဘူးလို႕လည္း ၂၀၁၅ ေရြးေကာက္ပဲြမွာ အႏိုင္ရခဲ့တဲ့ ပါတီေပါင္းစံုက တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ပထမအႀကိမ္ေတြ႕ဆံုပဲြမွာေျပာၾကားလိုက္တာပါ။

တခ်ိန္တည္းမွာပဲ သမၼတနဲ႔ ဒုသမၼတႏွစ္ဦးေရြးခ်ယ္တင္ေျမွာက္မယ့္အစီအစဥ္ကို သတ္မွတ္ရက္ထက္ေစာၿပီး က်င္းပႏိုင္တယ္ဆိုတဲ့လႊတ္ေတာ္သတင္းေတြေၾကာင့္ NLD အေနနဲ႕ အစိုးရသက္တမ္းအာဏာကို ေစာေစာလဲႊေျပာင္းရယူဖို႔ ျပင္ဆင္ လာတာျဖစ္တယ္လို႔ အမ်ားက သံုးသပ္ေနၾကပါတယ္။ မအင္ၾကင္းႏိုင္ကအျပည့္အစံုကိုေျပာျပမွာပါ။

ေရြးေကာက္ပဲြအႏိုင္ရပါတီကို အာဏာလဲႊေျပာင္းခ်ိန္ၾကာျမင့္တာနဲ႔ပတ္သက္လို႔NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္က တိုင္းရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြ နဲ႔ ေနျပည္ေတာ္မွာ မေန႔ တနလၤာေန႔က ေတြ႕ဆံုရာမွာ အခုလိုေ၀ဖန္ေျပာၾကားသြားပါတယ္။

“ၿငိမ္းခ်မ္းေရးရေအာင္လုပ္ဖို႔ကာ က်မတို႔အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္က အစိုးရစၿပီးထူေထာင္တာနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ကိုင္တြယ္ပါ့မယ္လို႔ ေျပာထားတဲ့ ကတိအတိုင္းပဲ က်မတို႔လုပ္ပါ့မယ္။ ဒါေပမဲ့ က်မတို႔အဖဲြ႕က အစိုးရမျဖစ္ေသးဘူးဆိုတာက်မခဏခဏ လူေတြကိုသတိေပးေနတာ။ ဘာလို႔လဲဆိုေတာ့ ဒီႏိုင္ငံေလာက္ အလဲႊအေျပာင္းကာလၾကာတဲ့ႏိုင္ငံဆိုတာ ကမၻာမွာမရွိပါဘူး။ ငါးလဆိုတာတျခားဘယ္ႏိုင္ငံမွမရွိဘူး။ ဒီၾကားထဲ က်မတို႔ကို ဟိုဟာမလုပ္ေသးဘူးလား၊ ဒီဟာမလုပ္ေသးဘူးလား ဆိုေတာ့ ခပ္ရိုးရိုးပဲေျပာရမယ္။ လုပ္ခြင့္မရွိေသးပါဘူးလို႔ေျပာရမွာပါ။”

ဒီအေတာအတြင္းမွာပဲ သမၼတနဲ႔ ဒုသမၼတေတြ ေရြးခ်ယ္တင္ေျမွာက္ႏိုင္ဖို႔ လႊတ္ေတာ္မွာ အစည္းအေ၀းက်င္းပဖို႔ သတ္ထားတဲ့ မတ္လ (၁၇) ရက္ေန႕အစား ျပန္ၿပီး ျပင္ဆင္သတ္မွတ္မယ့္ရက္ကို ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ကေၾကညာမွာပါ။ လႊတ္ေတာ္အမတ္အမ်ားစုကေတာ့ ဒီထက္အခ်ိန္ေစာၿပီးက်င္းပဖို႔ရွိတယ္လို႔ ေျပာဆိုေနၾကပါတယ္။

ဒါဟာ ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၅၉ (စ) ကို ဆိုင္းငံၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ အျဖစ္ေရြးေကာက္တင္ေျမွာက္မယ့္နည္းလမ္းကို NLD ဘက္ကလက္ေလ်ာ့လိုက္ၿပီးေနာက္ အစိုးရသစ္ကို အျမန္ဆံုးဖဲြ႕စည္းႏိုင္ေရးနည္းလမ္းကို ေဆာင္ရြက္လာတာျဖစ္တယ္လို႔ အမ်ားကျမင္ၾကပါတယ္။

သမၼတဦးသိန္းစိန္ အစိုးရအဖဲြ႕ရဲ႕ (၅)နွစ္သက္တမ္းဟာလည္း ေဖေဖၚ၀ါရီလ (၄)ရက္ေန႔ကတည္းက ကုန္ဆံုးသြားၿပီျဖစ္ပါတယ္။ ၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ အစိုးရသက္တမ္းအေျပာင္းအလဲနဲ႔ပတ္သက္လို႔ ဥပေဒပညာရွင္ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးကိုနီက အခုလိုရွင္းျပပါတယ္။

“တကယ္တမ္းဖဲြ႕စည္းပံုအေျခခံဥပေဒမွာ သံုးတာက သက္တမ္းဆိုတဲ့စကားနဲ႔သံုးပါတယ္။ အစိုးရဆိုတာက သမၼတကဖဲြ႕ထားတာ။ အစိုးရရဲ႕သက္တမ္းဟာ သမၼတရဲ႕သက္တမ္းနဲ႔ခ်ိတ္ထားတယ္။ လက္ရွိသမၼတႀကီးဦးသိန္းစိန္ကို တရား၀င္ျပည္ေထာင္စုလႊတ္ေတာ္က ေရြးခ်ယ္တင္ေျမွာက္တာက ေဖေဖၚ၀ါရီ (၄)ရက္ေန႔မွာ ေရြးထားတာပါ။ အဲဒါေၾကာင့္မို႔ ေဖေဖၚ၀ါရီ (၄)ရက္ေန႔မွာ သူရဲ႕သက္တမ္းဟာ (၅)ႏွစ္ ေစ့သြားပါၿပီ။ သို႕ေသာ္လည္းပဲ အစိုးရအဖဲြ႕က်မ္းက်ိန္မယ့္ရက္ကရွိေနတယ္။ အဲဒီရက္က မတ္လ (၃၀)ရက္ျဖစ္တဲ့အတြက္ အဲဒီေန႔အထိလုပ္လို႔ရပါတယ္။ သို႔ေသာ္လည္းပဲ ဖဲြ႕စည္းပံုပုဒ္မ (၆၁)မွာေရးထားတာက သမၼတရရဲ႕သက္တမ္းဟာ ငါးႏွစ္ျဖစ္တယ္။ အဲေတာ့ သမၼတရဲ႕သက္တမ္းက ငါးႏွစ္ျဖစ္ရင္ အစိုးရရဲ႕သက္တမ္းကလည္း ငါးႏွစ္ျဖစ္မယ္။ သို႔ေသာ္လည္းပဲ ကန္႕သတ္ထားတာကဘာလဲဆိုေတာ့ အထူးျပဌာန္းခ်က္ပါတာက ေနာက္ထပ္အစိုးရသစ္ဖဲြ႕စည္း မၿပီးေသးတဲ့အခ်ိန္ထိ ႏိုင္ငံေတာ္သမၼတဟာ သူရဲ႕လုပ္ငန္းတာ၀န္ကိုဆက္ၿပီးေဆာင္ရြက္ရမယ္လို႔ေရးထားပါတယ္။ အဲဒါေၾကာင့္ အစိုးရသစ္ဖဲြ႕လို႔မၿပီးမခ်င္း တရား၀င္သမၼတအေနနဲ႔ အစိုးရအဖဲြ႕ကိုဆက္ၿပီးလည္ပတ္ေစဖို႔က ဦးသိန္းစိန္ရဲ႕လုပ္ပိုင္ခြင့္ျဖစ္ပါတယ္။”

လႊတ္ေတာ္ကအတည္ျပဳေရြးခ်ယ္မယ့္ သမၼတ အေနနဲ႕လည္း သူရဲ႕အစိုးရအဖဲြ႕၀င္၀န္ႀကီးေတြကိုခန္႔အပ္ဖို႔ လႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္ယူရမွာျဖစ္တယ္လို႔လည္း ဦးကိုနီကေျပာပါတယ္။

“တကယ္ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္က သမၼတကို တရား၀င္ခန္႔အပ္ၿပီ၊ အဲဒီသမၼတကေန သူရဲ႕၀န္ႀကီးအဖဲြ႕ကို ဖဲြ႕စည္းမယ္၊ အဲဒီမွာလည္း ခ်က္ခ်င္းမျဖစ္ဘူး။ လူေတြေရြးၿပီးရင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုျပန္တင္ရ တယ္။ ျပည္ေထာင္စုလႊတ္ေတာ္က ဒါကိုအတည္ျပဳေပးရမယ္။ အတည္ျပဳေပးၿပီးတဲ့ေနာက္ ခုနက လုပ္ထံုးလုပ္နည္းအတိုင္းပဲ သမၼတအပါအ၀င္ ၀န္ႀကီးေတြအားလံုး၊ ေရွ႕ေနခ်ဳပ္အပါအ၀င္၊ ဒုသမၼတမ်ားအပါ အ၀င္ ျပည္ေထာင္စုလႊတ္ေတာ္နာယကေရွ႕မွာ က်မ္းက်ိန္ရမယ္။ အဲဒီက်မ္းက်ိန္တဲ့အလုပ္ၿပီးေတာ့မွ တရား၀င္အစိုးရေပၚေပါက္တယ္လို႔ေခၚပါတယ္။ အဲဒီလိုေပၚေပါက္ၿပီးေတာ့မွ လုပ္ငန္းတာ၀န္ေတြကို လဲႊေပးရတယ္။ ေပၚေပါက္လာၿပီဆိုရင္ေတာ့ လဲႊေပးရေတာ့မယ္။ မလဲႊေပးဘူးဆိုၿပီး ထိန္းခ်ဳပ္ထားလို႔မရဘူး။ ဖဲြ႕စည္းပံုမွာ အဲဒီလိုေရးထားပါတယ္။ ရွင္းပါတယ္။”

လာမယ့္အစိုးရသစ္ကိုဦးေဆာင္မယ့္ သမၼတအေနနဲ႔ က်မ္းသစၥာက်ိန္ဆိုမယ့္ေန႔ကို ၂၀၁၆ မတ္လ (၃၀)ရက္ေန႔အျဖစ္ သတ္မွတ္ထားပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.............................................


NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ (နေပြည်တော်၊ ဖေဖေါ်ဝါရီလ ၂၉ ရက် ၂၀၁၆)
မြန်မာနိုင်ငံမှာ အာဏာလွှဲပြောင်းဖို့ အချိန် (၅)လယူတာဟာ အလွန်ကိုကြာမြင့်လွန်းတယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလိုကြာတဲ့နိုင်ငံမျိုး ကမ္ဘာမှာမရှိဘူး ဘူးလို့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီပေါင်းစုံက တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမအကြိမ်တွေ့ဆုံပွဲမှာပြောကြားလိုက်တာပါ။

တချိန်တည်းမှာပဲ သမ္မတနဲ့ ဒုသမ္မတနှစ်ဦးရွေးချယ်တင်မြှောက်မယ့်အစီအစဉ်ကို သတ်မှတ်ရက်ထက်စောပြီး ကျင်းပနိုင်တယ်ဆိုတဲ့လွှတ်တော်သတင်းတွေကြောင့် NLD အနေနဲ့ အစိုးရသက်တမ်းအာဏာကို စောစောလွှဲပြောင်းရယူဖို့ ပြင်ဆင် လာတာဖြစ်တယ်လို့ အများက သုံးသပ်နေကြပါတယ်။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုပြောပြမှာပါ။

ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်းချိန်ကြာမြင့်တာနဲ့ပတ်သက်လို့NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော်မှာ မနေ့ တနင်္လာနေ့က တွေ့ဆုံရာမှာ အခုလိုဝေဖန်ပြောကြားသွားပါတယ်။

“ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ကာ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရစပြီးထူထောင်တာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကိုင်တွယ်ပါ့မယ်လို့ ပြောထားတဲ့ ကတိအတိုင်းပဲ ကျမတို့လုပ်ပါ့မယ်။ ဒါပေမဲ့ ကျမတို့အဖွဲ့က အစိုးရမဖြစ်သေးဘူးဆိုတာကျမခဏခဏ လူတွေကိုသတိပေးနေတာ။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံလောက် အလွှဲအပြောင်းကာလကြာတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာမရှိပါဘူး။ ငါးလဆိုတာတခြားဘယ်နိုင်ငံမှမရှိဘူး။ ဒီကြားထဲ ကျမတို့ကို ဟိုဟာမလုပ်သေးဘူးလား၊ ဒီဟာမလုပ်သေးဘူးလား ဆိုတော့ ခပ်ရိုးရိုးပဲပြောရမယ်။ လုပ်ခွင့်မရှိသေးပါဘူးလို့ပြောရမှာပါ။”

ဒီအတောအတွင်းမှာပဲ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်မှာ အစည်းအဝေးကျင်းပဖို့ သတ်ထားတဲ့ မတ်လ (၁၇) ရက်နေ့အစား ပြန်ပြီး ပြင်ဆင်သတ်မှတ်မယ့်ရက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကကြေညာမှာပါ။ လွှတ်တော်အမတ်အများစုကတော့ ဒီထက်အချိန်စောပြီးကျင်းပဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို ဆိုင်းငံပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်မယ့်နည်းလမ်းကို NLD ဘက်ကလက်လျော့လိုက်ပြီးနောက် အစိုးရသစ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရေးနည်းလမ်းကို ဆောင်ရွက်လာတာဖြစ်တယ်လို့ အများကမြင်ကြပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ (၅)နှစ်သက်တမ်းဟာလည်း ဖေဖေါ်ဝါရီလ (၄)ရက်နေ့ကတည်းက ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသက်တမ်းအပြောင်းအလဲနဲ့ပတ်သက်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုရှင်းပြပါတယ်။

“တကယ်တမ်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ သုံးတာက သက်တမ်းဆိုတဲ့စကားနဲ့သုံးပါတယ်။ အစိုးရဆိုတာက သမ္မတကဖွဲ့ထားတာ။ အစိုးရရဲ့သက်တမ်းဟာ သမ္မတရဲ့သက်တမ်းနဲ့ချိတ်ထားတယ်။ လက်ရှိသမ္မတကြီးဦးသိန်းစိန်ကို တရားဝင်ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်တာက ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ ရွေးထားတာပါ။ အဲဒါကြောင့်မို့ ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ သူရဲ့သက်တမ်းဟာ (၅)နှစ် စေ့သွားပါပြီ။ သို့သော်လည်းပဲ အစိုးရအဖွဲ့ကျမ်းကျိန်မယ့်ရက်ကရှိနေတယ်။ အဲဒီရက်က မတ်လ (၃၀)ရက်ဖြစ်တဲ့အတွက် အဲဒီနေ့အထိလုပ်လို့ရပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံပုဒ်မ (၆၁)မှာရေးထားတာက သမ္မတရရဲ့သက်တမ်းဟာ ငါးနှစ်ဖြစ်တယ်။ အဲတော့ သမ္မတရဲ့သက်တမ်းက ငါးနှစ်ဖြစ်ရင် အစိုးရရဲ့သက်တမ်းကလည်း ငါးနှစ်ဖြစ်မယ်။ သို့သော်လည်းပဲ ကန့်သတ်ထားတာကဘာလဲဆိုတော့ အထူးပြဌာန်းချက်ပါတာက နောက်ထပ်အစိုးရသစ်ဖွဲ့စည်း မပြီးသေးတဲ့အချိန်ထိ နိုင်ငံတော်သမ္မတဟာ သူရဲ့လုပ်ငန်းတာဝန်ကိုဆက်ပြီးဆောင်ရွက်ရမယ်လို့ရေးထားပါတယ်။ အဲဒါကြောင့် အစိုးရသစ်ဖွဲ့လို့မပြီးမချင်း တရားဝင်သမ္မတအနေနဲ့ အစိုးရအဖွဲ့ကိုဆက်ပြီးလည်ပတ်စေဖို့က ဦးသိန်းစိန်ရဲ့လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။”

လွှတ်တော်ကအတည်ပြုရွေးချယ်မယ့် သမ္မတ အနေနဲ့လည်း သူရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုခန့်အပ်ဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ယူရမှာဖြစ်တယ်လို့လည်း ဦးကိုနီကပြောပါတယ်။

“တကယ်တော့ ပြည်ထောင်စုလွှတ်တော်က သမ္မတကို တရားဝင်ခန့်အပ်ပြီ၊ အဲဒီသမ္မတကနေ သူရဲ့ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းမယ်၊ အဲဒီမှာလည်း ချက်ချင်းမဖြစ်ဘူး။ လူတွေရွေးပြီးရင် ပြည်ထောင်စုလွှတ်တော်ကိုပြန်တင်ရ တယ်။ ပြည်ထောင်စုလွှတ်တော်က ဒါကိုအတည်ပြုပေးရမယ်။ အတည်ပြုပေးပြီးတဲ့နောက် ခုနက လုပ်ထုံးလုပ်နည်းအတိုင်းပဲ သမ္မတအပါအဝင် ၀န်ကြီးတွေအားလုံး၊ ရှေ့နေချုပ်အပါအဝင်၊ ဒုသမ္မတများအပါ အဝင် ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှာ ကျမ်းကျိန်ရမယ်။ အဲဒီကျမ်းကျိန်တဲ့အလုပ်ပြီးတော့မှ တရားဝင်အစိုးရပေါ်ပေါက်တယ်လို့ခေါ်ပါတယ်။ အဲဒီလိုပေါ်ပေါက်ပြီးတော့မှ လုပ်ငန်းတာဝန်တွေကို လွှဲပေးရတယ်။ ပေါ်ပေါက်လာပြီဆိုရင်တော့ လွှဲပေးရတော့မယ်။ မလွှဲပေးဘူးဆိုပြီး ထိန်းချုပ်ထားလို့မရဘူး။ ဖွဲ့စည်းပုံမှာ အဲဒီလိုရေးထားပါတယ်။ ရှင်းပါတယ်။”

လာမယ့်အစိုးရသစ်ကိုဦးဆောင်မယ့် သမ္မတအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ကို ၂၀၁၆ မတ်လ (၃၀)ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပုဒ္မ ၅၉ (စ) မျပင္ေရး ေတာင္းဆိုမွု ေတြကို NLD ပယ္ခ်

၅၉ (စ) ဆိုင္းငံ့ဖို႔ NLD ဘက္က လႊတ္ေတာ္တြင္း တကယ္ ေဆာင္ရြက္မွာလား မေရရာ။
လက္ရွိ အေျခခံ ဥေပဒပါ သမၼတ ျဖစ္ခြင့္ ကန္႔သတ္ခ်က္ ျဖစ္တဲ့ ပုဒ္မ ၅၉ (စ) ျပင္ဆင္ေရးကို အမ်ိဳးသားေရး အျမင္ အေျခခံ နဲ႔ သေဘာ မတူ ဘူး ဆိုၿပီး ဆႏၵ ၿပ မွု တစ္ရပ္ အခုရက္ပိုင္း က ျပဳလုပ္ လာခဲ့တဲ့ အေပၚ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဘက္က တုံ႔ျပန္ လာပါတယ္။

NLD ပါတီ အေနနဲ႔ လြတ္လပ္စြာ ေဖာ္ထုတ္ခြင့္ ရွိရမယ္ ဆိုတဲ့ အခ်က္ ကို လက္ခံၿပီး တခ်ိန္တည္း မွာပဲ ၅၉ (စ) မျပင္ဆင္ေရး ဆိုတဲ့ ေတာင္းဆို မွု အေပၚ မွာလည္း အလုံးစုံ ျငင္းပယ္တယ္ လို႔ NLD ပါတီရဲ့ ေျပာခြင့္ရ တစ္ဦး ျဖစ္တဲ့ ဦးဉာဏ္ဝင္းက ဘီဘီစီ ကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြ ေန႔တုန္းက ရန္ကုန္ ဗိုလ္စိန္မွန္ ကြင္းမွာ ျပဳလုပ္ ခဲ့တဲ့ ဆႏၵျပပြဲ မွာေတာ့ လူ ၄၀၀ ဝန္းက်င္ဟာ ၅၉ (စ) ျပင္ခ်င္ တဲ့သူ နိုင္ငံ က ထြက္သြား ဆိုၿပီး ျပင္းျပင္းထန္ထန္ ေျပာခဲ့ ၾကသလို၊ ျပင္ဆင္တာ ဆိုင္းငံ့တာ ေတြ ျပဳလုပ္လာရင္ အမ်ိဳးသားေရး အင္အားစုေတြ နဲ႔ ထိပ္တိုက္ ေတြ႕မယ္ လို႔လည္း ေျပာဆို ခဲ့ၾကပါတယ္။

အဲဒီ ပုဒ္မ ၅၉ (စ) ဟာ ေဒၚေအာင္ဆန္းစု ၾကည္ ကို သမၼတ ျဖစ္ခြင့္ မရွိေစဖို႔ ပုဂၢိဳလ္ ေရး အရ ရည္ရြယ္ ထားတာ ျဖစ္ၿပီး၊ ျမန္မာ နိုင္ငံ မွာ ရွိႏွင့္ ခဲ့ၿပီး တဲ့ အေျခခံ ဥပေဒ ေတြ အရ ျဖစ္ေစ၊ နိုင္ငံတကာ စံညႊန္းစံထားေတြ အရ ျဖစ္ေစ မကိုက္ညီဘူး လို႔ ဦးဝင္းျမင့္ က ေျပာပါတယ္။

ဒါေပမယ့္ ပုဒ္မ ၅၉ (စ) ဆိုင္းငံ့ေရး ကို NLD ပါတီ ဘက္က လႊတ္ေတာ္ ထဲ မွာ တင္လာေတာ့ မွာလား ဆိုတာ နဲ႔ ပတ္သက္ လို႔ေတာ့ ဦးဉာဏ္ဝင္းက အခု လာမယ့္ သီတင္းပတ္ ေတြ အတြင္း ဘာေတြ ျဖစ္လာမလဲ ဆိုတာ အတိတက် မသိတဲ့ အတြက္ သူ႔အေနနဲ႔ မေျပာနိုင္ ဘူးလို႔ ဆိုပါတယ္။

သမၼတေလာင္းေတြ အမည္စာရင္းေတြ တင္သြင္းဖို႔ မူလ သတ္မွတ္ ထားတဲ့ မတ္လ ၁၇ ရက္ ကို ျပင္ဆင္ ေျပာင္းလဲ သတ္မွတ္ဖို႔ကို ေတာ့ မတ္လ ၁ ရက္ အဂၤါေန႔ မွာ က်င္းပမယ့္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝး ရဲ့ အစီအစဥ္ ေတြ ထဲ ထည့္သြင္း ထားရပါတယ္။

သမၼတေလာင္းေတြ အမည္စာရင္း တင္သြင္းမယ့္ ရက္ကို မတ္လ ၁၇ ရက္ ထက္ ပိုေစာၿပီး ေျပာင္းလဲ ျပင္ဆင္ လာနိုင္တယ္ ဆိုၿပီး သုံးသပ္မွု ေတြ ထြက္ေပၚ ေနတာ ေၾကာင့္ ၊ လႊတ္ေတာ္ တြင္း ပုဒ္မ ၅၉ (စ) ဆိုင္းငံ့ေရး ကို NLD ဘက္က တကယ္တမ္း လက္ေတြ႕ ေဆာင္ရြက္ လာနိုင္မွု ရွိ မရွိ ဆိုတာ ကလည္း မေသခ်ာ မေရရာ ျဖစ္ေန ပါတယ္။

BBC Burmese
http://www.bbc.com/burmese

........................................


၅၉ (စ) ဆိုင်းငံ့ဖို့ NLD ဘက်က လွှတ်တော်တွင်း တကယ် ဆောင်ရွက်မှာလား မရေရာ။
လက်ရှိ အခြေခံ ဥပေဒပါ သမ္မတ ဖြစ်ခွင့် ကန့်သတ်ချက် ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို အမျိုးသားရေး အမြင် အခြေခံ နဲ့ သဘော မတူ ဘူး ဆိုပြီး ဆန္ဒ ပြ မှု တစ်ရပ် အခုရက်ပိုင်း က ပြုလုပ် လာခဲ့တဲ့ အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လာပါတယ်။

NLD ပါတီ အနေနဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိရမယ် ဆိုတဲ့ အချက် ကို လက်ခံပြီး တချိန်တည်း မှာပဲ ၅၉ (စ) မပြင်ဆင်ရေး ဆိုတဲ့ တောင်းဆို မှု အပေါ် မှာလည်း အလုံးစုံ ငြင်းပယ်တယ် လို့ NLD ပါတီရဲ့ ပြောခွင့်ရ တစ်ဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက ရန်ကုန် ဗိုလ်စိန်မှန် ကွင်းမှာ ပြုလုပ် ခဲ့တဲ့ ဆန္ဒပြပွဲ မှာတော့ လူ ၄၀၀ ဝန်းကျင်ဟာ ၅၉ (စ) ပြင်ချင် တဲ့သူ နိုင်ငံ က ထွက်သွား ဆိုပြီး ပြင်းပြင်းထန်ထန် ပြောခဲ့ ကြသလို၊ ပြင်ဆင်တာ ဆိုင်းငံ့တာ တွေ ပြုလုပ်လာရင် အမျိုးသားရေး အင်အားစုတွေ နဲ့ ထိပ်တိုက် တွေ့မယ် လို့လည်း ပြောဆို ခဲ့ကြပါတယ်။

အဲဒီ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစု ကြည် ကို သမ္မတ ဖြစ်ခွင့် မရှိစေဖို့ ပုဂ္ဂိုလ် ရေး အရ ရည်ရွယ် ထားတာ ဖြစ်ပြီး၊ မြန်မာ နိုင်ငံ မှာ ရှိနှင့် ခဲ့ပြီး တဲ့ အခြေခံ ဥပဒေ တွေ အရ ဖြစ်စေ၊ နိုင်ငံတကာ စံညွှန်းစံထားတွေ အရ ဖြစ်စေ မကိုက်ညီဘူး လို့ ဦးဝင်းမြင့် က ပြောပါတယ်။

ဒါပေမယ့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး ကို NLD ပါတီ ဘက်က လွှတ်တော် ထဲ မှာ တင်လာတော့ မှာလား ဆိုတာ နဲ့ ပတ်သက် လို့တော့ ဦးဉာဏ်ဝင်းက အခု လာမယ့် သီတင်းပတ် တွေ အတွင်း ဘာတွေ ဖြစ်လာမလဲ ဆိုတာ အတိတကျ မသိတဲ့ အတွက် သူ့အနေနဲ့ မပြောနိုင် ဘူးလို့ ဆိုပါတယ်။

သမ္မတလောင်းတွေ အမည်စာရင်းတွေ တင်သွင်းဖို့ မူလ သတ်မှတ် ထားတဲ့ မတ်လ ၁၇ ရက် ကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်ဖို့ကို တော့ မတ်လ ၁ ရက် အင်္ဂါနေ့ မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ရဲ့ အစီအစဉ် တွေ ထဲ ထည့်သွင်း ထားရပါတယ်။

သမ္မတလောင်းတွေ အမည်စာရင်း တင်သွင်းမယ့် ရက်ကို မတ်လ ၁၇ ရက် ထက် ပိုစောပြီး ပြောင်းလဲ ပြင်ဆင် လာနိုင်တယ် ဆိုပြီး သုံးသပ်မှု တွေ ထွက်ပေါ် နေတာ ကြောင့် ၊ လွှတ်တော် တွင်း ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး ကို NLD ဘက်က တကယ်တမ်း လက်တွေ့ ဆောင်ရွက် လာနိုင်မှု ရှိ မရှိ ဆိုတာ ကလည်း မသေချာ မရေရာ ဖြစ်နေ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ျမန္မာေတြ စားသံုးေနတဲ့ င႐ုတ္ဆီနဲ ့က်န္းမာေရး ဆိုးက်ဳိးမ်ား


     မႏြယ္ႏြယ္ေအးက င႐ုတ္ အခ်ဥ္ရည္ကို အရမ္းႀကိဳက္တဲ့ သူတစ္ေယာက္ပါ။ ေခါက္ဆြဲေၾကာ္၊ ေခါက္ဆြဲသုပ္ စားရင္လည္း င႐ုတ္ခ်ဥ္ရည္ ရႊဲရႊဲေလး။ ၀က္သားတုတ္ထိုး စားလည္း င႐ုတ္ခ်ဥ္ရည္နဲ႔မွ။ ထမင္းသုပ္စား ရင္ေတာင္ င႐ုတ္ခ်ဥ္ရည္ ထည့္ၿပီး နယ္စားရ တာကို ႏွစ္သက္သူ။ င႐ုတ္ခ်ဥ္ရည္ အရမ္းႀကိဳက္တဲ့ မႏြယ္ႏြယ္ေအး တစ္ေယာက္ င႐ုတ္ခ်ဥ္ကို အၿပီးအပိုင္ စြန္႔လႊတ္လိုက္တဲ့ေန႔ ကေတာ့ ဇန္န၀ါရီလ (၁၄) ရက္ေန႔ ကပါ။

          အဲဒီေန႔က မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ င႐ုတ္ဆီ လုပ္ငန္း တစ္ခုကို စစ္ေဆးတာနဲ႔ ပတ္သက္ၿပီး ေဖာ္ျပထားတဲ့ င႐ုတ္ဆီ ထုတ္လုပ္တဲ့ လုပ္ငန္းဓာတ္ပံု ေတြကို ေတြ႕ၿပီးေနာက္ င႐ုတ္ခ်ဥ္ရည္ကုိ တစ္သက္လံုး မစားေတာ့ဘူးလို႔ မႏြယ္ႏြယ္ေအးက စိတ္ပိုင္းျဖတ္လိုက္ တာပါ။

          မႏၲေလးၿမိဳ႕ေတာ္ စည္ပင္က စစ္ေဆး ေဖာ္ထုတ္ခဲ့တဲ့ င႐ုတ္ဆီ လုပ္ငန္းတြင္ အသုံးျပဳတဲ့ ကုန္ၾကမ္း ပစၥည္းေတြ မွန္ကန္မႈ မရွိျခင္း၊ က်န္းမာေရးအား ဆုိးရြားစြာ ထိခုိက္ႏုိင္တဲ့ ကုန္ၾကမ္း ပစၥည္းမ်ား ျဖစ္ေနျခင္း၊ ထုတ္လုပ္မႈ အဆင့္ဆင့္တြင္ စားသုံးသူေတြ အတြက္ ေဘးအႏၲရာယ္ မကင္းရွင္းသည္ သာမက င႐ုတ္ဆီ ထုတ္လုပ္သည့္ ေနရာသည္ မီးေဘးအႏၲရာယ္ စုိးရိမ္ရတဲ့ အေနအထားမွာ ရွိေနျခင္း ျဖစ္တယ္။ အဆုိးဆုံးမွာ စားသုံးသူေတြရဲ႕ က်န္းမာေရးကုိ ဆုိးက်ဳိးေပး ႏုိင္တဲ့ အမ်ဳိးအမည္ မသိ ဓာတုေဗဒ အခ်ဥ္မႈန္႔ ေတြကုိ ေရာေႏွာ က်ဳိခ်က္ ထားျခင္း ျဖစ္ပါတယ္။

           အဲဒီလို ပံုစံနဲ႔ ထုတ္လုပ္တယ္ ဆိုတာ အရင္က မသိခဲ့ဘူး။ ပံုေတြ ျမင္လိုက္ ေတာ့မွ ေတာ္ေတာ္ စိတ္ကုန္ သြားတယ္။ ဒီတစ္ခုတည္းတင္ မဟုတ္ဘူး။ ကိုယ္ေန႔စဥ္ စားေသာက္ ေနတဲ့ အစားအေသာက္ ေတြေတာင္ သံသယ၀င္ လာတယ္။ စားသံုးသူေတြ အတြက္ ဘယ္ေလာက္မ်ား အႏၲရာယ္မ်ား လိုက္မလဲလို႔။ ေသခ်ာတာ ကေတာ့ င႐ုတ္ခ်ဥ္ကေတာ့ လံုး၀ျပတ္ သြားတယ္ လို႔ ခ်မ္းျမသာစည္ ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ မႏြယ္ႏြယ္ေအးက ေျပာပါတယ္။

          ေန႔စဥ္ ေသာက္သံုးေနတဲ့ ေရသန္႔က စၿပီး ေန႔စဥ္ ဟင္းခ်က္ရာမွာ အသံုးျပဳတဲ့ ဆီ၊ ငပိ၊ င႐ုတ္သီးမႈန္႔၊ သီးႏွံ စတဲ့ စားေသာက္ကုန္ အစားအေသာက္ေတြကို အခု ေနာက္ပိုင္းမွာ စိတ္ခ်လက္ခ် သံုးစြဲဖို႔ မရဲေတာ့ဘဲ စားသံုးသူေတြ အေနနဲ႔ စိုးရိမ္မႈ ေတြရွိ လာၾက တာပါ။ ဒါ့အျပင္ အစားအေသာက္နဲ႔ ေဆး၀ါး ကြပ္ကဲမႈ ဦးစီးဌာန က ေစ်းကြက္မွာ စစ္ေဆးေတြ႕ရွိတဲ့ စံမညီ၊ စားသံုးရန္ မသင့္ဆိုတဲ့ ထုတ္ျပန္တဲ့ အစားအေသာက္ေတြ မွာလည္း အမ်ားစုက ေန႔စဥ္ အသံုး ျပဳေနရတဲ့ စားေသာက္ကုန္ေတြ ပါ၀င္ေန တာကို ေတြ႕ရ ပါတယ္။ ေခတ္မီ ဓာတုေဆး ပစၥည္းေတြ ေပါမ်ား လာတဲ့ ယေန႔ေခတ္မွာ အသီးအႏွံက အစ သဘာ၀သစ္သီး ဆိုတာ ရွားပါး လာၿပီး ေစ်းကြက္မွာ ေရာင္းပန္းလွ ႏိုင္ဖို႔ သီးႏွံစိမ္းေတြ ကိုပါ ဓာတုေဗဒ ေဆးရည္သုတ္လိမ္း ေရာင္းခ် တာေတြ ပါရွိလာတယ္။

           သားျဖစ္သူကို ေကၽြးခ်င္လို႔ ငွက္ေပ်ာသီးသြား ၀ယ္တယ္။ ကိုယ္ေရွ႕မွာပဲ ငွက္ေပ်ာသီး အစိမ္းကို ေဆးရည္ေတြ စိမ္ေနတယ္။ ၀ယ္လာတဲ့ ငွက္ေပ်ာသီးက အခြံ ကေတာ့ ၀င္းမွည့္ေနတယ္။ အထဲက အသားက အစိမ္းအတိုင္းပဲ။ ဒါသမား႐ိုးက် မဟုတ္ဘူး။ အစိမ္းကို အျမန္မွည့္ေအာင္ ေဆးရည္စိမ္တယ္။ သမား႐ုိးက် မဟုတ္ရင္ေတာ့ ဘယ္အရာမွ စိတ္မခ် ရဘူး။ သဘာ၀ အမွည့္က ပိုေကာင္းေပမယ့္လည္း အခု ေနာက္ပိုင္း အသီးအႏွံ မွန္သမွ်ကလည္း ေဆးစိမ္၊ ေဆးထိုးမွည့္ၿပီး ေရာင္းၾကေတာ့ စားတာေတာ့ အစာေပမယ့္ အဆိပ္ စားေနရသလို ျဖစ္ေနတယ္ လို႔ ကုမၸဏီ၀န္ထမ္း ျဖစ္သူ ကိုမင္းမင္းက ေျပာတယ္။

          လက္ရွိမွာ အစားအေသာက္ ေဘးအႏၲရာယ္ ကင္းရွင္းေရးနဲ႔ ပတ္သက္ၿပီး အစားအေသာက္နဲ႔ ပတ္သက္ၿပီး အဓိက တာ၀န္ရွိတဲ့ အစား အေသာက္ႏွင့္ ေဆး၀ါး ကြပ္ကဲေရး ဦးစီးဌာန(FDA) အျပင္ စည္ပင္သာယာေရး ေကာ္မတီ၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန လက္ေအာက္မွာ ရွိတဲ့ ကုန္သြယ္မႈ ျမႇင့္တင္ေရးႏွင့္ စားသံုးသူ ေရးရာ ဦးစီးဌာနတို႔က အစားအေသာက္နဲ႔ ပတ္သက္ၿပီး ပညာေပး လုပ္ငန္းေတြ၊ ေစ်းကြက္မွာ စားသံုးရန္ မသင့္တဲ့ အစားအေသာက္ ေတြကို စစ္ေဆးတာမ်ဳိးေတြ ေဆာင္ရြက္ ေနေပမယ့္လည္း တကယ့္ လက္ေတြ႕မ ွာေတာ့ ထိေရာက္မႈ အားနည္းေနတယ္။

           ဌာနဆိုင္ရာ အခ်င္းခ်င္း ကလည္း ခ်ိတ္ဆက္မႈ အားနည္းတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ role ကို ကြဲကြဲျပားျပား မယူဘူး။ အဲဒါက မထိေရာက္ဘူး။ mapping ေသခ်ာ လုပ္ၿပီး သူ႔တာ၀န္၊ ကိုယ့္တာ၀န္ ေသခ်ာ ခြဲၿပီးေတာ့ တံဆိပ္ ဆိုလည္း တံဆိပ္၊ လိုင္စင္ ဆိုလည္း လိုင္စင္၊ ဘယ္သူက ဘယ္ဟာကို ေပးထားတယ္။ စည္ပင္က လိုင္စင္ေပးထား တာဆို အဲဒီ တံဆိပ္နဲ႔ ထုတ္တဲ့ ပါကင္ေတြက အေရာင္ တစ္မ်ဳိး၊ FDA ကဆို အေရာင္ တစ္မ်ဳိး၊ ႏိုင္ငံျခားက ၀င္လာတာ ဆိုရင္ ပါကင္က အေရာင္တစ္မ်ဳိး ၾကည့္လိုက္တာနဲ႔ ခ်က္ခ်င္း ဘယ္သူ တာ၀န္ယူလဲ ဆိုတာ ခြဲႏိုင္တာတို႔၊ ပင္ရင္းကို ျမန္ျမန္ ထိလြယ္မွပဲ လုပ္တဲ့ သူလည္း ေၾကာက္မယ္။ ျပႆနာေပၚ ရင္လည္း ခ်က္ခ်င္း အရင္းအျမစ္ကို ကိုင္ႏိုင္မယ္ ဆိုရင္ လုပ္တဲ့ သူက မလုပ္ရဲေတာ့ဘူး ေပါ့လို႔ ျမန္မာ စားသံုးသူမ်ား သမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာပါတယ္။

          အစားအေသာက္ ထုတ္ကုန္ေတြနဲ႔ ပတ္သက္ၿပီး အႏၲရာယ္ ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ လက္မွတ္ကို က်န္းမာေရး ၀န္ႀကီးဌာန လက္ေအာက္မွာ ရွိတဲ့ အစားအေသာက္နဲ႔ ေဆး၀ါး ကြပ္ကဲမႈ ဦးစီး ဌာန (FDA) က ထုတ္ေပးေန ပါတယ္။ (FDA) အေနနဲ႔ ျပည္တြင္းမွာ စားေသာက္ကုန္ ထုတ္လုပ္တဲ့ လုပ္ငန္းေတြက ေထာက္ခံခ်က္ ေလွ်ာက္ထား လာရင္ ထုတ္လုပ္တဲ့ လုပ္ငန္း၊ စက္႐ံု၊ အလုပ္႐ံုဟာ အနိမ့္ဆံုး အားျဖင့္ ေကာင္းမြန္တဲ့ ထုတ္လုပ္မႈ က်င့္စဥ္နဲ႔ ညီၫြတ္ဖို႔၊ အဲဒီလုပ္ငန္း ကေန ထုတ္လုပ္ လိုက္တဲ့ စားေသာက္ကုန္က ဒီစားေသာက္ကုန္ အတြက္ သတ္မွတ္ ထားတဲ့ အေသးစိတ္ အခ်က္အလက္ (Quality Safety Specification) နဲ႔ ကိုက္ညီျခင္း ရွိမရွိ ဓာတ္ခြဲ စစ္ေဆးတယ္။ ၿပီးရင္ စားေသာက္ကုန္ရဲ႕ အမွတ္တံဆိပ္ဟာ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီဖို႔ကို စိစစ္ၿပီး ဒီအပိုင္းေတြ အားလံုး ျပည္စံု ညီၫြတ္မွသာ FDA က အစားအေသာက္ ထုတ္လုပ္မႈ ေထာက္ခံခ်က္ကို ထုတ္ေပးတယ္။ ဒါေပမဲ့ ေစ်းကြက္ထဲမွာ ေရာင္းခ်ေနတဲ့ အစားအေသာက္ ထုတ္ကုန္ အခ်ဳိ႕ ကေတာ့ FDA ေထာက္ခံခ်က္ မယူဘဲ ထုတ္လုပ္ ေရာင္းခ်ၾက တာေတြလည္း ရွိေနတယ္။ ဒါေတြကို ေသခ်ာ စိစစ္ၾကပ္မတ္ ေပးဖို႔ စားသံုးသူေတြက ဆႏၵရွိၾကတယ္။ ဒါ့အျပင္ စားသံုးသူေတြ အေနနဲ႔ စားေသာက္ကုန္ေတြ ကို အႏၲရာယ္ ကင္းရွင္းစြာနဲ႔ အရည္အေသြး အျပည့္ စိတ္ခ်လက္ခ် စားသံုးႏိုင္ဖို႔ ဆိုရင္ သက္ဆိုင္ရာ ဌာနေတြ အေနနဲ႔ ထုတ္ကုန္ တစ္ခုကို ေစ်းကြက္ထဲ ေရာက္မွ အႏၲရာယ္ ရွိမရွိ စစ္ေဆး တာထက္ စထုတ္တဲ့ ပင္ရင္းမွာ ပါ၀င္တဲ့ ကုန္ၾကမ္း ထုတ္လုပ္မႈ ျဖစ္စဥ္မွာ ကတည္းက စိစစ္ ၾကပ္မတ္ဖို႔က အေရးႀကီးေၾကာင္း ပညာရွင္ အခ်ဳိ႕ က ေထာက္ျပတယ္။

          pre market  မွာကတည္းက ကုန္ၾကမ္းေတြကို ေတာက္ေလွ်ာက္ monitor လုပ္ၿပီး GMP (ေကာင္းမြန္ေသာ ထုတ္လုပ္မႈ က်င့္စဥ္) နဲ႔ လုပ္ၿပီး ေစာင့္ၾကည့္ၿပီး ထုတ္လာတဲ့ ထုတ္ကုန္ ဆိုရင္ ကုိယ္က အခ်ိန္မေရြး ေရွာင္တခင္ စစ္ေဆးလို႔ ရတယ္။ ေစာင့္ၾကည့္လို႔ ရတယ္။ အဲဒီလိုဆိုရင္ ထုတ္ကုန္ေတြက အကုန္ စိတ္ခ် ရမယ္။ အခုဟာက အဲဒီလို မျဖစ္ဘူး။ ကၽြန္ေတာ္တို႔က အဲဒီလိုမ်ဳိး ရွိေစခ်င္တယ္။ ထုတ္ကုန္ တစ္ခု ေစ်းကြက္ ထဲေရာက္မွ စစ္ေဆးတာထက္ ထုတ္ကုန္ကို မထုတ္ခင္မွာ ကုန္ၾကမ္းမွာ ကတည္းက ေသခ်ာ စနစ္တက် ေဆာင္ရြက္ျခင္း ရွိမရွိ စစ္ေဆးမယ္ ဆိုရင္ ပိုထိေရာက္မယ္ လို႔ ျမန္မာ စားသံုးသူမ်ားသမဂၢမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္က ေျပာပါတယ္။

          ျပည္တြင္း စားေသာက္ကုန္ေတြ အျပင္ နယ္စပ္က ၀င္လာတဲ့ အစားအေသာက္ေတြ ကိုလည္း ေသခ်ာ စိစစ္ဖို႔ လိုတယ္။ တရား၀င္ FDA ေထာက္ခံခ်က္ ယူၿပီး ၀င္လာတဲ့ အစားအေသာက္ေတြက ျပႆနာ မရွိ ေပမယ့္ ေမွာင္ခို လမ္းေၾကာင္းကေန ၀င္လာတဲ့ အစားအေသာက္ေတြက စစ္ေဆးမႈ မရွိလို႔ အႏၲရာယ္ ရွိႏိုင္တဲ့ အတြက္ နယ္စပ္ ကုန္သြယ္ေရးကို ေသခ်ာ ၾကပ္မတ္ဖို႔လည္း လိုအပ္ေနတယ္။ FDA အေနနဲ႔ ျပည္တြင္းကို တင္သြင္း လာတဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္ၿပီး ျပည္တြင္းကို မတင္သြင္းမီမွာ စီးပြားကူးသန္း ကေန တင္သြင္းခြင့္ ေထာက္ခံခ်က္ ထုတ္ေပးဖို႔ စိစစ္တယ္။ တင္သြင္းမယ့္ စားေသာက္ကုန္နဲ႔ ပတ္သက္တဲ့ တစ္ဖက္ ႏိုင္ငံက ထုတ္ေပးတဲ့ စာရြက္စာတမ္းေတြကို စိစစ္ျခင္းနဲ႔ အတူ သေဘၤာ မတင္မီ နမူနာကို ဓာတ္ခြဲ စစ္ေဆးျခင္း ေတြ ေဆာင္ရြက္တယ္။ သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီရင္ တင္သြင္းခြင့္ အတြက္ ေထာက္ခံေပးၿပီး ဒုတိယ အဆင့္ အေနနဲ႔ ကေတာ့ တင္သြင္းခြင့္ရလို႔ တင္သြင္းလာတဲ့ စားေသာက္ကုန္ေတြ ဆိပ္ကမ္း၊ နယ္စပ္ စခန္းကို ေရာက္ရွိ လာတဲ့ အခါမွာ ကိုယ္စားျပဳ နမူနာေတြကို ေကာက္ယူ ဓာတ္ခြဲ စစ္ေဆးတယ္။ သေဘၤာတင္ စာရြက္ စာတမ္း အေထာက္အထားေတြ ကိုပါ စိစစ္ရပါတယ္။ စိစစ္ခ်က္အရ တင္သြင္း လာတဲ့ ေထာက္ခံခ်က္ လတ္မွတ္ျပ ႏိုင္သူ ကိုသာ အေကာက္ခြန္ ဦးစီးဌာနက အေကာက္ခြန္ ေပးေဆာင္ေစၿပီး ပစၥည္းထုတ္ယူ ေရာင္းခ်ခြင့္ ေပးတဲ့ စနစ္ကို က်င့္သံုးတယ္။ တရား၀င္ မဟုတ္ဘဲ ေမွာင္ခို လမ္းေၾကာင္း ကေန ေစ်းကြက္ထဲ ေရာက္လာတဲ့ စားေသာက္ကုန္ေတြ ကိုလည္း ေစ်းကြက္ ထဲမွာ လိုက္လံ စစ္ေဆးတာမ်ဳိးေတြ၊ ေဆာင္ရြက္ တာေတြလည္း ရွိတယ္လို႔  အစားအေသာက္နဲ႔  ေဆး၀ါး ကြပ္ကဲေရး ဦးစီးဌာနထံ ကေန သိရတယ္။

          ျမန္မာလူမ်ဳိးေတြဟာ အစားအစာ စားတဲ့ အခါမွာ တလြဲ အယူအဆနဲ႔ အႏၲရာယ္ကို ဖိတ္ေခၚေန ပါတယ္။ ဟင္းခ်က္ ရင္လည္း အေရာင္ေလးပါမွ ငပိ၊ ငါးေျခာက္၊ လက္ဖက္၊ ထန္းလ်က္ ေတြေတာင္ ဆိုးေဆးက မကင္း။

          ရာသီဥတု ဆိုးရြာလာၿပီး၊ ေလထု ေျမထု ေရထုမွာပါ အဆိပ္အေတာက္ေတြ ေပၚမ်ားလာတဲ့ ေခတ္ႀကီး ထဲမွာ က်န္းမာေရးကို အသိ သတိထား ၪာဏ္နဲ႔ ပညာနဲ႔ယွဥ္ကာ ဂ႐ုျပဳ စားသုံးဖို႔ လိုလာေန ပါၿပီ။ အသက္ရွည္ က်န္းမာဖို႔ အတြက္ မႏြယ္ႏြယ္ေအးလိုပဲ မစားသင့္တဲ့ အစားအေသာက္ေတြကုိ မစားဖုိ႔ လုိၿပီး ေန႔စဥ္ အစားအေသာက္ ေတြမွာ က်န္းမာေရးနဲ႔ ညီမညီ လူကုိ အႏၲရာယ္ ျပဳမျပဳ သတိထား ခ်င့္ခ်ိန္ဖုိ႔ ျမန္မာ ျပည္သူေတြ လိုအပ္ေနပါတယ္။

သက္စုေအာင္
Messenger News Journal
http://www.messengerdaily.com/

...............................................


     မနွယ်နွယ်အေးက ငရုတ် အချဉ်ရည်ကို အရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ။ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုပ် စားရင်လည်း ငရုတ်ချဉ်ရည် ရွှဲရွှဲလေး။ ၀က်သားတုတ်ထိုး စားလည်း ငရုတ်ချဉ်ရည်နဲ့မှ။ ထမင်းသုပ်စား ရင်တောင် ငရုတ်ချဉ်ရည် ထည့်ပြီး နယ်စားရ တာကို နှစ်သက်သူ။ ငရုတ်ချဉ်ရည် အရမ်းကြိုက်တဲ့ မနွယ်နွယ်အေး တစ်ယောက် ငရုတ်ချဉ်ကို အပြီးအပိုင် စွန့်လွှတ်လိုက်တဲ့နေ့ ကတော့ ဇန်နဝါရီလ (၁၄) ရက်နေ့ ကပါ။

          အဲဒီနေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ငရုတ်ဆီ လုပ်ငန်း တစ်ခုကို စစ်ဆေးတာနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ ငရုတ်ဆီ ထုတ်လုပ်တဲ့ လုပ်ငန်းဓာတ်ပုံ တွေကို တွေ့ပြီးနောက် ငရုတ်ချဉ်ရည်ကို တစ်သက်လုံး မစားတော့ဘူးလို့ မနွယ်နွယ်အေးက စိတ်ပိုင်းဖြတ်လိုက် တာပါ။

          မန္တလေးမြို့တော် စည်ပင်က စစ်ဆေး ဖော်ထုတ်ခဲ့တဲ့ ငရုတ်ဆီ လုပ်ငန်းတွင် အသုံးပြုတဲ့ ကုန်ကြမ်း ပစ္စည်းတွေ မှန်ကန်မှု မရှိခြင်း၊ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်နိုင်တဲ့ ကုန်ကြမ်း ပစ္စည်းများ ဖြစ်နေခြင်း၊ ထုတ်လုပ်မှု အဆင့်ဆင့်တွင် စားသုံးသူတွေ အတွက် ဘေးအန္တရာယ် မကင်းရှင်းသည် သာမက ငရုတ်ဆီ ထုတ်လုပ်သည့် နေရာသည် မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေခြင်း ဖြစ်တယ်။ အဆိုးဆုံးမှာ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးပေး နိုင်တဲ့ အမျိုးအမည် မသိ ဓာတုဗေဒ အချဉ်မှုန့် တွေကို ရောနှော ကျိုချက် ထားခြင်း ဖြစ်ပါတယ်။

           အဲဒီလို ပုံစံနဲ့ ထုတ်လုပ်တယ် ဆိုတာ အရင်က မသိခဲ့ဘူး။ ပုံတွေ မြင်လိုက် တော့မှ တော်တော် စိတ်ကုန် သွားတယ်။ ဒီတစ်ခုတည်းတင် မဟုတ်ဘူး။ ကိုယ်နေ့စဉ် စားသောက် နေတဲ့ အစားအသောက် တွေတောင် သံသယဝင် လာတယ်။ စားသုံးသူတွေ အတွက် ဘယ်လောက်များ အန္တရာယ်များ လိုက်မလဲလို့။ သေချာတာ ကတော့ ငရုတ်ချဉ်ကတော့ လုံးဝပြတ် သွားတယ် လို့ ချမ်းမြသာစည် မြို့နယ်မှာ နေထိုင်တဲ့ မနွယ်နွယ်အေးက ပြောပါတယ်။

          နေ့စဉ် သောက်သုံးနေတဲ့ ရေသန့်က စပြီး နေ့စဉ် ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဆီ၊ ငပိ၊ ငရုတ်သီးမှုန့်၊ သီးနှံ စတဲ့ စားသောက်ကုန် အစားအသောက်တွေကို အခု နောက်ပိုင်းမှာ စိတ်ချလက်ချ သုံးစွဲဖို့ မရဲတော့ဘဲ စားသုံးသူတွေ အနေနဲ့ စိုးရိမ်မှု တွေရှိ လာကြ တာပါ။ ဒါ့အပြင် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန က စျေးကွက်မှာ စစ်ဆေးတွေ့ရှိတဲ့ စံမညီ၊ စားသုံးရန် မသင့်ဆိုတဲ့ ထုတ်ပြန်တဲ့ အစားအသောက်တွေ မှာလည်း အများစုက နေ့စဉ် အသုံး ပြုနေရတဲ့ စားသောက်ကုန်တွေ ပါ၀င်နေ တာကို တွေ့ရ ပါတယ်။ ခေတ်မီ ဓာတုဆေး ပစ္စည်းတွေ ပေါများ လာတဲ့ ယနေ့ခေတ်မှာ အသီးအနှံက အစ သဘာဝသစ်သီး ဆိုတာ ရှားပါး လာပြီး စျေးကွက်မှာ ရောင်းပန်းလှ နိုင်ဖို့ သီးနှံစိမ်းတွေ ကိုပါ ဓာတုဗေဒ ဆေးရည်သုတ်လိမ်း ရောင်းချ တာတွေ ပါရှိလာတယ်။

           သားဖြစ်သူကို ကျွေးချင်လို့ ငှက်ပျောသီးသွား ၀ယ်တယ်။ ကိုယ်ရှေ့မှာပဲ ငှက်ပျောသီး အစိမ်းကို ဆေးရည်တွေ စိမ်နေတယ်။ ၀ယ်လာတဲ့ ငှက်ပျောသီးက အခွံ ကတော့ ၀င်းမှည့်နေတယ်။ အထဲက အသားက အစိမ်းအတိုင်းပဲ။ ဒါသမားရိုးကျ မဟုတ်ဘူး။ အစိမ်းကို အမြန်မှည့်အောင် ဆေးရည်စိမ်တယ်။ သမားရိုးကျ မဟုတ်ရင်တော့ ဘယ်အရာမှ စိတ်မချ ရဘူး။ သဘာဝ အမှည့်က ပိုကောင်းပေမယ့်လည်း အခု နောက်ပိုင်း အသီးအနှံ မှန်သမျှကလည်း ဆေးစိမ်၊ ဆေးထိုးမှည့်ပြီး ရောင်းကြတော့ စားတာတော့ အစာပေမယ့် အဆိပ် စားနေရသလို ဖြစ်နေတယ် လို့ ကုမ္ပဏီဝန်ထမ်း ဖြစ်သူ ကိုမင်းမင်းက ပြောတယ်။

          လက်ရှိမှာ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး အစားအသောက်နဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိတဲ့ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) အပြင် စည်ပင်သာယာရေး ကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနတို့က အစားအသောက်နဲ့ ပတ်သက်ပြီး ပညာပေး လုပ်ငန်းတွေ၊ စျေးကွက်မှာ စားသုံးရန် မသင့်တဲ့ အစားအသောက် တွေကို စစ်ဆေးတာမျိုးတွေ ဆောင်ရွက် နေပေမယ့်လည်း တကယ့် လက်တွေ့မ ှာတော့ ထိရောက်မှု အားနည်းနေတယ်။

           ဌာနဆိုင်ရာ အချင်းချင်း ကလည်း ချိတ်ဆက်မှု အားနည်းတယ်။ တစ်ယောက်နဲ့ တစ်ယောက် role ကို ကွဲကွဲပြားပြား မယူဘူး။ အဲဒါက မထိရောက်ဘူး။ mapping သေချာ လုပ်ပြီး သူ့တာဝန်၊ ကိုယ့်တာဝန် သေချာ ခွဲပြီးတော့ တံဆိပ် ဆိုလည်း တံဆိပ်၊ လိုင်စင် ဆိုလည်း လိုင်စင်၊ ဘယ်သူက ဘယ်ဟာကို ပေးထားတယ်။ စည်ပင်က လိုင်စင်ပေးထား တာဆို အဲဒီ တံဆိပ်နဲ့ ထုတ်တဲ့ ပါကင်တွေက အရောင် တစ်မျိုး၊ FDA ကဆို အရောင် တစ်မျိုး၊ နိုင်ငံခြားက ၀င်လာတာ ဆိုရင် ပါကင်က အရောင်တစ်မျိုး ကြည့်လိုက်တာနဲ့ ချက်ချင်း ဘယ်သူ တာဝန်ယူလဲ ဆိုတာ ခွဲနိုင်တာတို့၊ ပင်ရင်းကို မြန်မြန် ထိလွယ်မှပဲ လုပ်တဲ့ သူလည်း ကြောက်မယ်။ ပြဿနာပေါ် ရင်လည်း ချက်ချင်း အရင်းအမြစ်ကို ကိုင်နိုင်မယ် ဆိုရင် လုပ်တဲ့ သူက မလုပ်ရဲတော့ဘူး ပေါ့လို့ မြန်မာ စားသုံးသူများ သမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

          အစားအသောက် ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက် လက်မှတ်ကို ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်မှာ ရှိတဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဦးစီး ဌာန (FDA) က ထုတ်ပေးနေ ပါတယ်။ (FDA) အနေနဲ့ ပြည်တွင်းမှာ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေက ထောက်ခံချက် လျှောက်ထား လာရင် ထုတ်လုပ်တဲ့ လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံဟာ အနိမ့်ဆုံး အားဖြင့် ကောင်းမွန်တဲ့ ထုတ်လုပ်မှု ကျင့်စဉ်နဲ့ ညီညွတ်ဖို့၊ အဲဒီလုပ်ငန်း ကနေ ထုတ်လုပ် လိုက်တဲ့ စားသောက်ကုန်က ဒီစားသောက်ကုန် အတွက် သတ်မှတ် ထားတဲ့ အသေးစိတ် အချက်အလက် (Quality Safety Specification) နဲ့ ကိုက်ညီခြင်း ရှိမရှိ ဓာတ်ခွဲ စစ်ဆေးတယ်။ ပြီးရင် စားသောက်ကုန်ရဲ့ အမှတ်တံဆိပ်ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ကို စိစစ်ပြီး ဒီအပိုင်းတွေ အားလုံး ပြည်စုံ ညီညွတ်မှသာ FDA က အစားအသောက် ထုတ်လုပ်မှု ထောက်ခံချက်ကို ထုတ်ပေးတယ်။ ဒါပေမဲ့ စျေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက် ထုတ်ကုန် အချို့ ကတော့ FDA ထောက်ခံချက် မယူဘဲ ထုတ်လုပ် ရောင်းချကြ တာတွေလည်း ရှိနေတယ်။ ဒါတွေကို သေချာ စိစစ်ကြပ်မတ် ပေးဖို့ စားသုံးသူတွေက ဆန္ဒရှိကြတယ်။ ဒါ့အပြင် စားသုံးသူတွေ အနေနဲ့ စားသောက်ကုန်တွေ ကို အန္တရာယ် ကင်းရှင်းစွာနဲ့ အရည်အသွေး အပြည့် စိတ်ချလက်ချ စားသုံးနိုင်ဖို့ ဆိုရင် သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ ထုတ်ကုန် တစ်ခုကို စျေးကွက်ထဲ ရောက်မှ အန္တရာယ် ရှိမရှိ စစ်ဆေး တာထက် စထုတ်တဲ့ ပင်ရင်းမှာ ပါ၀င်တဲ့ ကုန်ကြမ်း ထုတ်လုပ်မှု ဖြစ်စဉ်မှာ ကတည်းက စိစစ် ကြပ်မတ်ဖို့က အရေးကြီးကြောင်း ပညာရှင် အချို့ က ထောက်ပြတယ်။

          pre market  မှာကတည်းက ကုန်ကြမ်းတွေကို တောက်လျှောက် monitor လုပ်ပြီး GMP (ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်) နဲ့ လုပ်ပြီး စောင့်ကြည့်ပြီး ထုတ်လာတဲ့ ထုတ်ကုန် ဆိုရင် ကိုယ်က အချိန်မရွေး ရှောင်တခင် စစ်ဆေးလို့ ရတယ်။ စောင့်ကြည့်လို့ ရတယ်။ အဲဒီလိုဆိုရင် ထုတ်ကုန်တွေက အကုန် စိတ်ချ ရမယ်။ အခုဟာက အဲဒီလို မဖြစ်ဘူး။ ကျွန်တော်တို့က အဲဒီလိုမျိုး ရှိစေချင်တယ်။ ထုတ်ကုန် တစ်ခု စျေးကွက် ထဲရောက်မှ စစ်ဆေးတာထက် ထုတ်ကုန်ကို မထုတ်ခင်မှာ ကုန်ကြမ်းမှာ ကတည်းက သေချာ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးမယ် ဆိုရင် ပိုထိရောက်မယ် လို့ မြန်မာ စားသုံးသူများသမဂ္ဂမှ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

          ပြည်တွင်း စားသောက်ကုန်တွေ အပြင် နယ်စပ်က ၀င်လာတဲ့ အစားအသောက်တွေ ကိုလည်း သေချာ စိစစ်ဖို့ လိုတယ်။ တရားဝင် FDA ထောက်ခံချက် ယူပြီး ၀င်လာတဲ့ အစားအသောက်တွေက ပြဿနာ မရှိ ပေမယ့် မှောင်ခို လမ်းကြောင်းကနေ ၀င်လာတဲ့ အစားအသောက်တွေက စစ်ဆေးမှု မရှိလို့ အန္တရာယ် ရှိနိုင်တဲ့ အတွက် နယ်စပ် ကုန်သွယ်ရေးကို သေချာ ကြပ်မတ်ဖို့လည်း လိုအပ်နေတယ်။ FDA အနေနဲ့ ပြည်တွင်းကို တင်သွင်း လာတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းကို မတင်သွင်းမီမှာ စီးပွားကူးသန်း ကနေ တင်သွင်းခွင့် ထောက်ခံချက် ထုတ်ပေးဖို့ စိစစ်တယ်။ တင်သွင်းမယ့် စားသောက်ကုန်နဲ့ ပတ်သက်တဲ့ တစ်ဖက် နိုင်ငံက ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေကို စိစစ်ခြင်းနဲ့ အတူ သင်္ဘော မတင်မီ နမူနာကို ဓာတ်ခွဲ စစ်ဆေးခြင်း တွေ ဆောင်ရွက်တယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် တင်သွင်းခွင့် အတွက် ထောက်ခံပေးပြီး ဒုတိယ အဆင့် အနေနဲ့ ကတော့ တင်သွင်းခွင့်ရလို့ တင်သွင်းလာတဲ့ စားသောက်ကုန်တွေ ဆိပ်ကမ်း၊ နယ်စပ် စခန်းကို ရောက်ရှိ လာတဲ့ အခါမှာ ကိုယ်စားပြု နမူနာတွေကို ကောက်ယူ ဓာတ်ခွဲ စစ်ဆေးတယ်။ သင်္ဘောတင် စာရွက် စာတမ်း အထောက်အထားတွေ ကိုပါ စိစစ်ရပါတယ်။ စိစစ်ချက်အရ တင်သွင်း လာတဲ့ ထောက်ခံချက် လတ်မှတ်ပြ နိုင်သူ ကိုသာ အကောက်ခွန် ဦးစီးဌာနက အကောက်ခွန် ပေးဆောင်စေပြီး ပစ္စည်းထုတ်ယူ ရောင်းချခွင့် ပေးတဲ့ စနစ်ကို ကျင့်သုံးတယ်။ တရားဝင် မဟုတ်ဘဲ မှောင်ခို လမ်းကြောင်း ကနေ စျေးကွက်ထဲ ရောက်လာတဲ့ စားသောက်ကုန်တွေ ကိုလည်း စျေးကွက် ထဲမှာ လိုက်လံ စစ်ဆေးတာမျိုးတွေ၊ ဆောင်ရွက် တာတွေလည်း ရှိတယ်လို့  အစားအသောက်နဲ့  ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနထံ ကနေ သိရတယ်။

          မြန်မာလူမျိုးတွေဟာ အစားအစာ စားတဲ့ အခါမှာ တလွဲ အယူအဆနဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေ ပါတယ်။ ဟင်းချက် ရင်လည်း အရောင်လေးပါမှ ငပိ၊ ငါးခြောက်၊ လက်ဖက်၊ ထန်းလျက် တွေတောင် ဆိုးဆေးက မကင်း။

          ရာသီဥတု ဆိုးရွာလာပြီး၊ လေထု မြေထု ရေထုမှာပါ အဆိပ်အတောက်တွေ ပေါ်များလာတဲ့ ခေတ်ကြီး ထဲမှာ ကျန်းမာရေးကို အသိ သတိထား  ဉာဏ်နဲ့ ပညာနဲ့ယှဉ်ကာ ဂရုပြု စားသုံးဖို့ လိုလာနေ ပါပြီ။ အသက်ရှည် ကျန်းမာဖို့ အတွက် မနွယ်နွယ်အေးလိုပဲ မစားသင့်တဲ့ အစားအသောက်တွေကို မစားဖို့ လိုပြီး နေ့စဉ် အစားအသောက် တွေမှာ ကျန်းမာရေးနဲ့ ညီမညီ လူကို အန္တရာယ် ပြုမပြု သတိထား ချင့်ချိန်ဖို့ မြန်မာ ပြည်သူတွေ လိုအပ်နေပါတယ်။

သက်စုအောင်
Messenger News Journal
http://www.messengerdaily.com/

သဘာဝနဲ႔ ေဖာ္တဲ့ အားေဆးေတြလည္း ဒုကၡေပးႏိုင္ (သဘာဝနဲ့ ဖော်တဲ့ အားဆေးတွေလည်း ဒုက္ခပေးနိုင် )

(Credit: Reuters) 
သဘာဝနဲ႔ ​ေဖာ္စပ္ထားတယ္ ​ဆိုတဲ့ ​အားေဆးေတြကို ​ေသာက္ရာက ​ၾသစေၾတးလ် ​ႏိုင္ငံသား ​အနည္းဆုံး ​၆ ​ေယာက္ေလာက္ ​အစားထိုးခြဲစိတ္ကုသမႈ ​ခံယူခဲ့ရပါတယ္။

၂၀၁၁ ​ခုႏွစ္ေနာက္ပိုင္း ​Herbal ​supplement ​လို႔ေခၚတဲ့ ​သဘာဝ ​တိုင္းရင္းေဆးနည္းနဲ႔ ​ေဖာ္စပ္ထားတဲ့ ​အားတိုးေဆးေတြကို ​ေသာက္ရင္း ​အသဲေတြ ​လုံးဝ ​ပ်က္စီးသြားလို႔ ​အသဲအစားထိုး ​ကုသမႈ ​ခံယူခဲ့ရသူ ​၃ ​ဦးနဲ႔ ​ေက်ာက္ကပ္ ​အစားထိုး ​ကုသခံရသူ ​၃ ​ဦး ​ရွိတယ္လို႔ ​သိရပါတယ္။

Matthew ​Whitby ​ဆိုတဲ့ ​လူငယ္ေလးဟာ ​က်န္းမာေရး ​လိုက္စားလာၿပီးတဲ့ေနာက္ ​ၾကြက္သားေတြ ​ပိုမ်ားလာေအာင္ ​လက္ဖက္ကေန ​ထုတ္လုပ္ထားတဲ့ ​တိုင္းရင္းေဆးေတြကို ​မွီဝဲခဲ့ပါတယ္။

ဘယ္တိုင္းရင္း ​အားတိုးေဆးကို ​ေသာက္လို႔ ​အသဲနဲ႔ ​ေက်ာက္ကပ္ေတြကို ​ပ်က္စီးေစသလဲ ​ဆိုတာကို ​ဆရာဝန္ေတြက ​အတိအက် ​မသိရေသးပါဘူး။

ပိုၿပီး ​က်န္းမာေစဖို႔ ​အဲဒီ ​ေဆးေတြကို ​သုံးစြဲတာ ​ျဖစ္ေပမယ့္ ​ေဆးက ​အႏၱာရာယ္ ​ျဖစ္ေစႏိုင္တာေၾကာင့္ ​ေရွာင္ရွားသင့္တာကို ​ေရွာင္ရွားဖို႔ ​က်န္းမာေရး ​အာဏာပိုင္ေတြက ​သတိေပးထားပါတယ္။

ၾသစေၾတးလ် ​ႏိုင္ငံမွာ ​ခႏၶာကိုယ္ ​အစိတ္အပိုင္း ​လ်ဴဒါန္းတာေတြ ​အကန္႔အသတ္နဲ႔သာ ​ရွိတဲ့အတြက္ ​အသဲကို ​မပ်က္စီးေအာင္ ​ႀကိဳတင္ ​ကာကြယ္မႈေတြ ​လုပ္ဖို႔ ​တိုက္တြန္းထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
............
 (Credit: Reuters)
သဘာဝနဲ့ ​ဖော်စပ်ထားတယ် ​ဆိုတဲ့ ​အားဆေးတွေကို ​သောက်ရာက ​သြစတြေးလျ ​နိုင်ငံသား ​အနည်းဆုံး ​၆ ​ယောက်လောက် ​အစားထိုးခွဲစိတ်ကုသမှု ​ခံယူခဲ့ရပါတယ်။

၂၀၁၁ ​ခုနှစ်နောက်ပိုင်း ​Herbal ​supplement ​လို့ခေါ်တဲ့ ​သဘာဝ ​တိုင်းရင်းဆေးနည်းနဲ့ ​ဖော်စပ်ထားတဲ့ ​အားတိုးဆေးတွေကို ​သောက်ရင်း ​အသဲတွေ ​လုံးဝ ​ပျက်စီးသွားလို့ ​အသဲအစားထိုး ​ကုသမှု ​ခံယူခဲ့ရသူ ​၃ ​ဦးနဲ့ ​ကျောက်ကပ် ​အစားထိုး ​ကုသခံရသူ ​၃ ​ဦး ​ရှိတယ်လို့ ​သိရပါတယ်။

Matthew ​Whitby ​ဆိုတဲ့ ​လူငယ်လေးဟာ ​ကျန်းမာရေး ​လိုက်စားလာပြီးတဲ့နောက် ​ကြွက်သားတွေ ​ပိုများလာအောင် ​လက်ဖက်ကနေ ​ထုတ်လုပ်ထားတဲ့ ​တိုင်းရင်းဆေးတွေကို ​မှီဝဲခဲ့ပါတယ်။

ဘယ်တိုင်းရင်း ​အားတိုးဆေးကို ​သောက်လို့ ​အသဲနဲ့ ​ကျောက်ကပ်တွေကို ​ပျက်စီးစေသလဲ ​ဆိုတာကို ​ဆရာဝန်တွေက ​အတိအကျ ​မသိရသေးပါဘူး။

ပိုပြီး ​ကျန်းမာစေဖို့ ​အဲဒီ ​ဆေးတွေကို ​သုံးစွဲတာ ​ဖြစ်ပေမယ့် ​ဆေးက ​အန္တာရာယ် ​ဖြစ်စေနိုင်တာကြောင့် ​ရှောင်ရှားသင့်တာကို ​ရှောင်ရှားဖို့ ​ကျန်းမာရေး ​အာဏာပိုင်တွေက ​သတိပေးထားပါတယ်။

သြစတြေးလျ ​နိုင်ငံမှာ ​ခန္ဓာကိုယ် ​အစိတ်အပိုင်း ​လျူဒါန်းတာတွေ ​အကန့်အသတ်နဲ့သာ ​ရှိတဲ့အတွက် ​အသဲကို ​မပျက်စီးအောင် ​ကြိုတင် ​ကာကွယ်မှုတွေ ​လုပ်ဖို့ ​တိုက်တွန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ေဒၚစု ႏိုင္ငံျခားေရး ဝန္ႀကီး ျဖစ္လာႏိုင္( ဒေါ်စု နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာနိုင်)

ေဒၚေအာင္ဆန္းစုၾကည္သာ ႏိုင္ငံျခားေရး ဝန္ႀကီးျဖစ္ရင္ ႏိုင္ငံတကာမွာ ျမန္မာကို ကိုယ္စားျပဳႏိုင္မယ္ (Credit: AFP) 
အမ်ဳိးသား ​ဒီမိုကေရစီ ​အဖြဲ႔ခ်ဳပ္ ​ပါတီ ​NLD ​ေခါင္းေဆာင္ ​ေဒၚေအာင္ဆန္းစုၾကည္က ​ႏိုင္ငံျခားေရးရာ ​ဝန္ႀကီးရာထူးကို ​ရယူႏိုင္တယ္လို႔ ​သတင္းေတြမွာ ​ေရးသားေနၾကပါတယ္။

ျမန္မာ့ႏိုင္ငံေရး ​ေလ့လာသူေတြကေတာ့ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ရာထူးရခဲ့မယ္ဆိုရင္ ​ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ​ကာကြယ္ေရးနဲ႔ ​လုံၿခဳံေရး ​ေကာင္စီ ​(ကာလုံ) ​မွာ ​သမၼတ၊ ​ဒုသမၼတေတြနဲ႔အျပင္ ​စစ္ဦးစီးခ်ဳပ္နဲ႔အတူ ​ပါဝင္ခြင့္ရမယ့္အေနအထား ​ရွိတယ္လို႔ ​ဆိုပါတယ္။

ဒါ့အျပင္ ​စစ္တပ္ ​ဝန္ႀကီးေတြ ​ေနရာယူထားမယ့္ ​ျပည္တြင္းေရး ​ဝန္ႀကီးဌာနက ​ဝန္ႀကီးေတြ၊ ​ကာကြယ္ေရး ​ဝန္ႀကီးနဲ႔ ​နယ္စပ္ေရးရာ ​ဝန္ႀကီးေတြနဲ႔ ​တန္းတူ ​ကာလုံမွာ ​ပါဝင္ခြင့္ ​ရမွာ ​ျဖစ္ပါတယ္။

ဒါ့အျပင္ ​ေဒၚေအာင္ဆန္းစုၾကည္ကသာ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ရာထူးကို ​ရရွိရင္ ​ႏိုင္ငံတကာမွာ ​ျမန္မာကို ​ကိုယ္စားျပဳႏိုင္မွာ ​ျဖစ္သလို ​အေရးႀကီးတဲ့ ​ညီလာခံေတြမွာလည္း ​သမၼတနဲ႔ ​အတူတူ ​တက္ေရာက္ႏိုင္မွာ ​ျဖစ္ပါတယ္။

ဒါေပမဲ့ ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ျဖစ္လာရင္ ​ေဒၚေအာင္ဆန္းစုၾကည္က ​NLD ​ပါတီ ​ေရးရာမွာ ​ပါဝင္ခြင့္ရမွာ ​မဟုတ္ေတာ့တဲ့အတြက္ ​ပါတီေခါင္းေဆာင္ ​အသစ္ ​လိုအပ္လာႏိုင္ပါတယ္။ ​ဒါေပမဲ့ ​ပါတီေခါင္းေဆာင္သစ္ကလည္း ​ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ​ညႊန္ၾကားခ်က္နဲ႔ ​လွဳပ္ရွားမယ့္သူကို ​ေရြးရင္ ​ျဖစ္ႏိုင္တယ္လို႔ ​သုံးသပ္ေနၾကပါတယ္။

ျမန္မာ ​သမၼတ ​ဘယ္သူ ​ျဖစ္မလဲ ​ဆိုတာကို ​ေစာင့္ဆိုင္းေနခ်ိန္မွာပဲ ​ေဒၚေအာင္ဆန္းစုၾကည္က ​ႏိုင္ငံျခားေရး ​ဝန္ႀကီး ​ရာထူးကို ​လက္ခံႏိုင္တယ္ဆိုတဲ့ ​သတင္းေတြ ​ထြက္ေပၚေနတယ္လို႔ ​Straits ​Times ​သတင္းမွာ ​ပါရွိပါတယ္။

မတ္လ ​၁၇ ​ရက္ေန႔က်ရင္ ​သမၼတအျဖစ္ ​ဘယ္သူ႔ကို ​ရာထားသလဲ ​ဆိုတာကို ​ထုတ္ေျပာမယ္လို႔ ​NLD ​ပါတီက ​အရင္တုန္းက ​ေျပာခဲ့ဖူးေပမယ့္ ​အခုအခါမွာ ​သတ္မွတ္ရက္ထက္ ​ေစာၿပီး  ​မတ္လ ​၁၀ ​ရက္ေန႔မွာ ​ေၾကညာမယ္လို႔ ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
...........
 ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံခြားရေး ဝန်ကြီးဖြစ်ရင် နိုင်ငံတကာမှာ မြန်မာကို ကိုယ်စားပြုနိုင်မယ် (Credit: AFP)
အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ပါတီ ​NLD ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​နိုင်ငံခြားရေးရာ ​ဝန်ကြီးရာထူးကို ​ရယူနိုင်တယ်လို့ ​သတင်းတွေမှာ ​ရေးသားနေကြပါတယ်။

မြန်မာ့နိုင်ငံရေး ​လေ့လာသူတွေကတော့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ရာထူးရခဲ့မယ်ဆိုရင် ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​ကာကွယ်ရေးနဲ့ ​လုံခြုံရေး ​ကောင်စီ ​(ကာလုံ) ​မှာ ​သမ္မတ၊ ​ဒုသမ္မတတွေနဲ့အပြင် ​စစ်ဦးစီးချုပ်နဲ့အတူ ​ပါဝင်ခွင့်ရမယ့်အနေအထား ​ရှိတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​စစ်တပ် ​ဝန်ကြီးတွေ ​နေရာယူထားမယ့် ​ပြည်တွင်းရေး ​ဝန်ကြီးဌာနက ​ဝန်ကြီးတွေ၊ ​ကာကွယ်ရေး ​ဝန်ကြီးနဲ့ ​နယ်စပ်ရေးရာ ​ဝန်ကြီးတွေနဲ့ ​တန်းတူ ​ကာလုံမှာ ​ပါဝင်ခွင့် ​ရမှာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​ဒေါ်အောင်ဆန်းစုကြည်ကသာ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ရာထူးကို ​ရရှိရင် ​နိုင်ငံတကာမှာ ​မြန်မာကို ​ကိုယ်စားပြုနိုင်မှာ ​ဖြစ်သလို ​အရေးကြီးတဲ့ ​ညီလာခံတွေမှာလည်း ​သမ္မတနဲ့ ​အတူတူ ​တက်ရောက်နိုင်မှာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဖြစ်လာရင် ​ဒေါ်အောင်ဆန်းစုကြည်က ​NLD ​ပါတီ ​ရေးရာမှာ ​ပါဝင်ခွင့်ရမှာ ​မဟုတ်တော့တဲ့အတွက် ​ပါတီခေါင်းဆောင် ​အသစ် ​လိုအပ်လာနိုင်ပါတယ်။ ​ဒါပေမဲ့ ​ပါတီခေါင်းဆောင်သစ်ကလည်း ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ညွှန်ကြားချက်နဲ့ ​လှုပ်ရှားမယ့်သူကို ​ရွေးရင် ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

မြန်မာ ​သမ္မတ ​ဘယ်သူ ​ဖြစ်မလဲ ​ဆိုတာကို ​စောင့်ဆိုင်းနေချိန်မှာပဲ ​ဒေါ်အောင်ဆန်းစုကြည်က ​နိုင်ငံခြားရေး ​ဝန်ကြီး ​ရာထူးကို ​လက်ခံနိုင်တယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေတယ်လို့ ​Straits ​Times ​သတင်းမှာ ​ပါရှိပါတယ်။

မတ်လ ​၁၇ ​ရက်နေ့ကျရင် ​သမ္မတအဖြစ် ​ဘယ်သူ့ကို ​ရာထားသလဲ ​ဆိုတာကို ​ထုတ်ပြောမယ်လို့ ​NLD ​ပါတီက ​အရင်တုန်းက ​ပြောခဲ့ဖူးပေမယ့် ​အခုအခါမှာ ​သတ်မှတ်ရက်ထက် ​စောပြီး  ​မတ်လ ​၁၀ ​ရက်နေ့မှာ ​ကြေညာမယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ကိုျဖစ္ရမည္ဟု ဦးဝင္းထိန္ေျပာ(ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကိုဖြစ်ရမည်ဟု ဦးဝင်းထိန်ပြော)



အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ေရးသည္ ႏိုင္ငံေတာ္ သမၼတေလာင္း အမည္စာရင္း တင္သြင္းမည့္ ရက္ေရႊ႔ဆိုင္းျခင္းႏွင့္ မသက္ဆိုင္ေၾကာင္း ဒီခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဦးဝင္းထိန္က ယေန႔ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝး အၿပီးတြင္ ေျပာသည္။

“ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္မယ့္ကိစၥက ျဖစ္ကိုျဖစ္မွာ၊ ရက္ေရႊ႕တာ မေရႊ႕တာနဲ႔ ဘာမွမဆိုင္ဘူး။ ေႏွးတာနဲ႔ ျမန္တာ ဒီႏွစ္ရပ္ပဲ။ ဘယ္လိုနည္းနဲ႔ ျဖစ္ႏိုင္တယ္ဆိုတာကေတာ့ ဖြဲ႔စည္းပံု အေျခခံ ဥပေဒဖတ္၊ နည္းဥပေဒေတြ ဖတ္၊ သူျဖစ္ဖို႔ လုပ္ေနတာပဲ” ဟု ၄င္းကဆိုသည္။

ဒု သမၼတေလာင္း ေရြးခ်ယ္ရန္အတြက္ အစည္းအေ၀းကို မူလသတ္မွတ္ထားသည့္ မတ္လ ၁၇ ရက္ေန႔အစား မတ္လ ၁၀ ရက္ေန႔သို႔ ေျပာင္းလဲသတ္မွတ္ခဲ့ရာ အဆိုပါကိစၥမွာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တပ္မေတာ္တို႔အၾကား ပုဒ္မ ၅၉ (စ ) ျပင္ဆင္ေရး ညွိႏႈိင္းမရျခင္း ၊ အစိုးရႏွင့္ လႊတ္ေတာ္တို႔အၾကား ပြတ္တိုက္မႈ မ်ားလာျခင္းတို႔ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရး အကဲခတ္မ်ားက သုံးသပ္ထားၾကသည္။

ႏိုင္ငံေတာ္ သမၼတေလာင္း အမည္စာရင္း တင္သြင္းမည့္ ရက္ေရႊ႕ဆိုင္းျခင္းႏွင့္ ပတ္သက္၍ ၄င္းက “ေနာက္တစ္ခုက မတ္လ ၁၇ ရက္ေန႔လုပ္မယ့္ အစား ေျပာင္းလုပ္လိုက္တာ အေျခအေနက ေကာလာဟလေတြ ပလူပ်ံေနလို႔ ၊ အဲ့ဒါေတြရွင္းလိုက္တဲ့သေဘာလည္း ပါတာေပါ့၊ အေျပာင္းအလဲ လုပ္ဖို႔ကိစၥကေတာ့ ၿပီးခါနီးၿပီ၊ ေနာက္ဆံုးအဆင့္ေလာက္ပဲ က်န္ေတာ့တယ္၊ အစည္းအေဝးတစ္ခါ ႏွစ္ခါဆို ၿပီးပါတယ္” ဟု ဦးဝင္းထိန္က ေျပာသည္။

သတင္း - ကိုေပါက္
Photo - NLD Chairperson
The Ladies News
https://www.facebook.com/News.TheLadies
............


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးသည် နိုင်ငံတော် သမ္မတလောင်း အမည်စာရင်း တင်သွင်းမည့် ရက်ရွှေ့ဆိုင်းခြင်းနှင့် မသက်ဆိုင်ကြောင်း ဒီချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့်ကိစ္စက ဖြစ်ကိုဖြစ်မှာ၊ ရက်ရွှေ့တာ မရွှေ့တာနဲ့ ဘာမှမဆိုင်ဘူး။ နှေးတာနဲ့ မြန်တာ ဒီနှစ်ရပ်ပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်နိုင်တယ်ဆိုတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖတ်၊ နည်းဥပဒေတွေ ဖတ်၊ သူဖြစ်ဖို့ လုပ်နေတာပဲ” ဟု ၄င်းကဆိုသည်။

ဒု သမ္မတလောင်း ရွေးချယ်ရန်အတွက် အစည်းအဝေးကို မူလသတ်မှတ်ထားသည့် မတ်လ ၁၇ ရက်နေ့အစား မတ်လ ၁၀ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ရာ အဆိုပါကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့အကြား ပုဒ်မ ၅၉ (စ ) ပြင်ဆင်ရေး ညှိနှိုင်းမရခြင်း ၊ အစိုးရနှင့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု များလာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ထားကြသည်။

နိုင်ငံတော် သမ္မတလောင်း အမည်စာရင်း တင်သွင်းမည့် ရက်ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ ၄င်းက “နောက်တစ်ခုက မတ်လ ၁၇ ရက်နေ့လုပ်မယ့် အစား ပြောင်းလုပ်လိုက်တာ အခြေအနေက ကောလာဟလတွေ ပလူပျံနေလို့ ၊ အဲ့ဒါတွေရှင်းလိုက်တဲ့သဘောလည်း ပါတာပေါ့၊ အပြောင်းအလဲ လုပ်ဖို့ကိစ္စကတော့ ပြီးခါနီးပြီ၊ နောက်ဆုံးအဆင့်လောက်ပဲ ကျန်တော့တယ်၊ အစည်းအဝေးတစ်ခါ နှစ်ခါဆို ပြီးပါတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

သတင်း - ကိုပေါက်
Photo - NLD Chairperson
The Ladies News
https://www.facebook.com/News.TheLadies

ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္အခ်ိဳ႕ လစာမရ၊ မတ္လကုန္မွ ျပန္ထုတ္ေပးမည္( ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ လစာမရ၊ မတ်လကုန်မှ ပြန်ထုတ်ပေးမည်)


မတ္ ၁ ရက္၊ ၂၀၁၆ ခုႏွစ္။

ကရင္ျပည္နယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ ေဖေဖာ္ဝါရီလအတြက္ လစာမရရွိျခင္းမ်ား ႀကံဳေတြ႕ခဲ့ရသည္ဟု ဖားအံၿမိဳ႕နယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ေထြးျမင့္က ေကအုိင္စီသို႔ ယေန႔ ေျပာသည္။

လက္ရွိ ဒုတိယအႀကိမ္ ကရင္ျပည္နယ္လႊတ္ေတာ္ကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၈ ရက္ေန႔တြင္ စတင္က်င္းပခဲ့ၿပီး အရပ္သား လႊတ္ေတာ္ကိုယ္စားလွ ၁၇ ဦးရွိကာ ယင္းတို႔ထဲတြင္ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ဒုဥကၠဌႏွင့္ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ၃ ဦးစုစုေပါင္း ၅ ဦးသာ ေဖေဖာ္ဝါရီလ အတြက္ လစာရရွိထားေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္လြႊတ္႐ံုးတာဝန္ရွိသူမ်ားထံမွ သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ နန္းခင္ေထြးျမင့္က “အန္တီတုိ႔ ျပည္နယ္ လႊတ္ေတာ္မွာကုိယ္စားလွယ္ ၁၇ ေယာက္ရွိတယ္။ အရင္ကလည္း ၁၇ ေယာက္ဆိုေတာ့ တိုးသြားတာ မဟုတ္ဘူး။ အခုေနာက္လကုန္မွ ေပါင္းယူပါလုိ႔ ေျပာတယ္။ တျခားျပည္နယ္ေတြကို လုိက္ေမးၾကည့္ေတာ့ သူတုိ႔ အကုန္ရၾကတယ္ကြယ္။ က်မတို႔ ကရင္ျပည္နယ္မွာ ၁၇ ေယာက္မွာ ၅ ေယာက္ ရတယ္၊ က်န္တဲ့သူေတြ မရဘူး။ ဒီလစာကို လိုခ်င္ေနလို႔ ေျပာတာေတာ့ မဟုတ္ဘူး။ ဘယ္လုိျဖစ္လဲေတာ့ မသိဘူး။ သိပ္သဘာဝမက်ဘူးလို႔ ျမင္တယ္”ဟု ေျပာသည္။

ထုိသို႔ ျဖစ္ရျခင္းမွာ ႏွစ္စဥ္ႏွစ္တုိင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးကိုသာ ျပည္နယ္လႊတ္ေတာ္႐ံုးက လစာထုတ္ေပးရၿပီး က်န္ကိုယ္စားလွယ္မ်ားမွာ ျပည္နယ္အစုိးရအဖြဲ႕ဝန္ႀကီးမ်ားျဖစ္သည့္အတြက္ ျပည္နယ္ အစိုးရအဖြဲ႕ကသာ လစာေပးေနျခင္းေၾကာင့္ ျပည္နယ္လႊတ္ေတာ္႐ံုး၏ ယခုႏွစ္ ဘာဂ်က္တြင္ ၅ ဦးစာသာ ထည့္သြင္းထားမိသည့္အတြက္ ျဖစ္သည္ဟု လႊတ္ေတာ္႐ံုး၊ ညႊန္ၾကားေရးမႉး ဦးေနလင္းက ေကအိုင္စီသို႔ ယခုလုိ ေျပာသည္။

“ႏွစ္စဥ္ႏွစ္တုိင္းမွာ အဲ့ငါးေယာက္စာပဲ က်ေနာ္တုိ႔ဘက္က ထုတ္ေပးခဲ့တာပါခင္ဗ်ား။ က်န္တဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက အစိုးရအဖြဲ႔ဝန္ႀကီးေတြ ျဖစ္တဲ့အတြက္ အစိုးရ႐ံုးဘက္က ထုတ္ေပးတာျဖစ္ပါတယ္။ အစိုးရအဖဲြ႕တာဝန္က မၿပီးဆံုးေသးေတာ့ လႊတ္ေတာ္မွာ ကိုယ္စားလွယ္မ်ားသြားတာေပါ့ေနာ္။ အဲ့ႏွစ္လစာကို က်ေနာ္တုိ႔ တင္ေတာင္းဖုိ ့က်န္ေနခဲ့တယ္။ က်န္ေနခဲ့တာကို အစိုးရအဖဲြ႕ကို တင္ျပၿပီးေတာ့ မတ္လကုန္ ပိုေနတဲ့ ဘာဂ်က္ ျပန္အပ္တဲ့အခါ ထုတ္ေပးဖုိ႔ အစိုးရအဖြဲ႕ အစည္းအေဝးခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္ပါတယ္”ဟု ဦးေနလင္းက ဆက္ေျပာသည္။

လက္ရွိျပည္နယ္လႊတ္ကိုယ္စားလွယ္ တဦးလွ်င္ တလက်ပ္ ၅ သိန္းလစာရရွိမည္ျဖစ္ၿပီး ဒုတိယအႀကိမ္ ျပည္နယ္လႊတ္ေတာ္ကို ေဖေဖာ္ဝါရီ ၈ ရက္ေန႔တြင္ စတင္သည့္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ က်မ္းသစၥာႀကိမ္ဆိုသည့္ ေန႔မွစတင္ကာ ခံစားခြင့္ရွိေၾကာင္း သိရသည္။

ထို႔အတြက္ေၾကာင့္ ေဖေဖာ္ဝါရီလအတြက္ ဒုတိယအႀကိမ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ေဖေဖာ္ဝါရီ ၈ ရက္မွစတင္ကာ လစာရရွိမည္ျဖစ္သည့္အတြက္ ေဖေဖာ္ဝါရီလအတြက္ တဦးလွ်င္ က်ပ္သံုးသိန္းေက်ာ္သာ ရရွိမည္ျဖစ္ကာ မတ္လမွစတင္ၿပီး လစာ က်ပ္ ၅ သိန္းကို အျပည့္အဝ ရရွိမည္ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္႐ံုးမွ သိရသည္။

ေစာထြန္းလင္း
KIC - ေကအုိင္စီ
http://kicnews.org
............


မတ် ၁ ရက်၊ ၂၀၁၆ ခုနှစ်။

ကရင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ ဖေဖော်ဝါရီလအတွက် လစာမရရှိခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဖားအံမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က ကေအိုင်စီသို့ ယနေ့ ပြောသည်။

လက်ရှိ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အရပ်သား လွှတ်တော်ကိုယ်စားလှ ၁၇ ဦးရှိကာ ယင်းတို့ထဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃ ဦးစုစုပေါင်း ၅ ဦးသာ ဖေဖော်ဝါရီလ အတွက် လစာရရှိထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွွှတ်ရုံးတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့်က “အန်တီတို့ ပြည်နယ် လွှတ်တော်မှာကိုယ်စားလှယ် ၁၇ ယောက်ရှိတယ်။ အရင်ကလည်း ၁၇ ယောက်ဆိုတော့ တိုးသွားတာ မဟုတ်ဘူး။ အခုနောက်လကုန်မှ ပေါင်းယူပါလို့ ပြောတယ်။ တခြားပြည်နယ်တွေကို လိုက်မေးကြည့်တော့ သူတို့ အကုန်ရကြတယ်ကွယ်။ ကျမတို့ ကရင်ပြည်နယ်မှာ ၁၇ ယောက်မှာ ၅ ယောက် ရတယ်၊ ကျန်တဲ့သူတွေ မရဘူး။ ဒီလစာကို လိုချင်နေလို့ ပြောတာတော့ မဟုတ်ဘူး။ ဘယ်လိုဖြစ်လဲတော့ မသိဘူး။ သိပ်သဘာဝမကျဘူးလို့ မြင်တယ်”ဟု ပြောသည်။

ထိုသို့ ဖြစ်ရခြင်းမှာ နှစ်စဉ်နှစ်တိုင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကိုသာ ပြည်နယ်လွှတ်တော်ရုံးက လစာထုတ်ပေးရပြီး ကျန်ကိုယ်စားလှယ်များမှာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့်အတွက် ပြည်နယ် အစိုးရအဖွဲ့ကသာ လစာပေးနေခြင်းကြောင့် ပြည်နယ်လွှတ်တော်ရုံး၏ ယခုနှစ် ဘာဂျက်တွင် ၅ ဦးစာသာ ထည့်သွင်းထားမိသည့်အတွက် ဖြစ်သည်ဟု လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ဦးနေလင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။

“နှစ်စဉ်နှစ်တိုင်းမှာ အဲ့ငါးယောက်စာပဲ ကျနော်တို့ဘက်က ထုတ်ပေးခဲ့တာပါခင်ဗျား။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ဝန်ကြီးတွေ ဖြစ်တဲ့အတွက် အစိုးရရုံးဘက်က ထုတ်ပေးတာဖြစ်ပါတယ်။ အစိုးရအဖွဲ့တာဝန်က မပြီးဆုံးသေးတော့ လွှတ်တော်မှာ ကိုယ်စားလှယ်များသွားတာပေါ့နော်။ အဲ့နှစ်လစာကို ကျနော်တို့ တင်တောင်းဖို ့ကျန်နေခဲ့တယ်။ ကျန်နေခဲ့တာကို အစိုးရအဖွဲ့ကို တင်ပြပြီးတော့ မတ်လကုန် ပိုနေတဲ့ ဘာဂျက် ပြန်အပ်တဲ့အခါ ထုတ်ပေးဖို့ အစိုးရအဖွဲ့ အစည်းအဝေးခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်”ဟု ဦးနေလင်းက ဆက်ပြောသည်။

လက်ရှိပြည်နယ်လွှတ်ကိုယ်စားလှယ် တဦးလျှင် တလကျပ် ၅ သိန်းလစာရရှိမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စတင်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကြိမ်ဆိုသည့် နေ့မှစတင်ကာ ခံစားခွင့်ရှိကြောင်း သိရသည်။

ထို့အတွက်ကြောင့် ဖေဖော်ဝါရီလအတွက် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ လစာရရှိမည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီလအတွက် တဦးလျှင် ကျပ်သုံးသိန်းကျော်သာ ရရှိမည်ဖြစ်ကာ မတ်လမှစတင်ပြီး လစာ ကျပ် ၅ သိန်းကို အပြည့်အဝ ရရှိမည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးမှ သိရသည်။

စောထွန်းလင်း
KIC - ကေအိုင်စီ
http://kicnews.org

ေဒၚေအာင္ဆန္းစုၾကည္သမၼတ အေႏွးနဲ ့အျမန္ျဖစ္လာႏိုင္တယ္(ဦး၀င္းထိန္)


ေဒၚေအာင္ဆန္းစုၾကည္သမၼတ အေႏွးနဲ ့အျမန္ျဖစ္လာႏိုင္တယ္https://www.youtube.com/watch?v=bb8OsFf5B4E&index=384&list=PLzl2CAwehuoymtZt17SYk_Jig2uuPVK-M
Posted by The Melting Pot 4 U on Monday, 29 February 2016

စာေရးဆရာႀကီး ေမာင္သာရ ကြယ္လြန္ရွာၿပီ

ႏိုင္ငံေက်ာ္ စာေရးဆရာႀကီး ေမာင္သာရ (၈၅ႏွစ္)ဟာ အေမရိကန္ျပည္ေထာင္စု Las Vegas ၿမိဳ႕ေနအိမ္မွာ ေဖေဖာ္ဝါရီ ၂၉ရက္ေန႔က ကြယ္လြန္သြားခဲ့ပါတယ္။
အမည္ရင္း ဦးသိန္းလြင္(ခ) စာေရးဆရာႀကီး ေမာင္သာရဟာ မႏၱေလးဇာတိျဖစ္ၿပီး ၁၉၅၁ခုႏွစ္ေနာက္ပိုင္း ဗကသမ်ားအဖြဲ႔ခ်ဳပ္ဝင္ ေက်ာင္းသားတစ္ဦးျဖစ္လာခဲ့ပါတယ္။ ဆရာႀကီးဟာ ၁၉၅၃ကေန ၁၉၅၅အထိ ဖဆပလအစိုးရရဲ႕ဖမ္းဆီးအက်ဥ္းခ်မႈကို ခံခဲ့ရၿပီး ရာသက္ပန္ေက်ာင္းထုတ္ခံခဲ့ရပါတယ္။
ဆရာႀကီး ေမာင္သာရဟာ ႐ႈမဝမဂၢဇင္းမွာ ညွာေရႊတခက္ ေၾကြရက္ေစာ ဝတၳဳရွည္နဲ႔ ၁၉၅၅မွာ စာေပနယ္ထဲ ဝင္ေရာက္ခဲ့ၿပီး ၁၉၅၈ စစ္အာဏာသိမ္းခ်ိန္မွာ စာေရးဆရာႀကီး ဗန္းေမာ္တင္ေအာင္၊ ျမသန္းတင့္တို႔နဲ႔အတူ ကိုကိုးကၽြန္းမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ ၁၉၇ဝမွာ မတ္တပ္ရပ္လို႔ လမ္းမွာငို ဝတၱဳနဲ႔အမ်ဳိးသားစာေပဆုရခဲ့ၿပီး လံုခ်င္းဝတၳဳေပါင္း ၆ဝေက်ာ္၊ ဝတၱဳတိုေပါင္း ၃ဝဝေက်ာ္ကို ေရးသားခဲ့ပါတယ္။
၁၉၉၉ဇူလိုင္မွာ ထိုင္းႏိုင္ငံကို ထြက္ခြာခဲ့ၿပီးေနာက္ ႏိုင္ငံေရးဒုကၡသည္အျဖစ္နဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ေျပာင္းေရႊ႕အေျခခ် ေနထိုင္ခဲ့ပါတယ္။

ကမာရြတ္မီဒီယာ
........
စာရေးဆရာကြီး မောင်သာရ ကွယ်လွန်ရှာပြီ

နိုင်ငံကျော် စာရေးဆရာကြီး မောင်သာရ (၈၅နှစ်)ဟာ အမေရိကန်ပြည်ထောင်စု Las Vegas မြို့နေအိမ်မှာ ဖေဖော်ဝါရီ ၂၉ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
အမည်ရင်း ဦးသိန်းလွင်(ခ) စာရေးဆရာကြီး မောင်သာရဟာ မန္တလေးဇာတိဖြစ်ပြီး ၁၉၅၁ခုနှစ်နောက်ပိုင်း ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆရာကြီးဟာ ၁၉၅၃ကနေ ၁၉၅၅အထိ ဖဆပလအစိုးရရဲ့ဖမ်းဆီးအကျဉ်းချမှုကို ခံခဲ့ရပြီး ရာသက်ပန်ကျောင်းထုတ်ခံခဲ့ရပါတယ်။
ဆရာကြီး မောင်သာရဟာ ရှုမဝမဂ္ဂဇင်းမှာ ညှာရွှေတခက် ကြွေရက်စော ဝတ္ထုရှည်နဲ့ ၁၉၅၅မှာ စာပေနယ်ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၅၈ စစ်အာဏာသိမ်းချိန်မှာ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့အတူ ကိုကိုးကျွန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၇ဝမှာ မတ်တပ်ရပ်လို့ လမ်းမှာငို ဝတ္တုနဲ့အမျိုးသားစာပေဆုရခဲ့ပြီး လုံချင်းဝတ္ထုပေါင်း ၆ဝကျော်၊ ဝတ္တုတိုပေါင်း ၃ဝဝကျော်ကို ရေးသားခဲ့ပါတယ်။
၁၉၉၉ဇူလိုင်မှာ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီးနောက် နိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ပါတယ်။

ကမာရွတ်မီဒီယာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ေၾကညာခ်က္အမွတ္ -၃-၀၂-၂၀၁၆




KIA တပ္မဟာ (၆) ကို ရွမ္းေျမာက္ေဒသတြင္ တိုးခ်ဲ႔ဖြဲ႔စည္းမႈ ျပည္ေထာင္စု ျငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ေကာ္မတီ (UPWC) အျပင္းထန္ ရွံဳ႕ခ်


ေကအိုင္ေအ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္မွ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတြင္ တပ္မဟာ ( ၆) အမည္ျဖင့္ တပ္ရင္းတိုးခ်ဲ႔ ဖြဲ႔စည္းခဲ့မႈအေပၚ အစိုးရ၏ ျပည္ေထာင္စု ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ လုပ္ငန္းေကာ္မတီမွ အျပင္းထန္ ရွံဳ႕ခ်လိုက္ပါသည္။

ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္လိုက္ေသာ အဆိုပါ ထုတ္ျပန္ခ်က္တြင္ တပ္မဟာ (၆) တိုးခ်ဲ႔ဖြဲ႔စည္းမႈမွာ ျငိမ္းခ်မ္းေရး အတြက္ ေကာင္းက်ဳိးထက္ ဆိုးက်ဳိး ပိုမိုသက္ေရာက္ေစ မည္ျဖစ္ေၾကာင္း ေဖာ္ျပထားျပီး အစိုးရမွ ေဖာ္ေဆာင္ေနသည့္ ျပည္တြင္းျငိမ္းခ်မ္းေရးကို ဆန္႔က်င္ရာေရာက္ေၾကာင္းလည္း ေရးသားထားပါသည္။

တပ္မဟာ (၆) အေျခခ်သည့္ ေဒသမွာ ယခင္ ဗမာျပည္ကြန္ျမဴနစ္ပါတီ ဗကပ ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ မုန္းကိုး ၊ ေဖာင္းဆုိင္နွင့္ မုန္းေဘာ္ တို႔တြင္ျဖစ္ျပီး ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔တြင္ တရား၀င္ဖြဲ႔စည္း ထားေၾကာင္း အစိုးရ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

‘အဲဒီနယ္ေျမေတြမွာ ေကအိုင္ေအ တပ္မဟာ (၆) ဆိုျပီးဖြဲ႔တာ ၾကာေနျပီ။ အခုမွ တရား၀င္ေၾကျငာတာ။တကယ္ေတာ့ CPB ဗကပ အေျခခ်ခဲ့တဲ႔ အဲဒီေဒသေတြက တကယ္ေတာ့ ဗကပ မ၀င္ခင္ေခတ္ ကတည္းက
 ေကအိုင္ေအ နယ္ေျမေတြပါပဲ’ ဟု ယခင္က ဗမာျပည္ကြန္ျမဴနစ္ပါတီ၏ အဖြဲ႔၀င္ေဟာင္းတစ္ဦးက The Ladies News သို႔ေျပာသည္။

လတ္တေလာကာလအတြင္းမွာပင္ တအာင္းပေလာင္ TNLA/PSLF ၊ ေကအိုင္ေအ ၊ ကိုးကန္႔ နွင့္ ရွမ္းတပ္မေတာ္ တို႔အေျခခ်ရာ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသတို႔ အင္အား ေထာင္ႏွင့္ခ်ီသည့္ အစိုးရတပ္ဖြဲ႔မွ တပ္ရင္းမ်ား တိုးခ်ဲ႔ေနရာခ်ထားလာေၾကာင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားမွ သတင္းထုတ္ျပန္ထားသည္.။

The Ladies News
https://www.facebook.com/News.TheLadies
..............
ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တပ်မဟာ ( ၆) အမည်ဖြင့် တပ်ရင်းတိုးချဲ့ ဖွဲ့စည်းခဲ့မှုအပေါ် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီမှ အပြင်းထန် ရှုံ့ချလိုက်ပါသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော အဆိုပါ ထုတ်ပြန်ချက်တွင် တပ်မဟာ (၆) တိုးချဲ့ဖွဲ့စည်းမှုမှာ ငြိမ်းချမ်းရေး အတွက် ကောင်းကျိုးထက် ဆိုးကျိုး ပိုမိုသက်ရောက်စေ မည်ဖြစ်ကြောင်း ဖော်ပြထားပြီး အစိုးရမှ ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆန့်ကျင်ရာရောက်ကြောင်းလည်း ရေးသားထားပါသည်။

တပ်မဟာ (၆) အခြေချသည့် ဒေသမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ထိန်းချုပ်နယ်မြေဖြစ်သည့် မုန်းကိုး ၊ ဖောင်းဆိုင်နှင့် မုန်းဘော် တို့တွင်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တရားဝင်ဖွဲ့စည်း ထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

‘အဲဒီနယ်မြေတွေမှာ ကေအိုင်အေ တပ်မဟာ (၆) ဆိုပြီးဖွဲ့တာ ကြာနေပြီ။ အခုမှ တရားဝင်ကြေငြာတာ။တကယ်တော့ CPB ဗကပ အခြေချခဲ့တဲ့ အဲဒီဒေသတွေက တကယ်တော့ ဗကပ မဝင်ခင်ခေတ် ကတည်းက ကေအိုင်အေ နယ်မြေတွေပါပဲ’ ဟု ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးက The Ladies News သို့ပြောသည်။

လတ်တလောကာလအတွင်းမှာပင် တအာင်းပလောင် TNLA/PSLF ၊ ကေအိုင်အေ ၊ ကိုးကန့် နှင့် ရှမ်းတပ်မတော် တို့အခြေချရာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့ အင်အား ထောင်နှင့်ချီသည့် အစိုးရတပ်ဖွဲ့မှ တပ်ရင်းများ တိုးချဲ့နေရာချထားလာကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သတင်းထုတ်ပြန်ထားသည်.။

The Ladies News
https://www.facebook.com/News.TheLadies

ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေရြးခ်ယ္တင္ေျမွာက္ေရး အစည္းအေဝး ရက္ ေရြ႕ေျပာင္းရန္ မတ္လ ၁ ရက္ေန႔ အစည္းအေဝး တြင္ ေၾကညာမည္


လႊတ္ေတာ္ကုိယ္စားလွယ္ အစုအဖြဲ႔မ်ားမွ ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား အမည္စာရင္း တင္သြင္းႏိုင္ေရး အစည္းအေဝး သတ္မွတ္ရက္ ေရႊ႔ရန္ ျပည္ေထာင္စု လႊတ္ေတာ္ နာယက က ေၾကညာမည္ဟု မတ္လ ၁ ရက္ေန႔ အစည္းအေဝး အစီအစဥ္တြင္ ထည့္သြင္း ေဖာ္ျပထားသည္။

ျပည္ေထာင္စု လႊတ္ေတာ္နာယက က ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေရြးခ်ယ္ တင္ေျမွာက္ႏိုင္ရန္အတြက္ သက္ဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႔အလိုက္ အစည္းအေဝးမ်ား စတင္က်င္းပမည့္ ေန႔ရက္ ျပင္ဆင္သတ္မွတ္ခ်က္ကို ေၾကညာျခင္းဟု အစီအစဥ္ ၁၁ တြင္ ထည့္သြင္းေဖာ္ျပထားသည္။

မူလက ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား အမည္စာရင္း တင္သြင္းႏိုင္ရန္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႔အလိုက္ အစည္းအေဝး က်င္းပရန္ မတ္လ ၁၇ ရက္ဟု သတ္မွတ္ထားသည္။

ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္မ်ား အစုအဖြဲ႔၊ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အစုအဖြဲ႔ႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား အစုအဖြဲ႔ဟု အစုအဖြဲ႔သံုးခုမွ အစုအဖြဲ႔ တစ္ခုလွ်င္ ဒုတိယသမၼတေလာင္း အမည္ တစ္ဦးစီ အမည္စာရင္း တင္သြင္းရမည္ ျဖစ္သည္။

သမၼတေလာင္းမ်ား ေရြးခ်ယ္ တင္ေျမွာက္ရန္အတြက္ ေရြးခ်ယ္ေရး အဖြဲ႔သံုးဖြဲကို ျပည္သူ႔ လႊတ္ေတာ္ ၊ အမ်ဳိးသားလႊတ္ေတာ္ ၊ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားမွ အစုအဖြဲ႔တစ္ဖြဲ႔စီအလိုက္ ေရြးခ်ယ္ တင္ေျမွာက္ေရး အဖြ႔ဲ ဖြဲ႔စည္းကာ တင္ေျမွာက္ ရမည္ ျဖစ္သည္။

ယခုအေျခအေနအရ သမၼတေလာင္း တင္သြင္းေရြးခ်ယ္မည့္ ရက္မ်ားမွာ ေရွ႕သို႔ တိုးလာမည္ ျဖစ္သည္။

“ကၽြန္ေတာ္ ထင္တာကေတာ့ အခုအခ်ိန္မွာ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႔အၾကားမွာ ပြတ္တိုက္ မႈေတြ မ်ားေနေတယ္။ အစိုးရက လႊတ္ေတာ္မွာ လာမေျဖတဲ႔ ကိစၥေတြလည္း ရိွေနေတာ့ လႊတ္ေတာ္ရဲ႕ တရား၀င္မႈ အေနအထားကိုလည္း ထိခိုက္ႏိုင္တယ္။ ေရရွည္ဆိုရင္ အဲဒီလို ကိစၥေတြက ျပသ၁နာရိွႏိုင္တဲ႔အတြက္ သမၼတေလာင္း ေရြးခ်ယ္မႈကို အျမန္ဆံုး ေဆာင္ရြက္ျခင္းနဲ႔ အႏိုင္ရပါတီရဲ႕ တရား၀င္မႈ အေျခအေနကို ပိုမို ျမင့္တင္ ေဆာင္ရြက္ႏိုင္ေအာင္ တစ္ဖက္မွာလည္း ပြတ္တိုက္မႈႈေတြ ေလ်ာ့့သြားေအာင္ ၾကိဳးစားတဲ႔ ေဆာင္ရြက္ခ်က္လို႔ ျမင္တယ္” ဟု တေကာင္း ျမန္မာ့အေရး ေလ့လာသူမ်ား အင္စတီက်ဳမွ ကိုရဲမ်ဳိးဟိန္းက သံုးသပ္သည္။

ျမန္မာ့အေရး ေလ့လာသူ ဦးေအာင္သူျငိမ္းက မူ “အခုအေျခေနက ဘာပဲျဖစ္ျဖစ္ တစ္ခုခုေတာ့ လုပ္ရမွာပါ။ အီးစီ အစည္းအေဝး က ေက်လည္ ဆံုးျဖတ္ၿပီးလို႔ ထင္ပါတယ္။ သို႔ေလာသို႔ေလာ ျဖစ္ေနတာေတြ ေလ်ာ့က်ေစတယ္။ Business confidence တက္ေစမယ္ ထင္ပါတယ္” ဟု မွတ္ခ်က္ျပဳ ေျပာဆိုသည္။

သတင္း - ကိုေပါက္
The Ladies News
https://www.facebook.com/News.TheLadies

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များမှ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းနိုင်ရေး အစည်းအဝေး သတ်မှတ်ရက် ရွှေ့ရန် ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာမည်ဟု မတ်လ ၁ ရက်နေ့ အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ပြည်ထောင်စု လွှတ်တော်နာယက က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ် တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက် ပြင်ဆင်သတ်မှတ်ချက်ကို ကြေညာခြင်းဟု အစီအစဉ် ၁၁ တွင် ထည့်သွင်းဖော်ပြထားသည်။

မူလက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အမည်စာရင်း တင်သွင်းနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေး ကျင်းပရန် မတ်လ ၁၇ ရက်ဟု သတ်မှတ်ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ဟု အစုအဖွဲ့သုံးခုမှ အစုအဖွဲ့ တစ်ခုလျှင် ဒုတိယသမ္မတလောင်း အမည် တစ်ဦးစီ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

သမ္မတလောင်းများ ရွေးချယ် တင်မြှောက်ရန်အတွက် ရွေးချယ်ရေး အဖွဲ့သုံးဖွဲကို ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ အစုအဖွဲ့တစ်ဖွဲ့စီအလိုက် ရွေးချယ် တင်မြှောက်ရေး အဖွဲ့ ဖွဲ့စည်းကာ တင်မြှောက် ရမည် ဖြစ်သည်။

ယခုအခြေအနေအရ သမ္မတလောင်း တင်သွင်းရွေးချယ်မည့် ရက်များမှာ ရှေ့သို့ တိုးလာမည် ဖြစ်သည်။

“ကျွန်တော် ထင်တာကတော့ အခုအချိန်မှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့အကြားမှာ ပွတ်တိုက် မှုတွေ များနေတေယ်။ အစိုးရက လွှတ်တော်မှာ လာမဖြေတဲ့ ကိစ္စတွေလည်း ရှိနေတော့ လွှတ်တော်ရဲ့ တရားဝင်မှု အနေအထားကိုလည်း ထိခိုက်နိုင်တယ်။ ရေရှည်ဆိုရင် အဲဒီလို ကိစ္စတွေက ပြသ၁နာရှိနိုင်တဲ့အတွက် သမ္မတလောင်း ရွေးချယ်မှုကို အမြန်ဆုံး ဆောင်ရွက်ခြင်းနဲ့ အနိုင်ရပါတီရဲ့ တရားဝင်မှု အခြေအနေကို ပိုမို မြင့်တင် ဆောင်ရွက်နိုင်အောင် တစ်ဖက်မှာလည်း ပွတ်တိုက်မှုှုတွေ လျော့့သွားအောင် ကြိုးစားတဲ့ ဆောင်ရွက်ချက်လို့ မြင်တယ်” ဟု တကောင်း မြန်မာ့အရေး လေ့လာသူများ အင်စတီကျုမှ ကိုရဲမျိုးဟိန်းက သုံးသပ်သည်။

မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက မူ “အခုအခြေနေက ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရမှာပါ။ အီးစီ အစည်းအဝေး က ကျေလည် ဆုံးဖြတ်ပြီးလို့ ထင်ပါတယ်။ သို့လောသို့လော ဖြစ်နေတာတွေ လျော့ကျစေတယ်။ Business confidence တက်စေမယ် ထင်ပါတယ်” ဟု မှတ်ချက်ပြု ပြောဆိုသည်။

သတင်း - ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies