လယ်အတွင်း ဓါတ်တိုင်ထူသည့် ပြဿ နာ အငြင်းပွားမှုကြောင့် လယ်သမားတဦး အမောဆို့သေဆုံး



ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် သံလွင်ရေအားလျှပ်စစ်စီမံကိန်း အတွက်မီးကြိုးသွယ်ရေး ဓါတ်တိုင်များစိုက်ထူရေးနှင့်ပတ်သက်ပြီး ကုမ္ပဏီနှင့် လယ်သမားများကြား ငြင်းခုံကြရာ လယ် သမား တဦး နှလုံးေ သွးရပ် သေဆုံး မှုတခုဖြစ်ပွါးခဲ့သည်။

ကျိုင်းတောင်းရေအားလျှပ်စစ် မိုင်းပန်ဓါတ်အားခွဲ စက်ရုံ မှ မိုင်းတုံမြို့သို့ လျှပ်စစ်ဓါတ်တိုင် စိုက် ထူ မီးကြိုးသွယ်တန်းမှုအတွက် ကန်ထရိုက်ဆွဲ ထားသည့် အောင်မြင့်မိုရ် ကုမ္ပဏီနှင့် မိုင်းပန်လယ် သမားတို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးငြင်းခုံကြရင်း အဘ ဦးတင်ငွေမှာ နှလုံးသွေးရပ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကုမ္ပဏီဘက်က ၄ ယောက်လာတယ်။ မိုင်းပန်ကလျှပ်စစ်မီးကျွမ်းကျင် ဘက်က ဦးစိုးအောင် ဆိုတဲ့ တယောက် အပါအဝင်ပေါ့။ ကျနော်တို့ လယ် သမားဘက်က ၁၆ ယောက်သွားတယ်။ ကျနော်တို့ တောင်းပန်တယ်။ လယ်ယာမြေထဲ ဓါတ်တိုင်မစိုက်ဖို့ပေါ့။ အရင်ကလည်း လယ်သမားတွေပေး ခဲ့ရတာများပါပြီ။ ကုမ္ပဏီဘက်က တစုံတရာပေးလျော်တာမရှိ ဘူး။ ရှေ့ ဆက်ပေးမှာမဟုတ်ဘူး ။ ဓါတ်တိုင်တွေတော့ ပြီးအောင်စိုက်ထူသွား မယ်လို့ပြောပြီး သူတို့ထပြန် သွားတယ်။ လယ်သမား တွေလဲ ထပြန်တယ်။ ရုံးဝင်းထဲမှာဘဲ သွေးတက်ပြီး လဲကျသွားတာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရှေ့မှာ ဘဲ၊ ကုမ္ပဏီက လူတွေ တော့ ပြန်ကို လှည့်မလာဘူး။ အခုထက်ထိ ဘာမှလာ မမေးဘူး ” - ဟု မိုင်းပန်မြို့အနောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြော သည်။


ရုံးဝင်းအတွင်း လဲကျသွားသော အဘ ဦးတင်ငွေ အသက် ၇၄ နှစ်အား ဆေးရုံ သို့ပို့ဆောင်စဉ် ပင်ကွယ်လွန်သွားခဲ့သည်။ လက်ရှိတွင် ဦးတင်ငွေ၏ အလောင်းအား ၎င်း၏မိုင်းပန်မြို့လယ် ရပ်ကွက်ရှိ နေအိမ်တွင်ပင်ထားရှိကာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သင်္ဂြိုလ်မည်ဟု သိရသည်။

ယခင်က လျှပ်စစ်ဓါတ်တိုင်ကို လမ်းမကြီးဘေးတွင်စိုက်ထူရန်စီစဉ်ခဲ့ဖူးရာ လမ်းဖေါက်လုပ်ရေးဦးစီး က လမ်းဧရိယာအတွင်းမစိုက်ရဟုပြောဆိုသဖြင့် လမ်းမှဆင်းကာ လယ်ကွင်းများအတွင်း ပြောင်း လဲစိုက်ထူခဲ့ခြင်းဖြစ်ကြောင်း မိုင်းပန်မြို့ဒေသခံ စိုင်းလမ် ကလည်းပြောသည်။

“လျှပ်စစ်ဓါတ်တိုင်ဖြတ်သန်းမယ့် လယ်ဧရိယာဘယ်လောက်လဲဆိုတာတော့ ကျနော်တို့မသိရသေး ဘူး။ အုတ်တွေသဲတွေ၊ ကျဉ်းတွေတူးတော့ အနည်းနဲ့ အများ လယ်တွေပျက်တာပေါ့။ လက်ရှိစာရင်း အရ လယ်ပိုင်ရှင် ၅၀ ကျော် နစ်နာနေတယ်လို့သိရတယ်။ တချို့လယ်တွေထဲမှာ ဓါတ်တိုင်ထူပြီးပြီ။ တချို့ နေရာမှာလည်း ကျဉ်းတူး နေတုန်း။ ဓါတ်တိုင်တွေ ကြိုးတွေလာပြီး ပစ်ချထားတာ ။ အဘ ဦးတင်ငွေက ဒီအစည်းအဝေးမလာခင် သူ့လယ်ထဲက ရှုပ်ပွနေတဲ့ ကြိုးတွေ ဓါတ်တိုင်တွေကို သွားပြီးရှင်းလာတာ။ သူက နှလုံးရောဂါ အခံလည်းရှိတယ်။ အသက်ကလည်း ကြီးပြီဆိုတော့လေ ကုမ္ပဏီက အဖွဲ့နဲ့ ငြင်းကြခုံကြရင်း အမောဆို့ပြီး လဲကျတာ” - ဟု စိုင်းလမ် က ပြော သည်။

အဆိုပါအခင်းနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း- ၎င်းအား ကုမ္ပဏီဘက်မှလာ ရောက် တိုင်ပင်ညှိနှိုင်းမှုမရှိသည့်အပြင် ဓါတ်တိုင်ဖြတ် သန်းမည့် လယ်ယာမြေ၏ ပိုင်ရှင်များထံ လည်း အကြောင်းကြားခြင်းမရှိသဖြင့် ထိုသို့ ပြသနာများဖြစ်ပွါးရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သျှမ်းပြည်နယ်အစိုးရ ထံလည်း တင်ပြအကြောင်းကြားမည်ဖြစ်ကြောင်း - ပြောဆိုပါသည်။

အဆိုပါကုမ္ပဏီကိုယ်စားလှယ်အဖွဲ့သည် မိုင်းပန်မြို့နယ်အတွင်းလျှပ်စစ်မီးကြိုး သွယ် ဓါတ်တိုင်ထူ ရန် ပြီးခဲ့သည့် ၃ လ ကတည်းက လုပ်ငန်းများ စတင်နြေ ခင်းဖြစ်ကြောင်း လယ်သမားများနှင့် မိုင်းပန်ဒေသခံလူထုအား တိုင်ပင်ညှိနှိုင်းေ ဆွးနွေးခြင်းမရှိကြောင်း မိုင်းပန်ဒေသခံများ ပြောပြ ချက်အရသိရပါသည်။

နောက်ဆုံးသတင်းရရှိချက်အရ ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင် ဘာလ ၁၄ ရက်မနက်အစောပိုင်းက ၎င်းတို့၏ လုပ်ငန်းခွင်သုံးကားများနှင့် အလုပ်သမားများကိုတင်ဆောင်ကာ တောင်ကြီးသို့ပြန်သွားပြီဖြစ်ကြောင်း၊ ဓါတ်တိုင်များမှာမူ လယ်ယာများအတွင်းရှိနေဆဲဖြစ်ကြောင်း၊ ဆက်လက် တိုင်ထူမည် မထူမည်ကိုတော့ မည်သို့မျှ ပြောမသွားကြောင်း မိုင်းပန်ေ ဒသခံများ ကပြောဆိုသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)