ညောင်ရွှေဟော်နန်း ညဈေးကိစ္စ ကန့်ကွက်သည့် အမတ် ၆၂ ဦးအနက် NLD အမတ် ၂ ဦးပါဝင်

သျှမ်းသံတော်ဆင့်၊ စိုင်းအောင်ဆိုင်း
နိုဝင်ဘာလ ၁၀ ရက် ၂၀၁၆

သျှမ်းပြည်လူထုမှ ဆန့်ကျင်ကန့်ကွက်နေသော သမိုင်းဝင်ညောင်ရွှေဟော်နန်း အတွင်း ညဈေးတန်းဖွင့်မည့်ကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆၂ ဦးမှ လည်း စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်ရာ NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးသာ ပါဝင်သည်ဟု
သိရသည်။

သျှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ စုပေါင်း ကန့်ကွက်မှုတွင် ကျားခေါင်းပါတီ SNLD မှ ကိုယ်စားလှယ် အများဆုံးပါဝင်ပြီး၊ တအာင်းပလောင်အမျိုးသားပါတီ၊ ပြည်ခိုင်ဖြိုးနှင့် PNO ပအိုဝ်း ပါတီမှ ကိုယ်စားလှယ်များလည်း ပါဝင်ပါသည်။

'ညောင်ရေ စော်ဘွားကြီးရဲ့မြေးတော်နဲ့တွေ့ပါတယ်။ဝန်ကြီးပြောတာရယ် မီဒီယာမှာပါတယ်ရယ် တွေ့တယ်။ ညဈေးဖွင့်ဖို့မသင့်ဘူးဆိုပြီး သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်ကို ဒီလိုလုပ်ရင် ပျောက်ပျက် သွားမှာစိုးလို့ အခုလို စီစဉ်လိုက်တာဖြစ်တယ်။သျှမ်းပြည်နယ်လွှတ်တော်အားလုံးရယ်မဟုတ်ဘူး။လက်လှမ်းမီသလောက်ပေါ့။ ' SNLD ပါတီ၏ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီကပြောသည်။

ညောင်ရွှေဟော်နန်းအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ညဈေးဖွင့်ရန် NLD အစိုးရ၏ ဟိုတယ် ခရီးဝန်ကြီး ဦးအုန်းမောင်က စီစဉ်နေခြင်းဖြစ် သည် ဟု စော်ဘွားကြီး၏ သမီးတော် စ၀်ဟေမာသိုက်က ပြောသည်။

သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူထားသည့် လွှတ်တော် ကိုယ် စားလှယ် များ၏ ကန့်ကွက်စာ တွင် ညောင်ရွှေမြို့ ပြည်ထောင်စု မြန်မာနိုင်ငံ ၏ပထမ ဦးဆုံးသော သမ္မတ စော်ဘွားကြီး စ၀်ရွှေသိုက် ၏ ဟော်နန်း သည် သျှမ်းပြည် နယ်အတွင်းရှိ သျှမ်းတိုင်းရင်းသားများ၏ တန်ဖိုးထားရာသမိုင်းဝင် ယဉ် ကျေးမှုအမွေအနှစ် ပြယုဂ်တစ်ခုဖြစ်ကြောင်း ဆိုထားသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ညွှန်ကြား မှုဖြင့် ညောင်ရွှေ ဟော်နန်း ကို ပြင်သစ်ပညာရှင် များ ပြုပြင်ကာဟော် ၀င်း အတွင်း ညဈေးနှင့် ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချမည်
ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်ပြတိုက် ပရ၀ုဏ်တို့ တွင် ဈေးဆိုင်များ၊ ညဈေးတန်းများဖွင့်သည်ကို မတွေ့ရကြောင်း ဖော်ပြထားသည်။

အခြားနေရာတွင် ညဈေးတန်းဖွင့်လှစ်ခြင်းမတွေ့ရပါဘဲ သျှမ်းစော်ဘွားများ၏ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာနိုင်ငံ ပထမ ဆုံးသမ္မတကြီး၏ဟော်နန်းဖြစ်သည့် ညောင်ရွှေဟော်နန်းယဉ်ကျေးမှု အမွေ အနှစ်များ ပျက်စီးပျောက်ကွယ်မသွားစေလိုသည့်အတွက် ညောင်ရွှေေ ဟာ် ၀င်းအတွင်း ညဈေးတန်းနှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း အစီ အစဉ်ကိုသျှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ကန့်ကွက်ေ ကြာင်း ဖော်ပြထားသည်။

ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်မှာ မြန်မာနိုင်ငံ သမ္မတ ၊ လူမျိုးစုလွှတ်တော် ဥက္ကဌ ဖြစ်ခဲ့သည့်အပြင် သမိုင်းဝင် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး တောင်တန်း - ပြည်မ
ပူးပေါင်း၍ လွတ်လပ်ရေးရယူမှုတွင်လည်း အဓိကကျသည့် အခန်းကဏ္ဍ မှပါဝင်ခဲ့သူဖြစ်သည်။

စော်ဘွားမှာ ပါလီမန်အစိုးရလက်ထက်တွင် ရာထူးများရယူနိုင်ခဲ့သော် လည်းမိမိ၏ မူရင်းတာဝန်ကို မမေ့လျော့ပဲ ပင်လုံကတိက၀တ်များ ချိုးဖျက်ခံရမှုအပေါ်အကောင်ထည်ဖော်နိုင်ရေး ၊ တိုင်းရင်းသာတန်းတူ အခွင့်အရေးတို့အတွက်ကြိုးပမ်းမှုများကြောင့် ၁၉၆၂ ခုနစ် ဦးနေ၀င်း အာဏာသိမ်းချိန်တွင်ဖမ်းဆီး ထောင်ချ ခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် ထောင်ထဲတွင်ပင် နတ်ရွာစံ ကွယ်လွန်ခဲ့ပြီး အာဏာ သိမ်း ချိန်မှစ၍ ဟော်နန်းမှာလည်း အာဏာသိမ်း အစိုးရ၏သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

ညောင်ရွှေဟော်နန်းအား ညဈေးမဖွင့်လှစ်ရေးအတွက် ကန့်ကွက်သူများ တွင်စော်ဘွား၏ သမီးဖြစ်သူလည်း ပါဝင်နေပြီး ၄င်းမှာ ဟော် နန်းကြီး ပြန်လည် ဆက်ခံခွင့်အတွက် ၂၀၁၃ ခုနစ်ကပင် အစိုးရထံ တင်ပြ ထားခဲ့သည်။

ညောင်ရွှေဟော်နန်း ညဈေးကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိနေေ သ်ာလည်း NLD အစိုးရ အနေဖြင့် ဟော်နန်းထဲ ဈေးဆောက်လုပ်မှု အစီအစဉ် ဖျက်သိမ်းကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ကြေငြာနိုင်ခြင်း မရှိသေးပေ။
Panglong(Burmese)
https://www.facebook.com/Panglong.burmese/photos/a.341540565938393.78639.263707297055054/1167381210020987/?type=3&theater
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)