မြေပုံမြို့နယ်မှာ ဦးနှောက်မပါတဲ့ကလေးငယ်မွေးဖွားလာ ၊ မွေးဖွားအပြီး နာရီပိုင်းအတွင်း သေဆုံး


ရခိုင်ပြည်နယ် ၊ မြေပုံမြို့နယ်မှာ ဦးနှောက်မပါတဲ့ကလေးငယ်တစ်ဦးမွေးဖွားခဲ့ပြီး မွေးဖွားအပြီး (၉)နာရီကျော်အကြာမှာ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ(၅)နာရီခန့်က မြေပုံမြို့နယ်ပြည်သူ့ဆေးရုံမှာ ဦးနှောက်မပါပဲ မွေးဖွားခဲ့ပြီး ဒီကနေ့မနက် (၂)နာရီခန့်မှာသေဆုံးသွားတယ် လို့ မြေပုံမြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးက ပြောပါတယ်။ ဒီကလေးငယ်ဟာ မွေးရာပါဦးနှောက်ချို့ယွင်းနေတာဖြစ်ပြီး ဇီကာရောဂါဖြစ်ပွား တာမဟုတ်ဘူးလို့ ဒေါက်တာဝင်းနိုင်စိုးက ပြောပါတယ်။ ကလေးငယ်ရဲ့ မိဘတွေဟာ မြေပုံမြို့နယ် ယိုးချောင်းတံတား အနီးခြုံချောင်းကျေးရွာမှာ ၀က်မွေးမြူရေးအဓိက လုပ်ကိုင်တဲ့ချင်းတိုင်းရင်းသားမျိုးနွယ်စု တွေဖြစ်ပြီး ကလေးငယ်ဟာ(၅)ယောက်မြောက်မွေးဖွားတဲ့ကလေးဖြစ်တယ်လို့ သိရပါတယ်။ ဒေသအယူအဆအရ မိခင်ကိုယ်ဝန်ဆောင်စဉ်အတွင်း အစားအစာ ရှောင်ကြဉ်တဲ့ဓလေ့နဲ့ပတ်ဝန်းကျင် မသန့်ရှင်းမှုတွေကြောင့်
ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်း တစ်ချို့ကသုံးသပ်ကြပါတယ်။

သတင်း - မြတ်ဝေ (စစ်တွေ) (5 PLUS NEWS)
ဓာတ်ပုံ - သာထွန်းအောင်
5 Plus News

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)