Latest News

Wednesday, November 9, 2016

ငါးႏွစ္အရြယ္ကေလးကို အဓမ္မပြုကျင့်မှု မသကၤာသူများကို စစ္ေဆးေန

အဓမၼျပဳက်င့္ခံရသူ ကေလးငယ္၏ ေနအိမ္
By ဇူးဇူး 8 November 2016

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံ ၿမိဳ႕သစ္ အေရွ႕ပိုင္း ၿမိဳ႕နယ္ေန အသက္ ၅ ႏွစ္ ကေလးငယ္ကို  အဓမၼျပဳက်င့္ခဲ့သူကို ဖမ္းမိနိုင္ရန္ မသကၤာသူမ်ားကို ေခၚယူစစ္ေဆးေနေၾကာင္း ဒဂုံအေရွ႕ရဲစခန္းမွ တာဝန္ရဲတဦးက ဧရာဝတီကို ေျပာသည္။

အဓမၼျပဳက်င့္ခံရသည့္ ကေလးငယ္၏ဖခင္ ဦးရဲထြန္းက ပုဒ္မ ၄၅၆ (ညအခ်ိန္ ပုန္းလ်ိွုးအိမ္ေက်ာ္နင္းမွု)၊ ပုဒ္မ ၃၅၄ (မိန္းမတဦး၏ကာယိေျႏၵကိုပ်က္ စီးေစမွု)၊ ပုဒ္မ ၃၂၅ (အျပင္းအထန္နာက်င္ေစမွု) တို႔ျဖင့္ ယေန႔ မနက္ပိုင္းက တရားလိုျပဳလုပ္ တိုင္တန္းခဲ့ရာ မသၤကာသူမ်ားကို ေခၚယူစစ္ေဆးမွုမ်ားျပဳလုပ္ေနေၾကာင္း ဒဂုံအေရွ႕ရဲစခန္းမွ သိရသည္။

“ဒီေန႔လာဖြင့္တာပါ။ မနက္လင္းအားႀကီးကတည္းက ကေလးအေဖ တရားလိုလုပ္ၿပီးဖြင့္ထားတာ။ တရားခံက စုံစမ္းေန တုန္းပဲ။ မသၤကာတဲ့သူေတြကို ေခၚစစ္ေနတယ္” ဟု ၎က ေျပာသည္။

ျဖစ္စဥ္မွာ ၂၀၁၆၊ နိုဝင္ဘာ ၂ ရက္၊ မနက္ ၂ နာရီခြဲခန႔္တြင္ မိခင္ျဖစ္သူမွနိုးလာၿပီး ေဘးနားတြင္အိပ္ေနသည့္ သမီး ငယ္ကိုစမ္းၾကည့္ရာ မေတြ႕သျဖင့္ လင္မယားႏွစ္ေယာက္လုံး ပတ္ဝန္းက်င္သို႔ ထြက္ရွာခဲ့ရာမွ ကေလးငယ္၏ ေအာ္ငိုသံကိုၾကားခဲ့ေၾကာင္း၊ ေဘးခ်င္းကပ္လ်က္ ၿခံဝန္းအလြတ္ရွိ ေထာင့္စြန္းျခဳံပုတ္ထဲတြင္ ငိုေနေၾကာင္း၊ ကေလးေျခေထာက္တြင္ ေသြးမ်ားေတြ႕သျဖင့္ ရပ္ကြက္အတြင္းရွိ ေဆးခန္းသို႔ပို႔ရာ ေျမာက္ဥကၠလာေဆး႐ုံ ႀကီးသို႔လႊဲေပးသျဖင့္ ညတြင္းခ်င္း တက္ေရာက္ခဲ့ေၾကာင္း ကေလးငယ္၏ ဖခင္ဦးရဲထြန္းက ဧရာဝတီသို႔ ေျပာသည္။

၎က ျဖစ္သည့္ ညကတည္းက ဒဂုံအေရွ႕ရဲစခန္းသို႔ သြားေရာက္တိုင္ၾကားခဲ့ေသာ္လည္း ရဲစခန္းက မွတ္တမ္း အေနျဖင့္သာ ယူထားခဲ့ၿပီး တိုင္ၾကားၿပီးေနာက္ ရ ရက္ အထိ မည္သည့္ထူးျခားမွုမၽွမရွိေသာေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး၊ လူမွုေရးႏွင့္စီမံခန႔္ခြဲမွုေကာ္မတီ အတြင္းေရးမွူး၊ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီကို အကူအညီေတာင္းခဲ့ေၾကာင္း သိရသည္။

“ကေလးက အရင္ထက္စာရင္ေတာ့ သက္သာသြားၿပီလို႔ေျပာလို႔ရပါတယ္။ ေဆး႐ုံမွာပဲရွိပါေသးတယ္။ စကားေတာ့ေျပာ လာေပမယ့္ အရင္ေလာက္ေတာ့ ဟုတ္တိပတ္တိ မေျပာဘူး။ နည္းနည္းေတာ့စဥ္းစားေနရတယ္။ အရင္ဆို ေျပာသမၽွဟာကို တခြန္းမက်န္ျပန္ေျပာတတ္တဲ့ကေလးက အခု နည္းနည္းေတာ့ေလးသြားတယ္” ဟု ဦးရဲထြန္းက ေျပာသည္။

ကေလးမိဘမ်ားသည္ ႀကံဳရာက်ပန္းလုပ္ကိုင္စားေသာက္သူမ်ားျဖစ္ၿပီး လက္ရွိေနထိုင္သည့္ေနရာတြင္ ဂိုေထာင္ ေစာင့္အျဖစ္လုပ္ကိုင္ေနေၾကာင္း၊ ကေလးငယ္၏ သတင္းၾကားသည္ႏွင့္တၿပိဳင္နက္ ေျမာက္ဥကၠလာ ေမဒါဝီေဆး႐ုံသြားဖြား မီးယပ္ေဆာင္တြင္ တင္ထားသည့္ကေလးငယ္ကို သြားေရာက္ၾကည့္ရွုခဲ့ရာ မစင္စြန႔္ရန္ပင္ အဆင္မေျပသည့္အတြက္ ဗိုက္ ေဖာက္ထားရသည္ကိုေတြ႕ရေၾကာင္း၊ ရဲစခန္းသို႔လိုက္သြားၿပီး ေျပာဆိုခဲ့ရာ ေနာက္တေန႔ မနက္အေစာပိုင္းတြင္ အမွုဖြင့္ေပးခဲ့ေၾကာင္း ဦးညီညီက ေျပာျပသည္။

ဦးညီညီက “ကေလးမိဘေတြဟာ သိတာနဲ႔ ရဲစခန္းကိုတိုင္တယ္။ ရဲစခန္းက မွတ္တမ္းယူထားတယ္။ တကယ္ေတာ့ ဒါဟာ ႀကီးမားတဲ့ျဖစ္စဥ္တခု။ တကယ့္ကို Emergency Case အေနနဲ႔ အေရးေပၚေဆာင္ရြက္ရမွာ။ မွတ္တမ္းယူထားတယ္။ နိုဝင္ဘာ ၃ ရက္ေန႔မွာ အိမ္ကိုလာတယ္ေျပာတယ္။ ေနာက္ပိုင္းမလာေတာ့လို႔ မေန႔က ကေလးအေဖက ရဲစခန္းကိုသြားေမးေတာ့ ဘာထူးျခားလဲလို႔ေမးတယ္။ ထူးျခားတာရွိရင္ သူတို႔လာဖမ္းေပးမယ္ေျပာတယ္တဲ့။ ဒါဟာ တရားခံထြက္ေျပးဖို႔ကို အခ်ိန္ေပးသလိုျဖစ္သြားတာေပါ့” ဟု ဆိုသည္။
Irrawaddy



  • ေတာင္ကုတ္ျမိဳ့အရက္ဆိုင္က စြမ္းအားရွင္
  • ရည္းစားေဟာင္းအေၾကာင္းေဒါသတၾကီးေျပာေနတဲ့ေကာင္မေလး
  • ေစ်း၀ယ္သူဟန္ေဆာင္ျပီး ဖုန္းကိုအလစ္သုတ္သြားသူ အလစ္သမား
  • ကေလးသံုးေယာက္ကိုရိုက္ႏွက္ ကန္ေက်ာ္ကသတ္ခဲ့တဲ့တြံေတးပေယာဂဆရာကိုသြားေရာက္ဖမး္ဆီးစဥ္
  • EVER TOP Mobile sales and Serviceဖုန္းဆိုင္CCTV မွတ္တမ္း
  • CCTV တြင္ရိုက္ကူးထားေသာ အင္းစိန္၊ဒညင္းကုန္းကေဖာက္ထြင္းမွဳ 
  • မႏၱေလးတြင္ ထိုးမွဳမ်ားဆက္တိုက္ျဖစ္ပြားေနျခင္း
  • သားၾကီး မယားၾကီးရွိလ်က္ႏွင့္တရြာတည္းေနမိန္းကေလးအားျဖားေယာင္းျပီး ကိုယ္၀န္ရွိလာေသာအခါ ဟာဘတ္ပိုးသတ္ေဆးတုိက္၍ သတ္ျဖတ္
  • အဓမ္မပြုကျင့်ခံရသူ ကလေးငယ်၏ နေအိမ်
    By ဇူးဇူး 8 November 2016

    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ် အရှေ့ပိုင်း မြို့နယ်နေ အသက် ၅ နှစ် ကလေးငယ်ကို  အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းမိနိုင်ရန် မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေကြောင်း ဒဂုံအရှေ့ရဲစခန်းမှ တာဝန်ရဲတဦးက ဧရာဝတီကို ပြောသည်။

    အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ဖခင် ဦးရဲထွန်းက ပုဒ်မ ၄၅၆ (ညအချိန် ပုန်းလျိှုးအိမ်ကျော်နင်းမှု)၊ ပုဒ်မ ၃၅၄ (မိန်းမတဦး၏ကာယိန္ဒြေကိုပျက် စီးစေမှု)၊ ပုဒ်မ ၃၂၅ (အပြင်းအထန်နာကျင်စေမှု) တို့ဖြင့် ယနေ့ မနက်ပိုင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မင်္သကာသူများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒဂုံအရှေ့ရဲစခန်းမှ သိရသည်။

    “ဒီနေ့လာဖွင့်တာပါ။ မနက်လင်းအားကြီးကတည်းက ကလေးအဖေ တရားလိုလုပ်ပြီးဖွင့်ထားတာ။ တရားခံက စုံစမ်းနေ တုန်းပဲ။ မင်္သကာတဲ့သူတွေကို ခေါ်စစ်နေတယ်” ဟု ၎င်းက ပြောသည်။

    ဖြစ်စဉ်မှာ ၂၀၁၆၊ နိုဝင်ဘာ ၂ ရက်၊ မနက် ၂ နာရီခွဲခန့်တွင် မိခင်ဖြစ်သူမှနိုးလာပြီး ဘေးနားတွင်အိပ်နေသည့် သမီး ငယ်ကိုစမ်းကြည့်ရာ မတွေ့သဖြင့် လင်မယားနှစ်ယောက်လုံး ပတ်ဝန်းကျင်သို့ ထွက်ရှာခဲ့ရာမှ ကလေးငယ်၏ အော်ငိုသံကိုကြားခဲ့ကြောင်း၊ ဘေးချင်းကပ်လျက် ခြံဝန်းအလွတ်ရှိ ထောင့်စွန်းခြုံပုတ်ထဲတွင် ငိုနေကြောင်း၊ ကလေးခြေထောက်တွင် သွေးများတွေ့သဖြင့် ရပ်ကွက်အတွင်းရှိ ဆေးခန်းသို့ပို့ရာ မြောက်ဥက္ကလာဆေးရုံ ကြီးသို့လွှဲပေးသဖြင့် ညတွင်းချင်း တက်ရောက်ခဲ့ကြောင်း ကလေးငယ်၏ ဖခင်ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

    ၎င်းက ဖြစ်သည့် ညကတည်းက ဒဂုံအရှေ့ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ရဲစခန်းက မှတ်တမ်း အနေဖြင့်သာ ယူထားခဲ့ပြီး တိုင်ကြားပြီးနောက် ရ ရက် အထိ မည်သည့်ထူးခြားမှုမျှမရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးနှင့်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဒဂုံမြို့သစ် တောင်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို အကူအညီတောင်းခဲ့ကြောင်း သိရသည်။

    “ကလေးက အရင်ထက်စာရင်တော့ သက်သာသွားပြီလို့ပြောလို့ရပါတယ်။ ဆေးရုံမှာပဲရှိပါသေးတယ်။ စကားတော့ပြော လာပေမယ့် အရင်လောက်တော့ ဟုတ်တိပတ်တိ မပြောဘူး။ နည်းနည်းတော့စဉ်းစားနေရတယ်။ အရင်ဆို ပြောသမျှဟာကို တခွန်းမကျန်ပြန်ပြောတတ်တဲ့ကလေးက အခု နည်းနည်းတော့လေးသွားတယ်” ဟု ဦးရဲထွန်းက ပြောသည်။

    ကလေးမိဘများသည် ကြံုရာကျပန်းလုပ်ကိုင်စားသောက်သူများဖြစ်ပြီး လက်ရှိနေထိုင်သည့်နေရာတွင် ဂိုထောင် စောင့်အဖြစ်လုပ်ကိုင်နေကြောင်း၊ ကလေးငယ်၏ သတင်းကြားသည်နှင့်တပြိုင်နက် မြောက်ဥက္ကလာ မေဒါဝီဆေးရုံသွားဖွား မီးယပ်ဆောင်တွင် တင်ထားသည့်ကလေးငယ်ကို သွားရောက်ကြည့်ရှုခဲ့ရာ မစင်စွန့်ရန်ပင် အဆင်မပြေသည့်အတွက် ဗိုက် ဖောက်ထားရသည်ကိုတွေ့ရကြောင်း၊ ရဲစခန်းသို့လိုက်သွားပြီး ပြောဆိုခဲ့ရာ နောက်တနေ့ မနက်အစောပိုင်းတွင် အမှုဖွင့်ပေးခဲ့ကြောင်း ဦးညီညီက ပြောပြသည်။

    ဦးညီညီက “ကလေးမိဘတွေဟာ သိတာနဲ့ ရဲစခန်းကိုတိုင်တယ်။ ရဲစခန်းက မှတ်တမ်းယူထားတယ်။ တကယ်တော့ ဒါဟာ ကြီးမားတဲ့ဖြစ်စဉ်တခု။ တကယ့်ကို Emergency Case အနေနဲ့ အရေးပေါ်ဆောင်ရွက်ရမှာ။ မှတ်တမ်းယူထားတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာ အိမ်ကိုလာတယ်ပြောတယ်။ နောက်ပိုင်းမလာတော့လို့ မနေ့က ကလေးအဖေက ရဲစခန်းကိုသွားမေးတော့ ဘာထူးခြားလဲလို့မေးတယ်။ ထူးခြားတာရှိရင် သူတို့လာဖမ်းပေးမယ်ပြောတယ်တဲ့။ ဒါဟာ တရားခံထွက်ပြေးဖို့ကို အချိန်ပေးသလိုဖြစ်သွားတာပေါ့” ဟု ဆိုသည်။

    Topics: မှုခင်း
    ဇူးဇူး ဧရာဝတီ