ေက်ာက္ဆည္ၿမိဳ႕လယ္ေခါင္ လူသတ္မွု စုံစမ္းဆဲ


ယမန္ေန႔ညက လူသတ္မွု ျဖစ္ပြားခဲ့သည့္ေနရာ / Tet Nay Hein / Facebook

By ေမစစ္ပိုင္ 23 November 2016

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕လယ္ေခါင္တြင္ လည္ပင္းအား ဓားျဖင့္လွီးကာ အသတ္ခံရသည့္ နယူးလိုက္ ဆိုင္ပိုင္ရွင္ ကိုေဇာ္ဝင္းနိုင္ကို သတ္ျဖတ္သြားသည့္ တရားခံမ်ားကို ဖမ္းဆီးနိုင္ရန္ ျမဳ႕ိနယ္မွူးကိုယ္တိုင္ စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ညပိုင္းက နယူးလိုက္ ဆိုင္ပိုင္ရွင္ ျဖစ္သည့္ ကိုေဇာ္ဝင္းနိုင္ကို မ်က္ႏွာဖုံးစြပ္ထားသည့္ လူ ၃ ဦးက ဦးေခါင္းကို ရိုက္ႏွက္ခဲ့ၿပီး လည္ပင္းကို ဓားျဖင့္လွီးကာ သတ္ျဖတ္ခဲ့သျဖင့္ ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း သိရသည္။

“အမွုကို အေသးစိတ္ရွင္းလင္းေျပာလို႔ေတာ့ မရေသးပါဘူး။ ဒါေပမယ့္ ဒီကိစၥမွာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူးကိုယ္တိုင္ တရားခံ ကိစၥအတြက္ လိုက္ၿပီး ေဆာင္ရြက္ေနပါတယ္”ဟု ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတဦးက ေျပာသည္။

ေက်ာက္ဆည္ၿမိဳ႕ေဒသခံမ်ားကမူ အသတ္ခံရသူသည္ အိမ္ႏွင့္ကိုက္ ၁၀၀ ခန႔္ အကြာအေဝးရွိ ကြမ္းယာဆိုင္တြင္ ကြမ္းယာ ထြက္ဝယ္ရာမွ လူ ၃ ဦးက ခ်ဳပ္ေႏွာင္ကာ သတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ လူသတ္မွုသည္ “ကိုယ္ေရးကိုယ္တာ” ကိစၥမ်ားႏွင့္ ပတ္သက္နိုင္ေခ်ရွိေၾကာင္း ေျပာဆိုမွုမ်ားလည္း ရွိသည္။

လက္ရွိတြင္ အဆိုပါ အမွုကို ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းက လူသတ္မွု ပုဒ္မ ၃၀၇ျဖင့္ အမွုဖြင့္ထားေၾကာင္း သိရသည္။
Irrawaddy
....
ကျောက်ဆည်မြို့လယ်ခေါင် လူသတ်မှု စုံစမ်းဆဲ
ယမန်နေ့ညက လူသတ်မှု ဖြစ်ပွားခဲ့သည့်နေရာ / Tet Nay Hein / Facebook

    33.7k

By မေစစ်ပိုင် 23 November 2016

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့လယ်ခေါင်တွင် လည်ပင်းအား ဓားဖြင့်လှီးကာ အသတ်ခံရသည့် နယူးလိုက် ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းနိုင်ကို သတ်ဖြတ်သွားသည့် တရားခံများကို ဖမ်းဆီးနိုင်ရန် မြု့ိနယ်မှူးကိုယ်တိုင် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ညပိုင်းက နယူးလိုက် ဆိုင်ပိုင်ရှင် ဖြစ်သည့် ကိုဇော်ဝင်းနိုင်ကို မျက်နှာဖုံးစွပ်ထားသည့် လူ ၃ ဦးက ဦးခေါင်းကို ရိုက်နှက်ခဲ့ပြီး လည်ပင်းကို ဓားဖြင့်လှီးကာ သတ်ဖြတ်ခဲ့သဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“အမှုကို အသေးစိတ်ရှင်းလင်းပြောလို့တော့ မရသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် တရားခံ ကိစ္စအတွက် လိုက်ပြီး ဆောင်ရွက်နေပါတယ်”ဟု ကျောက်ဆည်မြို့မ ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။

ကျောက်ဆည်မြို့ဒေသခံများကမူ အသတ်ခံရသူသည် အိမ်နှင့်ကိုက် ၁၀၀ ခန့် အကွာအဝေးရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာ ထွက်ဝယ်ရာမှ လူ ၃ ဦးက ချုပ်နှောင်ကာ သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လူသတ်မှုသည် “ကိုယ်ရေးကိုယ်တာ” ကိစ္စများနှင့် ပတ်သက်နိုင်ချေရှိကြောင်း ပြောဆိုမှုများလည်း ရှိသည်။

လက်ရှိတွင် အဆိုပါ အမှုကို ကျောက်ဆည်မြို့မ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၇ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Irrawaddy
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)