၅ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္အား အဓမၼျပဳက်င့္မႈ ေပါက္ေတာတြင္ျဖစ္ပြား


လြန္ခဲ့သည့္ ၃ ႏွစ္ခန္႕တြင္ ဖခင္ျဖစ္သူႏွင့္ရန္ၿငိဳးရွိခဲ့ဖူးသူက ၅ ႏွစ္အရြယ္အမ်ိဳးသမီးငယ္အား အဓမၼျပဳက်င့္မႈ ေပါက္ေတာတြင္ျဖစ္ပြား
ႏိုဝင္ဘာ ၆/DMG

ေပါက္ေတာၿမိဳ႕၊အေရွ႕ဘက္ရပ္ကြက္၊အိုးအိမ္အေဆာက္အဦ ေဆာက္လုပ္ေနသည့္ အလုပ္ခြင္တြင္ လြန္ခဲ့သည့္ ၃ ႏွစ္ခန္႕တြင္ ဖခင္ျဖစ္သူႏွင့္ရန္ၿငိဳးရွိခဲ့ဖူးသူဆိုသူက ၅ ႏွစ္အရြယ္သမီးငယ္ အား ႏိုဝင္ဘာ ၅ ရက္ေန႕၊ ညေန ၄ နာရီအခ်ိန္ခန္႕က အဓမၼျပဳက်င့္ခဲ့ေၾကာင္းသိရသည္။

“သူနဲ႕မုဒိမ္းက်င့္ခံခဲ့ရတဲ့ မိန္းကေလးငယ္ရဲ႕ မိခင္နဲ႕သိပ္ရင္းႏွီးၾကတယ္။အဲဒီေန႕က သူဟာအရက္မူးၿပီးေတာ့ သူတို႕အိမ္ကိုလာတယ္။ၿပီးေတာ့ မိန္းကေလးငယ္ကို သူနဲ႕အတူလိုက္ဖို႕ေခၚယူခဲ့တယ္။ကေလးမကလည္း မိခင္နဲ႕သိပ္ရင္းႏွီးေနေတာ့ ခင္မင္လို႕လိုက္ခဲ့တယ္။အဲဒီမွာပဲသူဟာ အခန္းတစ္ခုမွာ ကေလးမေလးကို ပါးစပ္ပိတ္ၿပီးလုပ္ၾကံခဲ့တယ္။ၿပီးေတာ့ ေစာင္နဲ႕ပတ္ၿပီး လႊင့္ပစ္ထားခဲ့တယ္။လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က အဲဒီလူနဲ႕ မုဒိမ္းက်င္ခံခဲ့ရတဲ့ အမ်ိဳးသမီးငယ္ရဲ႕ဖခင္နဲ႕ဟာရန္ၿငိဳးရွိခဲ့ဖူးတယ္လို႕ စစ္ေဆးသိရတယ္”ဟုေပါက္ေတာၿမိဳ႕မ ရဲစခန္းမွ ရဲအုပ္ဦးသန္းေဌးကေျပာသည္။

ႏိုဝင္ဘာလ ၅ ရက္ေန႕၊ညေန ၄ နာရီအခ်ိန္ခန္႕မွာ ၅ ႏွစ္အရြယ္အမ်ိဳးသမီးငယ္ မ (........) အား အေရွ႕ပိုင္းရပ္ကြက္ေနသူ ဦးလွထြန္းဦး(ဘ-ဦးသိန္းထြန္းေအး) က အဓမၼျပဳက်င့္ခဲ့ ျခင္းျဖစ္ကာ မုဒိမ္းက်င့္ခံခဲ့ရသည့္အမ်ိဳးသမီးငယ္မွာ စိုးရိမ္ရသည့္အေျခေနျဖင့္ စစ္ေတြေဆးရုံးသို႕ ေဆးကုသ ရန္ေရာက္ရွိေနေၾကာင္းလည္းသိရသည္။

“ညေန ၄ နာရီေလာက္မွာ သမီးေပ်ာက္လို႕လိုက္ရွာေနတာ။အနားက မိန္းမတစ္ဦးကေျပာတယ္ ။ကေလးငိုသံၾကားတယ္ဆိုလို႕ အိုးအိမ္အေဆာက္အဦးေဆာက္လုပ္ေနတဲ့ လုပ္ငန္းခြင္ကို သြားေရာက္ခဲ့ တယ္။အဲဒီမွာပဲကၽြန္မသမီးကို ေစာင္နဲ႕ပက္ၿပီးလႊင့္ပစ္ခဲ့တာေတြ႕ရတယ္။သမီးက တုန္တုန္ရီရီနဲ႕ဘာမွမေျပာႏိုင္ဘူး။ ခ်က္ခ်င္းပဲ ေပါက္ေတာေဆးရုံးကို ပို႕တယ္။ဆရာဝန္ကမုဒိမ္းက်င့္ခံရတယ္လို႕ေျပာပါတယ္။သမီးရဲ႕အေျခအေနက စိုးရိမ္ရေတာ့ ဆရာဝန္က စစ္ေတြေဆးရုံးႀကီးသို႕ပို႕ဖို႕ညႊန္ၾကားတယ္”အမ်ိဳးသမီးငယ္၏ မိခင္ကေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး တရားခံျဖစ္သူ ဦးလွထြန္း(အသက္ ၃၁) (ဘ) ဦးသိန္းထြန္းေအးအား ေပါက္ေတာၿမိဳ႕မ ရဲစခန္းက (ပ) ၁၆၁/၂၀၁၆၊ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၃၇၆ ကဖမ္းဆီးအေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ေပါက္ေတာၿမိဳ႕ မရဲစခန္းမွသိရသည္။

ဖဒူ ထြန္းေအာင္
Development Media Group
https://www.facebook.com/DevelopmentNJ/












  • မိန္းမကိုလင္ျဖစ္သူက အက္ဆစ္ နဲ ့မ်က္ႏွာကိုပက္ျပီးထြက္ေျပး
  • ေတာင္ကုတ္ျမိဳ့အရက္ဆိုင္က စြမ္းအားရွင္
  • ရည္းစားေဟာင္းအေၾကာင္းေဒါသတၾကီးေျပာေနတဲ့ေကာင္မေလး
  • ေစ်း၀ယ္သူဟန္ေဆာင္ျပီး ဖုန္းကိုအလစ္သုတ္သြားသူ အလစ္သမား
  • ကေလးသံုးေယာက္ကိုရိုက္ႏွက္ ကန္ေက်ာ္ကသတ္ခဲ့တဲ့တြံေတးပေယာဂဆရာကိုသြားေရာက္ဖမး္ဆီးစဥ္
  • EVER TOP Mobile sales and Serviceဖုန္းဆိုင္CCTV မွတ္တမ္း
  • CCTV တြင္ရိုက္ကူးထားေသာ အင္းစိန္၊ဒညင္းကုန္းကေဖာက္ထြင္းမွဳ 
  • မႏၱေလးတြင္ ထိုးမွဳမ်ားဆက္တိုက္ျဖစ္ပြားေနျခင္း
  • သားၾကီး မယားၾကီးရွိလ်က္ႏွင့္တရြာတည္းေနမိန္းကေလးအားျဖားေယာင္းျပီး ကိုယ္၀န္ရွိလာေသာအခါ ဟာဘတ္ပိုးသတ္ေဆးတုိက္၍ သတ္ျဖတ္

  • လွန်ခဲ့သည့် ၃ နှစ်ခန့်တွင် ဖခင်ဖြစ်သူနှင့်ရန်ငြိုးရှိခဲ့ဖူးသူက ၅ နှစ်အရွယ်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှု ပေါက်တောတွင်ဖြစ်ပွား
    နိုဝင်ဘာ ၆/DMG

    ပေါက်တောမြို့၊အရှေ့ဘက်ရပ်ကွက်၊အိုးအိမ်အဆောက်အဦ ဆောက်လုပ်နေသည့် အလုပ်ခွင်တွင် လွန်ခဲ့သည့် ၃ နှစ်ခန့်တွင် ဖခင်ဖြစ်သူနှင့်ရန်ငြိုးရှိခဲ့ဖူးသူဆိုသူက ၅ နှစ်အရွယ်သမီးငယ် အား နိုဝင်ဘာ ၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က အဓမ္မပြုကျင့်ခဲ့ကြောင်းသိရသည်။

    “သူနဲ့မုဒိမ်းကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ရဲ့ မိခင်နဲ့သိပ်ရင်းနှီးကြတယ်။အဲဒီနေ့က သူဟာအရက်မူးပြီးတော့ သူတို့အိမ်ကိုလာတယ်။ပြီးတော့ မိန်းကလေးငယ်ကို သူနဲ့အတူလိုက်ဖို့ခေါ်ယူခဲ့တယ်။ကလေးမကလည်း မိခင်နဲ့သိပ်ရင်းနှီးနေတော့ ခင်မင်လို့လိုက်ခဲ့တယ်။အဲဒီမှာပဲသူဟာ အခန်းတစ်ခုမှာ ကလေးမလေးကို ပါးစပ်ပိတ်ပြီးလုပ်ကြံခဲ့တယ်။ပြီးတော့ စောင်နဲ့ပတ်ပြီး လွှင့်ပစ်ထားခဲ့တယ်။လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဲဒီလူနဲ့ မုဒိမ်းကျင်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ရဲ့ဖခင်နဲ့ဟာရန်ငြိုးရှိခဲ့ဖူးတယ်လို့ စစ်ဆေးသိရတယ်”ဟုပေါက်တောမြို့မ ရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးကပြောသည်။

    နိုဝင်ဘာလ ၅ ရက်နေ့၊ညနေ ၄ နာရီအချိန်ခန့်မှာ ၅ နှစ်အရွယ်အမျိုးသမီးငယ် မ (........) အား အရှေ့ပိုင်းရပ်ကွက်နေသူ ဦးလှထွန်းဦး(ဘ-ဦးသိန်းထွန်းအေး) က အဓမ္မပြုကျင့်ခဲ့ ခြင်းဖြစ်ကာ မုဒိမ်းကျင့်ခံခဲ့ရသည့်အမျိုးသမီးငယ်မှာ စိုးရိမ်ရသည့်အခြေနေဖြင့် စစ်တွေဆေးရုံးသို့ ဆေးကုသ ရန်ရောက်ရှိနေကြောင်းလည်းသိရသည်။

    “ညနေ ၄ နာရီလောက်မှာ သမီးပျောက်လို့လိုက်ရှာနေတာ။အနားက မိန်းမတစ်ဦးကပြောတယ် ။ကလေးငိုသံကြားတယ်ဆိုလို့ အိုးအိမ်အဆောက်အဦးဆောက်လုပ်နေတဲ့ လုပ်ငန်းခွင်ကို သွားရောက်ခဲ့ တယ်။အဲဒီမှာပဲကျွန်မသမီးကို စောင်နဲ့ပက်ပြီးလွှင့်ပစ်ခဲ့တာတွေ့ရတယ်။သမီးက တုန်တုန်ရီရီနဲ့ဘာမှမပြောနိုင်ဘူး။ ချက်ချင်းပဲ ပေါက်တောဆေးရုံးကို ပို့တယ်။ဆရာဝန်ကမုဒိမ်းကျင့်ခံရတယ်လို့ပြောပါတယ်။သမီးရဲ့အခြေအနေက စိုးရိမ်ရတော့ ဆရာဝန်က စစ်တွေဆေးရုံးကြီးသို့ပို့ဖို့ညွှန်ကြားတယ်”အမျိုးသမီးငယ်၏ မိခင်ကပြောသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံဖြစ်သူ ဦးလှထွန်း(အသက် ၃၁) (ဘ) ဦးသိန်းထွန်းအေးအား ပေါက်တောမြို့မ ရဲစခန်းက (ပ) ၁၆၁/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၇၆ ကဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ပေါက်တောမြို့ မရဲစခန်းမှသိရသည်။

    ဖဒူ ထွန်းအောင်
    Development Media Group
    https://www.facebook.com/DevelopmentNJ/
    Share on Google Plus

    About MP4 YoU

    ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
    MP4 YoU (The Melting Pot For You)