






အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ် (၆) နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ရဲအုပ်�ခင်သန်း၊ မြို့နယ် လ.ဝ.က ရုံးက ဒုဦးစီးမှူး ဦးဘုန်းကျော်၊ ကမ္ဘာလှည့်�ခရီးသွားလုံခြုံရေးတပ်ဖွဲ့စု(မန္တလေး)မှ ဒုရဲအုပ် အောင်ဇာနည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းတို့ပါဝင်သောအဖွဲ့သည် ယင်းနိုင်ငံခြားသား တည်းခိုနေရာဟိုတယ်သို့ နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီအချိန်တွင် သွားရောက်ခဲ့ရာ AD1 ဟိုတယ် အခန်းအမှတ်(၂၀၇)�တည်းခိုနေသည့် အီတလီနိုင်ငံသား Mr Mola Giannunzoo Michele အသက် (၄၄)နှစ်ကိုတွေ့ရှိရာ ၎င်း၏ ဝဲဘက်ခြေသလုံးအပြင်ဘက်တွင် ဗုဒ္ဓရုပ် ပုံတူ တက်တူးထိုးထားသည်ကိုတွေ့ရှိရသဖြင့် အရေးယူသင့်မသင့် စိစစ်ခဲ့ကြောင်း၊ ၎င်းနိုင်ငံခြားသားအား နိုဝင်ဘာ ၈ ရက်တွင် ပြည်နှင်ဒဏ်ဖြင့်ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။


စိုင်းထူးခန့် 

..........
ခြေထောက်တွင် ဗုဒ္ဓပုံတူ တက်တူးထိုးထားသည့် နိုင်ငံခြားသားအား ပြည်နှင်ဒဏ်ပေး
**************************************
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် သီရိဟေမာအရှေ့ရပ်ကွက် ၂၇ လမ်း X ၂၈ လမ်ကြား ၈၇ လမ်း X ၈၈ လမ်းကြား အကွက်အမှတ် (၂၄၅) ရှိ AD1 Hotel ၌တည်းခိုသော နိုင်ငံခြားသားတဦး၏ ခြေထာက်တွင် ဗုဒ္ဓရုပ်ပုံတူ တက်တူးထိုးထားသည်ကို တွေ့ရှိသဖြင့် ပြည်သူတဦး၏သတင်းပေးချက်အရ တာဝန်ရှိသူမျာက အဆိုပါ နိုင်ငံခြားသားအား စစ်ဆေးလျက်ရှိကြောင်း သတင်းရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ် (၆) နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ရဲအုပ်�ခင်သန်း၊ မြို့နယ် လ.ဝ.က ရုံးက ဒုဦးစီးမှူး ဦးဘုန်းကျော်၊ ကမ္ဘာလှည့်�ခရီးသွားလုံခြုံရေးတပ်ဖွဲ့စု(မန္တလေး)မှ ဒုရဲအုပ် အောင်ဇာနည်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလင်းတို့ပါဝင်သောအဖွဲ့သည် ယင်းနိုင်ငံခြားသား တည်းခိုနေရာဟိုတယ်သို့ နိုဝင်ဘာ ရ ရက် ညနေ ၄ နာရီအချိန်တွင် သွားရောက်ခဲ့ရာ AD1 ဟိုတယ် အခန်းအမှတ်(၂၀၇)�တည်းခိုနေသည့် အီတလီနိုင်ငံသား Mr Mola Giannunzoo Michele အသက် (၄၄)နှစ်ကိုတွေ့ရှိရာ ၎င်း၏ ဝဲဘက်ခြေသလုံးအပြင်ဘက်တွင် ဗုဒ္ဓရုပ် ပုံတူ တက်တူးထိုးထားသည်ကိုတွေ့ရှိရသဖြင့် အရေးယူသင့်မသင့် စိစစ်ခဲ့ကြောင်း၊ ၎င်းနိုင်ငံခြားသားအား နိုဝင်ဘာ ၈ ရက်တွင် ပြည်နှင်ဒဏ်ဖြင့်ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နည်းတူ ၂၀၁၄ ခုနှစ်ကလည်း ခြေသလုံးတွင် ဗုဒ္ဓရုပ်ပုံ တက်တူးထိုးထားသည့် နိုင်ငံခြားသားအား ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် တွေ့ရှိခဲ့သဖြင့် ၎င်းအား ပြည်နှင်ဒဏ်ပေးခဲ့သည်။

စိုင်းထူးခန် ့

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)