ေလာင္းလုံးၿမိဳ႕နယ္မွာ အလွဴအိမ္မွအျပန္လမ္းတြင္ ဖုန္းေျပာေနစဥ္ ပုိက္ဆံအိတ္အလုခံရ



ထားဝယ္ ႏုိ္ဝင္ဘာ ၈

တနသၤာရီတုိင္း ေဒသႀကီး ထားဝယ္ခ႐ုိင္ ေလာင္းလုံးၿမိဳ႕နယ္ (က)ရပ္ကြက္ေန ေဒၚ-------သည္ ယခုလ ၆ ရက္ မြန္းလြဲ၁၂ နာရီခြဲတြင္ ပန္းတင္းအင္းေက်းရြာ အလွဴမွ ေနအိမ္သုိ႔ ထားဝယ္- ေက်ာက္နီေမာ္သြား ကားလမ္း အတုိင္း ျပန္လာစဥ္ ရြာေဟာင္း ေက်းရြာ အမကေက်ာင္းအနီးလမ္း အေကြ႕တြင္ ဖုန္းလာသျဖင့္ ဖုန္း စကားေျပာရန္ ဆုိင္ကယ္အား လမ္းေဘးတြင္ရပ္နား၍ ဖုန္းေျပာ ေနစဥ္ ၄င္း၏ ဝဲဘက္လက္၌ ပုိက္ဆံအိတ္အား ကုိင္ထားရာ ထားဝယ္ဘက္မွ ေလာင္းလုံးဘက္ သုိ႔ လူႏွစ္ဦး နံပါတ္မပါWave Alpha (ျဖဴ+နက္)ေရာင္ဆုိင္ကယ္ အား ေမာင္းႏွင္လာၿပီး ေဒၚ---ကုိင္ထားေသာ ပုိက္ဆံအိတ္အား ႐ုတ္တရက္ဆဲြယူ၍ အရွိန္ျပင္းစြာ ေမာင္းႏွင္ ထြက္ေျပးသြားသျဖင့္ ပုိက္ဆံအိတ္အတြင္း ဆုိင္ကယ္ လုိင္စင္၊ ယာဥ္ေမာင္းလုိင္စင္၊ ဝန္ထမ္းကတ္ႏွင့္ေငြက်ပ္ ၅၅ဝဝဝ ပါသြားေၾကာင္း သိရသည္။

ထုိ႔ေနာက္ ပုိက္ဆံအိတ္ဆြဲယူ ေျပးသြားသူႏွစ္ဦး(လူျမင္မွတ္မိ) အား ေဒၚ--------က တရား လုိျပဳလုပ္တုိင္ၾကားသျဖင့္ ေလာင္း လုံးၿမိဳ႕မရဲစခန္းက (ပ)၂၇၁/ ၂ဝ၁၆၊ ရာဇသတ္ႀကီးပုဒ္မ-၃၈၂/ ၁၁၄ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ ရြက္ထားရွိၿပီး အမႈစစ္ရဲအုပ္စုိးႏုိင္ က သက္ေသမ်ားႏွင့္အတူတရားခံ မ်ားအား စုံစမ္းဖမ္းဆီးခဲ့ရာ ေလာင္းလုံးၿမိဳ႕နယ္ အင္းေဇာက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး႐ုံးအနီးတြင္ ေက်ာ္သူစုိး(ခ)ဖုိးတီး အသက္(၂ဝ) ေလာင္းလုံးၿမိဳ႕ႏွင့္ သာယာကုန္း ေက်းရြာသုသာန္အနီးတြင္ ေအာင္ သန္႔ဇင္ဦး(ခ)ဖုိးတာ(၂၂ႏွစ္)တုိ႔ကို ဖမ္းဆီးရမိၿပီး အေရးယူေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ေက်ာ္ေက်ာ္လတ္(ထားဝယ္)
The Union Daily
https://www.facebook.com/uniondaily.net
.............



ထားဝယ် နို်ဝင်ဘာ ၈

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် (က)ရပ်ကွက်နေ ဒေါ်-------သည် ယခုလ ၆ ရက် မွန်းလွဲ၁၂ နာရီခွဲတွင် ပန်းတင်းအင်းကျေးရွာ အလှူမှ နေအိမ်သို့ ထားဝယ်- ကျောက်နီမော်သွား ကားလမ်း အတိုင်း ပြန်လာစဉ် ရွာဟောင်း ကျေးရွာ အမကကျောင်းအနီးလမ်း အကွေ့တွင် ဖုန်းလာသဖြင့် ဖုန်း စကားပြောရန် ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်နား၍ ဖုန်းပြော နေစဉ် ၄င်း၏ ဝဲဘက်လက်၌ ပိုက်ဆံအိတ်အား ကိုင်ထားရာ ထားဝယ်ဘက်မှ လောင်းလုံးဘက် သို့ လူနှစ်ဦး နံပါတ်မပါWave Alpha (ဖြူ+နက်)ရောင်ဆိုင်ကယ် အား မောင်းနှင်လာပြီး ဒေါ်---ကိုင်ထားသော ပိုက်ဆံအိတ်အား ရုတ်တရက်ဆွဲယူ၍ အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေးသွားသဖြင့် ပိုက်ဆံအိတ်အတွင်း ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ်နှင့်ငွေကျပ် ၅၅ဝဝဝ ပါသွားကြောင်း သိရသည်။

ထို့နောက် ပိုက်ဆံအိတ်ဆွဲယူ ပြေးသွားသူနှစ်ဦး(လူမြင်မှတ်မိ) အား ဒေါ်--------က တရား လိုပြုလုပ်တိုင်ကြားသဖြင့် လောင်း လုံးမြို့မရဲစခန်းက (ပ)၂၇၁/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိပြီး အမှုစစ်ရဲအုပ်စိုးနိုင် က သက်သေများနှင့်အတူတရားခံ များအား စုံစမ်းဖမ်းဆီးခဲ့ရာ လောင်းလုံးမြို့နယ် အင်းဇောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ကျော်သူစိုး(ခ)ဖိုးတီး အသက်(၂ဝ) လောင်းလုံးမြို့နှင့် သာယာကုန်း ကျေးရွာသုသာန်အနီးတွင် အောင် သန့်ဇင်ဦး(ခ)ဖိုးတာ(၂၂နှစ်)တို့ကို ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လတ်(ထားဝယ်)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)