ေဒၚေအာင္ဆန္းစုၾကည္အား ပုတ္ခတ္ေရးသူ မစႏၵီျမင့္ေအာင္ကို ဖမ္းဆီး


မစႏၵီျမင့္ေအာင္ကို ရဲေမမ်ားႏွင့္အတူေတြ႕ရစဥ္ / စႏၵီျမင့္ေအာင္ / Facebook

By ထြန္းထြန္း 30 November 2016

ေဒၚေအာင္ဆန္းစုၾကည္အား လူမွုဆက္သြယ္ေရးကြန္ရက္ Facebook စာမ်က္ႏွာေပၚတြင္ ပုတ္ခတ္ေရးသားသည္ဟုဆိုကာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမွုဖြင့္ခံထားရသူ မစႏၵီျမင့္ေအာင္အား ဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕ အမွတ္ ၂ ရဲစခန္းက နိုဝင္ဘာ ၂၉ ရက္ေန႔ညေနပိုင္းတြင္ ဖမ္းဆီးခဲ့ၿပီး ယေန႔ေန႔လည္ပိုင္းတြင္ ႐ုံးထုတ္ ရမန္ရယူခဲ့ေၾကာင္း ရဲစခန္းက ေျပာသည္။

အမွုစစ္ ဒုရဲအုပ္ သန္းထြန္းက “CID ကေန ဓာတ္ပုံေတြ၊ အေကာင့္ေတြက မွန္တယ္လို႔ျပန္ၾကားလာတယ္၊ ဥပေဒဘက္ကလဲ တရားစြဲဆိုသင့္တယ္လို႔ေျပာလာလို႔ ဖမ္းခဲ့တာပါ” ဟု ဧရာဝတီသို႔ေျပာသည္။

မစႏၵီျမင့္ေအာင္ အား ေဒၚေအာင္ဆန္းစုၾကည္ကို လူမွုကြန္ရက္စာမ်က္ႏွာမွတဆင့္ ရိုင္းဆိုင္းစြာေျပာဆို သည္ဟုဆိုကာ ပဲခူးၿမိဳ႕တြင္ေနထိုင္သူ မလင္းလဲ့လဲ့လွိုင္က တရားလိုျပဳလုပ္ကာ ေအာက္တိုဘာ ၂၈ ရက္ ေန႔က ပဲခူးၿမိဳ႕အမွတ္ ၂ ရဲစခန္းတြင္ အမွုဖြင့္တိုင္ၾကားခဲ့ျခင္းျဖစ္သည္။

တိုင္ၾကားမွုအေပၚ ရဲစခန္းမွ သက္ေသအခ်က္အလက္မ်ားအား မွုခင္းတပ္ဖြဲ႕ CID ထံသို႔ေပးပို႔စစ္ေဆးခဲ့ၿပီး CID အဖြဲ႕၏ ျပန္ၾကားခ်က္အရ အမွုစြဲဆိုနိုင္ရန္ ဆက္သြယ္ေရးဝန္ႀကီးဌာနသို႔ ဆက္လက္တင္ျပမည္ျဖစ္ ေၾကာင္း သိရသည္။

ထိုအအမွုႏွင့္ပတ္သက္၍ အမွုဖြင့္ၿပီး ၁ လအၾကာတြင္မွဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ပုဒ္မ ၆၆(ဃ) မွာ ထင္ေယာင္ထင္မွား ျဖစ္ေစနိုင္သည့္ အတြက္ ရဲတပ္ဖြဲ႕အေနျဖင့္လည္း ၎ပုဒ္မႏွင့္ပတ္သက္၍ ကိုင္တြယ္ရာတြင္ ခက္ခဲမွုမ်ားရွိေၾကာင္း ဒုရဲအုပ္ သန္းထြန္းက ေျပာသည္။

လက္ရွိတြင္ မစႏၵီျမင့္ေအာင္အား ပဲခူးအမွတ္ ၂ ရဲစခန္းတြင္ ဖမ္းဆီးထားၿပီး အမွုအား ဆက္လက္စစ္ေဆးရန္ ဒီဇင္ဘာ ၇ ရက္ကို႐ုံးခ်ိန္းထပ္မံခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။

အဖမ္းခံထားရသူ မစႏၵီျမင့္ေအာင္မွာ ပဲခူးတကၠသိုလ္တြင္ ပထဝီ ဘာသာရပ္ျဖင့္ ပထမႏွစ္စာေမးပြဲေျဖဆို ထားသူျဖစ္သည္။
Irrawaddy
ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ရေးသူ မစန္ဒီမြင့်အောင်ကို ဖမ်းဆီး
မစန္ဒီမြင့်အောင်ကို ရဲမေများနှင့်အတူတွေ့ရစဉ် / စန္ဒီမြင့်အောင် / Facebook

By ထွန်းထွန်း 30 November 2016

ဒေါ်အောင်ဆန်းစုကြည်အား လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာပေါ်တွင် ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ မစန္ဒီမြင့်အောင်အား ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်း၊ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းက နိုဝင်ဘာ ၂၉ ရက်နေ့ညနေပိုင်းတွင် ဖမ်းဆီးခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ရုံးထုတ် ရမန်ရယူခဲ့ကြောင်း ရဲစခန်းက ပြောသည်။

အမှုစစ် ဒုရဲအုပ် သန်းထွန်းက “CID ကနေ ဓာတ်ပုံတွေ၊ အကောင့်တွေက မှန်တယ်လို့ပြန်ကြားလာတယ်၊ ဥပဒေဘက်ကလဲ တရားစွဲဆိုသင့်တယ်လို့ပြောလာလို့ ဖမ်းခဲ့တာပါ” ဟု ဧရာဝတီသို့ပြောသည်။

မစန္ဒီမြင့်အောင် အား ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရိုင်းဆိုင်းစွာပြောဆို သည်ဟုဆိုကာ ပဲခူးမြို့တွင်နေထိုင်သူ မလင်းလဲ့လဲ့လှိုင်က တရားလိုပြုလုပ်ကာ အောက်တိုဘာ ၂၈ ရက် နေ့က ပဲခူးမြို့အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားမှုအပေါ် ရဲစခန်းမှ သက်သေအချက်အလက်များအား မှုခင်းတပ်ဖွဲ့ CID ထံသို့ပေးပို့စစ်ဆေးခဲ့ပြီး CID အဖွဲ့၏ ပြန်ကြားချက်အရ အမှုစွဲဆိုနိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြမည်ဖြစ် ကြောင်း သိရသည်။

ထိုအအမှုနှင့်ပတ်သက်၍ အမှုဖွင့်ပြီး ၁ လအကြာတွင်မှဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၆၆(ဃ) မှာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် အတွက် ရဲတပ်ဖွဲ့အနေဖြင့်လည်း ၎င်းပုဒ်မနှင့်ပတ်သက်၍ ကိုင်တွယ်ရာတွင် ခက်ခဲမှုများရှိကြောင်း ဒုရဲအုပ် သန်းထွန်းက ပြောသည်။

လက်ရှိတွင် မစန္ဒီမြင့်အောင်အား ပဲခူးအမှတ် ၂ ရဲစခန်းတွင် ဖမ်းဆီးထားပြီး အမှုအား ဆက်လက်စစ်ဆေးရန် ဒီဇင်ဘာ ၇ ရက်ကိုရုံးချိန်းထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

အဖမ်းခံထားရသူ မစန္ဒီမြင့်အောင်မှာ ပဲခူးတက္ကသိုလ်တွင် ပထဝီ ဘာသာရပ်ဖြင့် ပထမနှစ်စာမေးပွဲဖြေဆို ထားသူဖြစ်သည်။

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)