(ဓါတ်ပုံ/ မင်းအောင်ခိုင် ဖေ့စ်ဘုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့
နေ့လယ် ၃ နာရီခွဲခန့်က ကွာရှင်းထားသော လင်မယားအကြား ဓါးထိုးမှုဖြစ်ပွားပြီး
နှစ်ယောက်လုံးကို စစ်တွေဆေးရုံကြီး၌ အရေးပေါ် လူနာအဖြစ် ဆေးကုသမှု
ခံယူလျက်ရှိသည်။
“ဓါးထိုးမှုဖြစ်တဲ့ ယောက်ျား နာမည်က ဦးရွှေစံ၊ အမျိုးသမီး နာမည်က ဒေါ်သောင်းစု၊ ရှေ့နေဖြစ်ပါတယ်။ အမျိုးသမီးကို အရင်ထိုးပြီးမှ သူ့ကိုသူ ပြန်ထိုးတယ်လို့ ယူဆရပါတယ်။ သူ့ရင်ဘတ်မှာ ဒဏ်ရာရရှိထားပါတယ်။ အမျိုးသမီးက ကုန်တန်းမှာနေတယ်။ အမျိုးသားကတော့ မောလိပ်မှာနေတယ် ” ဟု စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သူတို့ လင်မယားနှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် သဘောထား တိုက်ဆိုင်မှု မရှိ၍ တရားဝင် ကွာရှင်းထားပြီး၊ အမျိုးသမီးက နောက်အိမ်ထောင်ပြုမည်ဟု ကြားကြောင်း၊ သူ့မိန်းမကို မပြတ်နိုင်သည့်အတွက် နောက်က လိုက်နေကြောင်း၊ တရားရုံးတွင်လည်း အမှု ရင်ဆိုင်နေရကြောင်း အဆိုပါစခန်းမှူးက ပြောသည်။
နိရဉ္စရာသတင်းဌာနက စစ်တွေဆေးရုံကြီးသို့ သွားကြည့်ရာ သူတို့နှစ်ဦးကို လာပို့သည် ရဲအရာရှိတစ်ဦးက “ဒဏ်ရာနဲ့ လဲလျောင်းနေတာကို တွေ့တော့ ကျွန်တော်တို့လည်း ဘာမှ မေးဖို့ မရလိုက်ဘူး။ ဆေးရုံကို အရင်ပို့လိုက်ရပါတယ်။ အခုထိ တိကျတဲ့ အချက်အလက်တွေ မရရှိသေးပါဘူး”ဟု ပြောသည်။
ဒဏ်ရာရရှိထားသော အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးသည် အသက် ၃၀ ၀န်းကျင်ရှိပြီး ကလေးတစ်ဦးရှိသည်ဟု လေ့လာသိရှိရသည်။
နိရဉ္စရာသတင်းဌာနအနေဖြင့် အသေးစိတ် အချက်အလက်ရရှိရန် သက်ဆိုင်ရာ ဆရာဝန်များကို မေးမြန်းလိုသော်လည်း ဆရာဝန်များက အရေးပေါ် ကုသနေရသဖြင့် မေးမြန်းခွင့်မရရှိခဲ့ပါ။
စံမောင်သန်း၊ စစ်တွေ
Narinjara
ရည်းစားဟောင်းအကြောင်းဒေါသတကြီးပြောနေတဲ့ကောင်မလေး
ဈေးဝယ်သူဟန်ဆောင်ပြီး ဖုန်းကိုအလစ်သုတ်သွားသူ အလစ်သမား
ကလေးသုံးယောက်ကိုရိုက်နှက် ကန်ကျော်ကသတ်ခဲ့တဲ့တွံတေးပယောဂဆရာကိုသွားရောက်ဖမ်းဆီးစဉ်
EVER TOP Mobile sales and Serviceဖုန်းဆိုင်CCTV မှတ်တမ်း
CCTV တွင်ရိုက်ကူးထားသော အင်းစိန်၊ဒညင်းကုန်းကဖောက်ထွင်းမှု
မန္တလေးတွင် ထိုးမှုများဆက်တိုက်ဖြစ်ပွားနေခြင်း
သားကြီး မယားကြီးရှိလျက်နှင့်တရွာတည်းနေမိန်းကလေးအားဖြားယောင်းပြီး ကိုယ်ဝန်ရှိလာသောအခါ ဟာဘတ်ပိုးသတ်ဆေးတိုက်၍ သတ်ဖြတ်
မိုးကုတ်ချမ်းသာကြီးဘုရားပေါ်မဖွယ်မရာလုပ်ကြတဲ့စုံတွဲ
“ဓါးထိုးမှုဖြစ်တဲ့ ယောက်ျား နာမည်က ဦးရွှေစံ၊ အမျိုးသမီး နာမည်က ဒေါ်သောင်းစု၊ ရှေ့နေဖြစ်ပါတယ်။ အမျိုးသမီးကို အရင်ထိုးပြီးမှ သူ့ကိုသူ ပြန်ထိုးတယ်လို့ ယူဆရပါတယ်။ သူ့ရင်ဘတ်မှာ ဒဏ်ရာရရှိထားပါတယ်။ အမျိုးသမီးက ကုန်တန်းမှာနေတယ်။ အမျိုးသားကတော့ မောလိပ်မှာနေတယ် ” ဟု စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှ စခန်းမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သူတို့ လင်မယားနှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် သဘောထား တိုက်ဆိုင်မှု မရှိ၍ တရားဝင် ကွာရှင်းထားပြီး၊ အမျိုးသမီးက နောက်အိမ်ထောင်ပြုမည်ဟု ကြားကြောင်း၊ သူ့မိန်းမကို မပြတ်နိုင်သည့်အတွက် နောက်က လိုက်နေကြောင်း၊ တရားရုံးတွင်လည်း အမှု ရင်ဆိုင်နေရကြောင်း အဆိုပါစခန်းမှူးက ပြောသည်။
နိရဉ္စရာသတင်းဌာနက စစ်တွေဆေးရုံကြီးသို့ သွားကြည့်ရာ သူတို့နှစ်ဦးကို လာပို့သည် ရဲအရာရှိတစ်ဦးက “ဒဏ်ရာနဲ့ လဲလျောင်းနေတာကို တွေ့တော့ ကျွန်တော်တို့လည်း ဘာမှ မေးဖို့ မရလိုက်ဘူး။ ဆေးရုံကို အရင်ပို့လိုက်ရပါတယ်။ အခုထိ တိကျတဲ့ အချက်အလက်တွေ မရရှိသေးပါဘူး”ဟု ပြောသည်။
ဒဏ်ရာရရှိထားသော အမျိုးသမီးနှင့် အမျိုးသား နှစ်ဦးစလုံးသည် အသက် ၃၀ ၀န်းကျင်ရှိပြီး ကလေးတစ်ဦးရှိသည်ဟု လေ့လာသိရှိရသည်။
နိရဉ္စရာသတင်းဌာနအနေဖြင့် အသေးစိတ် အချက်အလက်ရရှိရန် သက်ဆိုင်ရာ ဆရာဝန်များကို မေးမြန်းလိုသော်လည်း ဆရာဝန်များက အရေးပေါ် ကုသနေရသဖြင့် မေးမြန်းခွင့်မရရှိခဲ့ပါ။
စံမောင်သန်း၊ စစ်တွေ
Narinjara
- အသဲခွဲပြီး အသစ်နဲ့တွဲသွားတဲ့ချစ်သူကိုဓားနဲ့ထိုးတဲ့မိန်းကလေး။
- ပြည်မြို့က ဆံတော်ရပ်ကွက်မှာစိတ္တဇဝေဒနာရှင်ကို အဓမ္မပြုကျင့်တဲ့တရားခံမိပြီ
- သမီးရည်းစား အတွဲအား စောင့်ပေး နေသူ အသတ်ခံရ
- အဓမ္မပြုကျင့်သူကို အမှုမဖွင့်ရန် ညှိနှိုင်းပေးခဲ့သူ အုပ်ချုပ်ရေးမှူးအား အရေးယူ
- မဟာသုတေသန သင်တန်းတက်ရောက်မည့် မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးအား လုပ်ကြံသတ်ဖြတ်သူကို လေးရက်တာအချိန်ကာလအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး
- မြန်မာနိုင်ငံ ဂီတအစည်းအရုံး ရံပုံငွေ (ထားဝယ်) အဆိုပြိုင်ပွဲနှင့် ကုန်စည်ပြပွဲတွင် မိန်းကလေးတစ်ဦး ဓားထိုးခံရ၍ သေဆုံး
- မိန်းမကိုလင်ဖြစ်သူက အက်ဆစ် နဲ့ မျက်နှာကိုပက်ပြီးထွက်ပြေး
- တောင်ကုတ်မြို့အရက်ဆိုင်က စွမ်းအားရှင်
- ဂန္တ၀င် ရဲ့ ခင်ပွန်းဟောင်း သန်းဇော်အောင်မှ အသက် ၁၉ နှစ်အရွယ် မိန်းခလေးအား လိမ်လည် ခိုးယူပေါင်းသင်
- သမီးဖြစ်သူကို လိမ်လည်သွားသူကိုကိုယ်တိုင်ထောက်လှမ်းခဲ့သောမိခင်