“ဂျာမနီရှိ ဂျီဟတ်လုပ်ရန် အားပေးသည့် ဗလီများ၊ အစ္စလာမ္မစ်အစည်းအရုံးခန်းနှင့် တိုက်ခန်းများကို ရဲဝင်စီး






ဘာလင်၊ နိုဝင်ဘာ ၁၅
ဂျာမနီနိုင်ငံတစ်ဝန်းတွင် အစ္စလာမ္မစ် အစွန်းရောက်များကို ထောက်ပံ့ပေးနေသည်ဟု ယုံကြည်ရသော ဗလီများနှင့် အစ္စလာမ္မစ်အုပ်စုများ နေထိုင်သည့်နေအိမ်များနှင့် ရုံးခန်းစုစုပေါင်း၂ဝဝကျောခန့််ကို ဂျာမန်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဂျာမနီရဲတပ်ဖွဲ့၏ပြောကြားချက် ကိုဂျာမနသတင်းမီဒီယာများက ရေးသားဖော်ပြသည်။
ဝင်ရောက်စီးနင်းရာတွင် ဂျာမနီနိုင်ငံတွင်း အစွန်းရောက်အစ္စလာမ္မစ်ဝါဒကို မွတ်ဆလင်များအကြား ဖြန့်ဝေနေသည်ဟု ယုံကြည်ရသည့် နေရာများအား အဓိက ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဟီဒီရှိုင်မ်မြို့တွင် ဂျာမန်စကားပြောဆိုသော အစွန်းရောက်အစ္စလာမ် အုပ်စုမှအဖွဲ့ဝင်ရှစ်ဦး၏ နေအိမ်တိုက်ခန်း များကိုရဲတပ်ဖွဲ့ကဝငရောက်စီးနင်းခဲ့သည်။
DPA သတင်းဌာန၏ ဖော်ပြချက်အရ ဂျာမန်ရဲတပ်ဖွဲ့သည်ဂျာမနအနောက်ပိုင်းဒေသ၊ မြို့တော်ဘာလင်အပါအဝင် မြို့ကြီးများရှိဗလီများနှင့် အစ္စလာမ္မစ်အုပ်စုများနှင့် ဆက်နွှယ်သော ရုံးခန်းများနှင့် တိုက်ခန်းများကိုလည်း အင်္ဂါနေ့က စီးနင်းခဲ့သည်။

ဂျာမန် ထောက်လှမ်းရေးအဖွဲ့ကလည်း ဂျီဟတ်ဝါဒီဇာတ်သွင်းရန် ကြိုးပမ်းနေသည့် အစ္စလာမ္မစ်အဖွဲ့အစည်းများ၊ ဆီးရီးယားနှင့် အီရတ်ရှိ IS အကြမ်းဖက်အုပ်စုနှင့် ပူးပေါင်းကာဂျီဟတ် စစ်ပွဲ ဆင်နွှဲရန်ကူညီ ပံ့ပိုးနေသများကို ပြင်းပြင်းထန်ထန် သတိပေးထားသည်ဟု DPA က ဖော်ပြသည်။

ဂျာမနီပြည်ထဲရေးဝန်ကြီ သောမတ်စ်ဒီမိုင်ဇာရီက အစွန်းရောက်အစ္စလာမ္မစ်များနှင့် ဆက်နွှယ်သော အဖွဲ့အစည်းများကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ ပိတ်ပင်ပစ်ရန် ပြင်ဆင်လျက်ရှိသည်ဟု ဂျာမန်သတင်းမီဒီယာများက ဆိုသည်။

ဘာလင်အခြေစိုက် AP သတင်းဌာန၏ ဖော်ပြချက်အရ ဂျာမန်ရဲတပ်ဖွဲ့သည် 'စစ်မှန်သည့်ဘာသာတရား' ဟု အမည်ရသည့် အစလာမ္မစ်အုပ်စုကို ပံ့ပိုးကူညီနေသများ၊ ၄င်းတို့နှင့် ဆက်နွှယ်သူများ၏ ရုံးခနးများနှင့် တိုက်ခန်းများကို စီးနင်းကာ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

DWR ဟုလည်း အမည်ရသည့် အဆိုပါ စစ်မှန်သည့်ဘာသာတရား ဟူသောအဖွဲ့သည် ဂျာမနီနိုင်ငံတစ်ဝန်း၌ ကိုရမ်ကျမ်းစာများ ဖြန့်ဝေလျက်ရှိသည့်အဖွဲ့ အစည်းဖြစ်သည်။

ဂျာမနီပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ DWR အဖွဲ့သည် အကြမးဖက်အုပ်စုအတွက် အဆကအသွယ် များနှင့် ကွန်ရက်များ စုစည်းထောက်ပံ့ပေးလျက်ရှိကြောင်း၊ သို့သော DWR အနေနှင့် ပြည်တွင်း၌ အကြမးဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်နေသည့်အနေအထားမျိုးမရှိသေးကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီး သောမတ်စ်ဒီမိုင်ဇာရီက ယင်း DRW အုပ်စုသည် ဂျာမနီဖွဲ့စည်းပုံအခြေခံ ဥပဒေကိုချိုးဖောက်ပြီး အမုန်းစကားများဖြန်ဝေလျက်ရှိသည်ဟု ယုံကြည်ရကြောင်းပြောကြားသည်။

ထိုသို့ဗလီများနှင့် အစ္စလာမ္မစ်အဖွဲ့အစည်းရုံးခန်းများကို ရဲတပ်ဖွဲ့ကဝင်ရောက် စီးနင်းရှာဖွေနေမှုများနှင့် ပတ်သက်၍ DWR က ထုတ်ပြန်ကြေညာမှုတစ်စုံ တစ်ရာမပြုလုပ်သေးပေ။
ဂျာမန်မီဒီယာများတွင်မူ အစ္စလာမ္မစ် အဖအစည်းများနှင့် ဗလီများကိုလက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရဲတပ်ဖွဲ့ဝင်များ စီးနင်းရှားဖွေနေပုံများ ဖော်ပြပါရှိသည်ကိုတွေ့ရသည်။

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)