ပူးေပါင္းစစ္ဆင္ေရးက လိုအပ္ခ်က္အရ လုပ္ရတာ


ေက်ာ္ခ
21 November 2016 TNLA ရဲ့ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွူးႀကီး တာဘုန္းေက်ာ္ / ေက်ာ္ခ / ဧရာဝတီ

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာရွိတဲ့ မူဆယ္ ၁၀၅ မိုင္၊ မုံးကိုး၊ ပန္ဆိုင္း၊ နမ့္ခမ္းနဲ႔ ကြက္ခိုင္ေဒသေတြမွာ ကခ်င္ လြတ္ေျမာက္ေရး တပ္မေတာ္ (KIA)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္-ကိုးကန႔္အဖြဲ႕ (MNDAA)၊ ပေလာင္ (တအာင္း) အမ်ိဳးသား လြတ္ျမာက္ေရး တပ္မေတာ္ (TNLA)ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA) တို႔က မဟာမိတ္ပူးေပါင္း စစ္ဆင္ေရးတခု နိုဝင္ဘာလ ၂၀ ရက္ေန႔ မနက္ပိုင္းကစၿပီး ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါတိုက္ခိုက္မွုေၾကာင့္ အရပ္သား ၃ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၃ ဦး၊ တပ္မေတာ္သား ၁ ဦး၊ ျပည္သူ႔စစ္ တပ္ဖြဲ႕ဝင္ ၁ ဦး စုစုေပါင္း ၈ ဦး က်ဆုံးခဲ့ၿပီး အရပ္သား ၁၈ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၉ ဦး၊ အေကာက္အခြန္ဝန္ထမ္း ၂ ဦး စုစုေပါင္း ၂၉ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္ခိုက္မွုေတြဟာ ဆက္တိုက္ျဖစ္ပြားေနၿပီး တံတားအခ်ိဳ႕လည္း ဖ်က္ဆီးခံခဲ့ရသလို တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံ အဓိက နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းလည္း ျပတ္ေတာက္သြားပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး မဟာမိတ္ ၄ ဖြဲ႕ထဲက ပေလာင္ (တအာင္း) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ရဲ့ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွူးႀကီး တာဘုန္းေက်ာ္ ကို ဧရာဝတီသတင္းေထာက္ ေက်ာ္ခ က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး  ။   ။  ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ မဟာမိတ္ပူးေပါင္းစစ္ဆင္ေရးလုပ္ရတဲ့ အေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီး ရွင္းျပေစခ်င္ပါတယ္။

ေၿဖ  ။    ။  က်ေနာ္တို႔အေနနဲ႔ကေတာ့ ပူးေပါင္းစစ္ဆင္ေရးက လိုအပ္ခ်က္အရတာလုပ္ရတာပါ။ အဓိက စစ္ေရးပစ္မွတ္ေတြ ျဖစ္တဲ့ ျမန္မာ့တပ္မေတာ္ေတြေနတဲ့ေနရာေတြမွာ က်ေနာ္တို႔တိုက္ပြဲေတြျဖစ္တယ္။ ဒီေန႔အထိလည္း တိုက္ပြဲေတြက ဆက္ျဖစ္ေနတယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့စစ္ေရးပဋိပကၡေတြကို အျမန္ဆုံးေျဖရွင္းနိုင္ဖို႔အတြက္ အစိုးရ ပိုၿပီးေတာ့ လက္ေတြ႕က်က် စဥ္းစားနိုင္ဖို႔အတြက္ စစ္ေရးပူးေပါင္းလွုပ္ရွားမွုျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။

ေမး  ။   ။  ဒီေန႔အထိတိုက္ပြဲေတြဆက္ျဖစ္ေနတယ္ဆိုေတာ့ ဘယ္ေနရာေတြမွာ ဘယ္လိုျဖစ္ေနတယ္ဆိုတာ ရွင္းျပေပးပါဦး။

ေၿဖ  ။    ။  ဟုတ္ကဲ့ ဒီေန႔ တိုက္ပြဲျဖစ္ေနတာကေတာ့ ၁၀၅ မိုင္ မေရာက္ခင္ ကြတ္ခိုင္-နမ့္ဖက္ကာ ၁၀၅ မိုင္ၾကားမွာရွိတဲ့ ကားလမ္းေတြမွာ ေတာက္ေလၽွာက္တိုက္ပြဲေတြျဖစ္ေနတယ္။ ၿပီးေတာ့ မုန္းကိုးမွာလည္း တိုက္ပြဲတအားျပင္းတယ္။ ၿပီးေတာ့ မန္တုံၿမိဳ႕နယ္ထဲမွာလည္း တိုက္ပြဲျပင္းထန္ေနတယ္။ ဆိုေတာ့ တိုက္ပြဲေတြက ေနရာတိုင္းမွာလိုကိုျဖစ္ေနတယ္။

ေမး  ။   ။  မေန႔ကျဖစ္ခဲ့တဲ့တိုက္ပြဲေတြမွာ အရပ္သားေတြခ်ည္းပဲ စုစုေပါင္း ၃ ဦးေသဆုံးၿပီး ၁၈ ဦးဒဏ္ရာရတယ္လို႔ အစိုးရဘက္က ထုတ္ျပန္ထားတာေတြ႕ရပါတယ္။ ဆိုေတာ့ မဟာမိတ္အဖြဲ႕ေတြရဲ့ စစ္ဆင္ေရးက ဘာကိုလိုခ်င္တာလဲ။

ေၿဖ  ။    ။  ဟုတ္ကဲ့ပါ။ အခုစစ္ဆင္ေရးက တကယ့္အရပ္သားေတြကို ပစ္မွတ္ထားလုပ္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ႏွစ္ဘက္ တိုက္ပြဲျဖစ္တယ္ဆိုေတာ့ ထိခိုက္က်ဆုံးမွုေတြေတာ့ ရွိတာေပါ့။ ဆိုေတာ့ အရပ္သားေတြ ထိခိုက္နစ္နာတဲ့ အေပၚမွာ အမ်ားႀကီး စိတ္မေကာင္းဘူး။ ဒါေပမယ့္လည္း ခုနတုန္းကေျပာသြားသလို အစိုးရက သတင္းထုတ္ျပန္သလိုမ်ိဳး အရပ္သားေတြ အမ်ားႀကီး ထိခိုက္ဒဏ္ရာရတယ္ဆိုတာ မဟုတ္ဘူးလို႔ ေနာက္ပိုင္းမွာ က်ေနာ္တို႔ ျပန္ၿပီး သိရပါတယ္။ ထိခိုက္ဒဏ္ရာရတာေတြ ရွိေတာ့ ရွိနိုင္တယ္။ ဒါေပမယ့္ အဲဒီေလာက္ထိေတာ့ မရွိဘူးလို႔ က်ေနာ္တို႔သိရတယ္။ အခ်ိဳ႕ဟာေတြက ျမန္မာ့တပ္မေတာ္ထဲက ထိခိုက္ဒဏ္ရာရတဲ့သူတခ်ိဳ႕ကို အရပ္သား စာရင္းထဲေပါင္းထည့္တယ္လို႔ က်ေနာ္တို႔ ျမင္ပါတယ္။ က်ေနာ္တို႔ အေနနဲ႔လည္း အခုျဖစ္တဲ့ ေနာက္ပိုင္းတိုက္ပြဲေတြမွာဆိုရင္ က်ေနာ္တို႔ ပိုၿပီးေတာ့မွ အရပ္သားေတြ ထိခိုက္ဒဏ္ရာရမွုမရွိေအာင္ ေလးေလးနက္နက္ ထားၿပီး ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ အဲလိုပဲေဆာင္ရြက္သြားမွာပါ။

ေမး  ။   ။  ပူးေပါင္းစစ္ဆင္ေရးရဲ့ အဓိက ရည္ရြယ္ခ်က္က ဘာျဖစ္မလဲ။

ေၿဖ  ။    ။  အဓိကရည္ရြယ္ခ်က္ကေတာ့ နိုင္ငံေရး ျပႆနာကို နိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းဖို႔ အပစ္ခတ္ရပ္စဲေရး NCA ဆိုတာကို တဘက္လွည့္ အေၾကာင္းျပၿပီးေတာ့မွ က်ေနာ္တို႔ တိုင္းရင္းသားေတြကို တဘက္မွာေတာ့ လက္မွတ္ထိုး တဘက္မွာ ၾကေတာ့ က်ေနာ္တို႔လိုမ်ိဳး ကခ်င္လိုမ်ိဳးကို တဘက္သတ္ စစ္ဆင္တာမ်ိဳး မလုပ္ဘဲနဲ႔ တကယ့္ျပႆနာကို မွန္မွန္ကန္ကန္ ေျဖရွင္းနိုင္ဘို႔ အပစ္ရပ္ဖို႔ နိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းနိုင္ဖို႔ ဒီလိုမ်ိဳးပူးေပါင္းေဆာင္ရြက္ၿပီးလုပ္တာပါ။

ေမး  ။   ။  မဟာမိတ္အဖြဲ႕ေတြဘက္ကေရာ ဒီလိုမ်ိဳးေျဖရွင္းနည္းက မွန္တယ္လို႔မ်ား ယူဆထားသလား။

ေၿဖ  ။    ။  က်ေနာ္တို႔ ျမင္တာက အခုလိုေရြးခ်ယ္ရခက္တဲ့ အေနအထားမွာေတာ့ ျမန္မာ့တပ္မေတာ္ရဲ့ ထိုးစစ္ကို က်ေနာ္တို႔က အခုလိုမ်ိဳးဘဲ ျပႆနာ ေျဖရွင္းတဲ့ နည္းလမ္းက အေကာင္းဆုံးဘဲလို႔ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာ့တပ္မေတာ္က အခုေလာက္အထိ ထိုးစစ္ဆင္ေနတာကို ဒီမိုကေရစီနည္းက် အရပ္သားအစိုးရတက္လာတယ္ေျပာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရကလည္း ဘာသံမွ မဟဘူး။ ဆိုေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြပဲ ျမန္မာ့တပ္မေတာ္ရဲ့ ထိုးစစ္ကို ခံရၿပီးေတာ့မွ နိုင္ငံေရး အရ၊ စစ္ေရးအရ ခ်ည္ၿပီး တုပ္ၿပီး သိမ္းက်ဳံးသြင္းထားတဲ့ NCA ေအာက္ကို ျမန္မာ့ တပ္မေတာ္ရဲ့ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေအာက္မွာ အတင္းအပါခိုင္းၿပီးေတာ့ နိုင္ငံေရးျပႆနာကို ေျဖရွင္းနိုင္မွာမဟုတ္ဘူး။ ဒါေၾကာင့္မလို႔ က်ေနာ္တို႔က မလႊဲသာ၊ မေရွာင္သာ ပူးတြဲစစ္ဆင္ေရးလုပ္ရတာျဖစ္ပါတယ္။

ေမး  ။   ။   ဒီစစ္ဆင္ေရးမွာ အရပ္သားေတြကိုထိခိုက္လိမ့္မယ္ဆိုတာ၊ ေနာက္တခုက တ႐ုတ္-ျမန္မာ နိုင္ငံ ကုန္သြယ္ေရးျဖစ္တဲ့ လမ္းေၾကာင္းျပတ္ေတာက္ၿပီး လူထုရဲ့ ကုန္သြယ္ေရးအက်ိဳးစီးပြားေတြ ထိခိုက္ျပတ္ေတာက္လိမ့္မယ္ဆိုတာကို ႀကိဳတင္ ေတြးၿပီး သားလား ခင္ဗ်။

ေၿဖ  ။    ။  ဟုတ္ကဲ့ က်ေနာ္တို႔အေနနဲ႔ ႀကိဳတင္ေတြးထားၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ဒီျပႆနာက မရွင္းလို႔ မရဘူးဆိုတာမ်ိဳးက အစိုးရေရာ က်ေနာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေရာ တပ္မေတာ္ေရာ၊ ဘယ္လိုမွ ေရွာင္လႊဲလို႔ မရတဲ့ ရွင္းရမယ့္ ျပႆနာ ဆိုတာ ေပၚေအာင္လို႔ လုပ္ေဆာင္ရတာျဖစ္ပါတယ္။ ေစာေစာတုန္းက အရပ္သားေတြထိခိုက္တယ္။ ကုန္သြယ္မွုေတြ ထိခိုက္တယ္။ နစ္နာတယ္ဆိုတာက က်ေနာ္တို႔ တိုင္းရင္းသားေတြ၊ ကခ်င္ေဒသေတြမွာဆိုရင္ လူေတြ သိန္းနဲ႔ခ်ီ သတန္းနဲ႔ခ်ီ ႏွစ္ေပါင္းမ်ားစြာဒုကၡေရာက္ေနတယ္။ က်ေနာ္တို႔ ေဒသမွာဆိုရင္ ဒီလထဲမွာဆိုရင္ ျမန္မာ့တပ္မေတာ္က လက္နက္ႀကီးနဲ႔ ပစ္လို႔ က်ေနာ္တို႔ တအာင္းလူမ်ိဳးေတြ ဘယ္ေလာက္ထိ ေသၿပီးၿပီလဲ။ လူထုမလိုအပ္တဲ့ ဒဏ္ရာေတြ ဘယ္ေလာက္ထိ ေရာက္ၿပီးၿပီလဲ။ လူထုေတြ ေတာထဲေတာင္ထဲမွာ ဘယ္ေလာက္ေျပးေနရၿပီးလဲ ဒါေၾကာင့္မလို႔ က်ေနာ္တို႔ ဒီဒဏ္ေတြမခံနိုင္လို႔ ဒီလိုလွုပ္ရွားေဆာင္ရြက္ရတာျဖစ္ပါတယ္။

ေမး  ။   ။ ဒီမဟာမိတ္စစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး ေနာက္ကြယ္မွာ “ဝ”  က လက္နက္နဲ႔ ေငြအင္အားျဖည့္တင္းေပးတယ္ဆိုတဲ့ သုံးသပ္မွုေတြလည္း ရွိပါတယ္။ ဘယ္လိုပက္သက္မွုေတြရွိေနလဲ။

ေၿဖ  ။    ။  ဒါကေတာ့ ေစာင့္ၾကည့္ေလ့လာသုံးသပ္တဲ့သူကေတာ့ ေျပာေနၾကတာပဲေလ။ ေသခ်ာတာကေတာ့ က်ေနာ္တို႔ အခု ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းတိုင္းက ရပ္တည္ဖို႔အတြက္ က်ေနာ္တို႔ ဒီတိုက္ပြဲထဲမွာ ပူးေပါင္းေဆာင္ရြက္ၾကတာျဖစ္ပါတယ္။ ေဝဖန္ေနတဲ့သူေတြကေတာ့ ေဝဖန္မွာဘဲ။

ေမး  ။   ။  မဟာမိတ္အဖြဲ႕ေတြဘက္က ဒီစစ္ဆင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ မွန္ကန္တဲ့ လုပ္ရပ္လို႔ခံယူသလား။ စီးပြားေရး အရေရာ၊ လူထုေတြကိုေရာ မထိခိုက္ေစနိုင္တဲ့ တျခားနည္းလမ္းေရာ ေရြးခ်ယ္စရာမရွိေတာ့ဘူးလား။

ေၿဖ  ။    ။  က်ေနာ္တို႔အေနနဲ႔ကေတာ့ ဒါေတာ္ေတာ္ေလးကို ေရြးခ်ယ္စရာ ေတာ္ေတာ္ခက္တဲ့အေနအထားမို႔လို႔ ဒီလမ္းကို ေရြးခ်ယ္ရတာျဖစ္တယ္။ ဒီလိုကိစၥေတြကို ေရွာင္လႊဲနိုင္ဖို႔ ဆိုလို႔ရွိရင္ေတာ့ ျမန္မာ့တပ္မေတာ္နဲ႔ ျမန္မာအစိုးရအေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ သူတို႔က ဒါမ်ိဳးမျဖစ္ဖို႔ အတြက္ က်ေနာ္တို႔ တိုင္းရင္းသားေဒသေတြမွာ ထိုးစစ္ေတြ ေလၽွာ့ဖို႔လိုတယ္။ အပစ္ေတြ ရပ္ဖို႔လိုတယ္။ နိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးပြဲေတြရပ္ဖို႔လိုတယ္။ အဲဒါဆိုရင္ေတာ့ ျဖစ္လာမွာပါ။

ေမး  ။   ။  ဒီစစ္ဆင္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ေနာက္ဆက္တြဲ ဘာေတြျဖစ္လာနိုင္တယ္လို႔ ေမၽွာ္လင့္ထားလဲ။

ေၿဖ  ။    ။  အေကာင္းဆုံးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ဒီမိုကေရစီအရ ေရြးေကာက္တက္လာတဲ့ အစိုးရျဖစ္တယ္ဆိုေတာ့ ဦးေဆာင္သြားနိုင္မယ္လို႔ က်ေနာ္တို႔က ဒီလိုေမၽွာ္လင့္တယ္။ ျမန္မာ့တပ္မေတာ္ ကလည္း အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ ေျပာတဲ့ စကားကို နားေထာင္ၿပီး ၿငိမ္းခ်မ္းေရးလမ္းစဥ္ကိုလိုက္ဖို႔ က်ေနာ္တို႔ ေမၽွာ္လင့္ပါတယ္။ အဲလိုမဟုတ္ဘဲနဲ႔ စစ္ေရး ကိစၥကို စစ္ေရးနည္းလမ္းနဲ႔ ေျဖရွင္းမယ္ဆိုရင္ ဘယ္လိုကိစၥျဖစ္ျဖစ္ ရင္ဆိုင္သြားဖို႔ က်ေနာ္တို႔တိုင္းရင္းသား ေတြက အသင့္ျပင္ထား ပါတယ္။
Irrawaddy

ပူးပေါင်းစစ်ဆင်ရေးက လိုအပ်ချက်အရ လုပ်ရတာ
ကျော်ခ



21 November 2016 TNLA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာဘုန်းကျော် / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မူဆယ် ၁၀၅ မိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်းနဲ့ ကွက်ခိုင်ဒေသတွေမှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က မဟာမိတ်ပူးပေါင်း စစ်ဆင်ရေးတခု နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းကစပြီး ပြုလုပ်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ တပ်မတော်သား ၁ ဦး၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့ပြီး အရပ်သား ၁၈ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ အကောက်အခွန်ဝန်ထမ်း ၂ ဦး စုစုပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုတွေဟာ ဆက်တိုက်ဖြစ်ပွားနေပြီး တံတားအချို့လည်း ဖျက်ဆီးခံခဲ့ရသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းလည်း ပြတ်တောက်သွားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မဟာမိတ် ၄ ဖွဲ့ထဲက ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာဘုန်းကျော် ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး  ။   ။  ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးလုပ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရှင်းပြစေချင်ပါတယ်။

ဖြေ  ။    ။  ကျနော်တို့အနေနဲ့ကတော့ ပူးပေါင်းစစ်ဆင်ရေးက လိုအပ်ချက်အရတာလုပ်ရတာပါ။ အဓိက စစ်ရေးပစ်မှတ်တွေ ဖြစ်တဲ့ မြန်မာ့တပ်မတော်တွေနေတဲ့နေရာတွေမှာ ကျနော်တို့တိုက်ပွဲတွေဖြစ်တယ်။ ဒီနေ့အထိလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ကတော့စစ်ရေးပဋိပက္ခတွေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် အစိုးရ ပိုပြီးတော့ လက်တွေ့ကျကျ စဉ်းစားနိုင်ဖို့အတွက် စစ်ရေးပူးပေါင်းလှုပ်ရှားမှုဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး  ။   ။  ဒီနေ့အထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်ဆိုတော့ ဘယ်နေရာတွေမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ ရှင်းပြပေးပါဦး။

ဖြေ  ။    ။  ဟုတ်ကဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေတာကတော့ ၁၀၅ မိုင် မရောက်ခင် ကွတ်ခိုင်-နမ့်ဖက်ကာ ၁၀၅ မိုင်ကြားမှာရှိတဲ့ ကားလမ်းတွေမှာ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်။ ပြီးတော့ မုန်းကိုးမှာလည်း တိုက်ပွဲတအားပြင်းတယ်။ ပြီးတော့ မန်တုံမြို့နယ်ထဲမှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ ဆိုတော့ တိုက်ပွဲတွေက နေရာတိုင်းမှာလိုကိုဖြစ်နေတယ်။

မေး  ။   ။  မနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ အရပ်သားတွေချည်းပဲ စုစုပေါင်း ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဆိုတော့ မဟာမိတ်အဖွဲ့တွေရဲ့ စစ်ဆင်ရေးက ဘာကိုလိုချင်တာလဲ။

ဖြေ  ။    ။  ဟုတ်ကဲ့ပါ။ အခုစစ်ဆင်ရေးက တကယ့်အရပ်သားတွေကို ပစ်မှတ်ထားလုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ဘက် တိုက်ပွဲဖြစ်တယ်ဆိုတော့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိတာပေါ့။ ဆိုတော့ အရပ်သားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ အများကြီး စိတ်မကောင်းဘူး။ ဒါပေမယ့်လည်း ခုနတုန်းကပြောသွားသလို အစိုးရက သတင်းထုတ်ပြန်သလိုမျိုး အရပ်သားတွေ အများကြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မဟုတ်ဘူးလို့ နောက်ပိုင်းမှာ ကျနော်တို့ ပြန်ပြီး သိရပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေ ရှိတော့ ရှိနိုင်တယ်။ ဒါပေမယ့် အဲဒီလောက်ထိတော့ မရှိဘူးလို့ ကျနော်တို့သိရတယ်။ အချို့ဟာတွေက မြန်မာ့တပ်မတော်ထဲက ထိခိုက်ဒဏ်ရာရတဲ့သူတချို့ကို အရပ်သား စာရင်းထဲပေါင်းထည့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ အနေနဲ့လည်း အခုဖြစ်တဲ့ နောက်ပိုင်းတိုက်ပွဲတွေမှာဆိုရင် ကျနော်တို့ ပိုပြီးတော့မှ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုမရှိအောင် လေးလေးနက်နက် ထားပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲလိုပဲဆောင်ရွက်သွားမှာပါ။

မေး  ။   ။  ပူးပေါင်းစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ  ။    ။  အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အပစ်ခတ်ရပ်စဲရေး NCA ဆိုတာကို တဘက်လှည့် အကြောင်းပြပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားတွေကို တဘက်မှာတော့ လက်မှတ်ထိုး တဘက်မှာ ကြတော့ ကျနော်တို့လိုမျိုး ကချင်လိုမျိုးကို တဘက်သတ် စစ်ဆင်တာမျိုး မလုပ်ဘဲနဲ့ တကယ့်ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဘို့ အပစ်ရပ်ဖို့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်ပြီးလုပ်တာပါ။

မေး  ။   ။  မဟာမိတ်အဖွဲ့တွေဘက်ကရော ဒီလိုမျိုးဖြေရှင်းနည်းက မှန်တယ်လို့များ ယူဆထားသလား။

ဖြေ  ။    ။  ကျနော်တို့ မြင်တာက အခုလိုရွေးချယ်ရခက်တဲ့ အနေအထားမှာတော့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ကျနော်တို့က အခုလိုမျိုးဘဲ ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံးဘဲလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့တပ်မတော်က အခုလောက်အထိ ထိုးစစ်ဆင်နေတာကို ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတက်လာတယ်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကလည်း ဘာသံမှ မဟဘူး။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေပဲ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကို ခံရပြီးတော့မှ နိုင်ငံရေး အရ၊ စစ်ရေးအရ ချည်ပြီး တုပ်ပြီး သိမ်းကျုံးသွင်းထားတဲ့ NCA အောက်ကို မြန်မာ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အောက်မှာ အတင်းအပါခိုင်းပြီးတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မလို့ ကျနော်တို့က မလွှဲသာ၊ မရှောင်သာ ပူးတွဲစစ်ဆင်ရေးလုပ်ရတာဖြစ်ပါတယ်။

မေး  ။   ။   ဒီစစ်ဆင်ရေးမှာ အရပ်သားတွေကိုထိခိုက်လိမ့်မယ်ဆိုတာ၊ နောက်တခုက တရုတ်-မြန်မာ နိုင်ငံ ကုန်သွယ်ရေးဖြစ်တဲ့ လမ်းကြောင်းပြတ်တောက်ပြီး လူထုရဲ့ ကုန်သွယ်ရေးအကျိုးစီးပွားတွေ ထိခိုက်ပြတ်တောက်လိမ့်မယ်ဆိုတာကို ကြိုတင် တွေးပြီး သားလား ခင်ဗျ။

ဖြေ  ။    ။  ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ ကြိုတင်တွေးထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပြဿနာက မရှင်းလို့ မရဘူးဆိုတာမျိုးက အစိုးရရော ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရော တပ်မတော်ရော၊ ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ ရှင်းရမယ့် ပြဿနာ ဆိုတာ ပေါ်အောင်လို့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ စောစောတုန်းက အရပ်သားတွေထိခိုက်တယ်။ ကုန်သွယ်မှုတွေ ထိခိုက်တယ်။ နစ်နာတယ်ဆိုတာက ကျနော်တို့ တိုင်းရင်းသားတွေ၊ ကချင်ဒေသတွေမှာဆိုရင် လူတွေ သိန်းနဲ့ချီ သတန်းနဲ့ချီ နှစ်ပေါင်းများစွာဒုက္ခရောက်နေတယ်။ ကျနော်တို့ ဒေသမှာဆိုရင် ဒီလထဲမှာဆိုရင် မြန်မာ့တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လို့ ကျနော်တို့ တအာင်းလူမျိုးတွေ ဘယ်လောက်ထိ သေပြီးပြီလဲ။ လူထုမလိုအပ်တဲ့ ဒဏ်ရာတွေ ဘယ်လောက်ထိ ရောက်ပြီးပြီလဲ။ လူထုတွေ တောထဲတောင်ထဲမှာ ဘယ်လောက်ပြေးနေရပြီးလဲ ဒါကြောင့်မလို့ ကျနော်တို့ ဒီဒဏ်တွေမခံနိုင်လို့ ဒီလိုလှုပ်ရှားဆောင်ရွက်ရတာဖြစ်ပါတယ်။

မေး  ။   ။ ဒီမဟာမိတ်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ “ဝ”  က လက်နက်နဲ့ ငွေအင်အားဖြည့်တင်းပေးတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဘယ်လိုပက်သက်မှုတွေရှိနေလဲ။

ဖြေ  ။    ။  ဒါကတော့ စောင့်ကြည့်လေ့လာသုံးသပ်တဲ့သူကတော့ ပြောနေကြတာပဲလေ။ သေချာတာကတော့ ကျနော်တို့ အခု ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတိုင်းက ရပ်တည်ဖို့အတွက် ကျနော်တို့ ဒီတိုက်ပွဲထဲမှာ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဝေဖန်နေတဲ့သူတွေကတော့ ဝေဖန်မှာဘဲ။

မေး  ။   ။  မဟာမိတ်အဖွဲ့တွေဘက်က ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မှန်ကန်တဲ့ လုပ်ရပ်လို့ခံယူသလား။ စီးပွားရေး အရရော၊ လူထုတွေကိုရော မထိခိုက်စေနိုင်တဲ့ တခြားနည်းလမ်းရော ရွေးချယ်စရာမရှိတော့ဘူးလား။

ဖြေ  ။    ။  ကျနော်တို့အနေနဲ့ကတော့ ဒါတော်တော်လေးကို ရွေးချယ်စရာ တော်တော်ခက်တဲ့အနေအထားမို့လို့ ဒီလမ်းကို ရွေးချယ်ရတာဖြစ်တယ်။ ဒီလိုကိစ္စတွေကို ရှောင်လွှဲနိုင်ဖို့ ဆိုလို့ရှိရင်တော့ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရအပေါ်မှာ အများကြီး မူတည်ပါတယ်။ သူတို့က ဒါမျိုးမဖြစ်ဖို့ အတွက် ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ လျှော့ဖို့လိုတယ်။ အပစ်တွေ ရပ်ဖို့လိုတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေရပ်ဖို့လိုတယ်။ အဲဒါဆိုရင်တော့ ဖြစ်လာမှာပါ။

မေး  ။   ။  ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားလဲ။

ဖြေ  ။    ။  အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရ ရွေးကောက်တက်လာတဲ့ အစိုးရဖြစ်တယ်ဆိုတော့ ဦးဆောင်သွားနိုင်မယ်လို့ ကျနော်တို့က ဒီလိုမျှော်လင့်တယ်။ မြန်မာ့တပ်မတော် ကလည်း အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားကို နားထောင်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကိုလိုက်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ စစ်ရေး ကိစ္စကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဘယ်လိုကိစ္စဖြစ်ဖြစ် ရင်ဆိုင်သွားဖို့ ကျနော်တို့တိုင်းရင်းသား တွေက အသင့်ပြင်ထား ပါတယ်။
Irrawaddy
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)