




 လက်နက်တိုက်အတွင်း တစ်ဦးတည်းရှိနေစဉ် သေနတ်စင်က ကာဘိုင်သေနတ်နဲ့ ကိုယ့်ကိုယ့်ကို ပစ်ခတ်သေဆုံးတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။


5 Plus News
..........


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ တပ်မတော်သားတစ်ဦး ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ခတ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

 နိုဝင်ဘာလ (၇) ရက် ညပိုင်းက လှည်းကူးမြို့နယ် ၊ အင်းတိုင် ဗဟိုကင်းလက်နက်တိုက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်းဖြစ်ပွား ခဲ့တာဖြစ်ပါတယ်။

 သေဆုံးသွားတဲ့ တပ်မတော်သားရဲ့ အမည်ဟာ တပ်ကြပ်ကြီး သန်းညွှန့်ဖြစ်ပြီး အသက် (၅၈)နှစ်အရွယ်ဖြစ်ပါတယ်။

 လက်နက်တိုက်အတွင်း တစ်ဦးတည်းရှိနေစဉ် သေနတ်စင်က ကာဘိုင်သေနတ်နဲ့ ကိုယ့်ကိုယ့်ကို ပစ်ခတ်သေဆုံးတာဖြစ်တယ်လို့ ရဲမှတ်တမ််းမှာဖော်ပြထားပါတယ်။

 အလောင်းကို အမှတ် (၁) တပ်မတော်ဆေးရုံကြီးကို သယ်ဆောင်စစ်ဆေးခဲ့ရာမှာ ဂုတ်ပိုးကြည်ပေါက်ရာတစ်ခုတွေ့ရှိရတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)