မိုင္းပြန္ၿမိဳ႕တြင္ လင္မယား ၂ ေယာက္ပစ္ခတ္ခံရ အမ်ဳိးသားျဖစ္သူပြဲခ်င္းၿပီးေသဆံုး



စက္တင္ဘာလ ၁ ရက္ ၂၀၁၆

သ်ွမ္းျပည္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္ မိုင္းပြန္ၿမိဳ႕ တြင္ ေသနတ္သမား တဦးက ေနအိမ္တအခုအတြင္း ၀င္ေရာက္ပစ္ခတ္သျဖင့္ လင္မယား နွစ္ဦးက်ည္ဆံထိမွန္ကာ အမ်ဳိးသားျဖစ္သူက ေနအိမ္အတြင္း ပြဲခ်င္းၿပီးေသဆံုးသြားသည္ဟုသိရသည္။

စက္တင္ဘာ ၁ ရက္ေန့ ညေန ၄ နာရီက မိုင္းပြန္ၿမိဳ့ အမွတ္ ၅ ရပ္ ကြက္ ေခၚ ေစ်းတန္းရပ္ ေရဆံုလမ္းရွိ တရုတ္လူမ်ဳိးအိမ္တအိမ္အား အနက္ေရာင္ ဗီဂိုကားျဖင့္ ေသနတ္သမားတဦးက ၀င္ေရာက္ပစ္ခတ္ရာ အိမ္ရွင္ ဦးအိုက္ျမင့္ နွင့္ မယဥ္ေမ တို့လင္မယား က်ည္ ၅ ခ်က္ ထိမွန္ကာ ဦးအုိက္ျမင့္မွာ ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆံုးသြားသည္။ ေသနတ္သမားက နားခိုင္းေက်းရြာဘက္ ကားေမာင္းထြက္ေျပးကာ လြတ္ေျမာက္သြားသည္ဟု သိရပါသည္။

“ သူ႔မိန္းမေတာ့ေျပာတယ္ အသိထဲကလူဘဲ ၊ မိုင္းကိုင္ဘက္က လာတယ္တဲ့။ ဘယ္သူဆိုတာေတာ့ မသိေသး ဘူး။ သူတို႔အခ်င္းခ်င္းေနာက္ေၾကာင္း တခုခုရွိ မယ္ထင္တယ္။ ဘာအလုပ္လုပ္ခဲ့လဲမသိေတာ့မသိဘူး ” ဟု ေစ်းကုန္းရပ္ေန ဦးယန္ရွင္း ကေျပာသည္။

ဦးအိုက္ျမင့္ ေခၚ လီ့က်န္းမဲန္႕ အသက္ ၅၅ ႏွစ္မွာ ညာဖက္ ပိုက္တြင္ တခ်က္ထိၿပီး ေဒၚယဥ္ေမ ေခၚ ေဒၚအားလ်ဲန္ အသက္ ၅၁ ႏွစ္မွာ ညာဖက္ တင္ပါးဆံုတြင္ ေသနတ္သံုးခ်က္ ထိမွန္ေၾကာင္း သိရွိရသည္။

“ က်ေနာ္တို႔ဘက္မွာေတာ့ စစ္ေဆးတုန္းဆိုေတာ့ ဘယ္သူဆိုတာေတာ့ မသိေသးဘူး၊ သူ႔ေယာက်ာ္းအေလာင္းေကာ၊ သူ႔မိန္းမေကာ လြယ္လင္ေ ဆးရံုကို ပို႕လိုက္ၿပီ။ ကုသဖို့။ မိုင္းပြန္မွာ ရင္ခြဲရံုမရွိေတာ့ ေသဆံုးတဲ့သူလဲ ဟိုကို ပို့လိုက္တယ္ေလ။ ထပ္စစ္ေဆးရဦးမယ္ ဆိုေတာ့ ။ ခုေဆးကုသခံေန ရတယ္” ဟု တာ၀န္ရွိသူ ရဲစခန္းကေျပာသည္။

အဆိုပါျဖစ္ပြားမႈကို မိုင္းပြန္ၿမိဳ႕ ရဲစခန္းက လူ႔အသက္ကိုေသေၾကေစသည့္အမႈ ပုဒ္မ ၃၀၇ ႏွင့္ အမႈ႕ဖြင့္ထားေၾကာင္း၊ ဥကၠဌကိုယ္တိုင္ ရဲတပ္ဖြဲ့အားေခၚယူၿပီး ဗီဂိုကားနွင့္ေသနတ္သမားတုိ့ေနာက္ လိုက္ေသးေၾကာင္း၊ ပစ္သတ္မွုမျဖစ္ ပြားခင္ အဆိုပါ ေသနတ္သမား က ၄င္းတို့နွင့္ လာေရာက္ေတြ့ဆံု စကားေျပာေ နေသးေၾကာင္း၊ အေခ်အတင္စကားမ်ားရာမွ ကားသမားက ေသနတ္ သြားယူလားျပီး ပစ္ခတ္ေၾကာင္း သိရွိရသည္။ ပစ္ခတ္ခံရသည့္ ဦးအိုက္ျမင့္ နွင့္ ေဒၚယဥ္ေမ တုိ့တြင္ သားသမီး ၄ ဦးရွိ ရွိရာ အသက္ ၁၈ နွစ္အရြယ္ ၄င္းတို့၏ သမီးျဖစ္သူ ေရွ႕ေမွာက္တြင္ ပစ္ခတ္မွဳျပဳသြားျခင္းျဖစ္ေၾကာင္း အသိုင္းအ၀ိုင္းမ်ားက ေျပာသည္။

သွ်မ္းသံေတာ္ဆင့္/ ယိင္းအုမ္ေမြ
Panglong(Burmese)
https://www.facebook.com/Panglong.burmese
..........



စက်တင်ဘာလ ၁ ရက် ၂၀၁၆

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ တွင် သေနတ်သမား တဦးက နေအိမ်တအခုအတွင်း ၀င်ရောက်ပစ်ခတ်သဖြင့် လင်မယား နှစ်ဦးကျည်ဆံထိမှန်ကာ အမျိုးသားဖြစ်သူက နေအိမ်အတွင်း ပွဲချင်းပြီးသေဆုံးသွားသည်ဟုသိရသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီက မိုင်းပွန်မြို့ အမှတ် ၅ ရပ် ကွက် ခေါ် စျေးတန်းရပ် ရေဆုံလမ်းရှိ တရုတ်လူမျိုးအိမ်တအိမ်အား အနက်ရောင် ဗီဂိုကားဖြင့် သေနတ်သမားတဦးက ၀င်ရောက်ပစ်ခတ်ရာ အိမ်ရှင် ဦးအိုက်မြင့် နှင့် မယဉ်မေ တို့လင်မယား ကျည် ၅ ချက် ထိမှန်ကာ ဦးအိုက်မြင့်မှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်။ သေနတ်သမားက နားခိုင်းကျေးရွာဘက် ကားမောင်းထွက်ပြေးကာ လွတ်မြောက်သွားသည်ဟု သိရပါသည်။

“ သူ့မိန်းမတော့ပြောတယ် အသိထဲကလူဘဲ ၊ မိုင်းကိုင်ဘက်က လာတယ်တဲ့။ ဘယ်သူဆိုတာတော့ မသိသေး ဘူး။ သူတို့အချင်းချင်းနောက်ကြောင်း တခုခုရှိ မယ်ထင်တယ်။ ဘာအလုပ်လုပ်ခဲ့လဲမသိတော့မသိဘူး ” ဟု စျေးကုန်းရပ်နေ ဦးယန်ရှင်း ကပြောသည်။

ဦးအိုက်မြင့် ခေါ် လီ့ကျန်းမဲန့် အသက် ၅၅ နှစ်မှာ ညာဖက် ပိုက်တွင် တချက်ထိပြီး ဒေါ်ယဉ်မေ ခေါ် ဒေါ်အားလျဲန် အသက် ၅၁ နှစ်မှာ ညာဖက် တင်ပါးဆုံတွင် သေနတ်သုံးချက် ထိမှန်ကြောင်း သိရှိရသည်။

“ ကျနော်တို့ဘက်မှာတော့ စစ်ဆေးတုန်းဆိုတော့ ဘယ်သူဆိုတာတော့ မသိသေးဘူး၊ သူ့ယောကျာ်းအလောင်းကော၊ သူ့မိန်းမကော လွယ်လင်ေ ဆးရုံကို ပို့လိုက်ပြီ။ ကုသဖို့။ မိုင်းပွန်မှာ ရင်ခွဲရုံမရှိတော့ သေဆုံးတဲ့သူလဲ ဟိုကို ပို့လိုက်တယ်လေ။ ထပ်စစ်ဆေးရဦးမယ် ဆိုတော့ ။ ခုဆေးကုသခံနေ ရတယ်” ဟု တာဝန်ရှိသူ ရဲစခန်းကပြောသည်။

အဆိုပါဖြစ်ပွားမှုကို မိုင်းပွန်မြို့ ရဲစခန်းက လူ့အသက်ကိုသေကြေစေသည့်အမှု ပုဒ်မ ၃၀၇ နှင့် အမှု့ဖွင့်ထားကြောင်း၊ ဥက္ကဌကိုယ်တိုင် ရဲတပ်ဖွဲ့အားခေါ်ယူပြီး ဗီဂိုကားနှင့်သေနတ်သမားတို့နောက် လိုက်သေးကြောင်း၊ ပစ်သတ်မှုမဖြစ် ပွားခင် အဆိုပါ သေနတ်သမား က ၄င်းတို့နှင့် လာရောက်တွေ့ဆုံ စကားပြောေ နသေးကြောင်း၊ အချေအတင်စကားများရာမှ ကားသမားက သေနတ် သွားယူလားပြီး ပစ်ခတ်ကြောင်း သိရှိရသည်။ ပစ်ခတ်ခံရသည့် ဦးအိုက်မြင့် နှင့် ဒေါ်ယဉ်မေ တို့တွင် သားသမီး ၄ ဦးရှိ ရှိရာ အသက် ၁၈ နှစ်အရွယ် ၄င်းတို့၏ သမီးဖြစ်သူ ရှေ့မှောက်တွင် ပစ်ခတ်မှုပြုသွားခြင်းဖြစ်ကြောင်း အသိုင်းအဝိုင်းများက ပြောသည်။

သျှမ်းသံတော်ဆင့်/ ယိင်းအုမ်မွေ
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)