ဆူးေလရွန္ဂရီလာဟိုတယ္မွ စည္ပင္ေျမေပၚ က်ဴးေက်ာ္ေဆာက္လုပ္ထားမူအား ျပန္လည္ဖ်က္သိမ္း



ဆူးေလးဘုရားလမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္ရွိ အမ်ားျပည္သူ သြားလာရာ စည္ပင္ေျမေပၚ က်ဴးေက်ာ္တည္ေဆာက္လုပ္ထားသည့္ ဆူးေလရွန္ဂရီလာဟိုတယ္၏ ေရွ႕မ်က္ႏွာစာ ကားပါးကင္ေနရာကုိ ျပန္လည္ ဖ်က္သိမ္းေနေၾကာင္း သတင္းရရွိသည္။


“ကြ်န္ေတာ္တုိ႔က အမ်ားအသံုးျပဳလို႔ရဖို႔အတြတ္ကုိ ျပန္ျပီးေဖာက္ေနတာပါ၊ ဆူးေလရွန္ဂရီလာဟိုတယ္ကကားပါကင္ျဖစ္ေအာင္လုပ္ထားတဲ့ေနရာေတြကုိ ဗိုလ္ခ်ဳပ္လမ္းက၀င္လာျပီးရင္ ဒီဘက္ အေနာ္ရထာလမ္းမကုိမတက္ဘဲနဲ႔ အတြင္းလမ္းကေနျပီးေတာ့ ျပန္ထြတ္ရေအာင္လုပ္ေနတာပါ။ လမ္းအလယ္မွာလည္း လူသြားလမ္းအက်ယ္ ေလးေပငါးေပေလာက္ လုပ္ေပးမယ္။ ဟိုတယ္ဘက္ကို ျပီးခဲ့တဲ့တပတ္ေလာက္ကတည္းက ၾကိဳတင္အေၾကာင္းခဲ့တာပါ။ ဆူးေလရွန္ဂရီလာဘက္က ဖ်က္ေပးတာ ႏွစ္ရက္သံုးရက္ေလာက္ရွိျပီ”
ဟု အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား) မွ ဒု-႒ာနမွဴး ဦးေအးကုိမွ News Watch သို႔ ေျပာၾကားသည္။


ဆူးေလရွန္ဂရီလာဟိုတယ္၏ လမ္းနယ္နိမိတ္က်ဴးေက်ာ္မွဳေၾကာင့္ ခရီးသြားမ်ားစိတ္အေႏွာက္ယွတ္ျဖစ္ခဲ့ရသည္။

“အရင္ကတည္းက အဲဒီေနရာေတြက ျပည္သူပုိင္ေနရာေတြေလ။ ဟုိယ္တယ္စေဆာက္ကတည္းက ေပၚတီကိုေအာက္ထိပဲ ပုိင္တာေလ။ ဒီဘက္က ျပည္သူပုိင္ေလ။ ေနာက္ေတာ့ သူတုိ႔က တေျဖးေျဖးနဲ႔ က်ဳးေက်ာ္လာတာေပါ့။ ရင္းႏွီးျမွပ္ႏွံမွဳေကာ္မရွင္က ခြင့္ျပဳကတည္းက ဘယ္ေနရာအထိပဲ သူတို႔ပိုင္တယ္ဆိုတာ ရွင္းလင္းလင္းလင္း ေျပာရမွာေပါ့၊ အဲဒီလို ရွင္းရွင္းလင္းမလုပ္ခဲ့ေတာ့ သူတုိ႔က ဥပေဒကုိေက်ာ္ျပီး လုပ္ခဲ့တာေပါ့။ အခုလို ျပည္သူပုိင္တဲ့ေနရာ ျပည္သူျပန္ရတယ္ဆိုေတာ့ ေကာင္းတာေပါ့”ဟု အဆိုပါကိစၥႏွင့္ပတ္သက္၍ ၂၀၁၄ခုႏွစ္က ေဆာင္းပါေရးသားတင္ျပခဲ့သည့္အျပင္ ဟိုတယ္အုပ္ခ်ဳပ္မႈအဖြဲ႔သို႔ပါ စာေရးေပးပို႔ခဲ့ဖူးသူ စာေရးဆရာ သရ၀ဏ္(ျပည္)က သူ၏အျမင္ကုိ ေျပာၾကားသည္။


ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးအေနျဖင့္ ယခုရက္ပုိင္းအတြင္း တာေမြၿမိဳ႕နယ္ရွိေနရာအခ်ိဳ႕တြင္ စည္ပင္နယ္နိမိတ္က်ဴးေက်ာ္ေဆာက္လုပ္ထားသည့္ အမိုးအကာႏွင့္အဖီမ်ားကုိ ဖယ္ရွားခဲ့ျပီး၊ ဖယ္ရွားမွဳမ်ား ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္စည္ပင္မွ သတင္းရရွိသည္။

ဆူးေလရွန္ဂရီလာဟိုတယ္ကို ၁၉၉၆ ခုႏွစ္တြင္ ကုန္သည္ၾကီးမ်ားဟုိတယ္အျဖစ္ ဖြင့္လွစ္ခဲ့ၿပီးေနာက္ ၂၀၁၄ခုႏွစ္တြင္ ဧၿပီ ၂၈ရက္တြင္ ဆူးေလရွန္ဂရီလာဟိုတယ္အျဖစ္ အမည္ေျပာင္းလဲခဲ့သည္။

မင္းဇာနည္(အိုင္တီ)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.......



ဆူးလေးဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ အများပြည်သူ သွားလာရာ စည်ပင်မြေပေါ် ကျူးကျော်တည်ဆောက်လုပ်ထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်၏ ရှေ့မျက်နှာစာ ကားပါးကင်နေရာကို ပြန်လည် ဖျက်သိမ်းနေကြောင်း သတင်းရရှိသည်။



“ကျွန်တော်တို့က အများအသုံးပြုလို့ရဖို့အတွတ်ကို ပြန်ပြီးဖောက်နေတာပါ၊ ဆူးလေရှန်ဂရီလာဟိုတယ်ကကားပါကင်ဖြစ်အောင်လုပ်ထားတဲ့နေရာတွေကို ဗိုလ်ချုပ်လမ်းကဝင်လာပြီးရင် ဒီဘက် အနော်ရထာလမ်းမကိုမတက်ဘဲနဲ့ အတွင်းလမ်းကနေပြီးတော့ ပြန်ထွတ်ရအောင်လုပ်နေတာပါ။ လမ်းအလယ်မှာလည်း လူသွားလမ်းအကျယ် လေးပေငါးပေလောက် လုပ်ပေးမယ်။ ဟိုတယ်ဘက်ကို ပြီးခဲ့တဲ့တပတ်လောက်ကတည်းက ကြိုတင်အကြောင်းခဲ့တာပါ။ ဆူးလေရှန်ဂရီလာဘက်က ဖျက်ပေးတာ နှစ်ရက်သုံးရက်လောက်ရှိပြီ”
ဟု အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ ဒု-ဋ္ဌာနမှူး ဦးအေးကိုမှ News Watch သို့ ပြောကြားသည်။



ဆူးလေရှန်ဂရီလာဟိုတယ်၏ လမ်းနယ်နိမိတ်ကျူးကျော်မှုကြောင့် ခရီးသွားများစိတ်အနှောက်ယှတ်ဖြစ်ခဲ့ရသည်။

“အရင်ကတည်းက အဲဒီနေရာတွေက ပြည်သူပိုင်နေရာတွေလေ။ ဟိုယ်တယ်စဆောက်ကတည်းက ပေါ်တီကိုအောက်ထိပဲ ပိုင်တာလေ။ ဒီဘက်က ပြည်သူပိုင်လေ။ နောက်တော့ သူတို့က တဖြေးဖြေးနဲ့ ကျုးကျော်လာတာပေါ့။ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုကတည်းက ဘယ်နေရာအထိပဲ သူတို့ပိုင်တယ်ဆိုတာ ရှင်းလင်းလင်းလင်း ပြောရမှာပေါ့၊ အဲဒီလို ရှင်းရှင်းလင်းမလုပ်ခဲ့တော့ သူတို့က ဥပဒေကိုကျော်ပြီး လုပ်ခဲ့တာပေါ့။ အခုလို ပြည်သူပိုင်တဲ့နေရာ ပြည်သူပြန်ရတယ်ဆိုတော့ ကောင်းတာပေါ့”ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၄ခုနှစ်က ဆောင်းပါရေးသားတင်ပြခဲ့သည့်အပြင် ဟိုတယ်အုပ်ချုပ်မှုအဖွဲ့သို့ပါ စာရေးပေးပို့ခဲ့ဖူးသူ စာရေးဆရာ သရဝဏ်(ပြည်)က သူ၏အမြင်ကို ပြောကြားသည်။



ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့် ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်ရှိနေရာအချို့တွင် စည်ပင်နယ်နိမိတ်ကျူးကျော်ဆောက်လုပ်ထားသည့် အမိုးအကာနှင့်အဖီများကို ဖယ်ရှားခဲ့ပြီး၊ ဖယ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သတင်းရရှိသည်။

ဆူးလေရှန်ဂရီလာဟိုတယ်ကို ၁၉၉၆ ခုနှစ်တွင် ကုန်သည်ကြီးများဟိုတယ်အဖြစ် ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁၄ခုနှစ်တွင် ဧပြီ ၂၈ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။

မင်းဇာနည်(အိုင်တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)