စုံတြဲမ်ားခ်ိန္းေတြ႔ရန္ အတြက္ ထားရွိသည့္ အလုံပိတ္ခန္းမ်ား ဖြင့္လွစ္လွ်င္ သတင္းေပး တုိင္ၾကားႏုိင္



မႏၱေလးတိုင္းေဒသႀကီး၊ မႏၱေလးၿမိဳ႕တြင္ အေသးစား ႐ုပ္ရွင္႐ုံ၊ အေအးဆုိင္အမည္ခံကာ စုံတြဲမ်ား ခ်ိန္းေတြ႔ရန္ အတြက္ အလုံပိတ္ခန္းမ်ား ဖြင့္လွစ္ထားရွိျခင္းအား သိရွိလွ်င္ တုိင္ၾကားႏုိင္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ရဲတပ္ဖြဲ႔မွ သိရွိရသည္။
 “လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေဖာ္ျပလာတာေတြကိုေတြ႔တဲ့အတြက္ အေရးယူမႈေတြကိုျပဳလုပ္တာျဖစ္တယ္။ ဆက္ လက္လည္း အေရးယူမႈေတြကိုျပဳလုပ္သြားမွာျဖစ္တယ္။ ဖြင့္လွစ္ထားတာကိုေတြ႔ရွိရင္ တုိင္ၾကားႏုိင္ပါ တယ္။”ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ရဲတပ္ဖြဲ႔မွ ရဲမွဴး ၿငိမ္းခ်မ္းေအာင္က ေျပာသည္။

 ငယ္႐ြယ္ေသာ လူငယ္လူ႐ြယ္မ်ား စာရိတၱပုိင္းဆုိင္ရာ၊ ယဥ္ေက်းမႈပုိင္းဆုိင္ရာပ်က္စီးႏုိင္ျခင္း၊ ခြင့္ျပဳခ်က္မရွိဘဲ အလုံပိတ္ ခန္းမ်ား တည္ေဆာက္ထားရွိျခင္းတုိ႔ေၾကာင့္ ယခုကဲ့သုိ႔အေရးယူမႈမ်ားကို ဆက္လက္ လုပ္ေဆာင္သြားရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။
“လူေနထုိင္ဖို႔ေဆာက္လုပ္ထားတဲ့ အေဆာက္အဦးေတြမွာ ေကာ္မတီကခြင့္ျပဳမထားတဲ့ လုပ္ငန္းေတြကို မလုပ္ရပါဘူး။”ဟု ရဲမွဴးၿငိမ္းခ်မ္းေအာင္ကေျပာသည္။

 ခြင့္ျပဳထားျခင္းမရွိပဲ လုပ္ငန္းလုပ္ကုိင္လွ်င္ စည္ပင္ဥပေဒပုဒ္မ(၁၁၈)အရ တရားစြဲသြားမည္ျဖစ္ကာ ျပစ္ဒဏ္အျဖစ္ ဒဏ္ေငြ က်ပ္ ေလး ေသာင္းမွ က်ပ္ ေလး သိန္းအထိျဖစ္ေစ၊ ေထာင္ဒဏ္ ေျခာက္ လျဖစ္ေစ(သို႔) ႏွစ္မ်ိဳးလုံးအား ပူးတြဲကာ ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

 လက္ရွိ ဥပေဒအရ အေရးယူမႈျပဳလုပ္ရာတြင္ အလုံပိတ္ဆုိင္မ်ား ဖြင့္လွစ္ထားသူမ်ားကို အေရးယူမႈကို ျပဳလုပ္ႏုိင္ၿပီး အဆုိပါ ဆုိင္မ်ားထံသို႔ လာေရာက္သည့္စုံတြဲမ်ားကို အေရးယူမႈမျပဳလုပ္ဘဲ အသိပညာေပး မႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္သည္။

 အဆိုပါ အလုံပိတ္ဆုိင္မ်ားအား ၂၀၁၅ ခုႏွစ္တြင္ ၂၇ ဆုိင္၊ ၂၀၁၆ ခုႏွစ္တြင္ ေလး ဆုိင္ အေရးယူမႈ ျပဳလုပ္ထားရွိၿပီး ျဖစ္ေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ
https://www.facebook.com/yadanabonnewspaper
.........



မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အသေးစား ရုပ်ရှင်ရုံ၊ အအေးဆိုင်အမည်ခံကာ စုံတွဲများ ချိန်းတွေ့ရန် အတွက် အလုံပိတ်ခန်းများ ဖွင့်လှစ်ထားရှိခြင်းအား သိရှိလျှင် တိုင်ကြားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရဲတပ်ဖွဲ့မှ သိရှိရသည်။
 “လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြလာတာတွေကိုတွေ့တဲ့အတွက် အရေးယူမှုတွေကိုပြုလုပ်တာဖြစ်တယ်။ ဆက် လက်လည်း အရေးယူမှုတွေကိုပြုလုပ်သွားမှာဖြစ်တယ်။ ဖွင့်လှစ်ထားတာကိုတွေ့ရှိရင် တိုင်ကြားနိုင်ပါ တယ်။”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်က ပြောသည်။

 ငယ်ရွယ်သော လူငယ်လူရွယ်များ စာရိတ္တပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာပျက်စီးနိုင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အလုံပိတ် ခန်းများ တည်ဆောက်ထားရှိခြင်းတို့ကြောင့် ယခုကဲ့သို့အရေးယူမှုများကို ဆက်လက် လုပ်ဆောင်သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“လူနေထိုင်ဖို့ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေမှာ ကော်မတီကခွင့်ပြုမထားတဲ့ လုပ်ငန်းတွေကို မလုပ်ရပါဘူး။”ဟု ရဲမှူးငြိမ်းချမ်းအောင်ကပြောသည်။

 ခွင့်ပြုထားခြင်းမရှိပဲ လုပ်ငန်းလုပ်ကိုင်လျှင် စည်ပင်ဥပဒေပုဒ်မ(၁၁၈)အရ တရားစွဲသွားမည်ဖြစ်ကာ ပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ကျပ် လေး သောင်းမှ ကျပ် လေး သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ခြောက် လဖြစ်စေ(သို့) နှစ်မျိုးလုံးအား ပူးတွဲကာ ချမှတ်နိုင်ကြောင်း သိရသည်။

 လက်ရှိ ဥပဒေအရ အရေးယူမှုပြုလုပ်ရာတွင် အလုံပိတ်ဆိုင်များ ဖွင့်လှစ်ထားသူများကို အရေးယူမှုကို ပြုလုပ်နိုင်ပြီး အဆိုပါ ဆိုင်များထံသို့ လာရောက်သည့်စုံတွဲများကို အရေးယူမှုမပြုလုပ်ဘဲ အသိပညာပေး မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

 အဆိုပါ အလုံပိတ်ဆိုင်များအား ၂၀၁၅ ခုနှစ်တွင် ၂၇ ဆိုင်၊ ၂၀၁၆ ခုနှစ်တွင် လေး ဆိုင် အရေးယူမှု ပြုလုပ်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)