လူသတ္မႈျဖင့္ ထြက္ေျပးေနသူ လူသတ္ခံရ



ေဝါ - စက္တင္ဘာ(၁)

ပဲခူးတိုင္းေဒသႀကီး ေဝါျမိဳ႕နယ္တြင္ ယခုလ စက္တင္ဘာ(၁)ရက္ေန ့မနက္ (၅) နာရီေက်ာ္အခ်ိန္ခန္ ့က ေဝါျမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္သန္းထိုက္ဦးစီးအဖြဲ႕သည္ ဘားအံျမိဳ႕မွ လူသတ္မႈျဖင့္ ထြက္ေျပး တိမ္းေရွာင္လာေသာ လူသတ္တရားခံဟု ယူဆရသူနွစ္ဦးအား ဖမ္းဆီးရမိေႀကာင္း သတင္းရရွိသည္။

"ဒီေန ့မနက္ ၅ နာရီခြဲေလာက္ကေပါ့ အေရွ႕ဘက္ကမ္း ဆင္ျဖဴေတာ္စက္သံုးဆီ အေရာင္းဆိုင္အနီးမွာဖမ္းမိတာပါ ျမဝတီဘက္ကေန ရန္ကုန္ဘက္ကိုေမာင္းလာတဲ႔ ဒိုင္နာအမ်ိဳးအစား ကားေပၚမွာမိတာပါ "ဟု ဒုရဲအုပ္သန္းထိုက္ကေျပာသည္။


ျဖစ္စဥ္မွာ စက္တင္ဘာလ(၁)ရက္ေန ့မနက္(၁)နာရီအခ်ိန္ခန္ ့က ေသဆံုးသူ မ်ိဳးႀကီး(ဘ)ဦးသန္းဝင္း(ခ)ဦးဘင္လာဒင္ ၊ ထြက္ေျပးတိမ္းေရွာင္လာသူ ခ်စ္ကိုကို(ဘ)ဦးတင္ျမင့္ ေညာင္တံုးျမိဳ႕ သေျပကုလားေက်းရြာ၊ ေအာင္မင္းဦး(ဘ)ဦးျမင့္လြင္ ေက်ာင္းစုေက်းရြာ ေနသူတို ့သံုးဦးမွာ အရက္ေသစာဝိုင္းဖြဲ႕ေသာက္စားေနစဥ္ စကားမ်ား ရန္ျဖစ္ရာမွ မ်ိဳးႀကီးယူေဆာင္လာသည့္ ဆန္ထိုးပိုက္ျဖင့္ ထိုးသတ္ခဲ႔ျခင္း ျဖစ္ေႀကာင္း ထြက္ေျပးတိမ္းေရွာင္လာသူ ေအာင္မင္းဦးကေျပာသည္။


၎ျဖစ္စဥ္နွင့္ ပက္သတ္၍ ဘားအံျမိဳ႕မ ရဲစခန္းမွ အခင္းျဖစ္ရပ္ အမွတ္(၈)ေရႊကင္းရပ္ (၁၂)လမ္း ရွိေနအိမ္သို ့သြားေရာက္ စစ္ေဆးကာ (ပ)၃၈၄/၂၀၁၆ ျပစ္မွုပုဒ္မ ၃၀၂ /၁၁၄ တို ့ျဖင့္ အမႈဖြင့္လွစ္ထားေႀကာင္း သိရွိရသည္။

ေသဆံုးသူ မ်ိဳးႀကီးမွာလည္း လူသတ္မႈျဖင့္ ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံေျပးတစ္ဦး ျဖစ္ေႀကာင္းဆက္လက္သိရွိရသည္။

Waw Media
Admin Ye Gyi
...............
ဝေါ - စက်တင်ဘာ(၁)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ယခုလ စက်တင်ဘာ(၁)ရက်နေ ့မနက် (၅) နာရီကျော်အချိန်ခန် ့က ဝေါမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်သန်းထိုက်ဦးစီးအဖွဲ့သည် ဘားအံမြို့မှ လူသတ်မှုဖြင့် ထွက်ပြေး တိမ်းရှောင်လာသော လူသတ်တရားခံဟု ယူဆရသူနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

"ဒီနေ ့မနက် ၅ နာရီခွဲလောက်ကပေါ့ အရှေ့ဘက်ကမ်း ဆင်ဖြူတော်စက်သုံးဆီ အရောင်းဆိုင်အနီးမှာဖမ်းမိတာပါ မြဝတီဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ဒိုင်နာအမျိုးအစား ကားပေါ်မှာမိတာပါ "ဟု ဒုရဲအုပ်သန်းထိုက်ကပြောသည်။



ဖြစ်စဉ်မှာ စက်တင်ဘာလ(၁)ရက်နေ ့မနက်(၁)နာရီအချိန်ခန် ့က သေဆုံးသူ မျိုးကြီး(ဘ)ဦးသန်းဝင်း(ခ)ဦးဘင်လာဒင် ၊ ထွက်ပြေးတိမ်းရှောင်လာသူ ချစ်ကိုကို(ဘ)ဦးတင်မြင့် ညောင်တုံးမြို့ သပြေကုလားကျေးရွာ၊ အောင်မင်းဦး(ဘ)ဦးမြင့်လွင် ကျောင်းစုကျေးရွာ နေသူတို ့သုံးဦးမှာ အရက်သေစာဝိုင်းဖွဲ့သောက်စားနေစဉ် စကားများ ရန်ဖြစ်ရာမှ မျိုးကြီးယူဆောင်လာသည့် ဆန်ထိုးပိုက်ဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်လာသူ အောင်မင်းဦးကပြောသည်။



၎င်းဖြစ်စဉ်နှင့် ပက်သတ်၍ ဘားအံမြို့မ ရဲစခန်းမှ အခင်းဖြစ်ရပ် အမှတ်(၈)ရွှေကင်းရပ် (၁၂)လမ်း ရှိနေအိမ်သို ့သွားရောက် စစ်ဆေးကာ (ပ)၃၈၄/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ /၁၁၄ တို ့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

သေဆုံးသူ မျိုးကြီးမှာလည်း လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးတစ်ဦး ဖြစ်ကြောင်းဆက်လက်သိရှိရသည်။

Waw Media

Admin Ye Gyi
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)