ခ်င္းတြင္းျမစ္ေရ ႐ုတ္တရက္ အေရာင္ေျပာင္းျခင္းသည္ နန္႔စကားေခ်ာင္း အတြင္း မိုးမ်ား၍ ေတာင္ၿပိဳျခင္းေၾကာင့္ဟု သိရ



မံုရြာ ၾသဂုတ္ ၂၉

ၾသဂုတ္ ၂၂ ရက္က ခႏၲီးၿမိဳ႕တြင္ ခ်င္းတြင္းျမစ္ေရ အနက္ေရာင္ေျပာင္း လဲသြားမႈကို ေဒသခံမ်ား စိုးရိမ္ေန သလို ၂၄ ရက္တြင္ ဟုမၼလင္းေဒသခံ မ်ား ျမင္ေတြ႕၍ စိုးရိမ္ေနမႈမ်ားမွာ ၿပီးခဲ့သည့္ရက္ပိုင္းက မိုးရြာသြန္းမႈ ယခင္ကထက္ မ်ားခဲ့ေသာေၾကာင့္ ခႏၲီးၿမိဳ႕အထက္ပိုင္း လဟယ္အစပ္ တြင္ရွိေသာ နန္႔စကားေခ်ာင္း တစ္ေလွ်ာက္ ေတာင္မ်ားၿပိဳ၍ ေျမ အနက္ေရာင္ မ်ား ေရႏွင့္အတူ ခ်င္းတြင္းျမစ္ထဲ စီးဆင္းလာသည့္အတြက္ ျမစ္ေရ မည္းနက္ေနျခင္းျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရွိ ဦးဇင္ေမာင္ထံမွ သိရသည္။

''ခႏၲီးအထက္ပိုင္းက နန္႔စကား ေခ်ာင္းေဘးက ေတာင္ၿပိဳၿပီး ျမစ္ေရ မည္းတာပါ။ မိုးကလည္း အခါတိုင္း ထက္ပိုမ်ားေတာ့ ေတာင္ၿပိဳၿပီး ေျမမည္းေတြ ျမစ္ ထဲစီးလာတာ ျဖစ္ပါတယ္။ နန္႔စကားေခ်ာင္းဆိုတာ လဟယ္အစပ္မွာ ရွိတဲ့ ေခ်ာင္းျဖစ္ၿပီး ေတာင္စဥ္ ေတာင္တန္းေတြၾကားက ေခ်ာင္းပါ။ ခႏၲီးမွာ ၂၂ ရက္ မနက္ပိုင္းက ျမစ္ေရေတြ မည္းနက္ေနတာမွန္ေပမယ့္ ညေနပိုင္းမွ ပုံမွန္ျမစ္ေရ အေရာင္ကိုေရာက္ေနၿပီျဖစ္ၿပီး ဆက္စီးမွာျဖစ္လို႔ ေအာက္ပိုင္း ဟုမၼလင္းမွာ၂၄ ရက္က ျမစ္ေရမည္းတာဆိုၿပီး ျဖစ္ေနတာပါ''ဟု ဦးဇင္ေမာင္ကေျပာျပသည္။

ခ်င္းတြင္းျမစ္ေရသည္ ခႏၲီးၿမိဳ႕၌ အနက္ေရာင္သို႔ ႐ုတ္တရက္ေျပာင္းလဲ သြားသည့္အေပၚ ေဒသခံအမ်ားစုက စိုးရိမ္မႈမ်ားရွိခဲ့ၿပီး ျမစ္ေရ ကို ေသာက္သုံးရန္မသင့္ေၾကာင္း သတ္မွတ္ေျပာဆိုခဲ့မႈမ်ားရွိခဲ့ေၾကာင္း ခႏၲီးေဒသခံႏွင့္ ဆက္သြယ္ေျပာဆိုခ်က္အရ သိရသည္။ ျမစ္ေရ႐ုတ္တရက္ အနက္ေရာင္ေျပာင္းလဲမႈကို ေဒသခံမ်ားအေနျဖင့္ စိုးရိမ္မႈႏွင့္အတူ အနံ႔ရမရျမစ္ေရကို နမ္းၾကည့္ျခင္းေသာက္သုံး ေရအျဖစ္ ျမစ္ေရအၿမဲသုံးရာမွ အေရာင္ေျပာင္းလဲၿပီးေနာက္ မေသာက္သုံးၾကေတာ့ဘဲ ကုန္းေျမေပၚရွိနီးစပ္ ရာ ေရကို စုေပါင္းသုံးစြဲေနၾကေၾကာင္း သိရသည္။

''ၾသဂုတ္ ၂၂ ရက္ နံနက္ပိုင္းကတည္းက ခႏၲီးၿမိဳ႕ မ်က္ႏွာစာျမစ္ေၾကာင္းအတြင္း အနက္ေရာင္ကို ႐ုတ္တရက္ ေျပာင္းလဲသြားတဲ့အတြက္ စိုးရိမ္တာမ်ဳိးေတာ့ျဖစ္ခဲ့ ပါတယ္။အရင္ေန႔ကထိ ျမစ္ေရအေရာင္ပုံမွန္ျဖစ္ရာက ေျပာင္းသြားေတာ့ ထိတ္လန္႔ခ်င္စရာေပါ့။ ေရကိုနမ္းၾကည့္ေတာ့ အနံ႔မရသလို ေရေန တိရစၧာန္ေသတာ ျပဳတာေတြေတာ့ မေတြ႕ပါဘူး။

ခႏၲီးေဒသခံေတြက ျမစ္ေရကိုပဲ ေသာက္ၾက၊ သုံးၾကတာပါ။ အခုဘယ္သူမွ မေသာက္ရဲၾကေတာ့သလို ခ်ဳိးလည္း မခ်ဳိးရဲၾကေတာ့ နီးစပ္ရာေရကို စုေပါင္းသုံးေနၾကရတာကို ေတြ႕ရပါတယ္''ဟု ခႏၲီးေဒသခံ ကိုက်ဴကေျပာျပသည္။
ခ်င္းတြင္းျမစ္ေရ ႐ုတ္တရက္ အနက္ေရာင္သို႔ ေျပာင္းလဲသြားျခင္းအေပၚ လြန္ခဲ့သည့္ ၂ဝဝ၉ ခုႏွစ္ကလည္း ေျမၿပိဳဆင္းခဲ့မႈေၾကာင့္ အေရာင္ေျပာင္းခဲ့သလို ယခုေရအေရာင္ေျပာင္းျခင္းသည္လည္း ကနဦးသတင္း သိထားရသည္မွာ နန္႔စကားေခ်ာင္းအတြင္း မိုးမ်ား၍ ေတာင္ၿပိဳျခင္းေၾကာင့္ျဖစ္သည္ဟု သိထားရေၾကာင္း လက္ရွိတြင္ ဟုမၼလင္းၿမိဳ႕ ေရအရင္းအျမစ္ဖြံ႕ၿဖိဳးေရးဌာန တာဝန္ရွိသူမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕သို႔ ဓာတ္ခြဲစမ္းသပ္ရန္ အေရာင္ေျပာင္း သြားေသာ ျမစ္ေရပို႔၍ ဓာတ္ခြဲစစ္ေဆးမႈ ေဆာင္ရြက္ေနရာ စမ္းသပ္ရက္ ၁ဝ ရက္ခန္႔တြင္ အေျဖရႏိုင္ မည္ျဖစ္ေၾကာင္း ယခင္တိုင္းေဒသႀကီး ေရအရင္းအျမစ္ ဖြံ႕ၿဖိဳးေရးဌာနဦးစီးမွဴး (ယခုေနျပည္ေတာ္)က သုံးသပ္ ေျပာျပသည္။

မ်ဳိးဝင္းထြန္း(မုံရြာ)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.....



မုံရွာ သြဂုတ် ၂၉

သြဂုတ် ၂၂ ရက်က ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ အနက်ရောင်ပြောင်း လဲသွားမှုကို ဒေသခံများ စိုးရိမ်နေ သလို ၂၄ ရက်တွင် ဟုမ္မလင်းဒေသခံ များ မြင်တွေ့၍ စိုးရိမ်နေမှုများမှာ ပြီးခဲ့သည့်ရက်ပိုင်းက မိုးရွာသွန်းမှု ယခင်ကထက် များခဲ့သောကြောင့် ခန္တီးမြို့အထက်ပိုင်း လဟယ်အစပ် တွင်ရှိသော နန့်စကားချောင်း တစ်လျှောက် တောင်များပြို၍ မြေ အနက်ရောင် များ ရေနှင့်အတူ ချင်းတွင်းမြစ်ထဲ စီးဆင်းလာသည့်အတွက် မြစ်ရေ မည်းနက်နေခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးဇင်မောင်ထံမှ သိရသည်။

''ခန္တီးအထက်ပိုင်းက နန့်စကား ချောင်းဘေးက တောင်ပြိုပြီး မြစ်ရေ မည်းတာပါ။ မိုးကလည်း အခါတိုင်း ထက်ပိုများတော့ တောင်ပြိုပြီး မြေမည်းတွေ မြစ် ထဲစီးလာတာ ဖြစ်ပါတယ်။ နန့်စကားချောင်းဆိုတာ လဟယ်အစပ်မှာ ရှိတဲ့ ချောင်းဖြစ်ပြီး တောင်စဉ် တောင်တန်းတွေကြားက ချောင်းပါ။ ခန္တီးမှာ ၂၂ ရက် မနက်ပိုင်းက မြစ်ရေတွေ မည်းနက်နေတာမှန်ပေမယ့် ညနေပိုင်းမှ ပုံမှန်မြစ်ရေ အရောင်ကိုရောက်နေပြီဖြစ်ပြီး ဆက်စီးမှာဖြစ်လို့ အောက်ပိုင်း ဟုမ္မလင်းမှာ၂၄ ရက်က မြစ်ရေမည်းတာဆိုပြီး ဖြစ်နေတာပါ''ဟု ဦးဇင်မောင်ကပြောပြသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၌ အနက်ရောင်သို့ ရုတ်တရက်ပြောင်းလဲ သွားသည့်အပေါ် ဒေသခံအများစုက စိုးရိမ်မှုများရှိခဲ့ပြီး မြစ်ရေ ကို သောက်သုံးရန်မသင့်ကြောင်း သတ်မှတ်ပြောဆိုခဲ့မှုများရှိခဲ့ကြောင်း ခန္တီးဒေသခံနှင့် ဆက်သွယ်ပြောဆိုချက်အရ သိရသည်။ မြစ်ရေရုတ်တရက် အနက်ရောင်ပြောင်းလဲမှုကို ဒေသခံများအနေဖြင့် စိုးရိမ်မှုနှင့်အတူ အနံ့ရမရမြစ်ရေကို နမ်းကြည့်ခြင်းသောက်သုံး ရေအဖြစ် မြစ်ရေအမြဲသုံးရာမှ အရောင်ပြောင်းလဲပြီးနောက် မသောက်သုံးကြတော့ဘဲ ကုန်းမြေပေါ်ရှိနီးစပ် ရာ ရေကို စုပေါင်းသုံးစွဲနေကြကြောင်း သိရသည်။

''သြဂုတ် ၂၂ ရက် နံနက်ပိုင်းကတည်းက ခန္တီးမြို့ မျက်နှာစာမြစ်ကြောင်းအတွင်း အနက်ရောင်ကို ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် စိုးရိမ်တာမျိုးတော့ဖြစ်ခဲ့ ပါတယ်။အရင်နေ့ကထိ မြစ်ရေအရောင်ပုံမှန်ဖြစ်ရာက ပြောင်းသွားတော့ ထိတ်လန့်ချင်စရာပေါ့။ ရေကိုနမ်းကြည့်တော့ အနံ့မရသလို ရေနေ တိရစ္ဆာန်သေတာ ပြုတာတွေတော့ မတွေ့ပါဘူး။

ခန္တီးဒေသခံတွေက မြစ်ရေကိုပဲ သောက်ကြ၊ သုံးကြတာပါ။ အခုဘယ်သူမှ မသောက်ရဲကြတော့သလို ချိုးလည်း မချိုးရဲကြတော့ နီးစပ်ရာရေကို စုပေါင်းသုံးနေကြရတာကို တွေ့ရပါတယ်''ဟု ခန္တီးဒေသခံ ကိုကျူကပြောပြသည်။
ချင်းတွင်းမြစ်ရေ ရုတ်တရက် အနက်ရောင်သို့ ပြောင်းလဲသွားခြင်းအပေါ် လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ်ကလည်း မြေပြိုဆင်းခဲ့မှုကြောင့် အရောင်ပြောင်းခဲ့သလို ယခုရေအရောင်ပြောင်းခြင်းသည်လည်း ကနဦးသတင်း သိထားရသည်မှာ နန့်စကားချောင်းအတွင်း မိုးများ၍ တောင်ပြိုခြင်းကြောင့်ဖြစ်သည်ဟု သိထားရကြောင်း လက်ရှိတွင် ဟုမ္မလင်းမြို့ ရေအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန တာဝန်ရှိသူများအနေဖြင့် ရန်ကုန်မြို့သို့ ဓာတ်ခွဲစမ်းသပ်ရန် အရောင်ပြောင်း သွားသော မြစ်ရေပို့၍ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်နေရာ စမ်းသပ်ရက် ၁ဝ ရက်ခန့်တွင် အဖြေရနိုင် မည်ဖြစ်ကြောင်း ယခင်တိုင်းဒေသကြီး ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနဦးစီးမှူး (ယခုနေပြည်တော်)က သုံးသပ် ပြောပြသည်။

မျိုးဝင်းထွန်း(မုံရွာ)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)