အ၀ီစိတြင္းတူးရာမွ မီးေတာက္မ်ားထြက္ေပၚ


ပဲခူးတိုင္းေဒသႀကီး လွည္းကူးျမိဳ႕နယ္ စစ္ပင္ေျမာက္ေက်းရြာမွာ အ၀ီစိတြင္းတူးရာက မီးေတာက္ေတြပန္း ထြက္လာတယ္လို႔သိရပါတယ္။

 စစ္ပင္ေျမာက္ေက်းရြာ ရြာလယ္ပိုင္းေန ဦးသိန္းဟန္ရဲ႕ ေနအိမ္ေရွ႕ ျခံ၀င္းအတြင္းၾသဂုတ္(၂၉)ရက္က အ၀ီစိတြင္းတူးရင္းမြန္းလြဲ(၃)နာရီခြဲအခ်ိန္မွာ မီးေတာက္ေတြပန္းထြက္လာတာျဖစ္ပါတယ္။

အဝီစိတြင္းတူးအဖြဲ႔က ၄လက္မ အ၀ီစိ တြင္းတူးရင္း တြင္းတူးပိုက္ အနက္ ေပ(၁၈၀) ခန္႕အေရာက္မွာ ေျမေအာက္က မီးေတာက္ေတြ ရုတ္တ ရက္ပန္းထြက္လာၿပီး ေျမျပင္အထက္ (၄)ေပခန္႔အထိ ေတာက္ ေလာင္ခဲ့ပါတယ္။


အဲဒါေၾကာင့္အိမ္ရွင္နဲ႔ အ၀ီစိတြင္းတူးသူေတြက သက္ဆိုင္ရာကိုအဆင့္ဆင့္အေၾကာင္းၾကားခဲ့ရာ လွည္းကူးျမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနကလာေရာက္စစ္ေဆးမွတ္တမ္းတင္ခဲ့ၿပီးေနာက္မွာဓာတ္ေငြ႔ပိုက္လိုင္းထိန္းသိမ္းေရးဌာနက ကၽြမ္းက်င္သူေတြကိုယ္တိုင္ မီးေလာင္ေနတဲ့အ၀ီစိတြင္းကို လာေရာက္စစ္ေဆးခဲ့ၾကပါတယ္။

အဲဒီ မီးေတာက္ေလာင္မႈဟာ ေျမ ေအာက္ဓာတ္ေငြ႔ယိုစိမ့္မႈေၾကာင့္ျဖစ္ႏိုင္ၿပီး မီးေတာက္ေလာင္ေနမႈကို သက္ဆိုင္ရာက ၿငိမ္းသတ္ေပး ခဲ့ပါတယ္။ မီးေတာက္ေလာင္ရတဲ့အေၾကာင္းရင္းကိုလည္း ကၽြမ္းက်င္သူေတြကအေသးစိတ္ဆက္လက္ေလ့လာစံုစမ္းဦးမွာျဖစ္တယ္လို႔ကိုေအာင္ေက်ာ္မိုးရဲ႕သတင္းေပးပုိ႔ခ်က္အရသိပါတယ္။ ဒီသတင္းကို Central News Bureau ကေပးပုိ႔တာျဖစ္ပါတယ္။

Central News Bureau
https://www.facebook.com/skynetcnb/
.................


ပဲခူးတိုင်းဒေသကြီး လှည်းကူးမြို့နယ် စစ်ပင်မြောက်ကျေးရွာမှာ အဝီစိတွင်းတူးရာက မီးတောက်တွေပန်း ထွက်လာတယ်လို့သိရပါတယ်။

 စစ်ပင်မြောက်ကျေးရွာ ရွာလယ်ပိုင်းနေ ဦးသိန်းဟန်ရဲ့ နေအိမ်ရှေ့ ခြံဝင်းအတွင်းသြဂုတ်(၂၉)ရက်က အဝီစိတွင်းတူးရင်းမွန်းလွဲ(၃)နာရီခွဲအချိန်မှာ မီးတောက်တွေပန်းထွက်လာတာဖြစ်ပါတယ်။

အဝီစိတွင်းတူးအဖွဲ့က ၄လက်မ အဝီစိ တွင်းတူးရင်း တွင်းတူးပိုက် အနက် ပေ(၁၈၀) ခန့်အရောက်မှာ မြေအောက်က မီးတောက်တွေ ရုတ်တ ရက်ပန်းထွက်လာပြီး မြေပြင်အထက် (၄)ပေခန့်အထိ တောက် လောင်ခဲ့ပါတယ်။



အဲဒါကြောင့်အိမ်ရှင်နဲ့ အဝီစိတွင်းတူးသူတွေက သက်ဆိုင်ရာကိုအဆင့်ဆင့်အကြောင်းကြားခဲ့ရာ လှည်းကူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကလာရောက်စစ်ဆေးမှတ်တမ်းတင်ခဲ့ပြီးနောက်မှာဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးဌာနက ကျွမ်းကျင်သူတွေကိုယ်တိုင် မီးလောင်နေတဲ့အဝီစိတွင်းကို လာရောက်စစ်ဆေးခဲ့ကြပါတယ်။


အဲဒီ မီးတောက်လောင်မှုဟာ မြေ အောက်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်နိုင်ပြီး မီးတောက်လောင်နေမှုကို သက်ဆိုင်ရာက ငြိမ်းသတ်ပေး ခဲ့ပါတယ်။ မီးတောက်လောင်ရတဲ့အကြောင်းရင်းကိုလည်း ကျွမ်းကျင်သူတွေကအသေးစိတ်ဆက်လက်လေ့လာစုံစမ်းဦးမှာဖြစ်တယ်လို့ကိုအောင်ကျော်မိုးရဲ့သတင်းပေးပို့ချက်အရသိပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)