ခ်င္းတြင္း က အနက္ေရာင္ျမစ္ေရကို စတင္စစ္ေဆး

အရွည္ ေပ တစ္ေထာင္ အနံ ေပ (၆၀၀) ေလာက္ရွိတဲ့ အနက္ေရာင္ေရေတြဟာ ျမစ္ေရေတြနဲ႔ မေရာပဲ စီးဆင္း
ဩဂုတ္လ (၂၂) ရက္က ခႏၲီးၿမိဳ႕အထက္နားမွာ အနက္ေရာင္အျဖစ္ ေျပာင္းလဲစီဆင္းလာတဲ့ ခ်င္းတြင္းျမစ္ေရကို ဓာတ္ခြဲစမ္းသပ္ဖို႔ မႏၲေလးကို ပို႔ေဆာင္ေနၿပီ ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္းအစိုးရက ေျပာပါတယ္။

ခ်င္းတြင္းျမစ္ထဲမွာ အရွည္ ေပ တစ္ေထာင္ အနံ ေပ (၆၀၀) ေလာက္ရွိတဲ့ အနက္ေရာင္ေရေတြဟာ ျမစ္ေရေတြနဲ႔ မေရာပဲ စီးဆင္းေနတာ ျဖစ္ပါတယ္။

ဒီအနက္ေရာင္ေရျပင္ဟာ အခုသီတင္းပတ္အေစာပိုင္းကတည္းက ခႏၲီးၿမိဳ႕အထက္ပိုင္းကေန စတင္စီးဆင္းခဲ့ၿပီး ဟုမၼလင္းၿမိဳ႕နားက ခ်င္းတြင္းျမစ္ေရကို ျဖတ္သန္းစီးဆင္းခဲ့တာ ျဖစ္ပါတယ္။

ခ်င္းတြင္းျမစ္ တျပင္လုံး အင္ဂ်င္ဝိုင္ ဆီ လို အမဲေရာင္ ျဖစ္ေနၿပီး ဒီလို အျဖစ္မ်ိဳး တစ္ခါမွ မျမင္ဖူးဘူးလို႔ ခနီးၱၿမိဳ႕ခံ ဦးေမာင္ေတးက ေျပာပါတယ္။

အခုေတာ့ ဒီအနက္ေရာင္ေရေတြဟာ ကေလး၀ၿမိဳ႕ဆီ ကို ေရာက္ေနၿပီး ခ်င္းတြင္းျမစ္ေအာက္ပိုင္းကို ဆက္လက္စီးဆင္းေနပါတယ္။

ဒီေရေတြဟာ သဘာ၀ေၾကာင့္လား စက္႐ုံေၾကာင့္လားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

စတင္စီးဆင္းတဲ့ေနရာမွာ စက္႐ုံမရွိဘူး။ အခုေတာ့ အနက္ေရာင္ ေရေတြကို ဓာတ္ခြဲစမ္းသပ္ဖို႔ စီစဥ္ေနတယ္လို႔ စစ္ကိုင္းတိုင္းအစိုးရဝန္ႀကီးခ်ဳပ္ရဲ့ ကိုယ္ေရးအရာရွိ ဦးသန္းေဌးက ေျပာပါတယ္။

အမ်ိဳးသားအဆင့္ ေရအရင္းအျမစ္ ေကာ္မတီ အႀကံေပးအဖြဲ႕ အတြင္းေရးမွူး ေဒါက္တာ ခင္နီနီသိန္းကေတာ့ ဒီအနက္ေရာင္ေရေတြ စတင္စီးဆင္းတယ္လို႔ဆိုတဲ့ နာဂေဒသက ေခ်ာင္းေတြဆီကို သြားေရာက္စစ္ေဆးဖို႔ေတြလည္း အျမန္ဆုံးလုပ္ဖို႔ လိုတယ္လို႔ ေျပာပါတယ္။

အခုေတာ့ ဒီအနက္ေရာင္ ေရေတြကို မႏၲေလးကို ပို႔ၿပီး ဓာတ္ခြဲ စစ္ေဆးဖို႔ ျပင္ေနပါတယ္။

သဘာ၀ေၾကာင့္ပဲ ျဖစ္ျဖစ္ တျခားအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ေလာေလာဆယ္မွာ ဒီေရေတြကို မသုံးစြဲဖို႔ ေဒသခံေတြကို ေျပာထားတယ္လို႔ သိရပါတယ္။

ဓာတ္ခြဲစမ္းသပ္ခ်က္ အေျဖရလာရင္ လူထုကို အသိေပးမယ္လို႔ စစ္ကိုင္းတိုင္းအစိုးရက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.....

အရှည် ပေ တစ်ထောင် အနံ ပေ (၆၀၀) လောက်ရှိတဲ့ အနက်ရောင်ရေတွေဟာ မြစ်ရေတွေနဲ့ မရောပဲ စီးဆင်း
ဩဂုတ်လ (၂၂) ရက်က ခန္တီးမြို့အထက်နားမှာ အနက်ရောင်အဖြစ် ပြောင်းလဲစီဆင်းလာတဲ့ ချင်းတွင်းမြစ်ရေကို ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်နေပြီ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ပြောပါတယ်။

ချင်းတွင်းမြစ်ထဲမှာ အရှည် ပေ တစ်ထောင် အနံ ပေ (၆၀၀) လောက်ရှိတဲ့ အနက်ရောင်ရေတွေဟာ မြစ်ရေတွေနဲ့ မရောပဲ စီးဆင်းနေတာ ဖြစ်ပါတယ်။

ဒီအနက်ရောင်ရေပြင်ဟာ အခုသီတင်းပတ်အစောပိုင်းကတည်းက ခန္တီးမြို့အထက်ပိုင်းကနေ စတင်စီးဆင်းခဲ့ပြီး ဟုမ္မလင်းမြို့နားက ချင်းတွင်းမြစ်ရေကို ဖြတ်သန်းစီးဆင်းခဲ့တာ ဖြစ်ပါတယ်။

ချင်းတွင်းမြစ် တပြင်လုံး အင်ဂျင်ဝိုင် ဆီ လို အမဲရောင် ဖြစ်နေပြီး ဒီလို အဖြစ်မျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ခနီး္တမြို့ခံ ဦးမောင်တေးက ပြောပါတယ်။

အခုတော့ ဒီအနက်ရောင်ရေတွေဟာ ကလေးဝမြို့ဆီ ကို ရောက်နေပြီး ချင်းတွင်းမြစ်အောက်ပိုင်းကို ဆက်လက်စီးဆင်းနေပါတယ်။

ဒီရေတွေဟာ သဘာဝကြောင့်လား စက်ရုံကြောင့်လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စတင်စီးဆင်းတဲ့နေရာမှာ စက်ရုံမရှိဘူး။ အခုတော့ အနက်ရောင် ရေတွေကို ဓာတ်ခွဲစမ်းသပ်ဖို့ စီစဉ်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေးက ပြောပါတယ်။

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ခင်နီနီသိန်းကတော့ ဒီအနက်ရောင်ရေတွေ စတင်စီးဆင်းတယ်လို့ဆိုတဲ့ နာဂဒေသက ချောင်းတွေဆီကို သွားရောက်စစ်ဆေးဖို့တွေလည်း အမြန်ဆုံးလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

အခုတော့ ဒီအနက်ရောင် ရေတွေကို မန္တလေးကို ပို့ပြီး ဓာတ်ခွဲ စစ်ဆေးဖို့ ပြင်နေပါတယ်။

သဘာဝကြောင့်ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လောလောဆယ်မှာ ဒီရေတွေကို မသုံးစွဲဖို့ ဒေသခံတွေကို ပြောထားတယ်လို့ သိရပါတယ်။

ဓာတ်ခွဲစမ်းသပ်ချက် အဖြေရလာရင် လူထုကို အသိပေးမယ်လို့ စစ်ကိုင်းတိုင်းအစိုးရက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)