တပ်မတော်သုံး မော်တော်ယာဉ်အတွင်း တရားမဝင်သစ်များ ဖမ်းမိ



By DVB
26 August 2016

တရားမဝင်သစ် တင်ဆောင်လာတဲ့ တပ်မတော်သုံး ၆ ဘီး မော်တော်ယာဉ် ၁ စင်းကို စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ တပ်မတော်ယာဉ်ကို မြင်းမူမြို့နယ် သစ်တောဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ သြဂုတ် ၂၅ ရက်နေ့က သတင်းအရ စစ်ဆေးရာ မြို့အထွက် ထီးဆောင်းရွာအနီးမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။

တပ်မတော်သုံး ယာဉ်ပေါ်မှာ တရားမ၀င် ပိတောက်ခွဲသား ၂၉ ချောင်း၊ တန်ချိန် ၃ တန်နီးပါး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး သယ်ဆောင်လာသူတွေက တပ်မတော်သား ၂ ဦး ဖြစ်ကြောင်း မြင်းမူမြို့နယ် ရဲမှူး ဦးစိုးမြင့်က ပြောပါတယ်။

“မွန်းလွဲ ၁၂ ခွဲက မြို့နယ် သစ်တော ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ကျနော်တို့ ရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးတာပါ။ ကလေး ထောက်ပို့ တပ်ကပါ။ သူတို့ကိုတော့ တပ်မတော်သားတွေ ဖြစ်တဲ့အတွက် တပ်စည်းကမ်းအရ အရေးယူဖို့ မိခင်တပ်ရင်းကို လွှဲပြောင်းဖို့ လုပ်နေပါတယ်။”

လက်ရှိမှာတော့ တရားမဝင်သစ် တင်ဆောင်လာသူ အဆိုပါ တပ်မတော်သား ၂ ဦးကို မြို့နယ် သစ်တောဦးစီးမှူးက တရားလို ပြုလုပ်ပြီး မြင်းမူမြို့မ ရဲစခန်းမှာ (ပ)၁၇၀ /၁၆ ၁၉၄၇ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆/၁ နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

သတင်း- ရန်နိုင်စိုး
ဓာတ်ပုံ-ကျော်သူရ
DVB
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)