ပဲခူးတက္ကသိုလ်ရှေ့တွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးအား အုပ်စုဖွဲ့သတ်သူ သုံးဦးကို ဖမ်းမိ

Byဖိုးတုတ်
No.1151 Saturday, July 16, 2016
ပြစ်မှုကျူးလွန်သူသုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ − သန့်ဇင်)

 ပဲခူးတိုင်းဒေသကြီး ဥဿာမြို့သစ် ပဲခူးတက္ကသိုလ် ရှေ့ရှိ မုန့်တီဆိုင်အတွင်း စိတ်ကျန်းမာရေးမကောင်းသူ အသက် (၄၅)နှစ်အရွယ် အမျိုးသမီးတစ် ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများ ကို လူသတ်မှုဖြစ်ပွားပြီး တစ်ပတ် အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သ တင်းရရှိသည်။


ဓားဒဏ်ရာများဖြင့် သေဆုံး နေသူသည် ဒေါ်ဝင်းမာဖြစ်ပြီး မ သေဆုံးမီ လပိုင်းအတွင်းမှစ၍ ပဲခူးတက္ကသိုလ်ရှေ့တွင် လှည့် လည်နေထိုင်သူ စိတ်ဝေဒနာရှင် အမျိုးသမီးဖြစ်ကြောင်းနှင့် သေ ဆုံးသူ၏ အလောင်းကို ဇူလိုင် ၇ ရက်နံနက်တွင် စတင်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ပဲခူးအမှတ်(၃) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

‘‘ဒီအမှုနဲ့ပတ်သက်လို့ မ သင်္ကာလို့ ခေါ်ယူစစ်ဆေးမှုတွေ လုပ်တယ်။ သေဆုံးသူကတော့ ဘယ်ကရောက်လာတယ်ဆိုတာ မသိရသေးပါဘူး။ အခု မိထား တာ အားလုံးသုံးယောက်မိထား တယ်။ ပြစ်မှုကျူးလွန်တယ်လို့ လည်းဝန်ခံပါတယ်။ နှစ်ယောက် ကတော့ အသက်(၁၈)နှစ် မပြည့်သေးပါဘူး’’ဟု အဆိုပါရဲအရာရှိကပြောသည်။

လူသတ်မှုကျူးလွန်သူ အ မျိုးသားသုံးဦးသည် ဇူလိုင် ၇ ရက် နံနက်တွင် အရက်သောက်စားပြီး နောက် ပိုက်ဆံမရှိသည့်အတွက် စိတ်မနှံ့သူအမျိုးသမီး နေထိုင် သည့် မုန့်တီဆိုင်အတွင်း ၀င် ရောက်ကာ ငွေကြေးအချို့နှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလုယူပြီး ဓားဖြင့် ငါးချက်ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးအမှတ်(၃) နယ် မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

‘‘အပြင်မှာ ပြောနေတာတွေ ကြားရတာရှိပါတယ်။ မုဒိမ်းကျင့် ပြီး သတ်တယ်ဆိုတာတော့ စစ် ဆေးနေပါတယ်။ အခုချိန်ထိ လည်း ဆေးစစ်စာတွေ မရသေး ပါဘူး။ အဲဒီအတွက်တော့ မုဒိမ်း ကျင့်ပြီးသတ်တယ် ဟုတ်၊ မဟုတ်ဆိုတာ အတည်ပြုလို့မရသေးပါ ဘူး။ ဆေးစာထွက်လာမှ ပြောပြ နိုင်မှာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် အသက်(၃၁)နှစ်အရွယ်ရှိ ကျော် ထွန်းနိုင်၊ (၁၇)နှစ်အရွယ်ရှိ ကျော်မင်းနိုင်နှင့် (၁၅)နှစ်အရွယ်ရှိ ဇော်ထူး(ခ) ပုံဆိုး(ခ) စိုင်းသီဟ (ခ) လျှို့ဝှက်ချက်တို့ဖြစ်ပြီး ၎င်းတို့သုံးဦးကို အရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားမြှောင်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကာ လက်ရှိတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိ သည်။
7Daydaily

Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)