ညစ္ညမ္းကားျပၿပီး အိမ္အကူမိန္းကေလးကို ညီအစ္ကိုႏွစ္ဦး အဓမၼျပဳက်င့္မႈ စြဲခ်က္တင္ရန္ သင့္၊ မသင့္ အမိန္႔ခ်မည္


Byၿဖိဳးေ၀လင္းOn Sat, 2016-07-09 06:30

ဒဂုံၿမိဳ႕နယ္အတြင္းရွိ ေန အိမ္္တစ္အိမ္တြင္ အိမ္အကူလုပ္ ကုိင္ေနသည့္ အသက္(၁၂)ႏွစ္အ ရြယ္ မိန္းကေလးကို အိမ္ရွင္သား ႏွစ္ဦးက အဓမၼျပဳက်င့္ခဲ့မႈ၌ စြပ္စြဲခံရသူကို ဇူလုိင္ ၁၅ရက္တြင္ စြဲခ်က္ တင္သင့္၊ မတင္သင့္ အမိန္႔ခ်မည္ျဖစ္ေၾကာင္း ရန္ကုန္အ ေနာက္ပုိင္းခ႐ုိင္တရား႐ုံးမွ သ တင္းရရွိသည္။

ဒဂုံၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စဥ္က အဓမၼျပဳက်င့္ခဲ့သည့္ ညီ အစ္ကိုႏွစ္ဦးကိုသာ အမႈဖြင့္တုိင္ ၾကားခဲ့ေသာ္လည္း တရားစြဲဆုိ တင္ပုိ႔သည့္အခ်ိန္၌ အိမ္အကူ မိန္းကေလး၏ ထြက္ဆုိခ်က္ကိုရယူကာ အိမ္ရွင္ဦးတင္လွေဇာ္ကိုပါ ပုဒ္မႏွစ္ခုျဖင့္ ထည့္သြင္းတရားစြဲဆုိိခဲ့သည္။

အိမ္အကူမိန္းကေလးကို အဓမၼျပဳက်င့္ခဲ့မႈတြင္ စြပ္စြဲခံရသူ ညီအစ္ကိုႏွစ္ဦးမွ အသက္(၂၀)အရြယ္အႀကီးျဖစ္သူကို ဇူလုိင္ ၈ ရက္၌ ႐ုံးထုတ္ခဲ့ၿပီး ႏွစ္ဖက္ေရွ႕ေနမ်ား ေလွ်ာက္လဲခ်က္ေပးခဲ့ ေၾကာင္းႏွင့္ စြပ္စြဲခံရသူညီအစ္ကို ႏွစ္ဦး၏ ဖခင္ကိုလည္း မတရားတားဆီးကန္႔ကြက္မႈ၊ နာက်င္ေစမႈ ပုဒ္ မ ၃၄၁၊ ၃၂၃တုိ႔ျဖင့္ တရားစြဲဆုိထားသျဖင့္ ဇူလုိင္ ၁၅ ရက္တြင္ သားအဖႏွစ္ဦးစလုံးအတြက္ စြဲခ်က္တင္အမိန္႔ခ်ရန္ ခ်ိန္းဆုိထားေၾကာင္း သိရသည္။

အဆုိပါအမႈကို ရန္ကုန္အ ေနာက္ပုိင္းခ႐ုိင္တရား႐ုံးရွိ တြဲ ဖက္ခ႐ုိင္တရားသူႀကီး(၄)ကတာ ၀န္ယူစစ္ေဆးေနၿပီး တရားလုိအ ပါအ၀င္ တရားလိုျပသက္ေသ ၁၀ ဦးခန္႔ကုိ စစ္ေဆးကာ စြဲခ်က္တင္အမိန္႔ခ်ရန္ ခ်ိန္းဆုိထားသည္။

အိမ္အကူမိန္းကေလးကို အဓမၼျပဳက်င့္ခဲ့သည္ဟုဆုိကာ ရဲ ထက္ဆုိသူကို ဒဂုံၿမိဳ႕မရဲစခန္းက ျပစ္မႈပုဒ္မ ၃၇၆၊၃၂၃၊၂၉၄ ျဖင့္ တရားစြဲဆုိခဲ့ၿပီး အဓမၼျပဳက်င့္မႈတြင္ ပါ၀င္ခဲ့သည္ဟု စြပ္စြဲခံထားရသူ ေနာက္တစ္ဦးျဖစ္သည့္ စြမ္းထက္မွာ အသက္မျပည့္ေသး၍ ကေလးသူငယ္တရား႐ုံး၌ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သားအဖသုံးဦးအနက္ ဖခင္ ျဖစ္သူ ဦးတင္လွေဇာ္မွာ အာမခံ ျဖင့္ အမႈရင္ဆုိင္ေနၿပီး သားအ ငယ္ျဖစ္သူ စြမ္းထက္မွာ ကေလး သူငယ္ေစာင့္ေရွာက္ေရး ေဂဟာ တြင္ ထိန္းသိမ္းထား၍ သားအႀကီး ျဖစ္သူမွာ ဖမ္းဆီးခံထားရသည္။

၂၀၁၅ ႏုိ၀င္ဘာအတြင္းက ဒဂုံၿမိဳ႕နယ္ ျပည္လမ္းအေရွ႕ရပ္ကြက္ ျပည္ေထာင္စုရိပ္သာ၀င္း အတြင္း ေနထုိင္သူ ဦးတင္လွေဇာ္၏ ေနအိမ္တြင္ အိမ္အကူလုပ္ကုိင္ေနသူ ကေလးငယ္ကို ၂၀၁၅ ႏုိ၀င္ဘာအတြင္းက ဦးတင္လွေဇာ္၏ သားမ်ားျဖစ္ၾကသည့္ အသက္(၂၀)အရြယ္ အစ္ကိုႏွင့္ တကၠသိုလ္ဝင္တန္းတက္ေနေသာ ညီျဖစ္သူတို႔က မဖြယ္မရာဇာတ္ကားမ်ား ျပသကာ သားမယားျပဳက်င့္ခဲ့ၾကေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆုိပါ ကေလးငယ္ကို ရတနာေမတၱာ ကေလးသူငယ္ ေစာင့္ေရွာက္ေရးအဖြဲ႕မွ ေဒၚစန္း စန္း၀င္းက ဗဟန္းၿမိဳ႕နယ္ အုတ္ လမ္းရွိ ေဒါက္တာယုဇနေက်ာ္၏ ေဆးခန္းသုိ႔ သြားေရာက္ျပသရာဆရာ၀န္က မိန္းကေလးငယ္မွာကာမစပ္ယွက္ ခံထားရသည့္ လကၡဏာေတြ႕ရေၾကာင္း ေျပာဆုိခဲ့သျဖင့္ ရတနာေမတၱာကေလးသူ ငယ္ေစာင့္ေရွာက္ေရး႐ုံးသုိ႔ ေခၚ ေဆာင္ၿပီး ဒီဇင္ဘာ ၃၁ ရက္ နံနက္ အေစာပုိင္းက ဒဂုံၿမိဳ႕မရဲစခန္း တြင္ အမႈဖြင့္တုိင္တန္းခဲ့ျခင္းျဖစ္ သည္။
7Daydaily
.........
ညစ်ညမ်းကားပြပြီး အိမ်အကူမိန်းကလေးကို ညီအစ်ကိုနှစ်ဦး အဓမ္မပြုကျင့်မှု စွဲချက်တင်ရန် သင့်၊ မသင့် အမိန့်ချမည်။

Byဖြိုးဝေလင်းOn Sat, 2016-07-09 06:30

ဒဂုံမြို့နယ်အတွင်းရှိ နေ အိမ််တစ်အိမ်တွင် အိမ်အကူလုပ် ကိုင်နေသည့် အသက်(၁၂)နှစ်အ ရွယ် မိန်းကလေးကို အိမ်ရှင်သား နှစ်ဦးက အဓမ္မပြုကျင့်ခဲ့မှု၌ စွပ်စွဲခံရသူကို ဇူလိုင် ၁၅ရက်တွင် စွဲချက် တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်း ရန်ကုန်အ နောက်ပိုင်းခရိုင်တရားရုံးမှ သ တင်းရရှိသည်။

ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့် စဉ်က အဓမ္မပြုကျင့်ခဲ့သည့် ညီ အစ်ကိုနှစ်ဦးကိုသာ အမှုဖွင့်တိုင် ကြားခဲ့သော်လည်း တရားစွဲဆို တင်ပို့သည့်အချိန်၌ အိမ်အကူ မိန်းကလေး၏ ထွက်ဆိုချက်ကိုရယူကာ အိမ်ရှင်ဦးတင်လှဇော်ကိုပါ ပုဒ်မနှစ်ခုဖြင့် ထည့်သွင်းတရားစွဲဆိုိခဲ့သည်။

အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့မှုတွင် စွပ်စွဲခံရသူ ညီအစ်ကိုနှစ်ဦးမှ အသက်(၂၀)အရွယ်အကြီးဖြစ်သူကို ဇူလိုင် ၈ ရက်၌ ရုံးထုတ်ခဲ့ပြီး နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ ကြောင်းနှင့် စွပ်စွဲခံရသူညီအစ်ကို နှစ်ဦး၏ ဖခင်ကိုလည်း မတရားတားဆီးကန့်ကွက်မှု၊ နာကျင်စေမှု ပုဒ် မ ၃၄၁၊ ၃၂၃တို့ဖြင့် တရားစွဲဆိုထားသဖြင့် ဇူလိုင် ၁၅ ရက်တွင် သားအဖနှစ်ဦးစလုံးအတွက် စွဲချက်တင်အမိန့်ချရန် ချိန်းဆိုထားကြောင်း သိရသည်။

အဆိုပါအမှုကို ရန်ကုန်အ နောက်ပိုင်းခရိုင်တရားရုံးရှိ တွဲ ဖက်ခရိုင်တရားသူကြီး(၄)ကတာ ၀န်ယူစစ်ဆေးနေပြီး တရားလိုအ ပါအဝင် တရားလိုပြသက်သေ ၁၀ ဦးခန့်ကို စစ်ဆေးကာ စွဲချက်တင်အမိန့်ချရန် ချိန်းဆိုထားသည်။

အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ရဲ ထက်ဆိုသူကို ဒဂုံမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆၊၃၂၃၊၂၉၄ ဖြင့် တရားစွဲဆိုခဲ့ပြီး အဓမ္မပြုကျင့်မှုတွင် ပါ၀င်ခဲ့သည်ဟု စွပ်စွဲခံထားရသူ နောက်တစ်ဦးဖြစ်သည့် စွမ်းထက်မှာ အသက်မပြည့်သေး၍ ကလေးသူငယ်တရားရုံး၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သားအဖသုံးဦးအနက် ဖခင် ဖြစ်သူ ဦးတင်လှဇော်မှာ အာမခံ ဖြင့် အမှုရင်ဆိုင်နေပြီး သားအ ငယ်ဖြစ်သူ စွမ်းထက်မှာ ကလေး သူငယ်စောင့်ရှောက်ရေး ဂေဟာ တွင် ထိန်းသိမ်းထား၍ သားအကြီး ဖြစ်သူမှာ ဖမ်းဆီးခံထားရသည်။

၂၀၁၅ နို၀င်ဘာအတွင်းက ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက် ပြည်ထောင်စုရိပ်သာဝင်း အတွင်း နေထိုင်သူ ဦးတင်လှဇော်၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်နေသူ ကလေးငယ်ကို ၂၀၁၅ နို၀င်ဘာအတွင်းက ဦးတင်လှဇော်၏ သားများဖြစ်ကြသည့် အသက်(၂၀)အရွယ် အစ်ကိုနှင့် တက္ကသိုလ်ဝင်တန်းတက်နေသော ညီဖြစ်သူတို့က မဖွယ်မရာဇာတ်ကားများ ပြသကာ သားမယားပြုကျင့်ခဲ့ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်ကို ရတနာမေတ္တာ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်စန်း စန်းဝင်းက ဗဟန်းမြို့နယ် အုတ် လမ်းရှိ ဒေါက်တာယုဇနကျော်၏ ဆေးခန်းသို့ သွားရောက်ပြသရာဆရာဝန်က မိန်းကလေးငယ်မှာကာမစပ်ယှက် ခံထားရသည့် လက္ခဏာတွေ့ရကြောင်း ပြောဆိုခဲ့သဖြင့် ရတနာမေတ္တာကလေးသူ ငယ်စောင့်ရှောက်ရေးရုံးသို့ ခေါ် ဆောင်ပြီး ဒီဇင်ဘာ ၃၁ ရက် နံနက် အစောပိုင်းက ဒဂုံမြို့မရဲစခန်း တွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ် သည်။
7Daydaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)