ျမစ္ေရႀကီး၍ င၀က္စြယ္ေက်းရြာ စာသင္ေက်ာင္းေရနစ္ျမဳပ္


နိရၪၥရာ၊ ဇူလႈိင္ ၄ ရက္

ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕င၀က္စြယ္ေက်းရြာရွိ အလယ္တန္း(ခြဲ)ေက်ာင္းမွာ ျမစ္ေရႀကီးမႈေၾကာင့္ ေရနစ္ေနျပီး ကေလးသူ ငယ္မ်ား ေက်ာင္း မတက္ရဘဲ ျဖစ္ေနၾကာင္း သိရသည္။

ယင္းင၀စြယ္ေက်းရြာ အလယ္တန္း(ခြဲ)တြင္ အလယ္တန္းျပအျဖစ္ တာ၀န္ထမ္းေဆာင္ေနသည့္ ဆရာဦးေဇာ္လြင္ေမာင္အား ဆက္သြယ္ေမးျမန္းရာ သူက “ ခုလ ိုမိုးရာသီဆိုေတာ့ မိုးကလည္းႀကီး ျမစ္ေရကလည္းႀကီးေတာ့ ေက်ာင္းသြားလမ္းေတြနစ္ျမဳပ္တယ္။ ေက်ာင္းစာ သင္ခန္းကိုပါ ေရ၀င္ ပါတယ္။ ခုလိုအခ်ိန္ဆို ကၽြန္ေတာ္တို႔ စာသင္ဖို႔အတြက္ အခက္အခဲျဖစ္ေလ့ရွိပါတယ္။ ေက်ာင္းသားေတြ အတြက္ကလည္း သြားလာရအဆင္မေျပဘူး” ဟုနိရဥၥရာသို႕ ေျပာသည္။

င၀က္စြယ္ေက်းရြာမွ ေဒသခံဆရာမ ေဒၚစိုးစိုး၀င္းကလည္း “ ကၽြန္မတို႔ေက်ာင္းက ေရေပၚေက်ာင္းလို ျဖစ္ေနပါတယ္။ ျမစ္ေရႀကီးရင္ ေက်ာင္းတက္လို႔မရေတာ့ဘူး။ ကေလးေတြအ ခက္အခက္ျဖစ္ပါတယ္။ ရြာထဲလည္း ေရ၀င္ေတာ့ ပိုဆိုးတာေပါ့” ဟု ေျပာသည္။

င၀က္စြယ္ေက်းရြာမွ ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ဦးထြန္းေအးေက်ာ္က “ကၽြန္ေတာ္တို႔ အဓိက ေက်ာင္းသြားလမ္းမွာ ေခ်ာင္းနဲ႔ နီးတယ္။ လမ္းကို ေက်ာက္ေခ်ာေလးေတြနဲ႔ ဆယ္ထားတဲ့ သေဘာ ရွိၿပီးေတာ့ အနိမ့္အျမင့္ မညီဘူး အႏၱရာယ္မ်ားပါတယ္။ ဒီလိုေရႀကီးတဲ့ အခ်ိန္ဆို သူငယ္တန္းကေန ၄ တန္းအထိ ကေလးေတြအတြက္အဆင္ မေျပပါဘူး။ အစိုးရေတြအေနနဲ႔လည္း ၾကည့္ရႈလုပ္ေပးရင္ ပိုအဆင္ေျပမွာပါ” ဟု ေျပာသည္။

င၀က္စြယ္ေက်းရြာဟာ အိမ္ေျခ ၄၀၀ နီးပါးရွိၿပီးေတာ့ အလယ္တန္းေက်ာင္း(ခြဲ)တြင္ ေက်ာင္းသား အင္အား ၄၀၀ ေက်ာ္ရွိေၾကာင္း ျမစ္ေရႀကီး ခ်ိန္တြင္ ေက်ာင္ခန္းထိ ေရ၀င္ေလ့ရွိေၾကာင္း သိရသည္။

ယခုလိုေရႀကီးၿပီး ေက်ာင္းခန္းထဲေရ၀င္သည္မွာ လြန္ခဲ့တဲ့နွစ္နွစ္ေလာက္ပင္ စျပီး ေက်ာင္း ေဆာင္ကိုျမင့္တင္ဖို႔ လိုေၾကာင္းဆရာ ဦးေဇာ္လြင္ဦးမွ ဆက္ေျပာသည္။

ေရႊရေအာင္(ေတာင္ကုတ္)
ဓာတ္ပံု- ေဇာ္လြင္ေမာင္
Narinjara
https://www.facebook.com/Narinjara
......


နိရ ဉ္စရာ၊ ဇူလှိုင် ၄ ရက်

ရခိုင်ပြည်နယ် ပေါက်တောမြို့ငဝက်စွယ်ကျေးရွာရှိ အလယ်တန်း(ခွဲ)ကျောင်းမှာ မြစ်ရေကြီးမှုကြောင့် ရေနစ်နေပြီး ကလေးသူ ငယ်များ ကျောင်း မတက်ရဘဲ ဖြစ်နေကြာင်း သိရသည်။

ယင်းငဝစွယ်ကျေးရွာ အလယ်တန်း(ခွဲ)တွင် အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာဦးဇော်လွင်မောင်အား ဆက်သွယ်မေးမြန်းရာ သူက “ ခုလ ိုမိုးရာသီဆိုတော့ မိုးကလည်းကြီး မြစ်ရေကလည်းကြီးတော့ ကျောင်းသွားလမ်းတွေနစ်မြုပ်တယ်။ ကျောင်းစာ သင်ခန်းကိုပါ ရေဝင် ပါတယ်။ ခုလိုအချိန်ဆို ကျွန်တော်တို့ စာသင်ဖို့အတွက် အခက်အခဲဖြစ်လေ့ရှိပါတယ်။ ကျောင်းသားတွေ အတွက်ကလည်း သွားလာရအဆင်မပြေဘူး” ဟုနိရဥ္စရာသို့ ပြောသည်။

ငဝက်စွယ်ကျေးရွာမှ ဒေသခံဆရာမ ဒေါ်စိုးစိုးဝင်းကလည်း “ ကျွန်မတို့ကျောင်းက ရေပေါ်ကျောင်းလို ဖြစ်နေပါတယ်။ မြစ်ရေကြီးရင် ကျောင်းတက်လို့မရတော့ဘူး။ ကလေးတွေအ ခက်အခက်ဖြစ်ပါတယ်။ ရွာထဲလည်း ရေဝင်တော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။

ငဝက်စွယ်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးထွန်းအေးကျော်က “ကျွန်တော်တို့ အဓိက ကျောင်းသွားလမ်းမှာ ချောင်းနဲ့ နီးတယ်။ လမ်းကို ကျောက်ချောလေးတွေနဲ့ ဆယ်ထားတဲ့ သဘော ရှိပြီးတော့ အနိမ့်အမြင့် မညီဘူး အန္တရာယ်များပါတယ်။ ဒီလိုရေကြီးတဲ့ အချိန်ဆို သူငယ်တန်းကနေ ၄ တန်းအထိ ကလေးတွေအတွက်အဆင် မပြေပါဘူး။ အစိုးရတွေအနေနဲ့လည်း ကြည့်ရှုလုပ်ပေးရင် ပိုအဆင်ပြေမှာပါ” ဟု ပြောသည်။

ငဝက်စွယ်ကျေးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီးတော့ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား အင်အား ၄၀၀ ကျော်ရှိကြောင်း မြစ်ရေကြီး ချိန်တွင် ကျောင်ခန်းထိ ရေဝင်လေ့ရှိကြောင်း သိရသည်။

ယခုလိုရေကြီးပြီး ကျောင်းခန်းထဲရေဝင်သည်မှာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ပင် စပြီး ကျောင်း ဆောင်ကိုမြင့်တင်ဖို့ လိုကြောင်းဆရာ ဦးဇော်လွင်ဦးမှ ဆက်ပြောသည်။

ရွှေရအောင်(တောင်ကုတ်)
ဓာတ်ပုံ- ဇော်လွင်မောင်
Narinjara
https://www.facebook.com/Narinjara
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)