တနသၤာျမဳိ ့မွာ မွန္လုံကားနဲ ့တုိက္မိတဲ့ ဒဏ္ရာေၾကာင့္ ဆုိင္ကယ္ေမာင္းႏွင္သူ မိန္းကေလး ေသဆုံး


၉.၇.၂၀၁၆ ရက္ ညေန႔ (၃း၂၀)နာရီအခ်ိန္က တနသၤာရီၿမိဳ႕ မွ ၿမိတ္ၿမိဳ႕သို႔ ထြက္ခြာလာသည္ ေငြၿဖိဳးခိုင္ကားအသင္းမွ ခရီးသည္ (၁၂)ေယာက္စီး မွန္လုံကား ယာဥ္အမွတ္ (TNI 5I- 4882) အျဖဴေရာင္ ယာဥ္ေမာင္း ကိုေအာင္ျပည့္စိုး (ဘ) ဦးေမာင္ေမာင္ဦး တလိုင္းစုရပ္ကြက္၊ ၿမိတ္ၿမိဳ႕ေနသူမွ ေမာင္းႏွင္လာစဥ္ ဆုိင္ကယ္ႏွင့္ တုိက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရပါသည္။


အဆုိပါ မွန္လုံကားသည္ တနသၤာရီျမဳိ  ့ ဇဝဲေက်းရြာ ဇဝဲလမ္းဆုံအနီးလမ္းေကြ႔တြင္ အ႐ိွန္မထိန္းနိင္ဘဲ့ တစ္ဘက္ယာဥ္ေၾကာမွ ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္လာသည့္ မၾကဴၾကဴေမႊး (ခ) လင္းနာ (၁၈)နစ္ ရင္ကန္းေခ်ာင္းေက်းရြာ၊ တနသၤာရီၿမိဳ႕ ေနသူ၏ ဆိုင္ကယ္အား ဝင္ေရာက္ တိုက္မိျခင္း ျဖစ္သည္။


 ဆိုင္ကယ္စီးနင္းလာသူ မၾကဴၾကဴေမႊး မွာ ဦးေခါင္းႏွင့္ အတြင္းဒဏ္ရာမ်ား ရ႐ွိသျဖင့္ ၿမိတ္ျပည္သူေဆး႐ုံးသို႔ အေရးေပၚတင့္ပိုလိုက္ရၿပီ ခရီးသည္ မွန္လုံကားေပၚတြင္ လိုက္ပါလာသူမ်ား ထိခိုက္ဒဏ္ရာ႐ွိျခင္း မ႐ွိေၾကာင္း သိ႐ွိရပါသည္။


အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ၿမိတ္ျပည္သူေဆး႐ုံးတြင္ အတြင္းလူနာျဖင့္ ေဆးဝါကုသေနသည္ မၾကဴၾကဴေမႊး (ခ) လင္းနာ (၁၈)နစ္ ရင္းကန္းေခ်ာင္းေက်းရြာ၊ တနသၤာရီၿမိဳ႕ေနသူသည္ (၁၀.၇.၂၀၁၆)ရက္ ညေန႔ (၅း၀၀)နာရီအခ်ိန္တြင္ ကြယ္လြန္သြားသျဖင့္ တနသၤာရီျမဳိ  ့ ၿမိဳ႕မရဲစခန္းမွ မေသဆုံးခင္ အမႈဖြင့္ထားသည့္ ပုဒ္မ(၃၃၈)ကေန ပုဒ္မ(၃၀၄-က) ယာ(ပ) ၇၇/၂၀၁၆ ျဖင့္ ျပန္လည္ျပင္ဆင္၍ အမႈဖြင့္ အေရးယူထားေၾကာင္း MingalarBar Myeik သတင္းအရ သိ႐ွိရပါသည္။

by သစ္ထူးလြင္


၉.၇.၂၀၁၆ ရက် ညနေ့ (၃း၂၀)နာရီအချိန်က တနင်္သာရီမြို့ မှ မြိတ်မြို့သို့ ထွက်ခွာလာသည် ငွေဖြိုးခိုင်ကားအသင်းမှ ခရီးသည် (၁၂)ယောက်စီး မှန်လုံကား ယာဉ်အမှတ် (TNI 5I- 4882) အဖြူရောင် ယာဉ်မောင်း ကိုအောင်ပြည့်စိုး (ဘ) ဦးမောင်မောင်ဦး တလိုင်းစုရပ်ကွက်၊ မြိတ်မြို့နေသူမှ မောင်းနှင်လာစဉ် ဆိုင်ကယ်နှင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။



အဆိုပါ မှန်လုံကားသည် တနင်္သာရီမြို  ့ ဇဝဲကျေးရွာ ဇဝဲလမ်းဆုံအနီးလမ်းကွေ့တွင် အရှိန်မထိန်းနိင်ဘဲ့ တစ်ဘက်ယာဉ်ကြောမှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသည့် မကြူကြူမွှေး (ခ) လင်းနာ (၁၈)နစ် ရင်ကန်းချောင်းကျေးရွာ၊ တနင်္သာရီမြို့ နေသူ၏ ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။



 ဆိုင်ကယ်စီးနင်းလာသူ မကြူကြူမွှေး မှာ ဦးခေါင်းနှင့် အတွင်းဒဏ်ရာများ ရရှိသဖြင့် မြိတ်ပြည်သူဆေးရုံးသို့ အရေးပေါ်တင့်ပိုလိုက်ရပြီ ခရီးသည် မှန်လုံကားပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရှိခြင်း မရှိကြောင်း သိရှိရပါသည်။



အဆိုပါ ယာဉ်တိုက်မှုကြောင့် မြိတ်ပြည်သူဆေးရုံးတွင် အတွင်းလူနာဖြင့် ဆေးဝါကုသနေသည် မကြူကြူမွှေး (ခ) လင်းနာ (၁၈)နစ် ရင်းကန်းချောင်းကျေးရွာ၊ တနင်္သာရီမြို့နေသူသည် (၁၀.၇.၂၀၁၆)ရက် ညနေ့ (၅းဝဝ)နာရီအချိန်တွင် ကွယ်လွန်သွားသဖြင့် တနင်္သာရီမြို  ့ မြို့မရဲစခန်းမှ မသေဆုံးခင် အမှုဖွင့်ထားသည့် ပုဒ်မ(၃၃၈)ကနေ ပုဒ်မ(၃၀၄-က) ယာ(ပ) ရ၇/၂၀၁၆ ဖြင့် ပြန်လည်ပြင်ဆင်၍ အမှုဖွင့် အရေးယူထားကြောင်း MingalarBar Myeik သတင်းအရ သိရှိရပါသည်။

by သစ်ထူးလွင်

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)