လားရှိုးမြို့ မယ်ဟန်ကျေးရွာမှ သည်းခြေထုတ်ယူရန်မွေးမြူထားသော ဝက်ဝံများ

 သစ်တောဦးစီးဌာနမှ ဥပဒေနှင့် အညီ အရေးယူသင့်ပါသည် တဘက်နိုင်ငံတရုတ်ပြည်ရောင်စားနေတဲ့ဝက်ဝံများကိုကြမ်းခင်းဈေးတစ်ကောင်ကိုသိန်းငါးဆယ်လောက်ပေးဝယ်နေသတင်းရှိပါတယ်ဥပဒေနဲ့အညီဖမ်းဆီဆောင်ရွက်ပေးပါရန်တောင်းဆိုအပ်ပါသည်
ကျွန်တော်သည်ပြီးခဲ့သည့်လကလားရှိုးမြို့ မယ်ဟန်ကျေးရွာလမ်းဘေးရေနုတ်မြောင်းတူးဖော်သည့်လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် မယ်ဟန်ကျေးရွာဆိုင်းဘုတ်ဘေး တရုတ်လူမျိုးပိုင်ပြောင်းဖူးပွဲရုံထဲတွင်လမ်းပေါ်မှကြည့်လျှင်မြင်နေရသော လှောင်အိမ်တစ်လုံးနှင့်ဝက်ဝံတစ်ကောင်ကိုတွေ့၍ဝင်ကြည့်ရာလှောင်အိမ် သုံးလုံးနှင့်ဝက်ဝံအကြီး အသေးစုစုပေါင်း လေးကောင်တွေ့ရသည်..ဝက်ဝံများကိုဘာအတွက် မွေးထားကြောင်းသိချင်မိ၍ ပြောင်းဖူးပွဲရုံမှ အလုပ်သမားတစ်ယောက်ကိုတွေ့၍မေးကြည့်ရာ ဝက်ဝံသည်းခြေ ထုတ်ယူရန်အတွက် ဝက်ဝံများကို ငယ်ငယ်ကတည်းကမွေးမြူထားကြောင်းကြားသိရပြီး တခြားအကြောင်းအရာများကိုတော့မသိရပါဟုပြောပါသည်...
တောရိုင်းတိရိစ္ဆာန်များအတွက် လှောင်အိမ်သည် နေရာမဟုတ်ပါ.
.........

 

လားရှိူးမြို့ မယ်ဟန်ကျေးရွာမှ သည်းခြေထုတ်ယူရန်မွေးမြူထားသော ဝက်ဝံများ
===========================
သစ်တောဦးစီးဌာနမှ ဥပဒေနှင့် အညီ အရေးယူသင့်ပါသည် တဘက်နိုင်ငံတရုတ်ပြည်ရောင်စားနေတဲ့ဝက်ဝံများကိုကြမ်းခင်းစျေးတစ်ကောင်ကိုသိန်းငါးဆယ်လောက်ပေးဝယ်နေသတင်းရှိပါတယ်ဥပဒေနဲ့အညီဖမ်းဆီဆောင်ရွက်ပေးပါရန်တောင်းဆိုအပ်ပါသည်
ကျွန်တော်သည်ပြီးခဲ့သည့်လကလားရှိူးမြို့ မယ်ဟန်ကျေးရွာလမ်းဘေးရေနုတ်မြောင်းတူးဖော်သည့်လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် မယ်ဟန်ကျေးရွာဆိုင်းဘုတ်ဘေး တရုတ်လူမျိုးပိုင်ပြောင်းဖူးပွဲရုံထဲတွင်လမ်းပေါ်မှကြည့်လျှင်မြင်နေရသော လှောင်အိမ်တစ်လုံးနှင့်ဝက်ဝံတစ်ကောင်ကိုတွေ့၍ဝင်ကြည့်ရာလှောင်အိမ် သုံးလုံးနှင့်ဝက်ဝံအကြီး အသေးစုစုပေါင်း လေးကောင်တွေ့ရသည်..ဝက်ဝံများကိုဘာအတွက် မွေးထားကြောင်းသိချင်မိ၍ ပြောင်းဖူးပွဲရုံမှ အလုပ်သမားတစ်ယောက်ကိုတွေ့၍မေးကြည့်ရာ ဝက်ဝံသည်းခြေ ထုတ်ယူရန်အတွက် ဝက်ဝံများကို ငယ်ငယ်ကတည်းကမွေးမြူထားကြောင်းကြားသိရပြီး တခြားအကြောင်းအရာများကိုတော့မသိရပါဟုပြောပါသည်...
ဝက်ဝံအကြီးတစ်ကောင်နှင့်အလတ်တစ်ကောင်ကိုလှောင်အိမ်တလုံးစီ အသေးနှစ်ကောင်ကိုလှောင်အိမ်တစ်လုံးထဲတွင်ထည့်ထားပါသည်။
ဝက်ဝံလေးများခမျာ ပုံတွင်မြင်ရသည့်အတိုင်း လမ်းလျှောက်စရာ နေရာပင်မရှိသော လှောင်အိမ်ကျဉ်းကျဉ်းထဲတွင် နေ့ရောညပါ နေနေရပါသည်..ဝက်ဝံအသေးလေးနှစ်ကောင်မှာ ကလေးလေးငိုသံအတိုင်းပင် အော်နေရှာသည်မှာ အလွန်သနားဖို့ကောင်းပါသည်
ဝက်ဝံသည်းခြေကိုတရုတ်ပြည်မှာထုတ်ရောင်းမှာလား...ဒီမှာပဲထုတ်သုံးမှာလားဆိုတာကျွန်တော်မသိပါ..ဝက်ဝံသည်းခြေ ဘယ်နေရာမှာအသုံးဝင်တာဆိုတာလည်းကျွန်တော်မသိပါ..
ကျွန်တော်သိချင်တာ ဝက်ဝံများကိုအိမ်မှာပြောင်ပြောင်တင်းတင်းပဲမွေးမြူပြီး သည်းခြေထုတ်ယူခွင့်ရှိသလားဆိုတာပါပဲ..
တောရို်င်းတိရိစ္ဆာန်များအတွက် လှောင်အိမ်သည် နေရာမဟုတ်ပါ.
တိရိစ္ဆာန် များအား ညှင်းပန်းခြင်းကို ရှောင်ကြည် ကြပါ
Naing Moe Thu Lashio News
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)