ပုသိမ္ေက်ာက္တိုင္အားကစားကြင္းမွ ဆိုင္ကယ္ခိုးယူလာသည့္ ေထာင္ထြက္မ်ားအား ဖမ္းဆီးရမိ


ဧရာ၀တုိင္း ေဒသၾကီး ပုသိမ္ျမဳိ  ့ပုသိမ္ေက်ာက္တိုင္အားကစားကြင္းမွ ဆိုင္ကယ္ခိုးယူလာသည့္ ေထာင္ထြက္မ်ားအား (၅) နာရီအတြင္း ဖမ္းဆီးရမိေၾကာင္း သိရပါသည္။

(၃.၇.၂၀၁၆) ရက္ေန႔ ည (၉)နာရီခန္႕တြင္ ပုသိမ္ၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ အျခားခိုးမႈမ်ား မျဖစ္ပြားေစေရး အတြက္ ပုသိမ္ၿမိဳ႔မရဲစခန္းမွ နယ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ားသည္ ပုသိမ္ၿမိဳ႔ တဲႀကီးကုန္းလမ္းဆံု ဘုရင္မထမင္းဆိုင္အနီး ကင္းပုန္း ဝပ္ေစာင့္ဆိုင္းဖမ္းဆီးေနစဥ္ ယခင္ကဆိုင္ကယ္ခိုးမႈမ်ား ျဖင့္ေထာင္က်ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္လြတ္လာသူ ေက်ာ္ေမာင္ေမာင္ႏိုင္ (ခ) ေက်ာ္ႀကီး သလပ္ခြာေက်းရြာႏွင့္ ျပည့္တန္ဆာေခါင္း အမႈျဖင့္ ေထာင္မွလြတ္လာသူ ေအာင္ျပည့္စံုဟန္ ေတာရေက်ာင္းလမ္း ေနသူ(၂) ဦးအား ေသာ့ဖ်က္ ထာသည့္ ဆိုင္ကယ္(2) စီးျဖင့္ မသကၤာဖြယ္ေတြ႕ရွိသျဖင့္ ဖမ္းဆီးစစ္ေဆးခဲ့သည္။


လတ္တေလာ စစ္ေဆးခ်က္အရ ၄င္းတို႕သည္ ေလာ္ဂ်ား ဆိုင္ကယ္အား ယေန႔ (၃.၇.၂၀၁၆) ရက္ေန႔ ညေန ၄ နာရီခန္႕ က ပုသိမ္ၿမိဳ႕ ေက်ာက္တိုင္အားကစားကြင္းတြင္ ေဘာလံုး ကစားေနသူမ်ားထံမွ ခိုးယူလာခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့ၿပီး ၄င္းတို႕ပုသိမ္ၿမိဳ႕ေပၚတြင္ အလားတူဆိုင္ကယ္မ်ား ခိုး ယူျခင္း ရွိ/မရွိအား စစ္ေဆးေနလ်က္ရွိပါေၾကာင္း ပုသိမ္ၿမိဳ သူ/သားမ်ားအား သိေစအပ္ပါသည္

Zaw Min Tun
........

ဧရာဝတိုင်း ဒေသကြီး ပုသိမ်မြို  ့ပုသိမ်ကျောက်တိုင်အားကစားကွင်းမှ ဆိုင်ကယ်ခိုးယူလာသည့် ထောင်ထွက်များအား (၅) နာရီအတွင်း ဖမ်းဆီးရမိကြောင်း သိရပါသည်။

(၃.၇.၂၀၁၆) ရက်နေ့ ည (၉)နာရီခန့်တွင် ပုသိမ်မြို့တွင် ဆိုင်ကယ်နှင့် အခြားခိုးမှုများ မဖြစ်ပွားစေရေး အတွက် ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့ တဲကြီးကုန်းလမ်းဆုံ ဘုရင်မထမင်းဆိုင်အနီး ကင်းပုန်း ဝပ်စောင့်ဆိုင်းဖမ်းဆီးနေစဉ် ယခင်ကဆိုင်ကယ်ခိုးမှုများ ဖြင့်ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသူ ကျော်မောင်မောင်နိုင် (ခ) ကျော်ကြီး သလပ်ခွာကျေးရွာနှင့် ပြည့်တန်ဆာခေါင်း အမှုဖြင့် ထောင်မှလွတ်လာသူ အောင်ပြည့်စုံဟန် တောရကျောင်းလမ်း နေသူ(၂) ဦးအား သော့ဖျက် ထာသည့် ဆိုင်ကယ်(2) စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။



လတ်တလော စစ်ဆေးချက်အရ ၄င်းတို့သည် လော်ဂျား ဆိုင်ကယ်အား ယနေ့ (၃.၇.၂၀၁၆) ရက်နေ့ ညနေ ၄ နာရီခန့် က ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်းတွင် ဘောလုံး ကစားနေသူများထံမှ ခိုးယူလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပြီး ၄င်းတို့ပုသိမ်မြို့ပေါ်တွင် အလားတူဆိုင်ကယ်များ ခိုး ယူခြင်း ရှိ/မရှိအား စစ်ဆေးနေလျက်ရှိပါကြောင်း ပုသိမ်မြို သူ/သားများအား သိစေအပ်ပါသည်


Zaw Min Tun
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)