အာဇာနည္ေန႔ ျမန္မာ့အသံကေန ဥၾသဆြဲမည္ .....


လာမယ့္ ဇူလုိင္လ ၁၉ ရက္ေန႔မွာ က်ေရာက္မယ့္ ၆၉ ႏွစ္ေျမာက္ အာဇာနည္ေန႔မွာ အာဇာနည္ ေခါင္းေဆာင္ေတြ က်ဆံုးခဲ့တဲ့ မနက္ ၁၀ နာရီ ၃၇ မိနစ္မွာ အစိုးရပိုင္မီဒီယာျဖစ္တဲ့ ျမန္မာ့အသံကေန ဥၾသဆဲြၿပီး အခ်က္ေပးမွာျဖစ္တယ္လို႔ အစိုးရက သတင္းထုတ္ျပန္ပါတယ္။
၆၉ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနား ေအာင္ျမင္စြာက်င္းပႏုိင္ေရးအတြက္ ဒုတိယသမၼတ ဦးျမင့္ေဆြက ဦးေဆာင္စီစဥ္ေနတာျဖစ္ၿပီး ဒီေန႔ အာဇာနည္ ဂူဗိမာန္ကို သြားေရာက္စစ္ေဆးခဲ့ပါတယ္။
ဒါ့အျပင္ အာဇာနည္ေန႔မွာ အမ်ားျပည္သူေလ့လာႏုိင္ေအာင္ ဖြင့္လွစ္ဖို႔ ျပင္ဆင္ထားတဲ့ နတ္ေမာက္ လမ္းက ဗိုလ္ခ်ဳပ္ျပတိုက္ နဲ႔ ၀န္ၾကီးမ်ားရံုးတုိ႔ကိုလည္း ဒုတိယသမၼတ ဦးျမင့္ေဆြနဲ႔ ရန္ကုန္တုိင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း တုိ႔လွည့္လည္စစ္ေဆးခဲ့ၾကပါတယ္။
၆၉ ႏွစ္ေျမာက္ အာဇာနည္ေန႔မွာ စစ္၀တ္စံု၀တ္ထားတဲ့ ကေလးငယ္ ၆၉ ေယာက္နဲ႔ တုိင္းရင္းသား ရိုးရာ၀တ္စံု ၀တ္ဆင္ထားတဲ့ ကေလးငယ္ ၂၁ ဦးဟာ ရန္ကုန္ၿမိဳ႕အာဇာနည္ဗိမာန္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို တက္ေရာက္အေလးျပဳၾကမွာျဖစ္ပါတယ္။
အႀကိဳျပင္ဆင္တဲ့အေနနဲ႔ ဒီေန႔ ရန္ကုန္ၿမိဳ႕ကန္ေတာ္ႀကီးပတ္လမ္းက ဗိုလ္ခ်ဳပ္ပန္းျခံေရွ႕က ဗုိလ္ခ်ဳပ္ ေၾကးရုပ္ကို သြားေရာက္အေလးျပဳခဲ့ၾကတယ္လို႔ စီစဥ္သူ ဗိုလ္ႀကီးေဟာင္းေနမ်ဳိးဇင္ က ေျပာပါတယ္။
"လာမယ့္ ၆၉ ႏွစ္ေျမာက္အာဇာနည္ေန႔မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဝတ္တဲ့ စစ္ဝတ္စံုဝတ္၊ ၆ ႏွစ္မွ ၉ ႏွစ္အရြယ္ ကေလး ၆၉ ေယာက္ရယ္၊ တိုင္းရင္းသားဝတ္စံုဝတ္တဲ့ သားသား၊ မီးမီး ၂၁ ေယာက္ရယ္၊ အာဇာနည္ေန႔ဗိမာန္ကို ဇူလိုင္ ၁၉ မနက္မွာ တက္ေရာက္အေလးျပဳဖို႔စီစဥ္ေနပါတယ္၊ အဲ့အတြက္ အခုတည္းက ကေလးေတြကိုဝတ္စံုျပည့္ေလ့က်င့္ရင္းနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အာဇာနည္ေခါင္းေဆာင္ေတြအေၾကာင္း သူတို႔ေတြ စိတ္ပါဝင္စားစြာနဲ႔ သူတို႔ကိုယ္တိုင္ေလးေလးစားစား အေလးျပဳရေအာင္ အႀကိဳျပင္ဆင္ေလ့က်င့္ေပးတာျဖစ္ပါတယ္"
အဲဒီလိုခ်ီတက္ရာမွာ ေရႊည၀ါဆရာေတာ္၊ ရုပ္ရွင္သရုပ္ေဆာင္ ေဗလု၀နဲ႔ စာေရးဆရာ ဦးထင္လင္းဦးတုိ႔လည္း ပါ၀င္ခဲ့ပါတယ္။
Source: RFA
..............
အာဇာနည်နေ့ မြန်မာ့အသံကနေ ဥသြဆွဲမည် .....

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေးမှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်စီစဉ်နေတာဖြစ်ပြီး ဒီနေ့ အာဇာနည် ဂူဗိမာန်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဒါ့အပြင် အာဇာနည်နေ့မှာ အများပြည်သူလေ့လာနိုင်အောင် ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတဲ့ နတ်မောက် လမ်းက ဗိုလ်ချုပ်ပြတိုက် နဲ့ ၀န်ကြီးများရုံးတို့ကိုလည်း ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့လှည့်လည်စစ်ဆေးခဲ့ကြပါတယ်။
၆၉ နှစ်မြောက် အာဇာနည်နေ့မှာ စစ်ဝတ်စုံဝတ်ထားတဲ့ ကလေးငယ် ၆၉ ယောက်နဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံ ၀တ်ဆင်ထားတဲ့ ကလေးငယ် ၂၁ ဦးဟာ ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တက်ရောက်အလေးပြုကြမှာဖြစ်ပါတယ်။
အကြိုပြင်ဆင်တဲ့အနေနဲ့ ဒီနေ့ ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ပန်းခြံရှေ့က ဗိုလ်ချုပ် ကြေးရုပ်ကို သွားရောက်အလေးပြုခဲ့ကြတယ်လို့ စီစဉ်သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင် က ပြောပါတယ်။
"လာမယ့် ၆၉ နှစ်မြောက်အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဝတ်တဲ့ စစ်ဝတ်စုံဝတ်၊ ၆ နှစ်မှ ၉ နှစ်အရွယ် ကလေး ၆၉ ယောက်ရယ်၊ တိုင်းရင်းသားဝတ်စုံဝတ်တဲ့ သားသား၊ မီးမီး ၂၁ ယောက်ရယ်၊ အာဇာနည်နေ့ဗိမာန်ကို ဇူလိုင် ၁၉ မနက်မှာ တက်ရောက်အလေးပြုဖို့စီစဉ်နေပါတယ်၊ အဲ့အတွက် အခုတည်းက ကလေးတွေကိုဝတ်စုံပြည့်လေ့ကျင့်ရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေအကြောင်း သူတို့တွေ စိတ်ပါဝင်စားစွာနဲ့ သူတို့ကိုယ်တိုင်လေးလေးစားစား အလေးပြုရအောင် အကြိုပြင်ဆင်လေ့ကျင့်ပေးတာဖြစ်ပါတယ်"
အဲဒီလိုချီတက်ရာမှာ ရွှေညဝါဆရာတော်၊ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝနဲ့ စာရေးဆရာ ဦးထင်လင်းဦးတို့လည်း ပါ၀င်ခဲ့ပါတယ်။
Source: RFA
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)