(၁၃ ရက်၊ ၇ လ၊ ၂၀၁၆ ခုနှစ် - ကမ္ဘာအေးကုန်းမြေ)
..................
မဘသအဖွဲ့ကို သာသနာရေးဝန်ကြီး သတိပေးစကားဆို
"မဘသအဖွဲ့အနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ်တစ်စု၊ တစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ အသုံးချခြင်းမခံဘူးဆိုရင်တော့ ဒါရေရှည်ရပ်တည်နိုင်တဲ့ လူမှုရေး၊ အမျိုးသားရေး အဖွဲ့အဖြစ်နဲ့ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မဘသ အဖွဲ့အနေနဲ့ အားလုံးမဟုတ်ပါဘူး။ ကြည်ညိုလေးစားဖွယ်ရာ ထေကြီးဝါကြီး ဆရာတော်သံဃာတော်တွေ အများကြီးပါပါတယ်။ တချို့လည်းပေါ့၊ ဘာသာတစ်ခုနဲ့ တစ်ခုကြား၊ ဘာသာကိုအခြေခံပြီး လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားမှာ ခုနက ပဋိပက္ခဖြစ်စေဖို့ (HateSpeech) တွေပေါ့နော်။ အမုန်းစကားဖြန့်မှုတွေ မလုပ်ဖူးဆိုရင်၊ သူသည် ဘာသာရေးကိုအခြေခံတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ရေရှည်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။"
‪သာသနာရေးနှင့်‬ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို(၁၃ ရက်၊ ရ လ၊ ၂၀၁၆ ခုနှစ် - ကမ္ဘာအေးကုန်းမြေ)
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)