အာဇာနည္ေန႔ အခမ္း အနား ေဒၚေအာင္ဆန္းစုၾကည္ မိသားစုဝင္အျဖစ္သာ တက္မယ္

၂ဝ၁၄ ခုႏွစ္ အာဇာနည္ေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကို ေတြ႕ရစဥ္။ Photo: RFA
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အာဇာနည္ေန႔အခမ္းနားကို မိသားစုဝင္ တစ္ဦးအေန နဲ႔သာ တက္ေရာက္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဇူလိုင္လ ၁၉ ရက္ေန႔ အာဇာနည္ဗိမာန္မွာ က်င္းပမယ့္ အခမ္းအနားအေၾကာင္း RFA ကေမးျမန္းခဲ့ရာမွာ သမၼတရံုးဝန္ႀကီး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

"အာဇာနည္ဗိမာန္မွာ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို ဂါရဝျပဳတာကို ႏိုင္ငံေတာ္အစိုးရ ဒုသမၼတ(၁) ဦးစီးၿပီးေတာ့ တက္ေရာက္မွာျဖစ္တယ္၊ လႊတ္ေတာ္ဘက္က လႊတ္ေတာ္ဥကၠဌေတြ တက္ေရာက္မယ္လို႔ သိရတယ္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေတာ့ မိသားစုအေနနဲ႔ ဒီအခမ္းအနားကို တက္ေရာက္မယ္၊ တခ်ိန္တည္းမွာပဲ ႏိုင္ငံေတာ္သမၼတေပါ့ ေနျပည္ေတာ္မွာ ေနျပည္ေတာ္ေကာင္စီရဲ႕ အစီအစဥ္နဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြအတြက္ ဆြမ္းေကြ်းအခမ္းအနား ကုသိုလ္ျပဳတဲ့ဟာကို လုပ္မွာျဖစ္ပါတယ္"

အဲ့ဒီ အခမ္းနားကို ႏိုင္ငံေတာ္ဒုသမၼတ (၁) ဦးျမင့္ေဆြ နဲ႔ လႊတ္ေတာ္အႀကီးအကဲေတြလည္း တက္ေရာက္ဖို႔ရွိတယ္လို႔ ဦးေဇာ္ေဌး က ေျပာပါတယ္။

အာဇာနည္ေခါင္းေဆာင္ႀကီးေတြ က်ဆံုးသြားတဲ့ မနက္ ၁၀ နာရီ ၃၇ မိနစ္မွာ ႏိုင္ငံပိုင္မီဒီယာေတြကေန  ဥၾသဆြဲမွာျဖစ္သလို ႏိုင္ငံေတာ္အလံေတြ တုိင္တစ္ဝက္လႊင့္ထူဖို႔လည္း ညႊန္ၾကားထားပါတယ္။

ေနျပည္ေတာ္မွာ အာဇာနည္ေခါင္းေဆာင္ေတြအတြက္ ရည္စူးက်င္းပတဲ့ ဆြမ္းေကြ်းအခမ္းနားကို ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ တက္ေရာက္မွာျဖစ္သလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကလည္း အာဇာနည္ေန႔က်င္းပမယ့္ အစီအစဥ္ေတြမွာ ပါဝင္ဖို႔ ရွိတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............

၂ဝ၁၄ ခုနှစ် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်။ Photo: RFA
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်နေ့အခမ်းနားကို မိသားစုဝင် တစ်ဦးအနေ နဲ့သာ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်ဗိမာန်မှာ ကျင်းပမယ့် အခမ်းအနားအကြောင်း RFA ကမေးမြန်းခဲ့ရာမှာ သမ္မတရုံးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အာဇာနည်ဗိမာန်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတာကို နိုင်ငံတော်အစိုးရ ဒုသမ္မတ(၁) ဦးစီးပြီးတော့ တက်ရောက်မှာဖြစ်တယ်၊ လွှတ်တော်ဘက်က လွှတ်တော်ဥက္ကဌတွေ တက်ရောက်မယ်လို့ သိရတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ မိသားစုအနေနဲ့ ဒီအခမ်းအနားကို တက်ရောက်မယ်၊ တချိန်တည်းမှာပဲ နိုင်ငံတော်သမ္မတပေါ့ နေပြည်တော်မှာ နေပြည်တော်ကောင်စီရဲ့ အစီအစဉ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ဆွမ်းကျွေးအခမ်းအနား ကုသိုလ်ပြုတဲ့ဟာကို လုပ်မှာဖြစ်ပါတယ်"

အဲ့ဒီ အခမ်းနားကို နိုင်ငံတော်ဒုသမ္မတ (၁) ဦးမြင့်ဆွေ နဲ့ လွှတ်တော်အကြီးအကဲတွေလည်း တက်ရောက်ဖို့ရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ နိုင်ငံပိုင်မီဒီယာတွေကနေ  ဥသြဆွဲမှာဖြစ်သလို နိုင်ငံတော်အလံတွေ တိုင်တစ်ဝက်လွှင့်ထူဖို့လည်း ညွှန်ကြားထားပါတယ်။

နေပြည်တော်မှာ အာဇာနည်ခေါင်းဆောင်တွေအတွက် ရည်စူးကျင်းပတဲ့ ဆွမ်းကျွေးအခမ်းနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်မှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း အာဇာနည်နေ့ကျင်းပမယ့် အစီအစဉ်တွေမှာ ပါဝင်ဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)