သတ္မွတ္ခြင့္ျပဳခ်က္မရွိေသာ ယာယီဘာသာေရး အေဆာက္အဦအား ဖားကန္ ့ေဒသခံမ်ားမွ ဖ်က္ဆီး



ေနျပည္ေတာ္၊ ဇူလိုင္ ၁

၂၀၁၆ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔ ညေန ၃ နာရီ ၃၀ မိနစ္အခ်ိန္ ကခ်င္ျပည္နယ္၊ ဖားကန႔္ ၿမိဳ႕နယ္၊ လယ္ျပင္ေက်းရြာရွိ သတ္မွတ္ခြင့္ျပဳခ်က္မရွိေသာ ယာယီဘာသာေရး အေဆာက္အဦသို႔ ေဒသခံ လူအင္အား(၅၀၀)ဦး ခန႔္က တုတ္/ဓားမ်ားကိုင္ေဆာင္ကာ ဝင္ေရာက္လာၾကသည္။

ထိုသို႔ဝင္ေရာက္ လာသျဖင့္ မိုးညႇင္းခရိုင္အုပ္ခ်ဳပ္ေရးမႉး၊ ဖားကန႔္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ဖားကန႔္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး၊ အမွတ္(၈)လုံျခဳံေရးရဲကြပ္ကဲမႈအဖြဲ႕ခြဲမႉးဦးစီးသည့္ အမွတ္(၂၆)/(၃၀)လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲမ်ားမွ တပ္ဖြဲ႕ ဝင္မ်ား ပါဝင္သည့္ပူးေပါင္းအဖြဲ႕က ဥပေဒႏွင့္အညီ အဆင့္ဆင့္တားဆီးေဆာင္ရြက္ခဲ့ေသာ္လည္း ေဒသခံ မ်ားက လက္ခံျခင္းမရွိဘဲ ညေန ၃ နာရီ ၄၀ မိနစ္အခ်ိန္တြင္ အဆိုပါယာယီဘာသာေရးအေဆာက္ အဦအား ဖ်က္စီးျခင္း၊ ညေန ၄ နာရီ ၁၅ မိနစ္အခ်ိန္ မီးရွို႔ျခင္းတို႔ျပဳလုပ္ခဲ့ၾကၿပီး နာရီဝက္ခန႔္အၾကာ ၎ေနရာမွ ျပည္လည္ထြက္ခြာသြားေၾကာင္းႏွင့္ ျဖစ္စဥ္၌ ထိခိုက္ဒဏ္ရာရျခင္း၊ ေသဆုံးျခင္း တစ္စုံ တစ္ရာမရွိေၾကာင္း သိရွိရသည္။

အခင္းျဖစ္ေနရာသို႔ ဒုတိယကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မႉးဦးစီးေသာ တပ္ခြဲ(၁)ခြဲသည္ ညေန ၄ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ ထြက္ခြာသြားၿပီး ျဖစ္စဥ္အမွန္ေဖာ္ထုတ္ကာ ျပစ္မႈက်ဴးလြန္သူမ်ားကို ထိေရာက္စြာအေရးယူနိုင္ေရး ေဆာင္ရြက္လ်က္ရွိၿပီး လက္ရွိေဒသအေျခအေနမွာ တည္ၿငိမ္ေအးခ်မ္းလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
https://www.facebook.com/yezarnimedia
.....



နေပြည်တော်၊ ဇူလိုင် ၁

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ လယ်ပြင်ကျေးရွာရှိ သတ်မှတ်ခွင့်ပြုချက်မရှိသော ယာယီဘာသာရေး အဆောက်အဦသို့ ဒေသခံ လူအင်အား(၅၀၀)ဦး ခန့်က တုတ်/ဓားများကိုင်ဆောင်ကာ ဝင်ရောက်လာကြသည်။

ထိုသို့ဝင်ရောက် လာသဖြင့် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၈)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးဦးစီးသည့် အမှတ်(၂၆)/(၃၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့က ဥပဒေနှင့်အညီ အဆင့်ဆင့်တားဆီးဆောင်ရွက်ခဲ့သော်လည်း ဒေသခံ များက လက်ခံခြင်းမရှိဘဲ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်တွင် အဆိုပါယာယီဘာသာရေးအဆောက် အဦအား ဖျက်စီးခြင်း၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မီးရှို့ခြင်းတို့ပြုလုပ်ခဲ့ကြပြီး နာရီဝက်ခန့်အကြာ ၎င်းနေရာမှ ပြည်လည်ထွက်ခွာသွားကြောင်းနှင့် ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း တစ်စုံ တစ်ရာမရှိကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို့ ဒုတိယကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော တပ်ခွဲ(၁)ခွဲသည် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ထွက်ခွာသွားပြီး ဖြစ်စဉ်အမှန်ဖော်ထုတ်ကာ ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိဒေသအခြေအနေမှာ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)