ဆိတ္ကြယ္ရာလုပ္ငန္းရွင္ႀကီးမ်ား



Byေမာင္သာခ်ိဳ

(တစ္)

အခုရက္ထဲမွာ ကြၽန္ေတာ့္ကို ညစ္ညဴးေစတဲ့ သတင္းတစ္ပုဒ္က အလံုပိတ္တဲေတြကို သက္ဆိုင္ရာ အာဏာပိုင္ေတြနဲ႔ ရပ္ကြက္၊ ၿမိဳ႕ရြာက တာ၀န္ရွိသူေတြ ပူးေပါင္းၿပီး ဖ်က္သိမ္းပစ္လိုက္တယ္ဆိုတဲ့ သတင္းပါ။ သတင္းက နယ္ၿမိဳ႕ ႀကီးတစ္ၿမိဳ႕က သတင္းေပါ့။ တကၠသိုလ္နဲ႔ မလွမ္းမကမ္းမွာရွိတဲ့ ၿခံ က်ယ္ႀကီးတစ္ခုထဲမွာ အလံုပိတ္ တဲကေလးေတြ တဲကေလးေတြ အစီအရီေဆာက္ၿပီး ငွားစားတာ ကို ၀င္ဖ်က္တဲ့ သတင္းပါ။ ဓာတ္ပံုေတြ ဘာေတြလည္းပါတဲ့ သတင္း မို႔ စိတ္မခ်မ္းေျမ႕စရာသတင္းတစ္ ပုဒ္ပဲေပါ့။

ဒါမ်ဳိးေတြကို သတင္းစာ မ်က္ႏွာေပၚေတြမွာတင္မကဘဲနဲ႔ ကိုယ္တိုင္ကိုယ္က်လည္း မၾကာ ခဏဆိုသလို ေတြ႕ခဲ့ဖူးပါတယ္။ အထူးသျဖင့္ကေတာ့ တကၠသိုလ္ တို႔၊ ေကာလိပ္တို႔၊ သင္တန္း ေက်ာင္းတို႔စ,တဲ့ ဆယ္ေက်ာ္ သက္လူငယ္ေတြ စုၿပံဳတိုးေ၀ွ႔ေန ေလ့ရွိၾကရာ ပတ္၀န္းက်င္မွာ ေတြ႕ရေလ့ရွိတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာ တကၠသိုလ္၊ ေကာလိပ္ေတြကို ၿမိဳ႕ ရြာေဒသမ်ားရဲ႕ ဟိုးအေ၀းဆံုးအ စြန္အဖ်ားအရပ္ေဒသမ်ားဆီကို ပို႔ပစ္ခဲ့တာကို အားလံုးအသိပါ။ အ သြားခက္၊ အစားခက္၊ အနားခက္ၾကရွာတဲ့ ငွက္ကေလးေတြပမာ လူငယ္ေလးေတြဟာ အဲသည့္လူ႕ အဖြဲ႕အစည္းေထာင္ေခ်ာက္ႀကီး က ပါးစပ္ကို ၿဖဲထားေပးတဲ့အခါ အစားခံဖို႔ရာအတြက္ ခုနက လုပ္ ငန္းကိုင္ငန္းေတြထဲကို ၀င္သြား ၾကေတာ့တာပါ။

အဲသည့္လို ၿခံက်ယ္ႀကီးေတြ ထဲမွာ လက္ဖက္ရည္၊ ေကာ္ဖီလို၊ အေအးလို၊ အစားအေသာက္လို ဟာမ်ဳိးေတြ ေရာင္းတယ္ဆိုေပ မယ့္ အဲဒါက အျဖစ္ပါ။ ဟန္ျပပါ။ စိတ္ခ်ရတဲ့ ေဖာက္သည္လူငယ္ ေတြအတြက္ ဘီယာရႏိုင္ပါတယ္။ အရက္ရႏိုင္ပါတယ္။ မူးယစ္ေဆး ၀ါးလို အရာမ်ဳိးရႏုိင္ပါတယ္။ ၿပီး ေတာ့ ဘယ္သူမွ မျမင္ရေအာင္ အလံုပိတ္ကာထားတဲ့ တဲကေလး ေတြထဲမွာ စခန္းခ်ႏိုင္ပါတယ္။ အဆင္ေျပတဲ့အခါ ခ်စ္သူေတြ ဘာေတြနဲ႔ပါ အဲသည့္အထဲမွာ အနား ယူႏုိင္ၿပီေပါ့။

တကၠသိုလ္၊ေကာလိပ္ပတ္ ၀န္းက်င္က ၿခံက်ယ္ႀကီးတခ်ဳိ႕ဟာအဲသည့္လို ဆိတ္ကြယ္ရာကို ေရာင္းစားတဲ့နည္းနဲ႔ စီးပြားရွာၾက ပါတယ္။ (၁၆) ႏွစ္စြန္းစြန္းသာရွိၾကေသးတဲ့ မိသားစုအသိုက္ အၿမံဳကေန ထြက္လာခါစ လူငယ္ကေလးေတြ၊ ဘာမွမရင့္က်က္ေသးတဲ့ လူငယ္ကေလးေတြဟာ အဲသည့္လိုလြတ္လပ္မႈကို အဟုတ္ႀကီးထင္ၿပီး ၀င္သြားမိၾကရာက ဘ၀ေတြ ပ်က္ကုန္ခဲ့ၾကရတာပါ။

ကြၽန္ေတာ့္ မိတ္ေဆြႏိုင္ငံ ေရးသမားတစ္ေယာက္က ေျပာဖူးပါတယ္။ ကမၻာေပၚမွာ ေတာ္လွန္ ေရးစိတ္ရွိတာ၊ ေတာ္လွန္ေရးလုပ္ ဖို႔ စိတ္ကူးတတ္တာဟာ တက္ သစ္စလူငယ္ေတြပဲမ်ားတယ္တဲ့။ အဲသည့္လူငယ္ေတြရဲ႕ ငယ္ရြယ္ စဥ္ တစ္ခဏေလးငါးႏွစ္ေလာက္ကို ဖ်က္ပစ္ႏုိင္ရင္ အာဏာရွင္တို႔ ရဲ႕ စီမံကိန္းေအာင္ျမင္ေလ့ရွိတယ္ တဲ့။ လူငယ္ကို ဖ်က္ဖို႔အတြက္က ႏွစ္မ်ဳိးပဲရွိတယ္တဲ့။ အဲဒါမူးယစ္ ေဆး၀ါး၊ အရက္ေသစာနဲ႔ လိင္ကိစၥ ပဲတဲ့။ အဲဒါကို လြတ္လြတ္လပ္ လပ္ျဖစ္ေအာင္ လုပ္ေပးထားတာ ဟာ အလြယ္ဆံုးဖ်က္နည္းပဲတဲ့။ အဲသည့္ ကိစၥေတြအတြက္ မခက္ ေစနဲ႔တဲ့။

ကြၽန္ေတာ္ အဲသည့္လို လုပ္ ငန္းလုပ္တဲ့ ၿခံက်ယ္ႀကီးေတြရဲ႕ အပါးမွာ ဘယ္သူ႕ကို မွန္းမသိ အခဲမေက်ျဖစ္ေနခဲ့မိဖူးပါတယ္။

(ႏွစ္)

ဟိုးတစ္ခါတုန္းဆီက စာ ဖတ္သူတို႔ မွတ္မိၾကဦးမလားမသိ ဘူး။

စီးပြားေရးလုပ္ငန္းတစ္ခုလို႔ ပဲ ဆိုပါေတာ့။ သူတို႔လုပ္ငန္းအ တြက္ အေရာင္းျမႇင့္တင္တဲ့ ပ႐ိုမိုး ရွင္း (Promotion) ေၾကာ္ျငာႀကီး တစ္ခု သတင္းစာထဲမွာပါလာတဲ့ အခါ စာဖတ္သူေတြ ကြၽက္ကြၽက္ ညံသြားခဲ့တာေလ။

သူတို႔ေၾကာ္ျငာထားပံုက သူ တို႔ ကုန္ပစၥည္းကို ခ်စ္သူႏွစ္ ေယာက္က အားေပးၾကလို႔ ကံစမ္း မဲေပါက္သြားတဲ့အခါ ႏွစ္ေယာက္ သား တစ္ညတာသြားၿပီး အနားယူၾကဖို႔အတြက္ ေခ်ာင္းသာကမ္းေျခ မွာ အခန္းတစ္ခန္းစီစဥ္ေပးမယ္ ဆိုလား၊ အသြားအျပန္စရိတ္စက အၿပီး တာ၀န္ယူထားမွာျဖစ္ၿပီး အဲသည့္လို ခ်စ္သူစံုတြဲက ဆယ္တြဲ ေလာက္ေခၚသြားမွာဆိုလား။ ဇနီး ေမာင္ႏွံေတြကို လက္မခံဘဲ ခ်စ္သူအေနအထားသာရွိေသးတဲ့ သူ ေတြကို ကံစမ္းမဲေဖာက္ေပးတာ သာ ျဖစ္ေၾကာင္း ေၾကာ္ျငာခဲ့တာ ကို တခ်ဳိ႕စာဖတ္သူေတြ မွတ္မိေနၾကလိမ့္မယ္လို႔ ထင္ပါတယ္။

အဲသည့္ကံစမ္းမဲအစီအစဥ္ ေအာင္ျမင္သြားသလား၊ ပ်က္ျပား သြားသလား ကြၽန္ေတာ္မသိပါဘူး။ဒါေပမဲ့ မီဒီယာေပါင္းစံုကေန ၀ိုင္း၀န္း႐ႈတ္ခ်ဆဲဆိုကာ ပက္ပက္စက္စက္ ပ်စ္ပ်စ္ႏွစ္ႏွစ္၀ိုင္းေျပာၾက တာကိုေတာ့ ကြၽန္ေတာ္မွတ္မိေန ပါတယ္။

(သံုး)

လူဟာ ကိုယ္ရွင္သန္ဖို႔ ႀကိဳး စားတဲ့အခါ ဘာကုိမွ ထည့္မတြက္ ဘဲ လုပ္ခ်င္ရာလုပ္တာကို သည္ ေန႔ကမၻာႀကီးက ခြင့္မျပဳေတာ့ပါ ဘူး။

People တဲ့။

Planet တဲ့။

Profit တဲ့။

အျမတ္အစြန္းက ေနာက္ဆံုး မွာပါ။ လူကိုထည့္တြက္ရပါ တယ္။ ကမၻာကို ထည့္တြက္ရပါ တယ္။

ျမတ္ေတာ့ျမတ္ပါရဲ႕။ လူ ေတြပ်က္သြားတယ္။ ကမၻာပ်က္ သြားတယ္။ ဒါကို သည္ေန႔လူသားေတြက မႏွစ္ၿမိဳ႕ပါဘူး။ ဒါေၾကာင့္ လည္း အသက္ဘယ္ေလာက္ဆို စီးကရက္မေရာင္းဘူးဆိုတာမ်ဳိး၊ အရက္မေရာင္းဘူးဆိုတာမ်ဳိး၊ အခန္းထဲကို ၀င္ခြင့္မရွိဘူးဆိုတာ မ်ဳိးေတြ ကန္႔သတ္ထားခဲ့ၾကေလ တာေပါ့။

(ေလး)

ဆိတ္ကြယ္ရာမွာ အသိဉာဏ္ႏုံ႔နဲ႔သူတို႔ ေမွာက္မွားလြယ္တတ္ ၾကပါတယ္။ အဲသည့္ ဆိတ္ကြယ္ ရာကို ေရာင္းကုန္တစ္ခုအျဖစ္ ဖန္တီးၿပီး ပိုက္ဆံရွာတာဟာ လူငယ္ ေတြကို ဖ်က္ဆီးတဲ့ စီးပြားေရးပါ။

လူငယ္တို႔ရဲ႕ အနာဂတ္ကို စိတ္၀င္စားသူတိုင္း ဆန္႔က်င္ရ မယ္ဆိုတာပါပဲ။။

http://www.7daydaily.com/story/70772

..................................

ဆိတ်ကွယ်ရာလုပ်ငန်းရှင်ကြီးများ

Byမောင်သာချို

(တစ်)

အခုရက်ထဲမှာ ကျွန်တော့်ကို ညစ်ညူးစေတဲ့ သတင်းတစ်ပုဒ်က အလုံပိတ်တဲတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရပ်ကွက်၊ မြို့ရွာက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖျက်သိမ်းပစ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ သတင်းက နယ်မြို့ ကြီးတစ်မြို့က သတင်းပေါ့။ တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခြံ ကျယ်ကြီးတစ်ခုထဲမှာ အလုံပိတ် တဲကလေးတွေ တဲကလေးတွေ အစီအရီဆောက်ပြီး ငှားစားတာ ကို ၀င်ဖျက်တဲ့ သတင်းပါ။ ဓာတ်ပုံတွေ ဘာတွေလည်းပါတဲ့ သတင်း မို့ စိတ်မချမ်းမြေ့စရာသတင်းတစ် ပုဒ်ပဲပေါ့။

ဒါမျိုးတွေကို သတင်းစာ မျက်နှာပေါ်တွေမှာတင်မကဘဲနဲ့ ကိုယ်တိုင်ကိုယ်ကျလည်း မကြာ ခဏဆိုသလို တွေ့ခဲ့ဖူးပါတယ်။ အထူးသဖြင့်ကတော့ တက္ကသိုလ် တို့၊ ကောလိပ်တို့၊ သင်တန်း ကျောင်းတို့စ,တဲ့ ဆယ်ကျော် သက်လူငယ်တွေ စုပြုံတိုးဝှေ့နေ လေ့ရှိကြရာ ပတ်ဝန်းကျင်မှာ တွေ့ရလေ့ရှိတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တက္ကသိုလ်၊ ကောလိပ်တွေကို မြို့ ရွာဒေသများရဲ့ ဟိုးအဝေးဆုံးအ စွန်အဖျားအရပ်ဒေသများဆီကို ပို့ပစ်ခဲ့တာကို အားလုံးအသိပါ။ အ သွားခက်၊ အစားခက်၊ အနားခက်ကြရှာတဲ့ ငှက်ကလေးတွေပမာ လူငယ်လေးတွေဟာ အဲသည့်လူ့ အဖွဲ့အစည်းထောင်ချောက်ကြီး က ပါးစပ်ကို ဖြဲထားပေးတဲ့အခါ အစားခံဖို့ရာအတွက် ခုနက လုပ် ငန်းကိုင်ငန်းတွေထဲကို ၀င်သွား ကြတော့တာပါ။

အဲသည့်လို ခြံကျယ်ကြီးတွေ ထဲမှာ လက်ဖက်ရည်၊ ကော်ဖီလို၊ အအေးလို၊ အစားအသောက်လို ဟာမျိုးတွေ ရောင်းတယ်ဆိုပေ မယ့် အဲဒါက အဖြစ်ပါ။ ဟန်ပြပါ။ စိတ်ချရတဲ့ ဖောက်သည်လူငယ် တွေအတွက် ဘီယာရနိုင်ပါတယ်။ အရက်ရနိုင်ပါတယ်။ မူးယစ်ဆေး ၀ါးလို အရာမျိုးရနိုင်ပါတယ်။ ပြီး တော့ ဘယ်သူမှ မမြင်ရအောင် အလုံပိတ်ကာထားတဲ့ တဲကလေး တွေထဲမှာ စခန်းချနိုင်ပါတယ်။ အဆင်ပြေတဲ့အခါ ချစ်သူတွေ ဘာတွေနဲ့ပါ အဲသည့်အထဲမှာ အနား ယူနိုင်ပြီပေါ့။

တက္ကသိုလ်၊ကောလိပ်ပတ် ၀န်းကျင်က ခြံကျယ်ကြီးတချို့ဟာအဲသည့်လို ဆိတ်ကွယ်ရာကို ရောင်းစားတဲ့နည်းနဲ့ စီးပွားရှာကြ ပါတယ်။ (၁၆) နှစ်စွန်းစွန်းသာရှိကြသေးတဲ့ မိသားစုအသိုက် အမြံုကနေ ထွက်လာခါစ လူငယ်ကလေးတွေ၊ ဘာမှမရင့်ကျက်သေးတဲ့ လူငယ်ကလေးတွေဟာ အဲသည့်လိုလွတ်လပ်မှုကို အဟုတ်ကြီးထင်ပြီး ၀င်သွားမိကြရာက ဘဝတွေ ပျက်ကုန်ခဲ့ကြရတာပါ။

ကျွန်တော့် မိတ်ဆွေနိုင်ငံ ရေးသမားတစ်ယောက်က ပြောဖူးပါတယ်။ ကမ္ဘာပေါ်မှာ တော်လှန် ရေးစိတ်ရှိတာ၊ တော်လှန်ရေးလုပ် ဖို့ စိတ်ကူးတတ်တာဟာ တက် သစ်စလူငယ်တွေပဲများတယ်တဲ့။ အဲသည့်လူငယ်တွေရဲ့ ငယ်ရွယ် စဉ် တစ်ခဏလေးငါးနှစ်လောက်ကို ဖျက်ပစ်နိုင်ရင် အာဏာရှင်တို့ ရဲ့ စီမံကိန်းအောင်မြင်လေ့ရှိတယ် တဲ့။ လူငယ်ကို ဖျက်ဖို့အတွက်က နှစ်မျိုးပဲရှိတယ်တဲ့။ အဲဒါမူးယစ် ဆေးဝါး၊ အရက်သေစာနဲ့ လိင်ကိစ္စ ပဲတဲ့။ အဲဒါကို လွတ်လွတ်လပ် လပ်ဖြစ်အောင် လုပ်ပေးထားတာ ဟာ အလွယ်ဆုံးဖျက်နည်းပဲတဲ့။ အဲသည့် ကိစ္စတွေအတွက် မခက် စေနဲ့တဲ့။

ကျွန်တော် အဲသည့်လို လုပ် ငန်းလုပ်တဲ့ ခြံကျယ်ကြီးတွေရဲ့ အပါးမှာ ဘယ်သူ့ကို မှန်းမသိ အခဲမကျေဖြစ်နေခဲ့မိဖူးပါတယ်။

(နှစ်)

ဟိုးတစ်ခါတုန်းဆီက စာ ဖတ်သူတို့ မှတ်မိကြဦးမလားမသိ ဘူး။

စီးပွားရေးလုပ်ငန်းတစ်ခုလို့ ပဲ ဆိုပါတော့။ သူတို့လုပ်ငန်းအ တွက် အရောင်းမြှင့်တင်တဲ့ ပရိုမိုး ရှင်း (Promotion) ကြော်ငြာကြီး တစ်ခု သတင်းစာထဲမှာပါလာတဲ့ အခါ စာဖတ်သူတွေ ကျွက်ကျွက် ညံသွားခဲ့တာလေ။

သူတို့ကြော်ငြာထားပုံက သူ တို့ ကုန်ပစ္စည်းကို ချစ်သူနှစ် ယောက်က အားပေးကြလို့ ကံစမ်း မဲပေါက်သွားတဲ့အခါ နှစ်ယောက် သား တစ်ညတာသွားပြီး အနားယူကြဖို့အတွက် ချောင်းသာကမ်းခြေ မှာ အခန်းတစ်ခန်းစီစဉ်ပေးမယ် ဆိုလား၊ အသွားအပြန်စရိတ်စက အပြီး တာဝန်ယူထားမှာဖြစ်ပြီး အဲသည့်လို ချစ်သူစုံတွဲက ဆယ်တွဲ လောက်ခေါ်သွားမှာဆိုလား။ ဇနီး မောင်နှံတွေကို လက်မခံဘဲ ချစ်သူအနေအထားသာရှိသေးတဲ့ သူ တွေကို ကံစမ်းမဲဖောက်ပေးတာ သာ ဖြစ်ကြောင်း ကြော်ငြာခဲ့တာ ကို တချို့စာဖတ်သူတွေ မှတ်မိနေကြလိမ့်မယ်လို့ ထင်ပါတယ်။

အဲသည့်ကံစမ်းမဲအစီအစဉ် အောင်မြင်သွားသလား၊ ပျက်ပြား သွားသလား ကျွန်တော်မသိပါဘူး။ဒါပေမဲ့ မီဒီယာပေါင်းစုံကနေ ၀ိုင်းဝန်းရှုတ်ချဆဲဆိုကာ ပက်ပက်စက်စက် ပျစ်ပျစ်နှစ်နှစ်ဝိုင်းပြောကြ တာကိုတော့ ကျွန်တော်မှတ်မိနေ ပါတယ်။

(သုံး)

လူဟာ ကိုယ်ရှင်သန်ဖို့ ကြိုး စားတဲ့အခါ ဘာကိုမှ ထည့်မတွက် ဘဲ လုပ်ချင်ရာလုပ်တာကို သည် နေ့ကမ္ဘာကြီးက ခွင့်မပြုတော့ပါ ဘူး။

People တဲ့။

Planet တဲ့။

Profit တဲ့။

အမြတ်အစွန်းက နောက်ဆုံး မှာပါ။ လူကိုထည့်တွက်ရပါ တယ်။ ကမ္ဘာကို ထည့်တွက်ရပါ တယ်။

မြတ်တော့မြတ်ပါရဲ့။ လူ တွေပျက်သွားတယ်။ ကမ္ဘာပျက် သွားတယ်။ ဒါကို သည်နေ့လူသားတွေက မနှစ်မြို့ပါဘူး။ ဒါကြောင့် လည်း အသက်ဘယ်လောက်ဆို စီးကရက်မရောင်းဘူးဆိုတာမျိုး၊ အရက်မရောင်းဘူးဆိုတာမျိုး၊ အခန်းထဲကို ၀င်ခွင့်မရှိဘူးဆိုတာ မျိုးတွေ ကန့်သတ်ထားခဲ့ကြလေ တာပေါ့။

(လေး)

ဆိတ်ကွယ်ရာမှာ အသိဉာဏ်နုံ့နဲ့သူတို့ မှောက်မှားလွယ်တတ် ကြပါတယ်။ အဲသည့် ဆိတ်ကွယ် ရာကို ရောင်းကုန်တစ်ခုအဖြစ် ဖန်တီးပြီး ပိုက်ဆံရှာတာဟာ လူငယ် တွေကို ဖျက်ဆီးတဲ့ စီးပွားရေးပါ။

လူငယ်တို့ရဲ့ အနာဂတ်ကို စိတ်ဝင်စားသူတိုင်း ဆန့်ကျင်ရ မယ်ဆိုတာပါပဲ။။

http://www.7daydaily.com/story/70772


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)