


ကမာရွတ်
Thura Aung
..........
၀ီရသူ သဘောထားထုတ်ပြန်ချက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို အမျိုးသမီးအာဏာရှင်အစိုးရလို့ ခေါ်ဝေါ်ပြီး သူ့ကို ထောင်ချမယ့်အစိုးရဖြစ်ပေမယ့်လည်း မေတ္တာမပျက်တဲ့အကြောင်း၊ သူ့အနေနဲ့ကတော့ အမျိုးသားရေးဝါဒီပီပီ မဘသရဲ့ နောက်ဆုံးခံတပ်ရဲ့ ရှေ့တန်းတပ်မှူးကဲ့သလို့ နောက်ဆုံးထွက်သက်ထိ ဥပေးဘောင်အတွင်းကနေ ခုခံကာကွယ်သွားမယ်လို့ ဦးဝီရသူက ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးရဲ့ ကြေညာချက်မှာ မဘသဟာ သံဃာ့အဖွဲ့အစည်းဖြစ်တယ်လို့ ပြောဆိုတဲ့ကိစ္စ မမှန်ကန်ဘူးလို့ ဖော်ပြတဲ့အပေါ် မန္တလေးမြို့ မစိုးရိပ်တိုက်သစ်က ဦးဝီရသူက ဒါဟာ NLD အစိုးရရဲ့သဘောထားကို မဟနဆရာတော်ကြီးတွေက ဖော်ဆောင်ပေးရတာဖြစ်တယ်လို့လည်း စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ဦးဆောင်တဲ့ အရပ်သားအစိုးရဟာ သူ့အပေါ် နံပတ်တစ် ရန်သူတော်အဖြစ် သဘောထားနေပြီး မဘသအဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ဖြိုခွင်းဖျက်ဆီးဖို့ လုပ်ဆောင်နေတယ်လို့ ဦးဝီရသူရဲ့ ကြေညာချက်မှာ ဆိုပါတယ်။
ကမာရွတ်
Thura Aung
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)