ျမန္မာရဲ့ ကိုးကြယ္ရာဘာသာ စာရင္းကို ေၾကညာၿပီ



၂၀၁၄ ​ခုႏွစ္ ​ျမန္မာႏိုင္ငံ ​သန္းေခါင္စာရင္းအရ ​ျမန္မာႏိုင္ငံရဲ့ ​ကိုးကြယ္ရာ ​ဘာသာဆိုင္ရာ ​အခ်က္အလက္ေတြကို ​ဒီကေန႔မွာ ​ေၾကညာလိုက္ၿပီ ​ျဖစ္ပါတယ္။

ဒီကေန႔ ​ေနျပည္ေတာ္မွာ ​ျပဳလုပ္တဲ့ ​အခမ္းအနားအတြင္း ​လူဝင္မႈ ​ႀကီးၾကပ္ေရးနဲ႔ ​ျပည္သူ႔အင္အား ​ဝန္ႀကီး ​ဦးသိန္းေဆြက ​ျမန္မာႏိုင္ငံမွာ ​ဗုဒၶဘာသာ ​ကိုးကြယ္သူ ​၈၉.၈% ​ရွိတယ္လို႔ ​သန္းေခါင္စာရင္းအရ ​ေဖာ္ျပထားတယ္လို႔ ​ဆိုပါတယ္။

အဲဒီေနာက္ ​ခရစ္ယာန္ဘာသာ ​ကိုးကြယ္သူ ​၆.၃%၊ ​အစၥလာမ္ဘာသာကို ​ကိုးကြယ္သူ ​၂.၃%၊ ​ဟိႏၷဴဘာသာကို ​ကုိးကြယ္သူ ​၀.၅%၊ ​နတ္ကိုးကြယ္သူ ​၀.၈ ​%၊ ​အျခားဘာသာ ​ကိုးကြယ္သူ ​၀.၂% ​နဲ႔ ​ဘာသာမဲ့သူ ​၀.၁% ​ရွိတယ္လို႔ ​ေျပာသြားခဲ့ပါတယ္။


ဒါေပမဲ့ ​သန္းေခါင္စာရင္းကို ​ရခိုင္ျပည္နယ္ ​တခ်ဳိ႕ေနရာအျပင္ ​ရွမ္းျပည္နယ္နဲ႔ ​ကခ်င္ျပည္နယ္မွာ ​မေကာက္ခံႏိုင္တဲ့အတြက္ ​လူဦးေရ ​အတိအက်မသိႏိုင္သလို ​ကုိးကြယ္တဲ့ ​ဘာသာ ​စာရင္းကိုလည္း ​အတိအက် ​မသိရေသးပါဘူး။

ကိုးကြယ္တဲ့ ​ဘာသာ ​စာရင္းကို ​ခရိုင္အဆင့္၊ ​ၿမိဳ႕နယ္အဆင့္ ​တင္ျပထားတာ ​မရွိတဲ့အေၾကာင္းရင္းကေတာ့ ​တခ်ဳိ႕ေဒသေတြမွာ ​လူဦးေရ ​နည္းပါးတဲ့အတြက္ ​ၿမိဳ႕နယ္အဆင့္အေနနဲ႔ ​ထုတ္ျပန္ရင္ ​ကိုယ္ေရးအခ်က္အလက္ ​လုံၿခဳံစိတ္ခ်ရမႈကို ​က်ဳိးေပါက္ေစႏိုင္တဲ့အတြက္ ​ခရိုင္အဆင့္၊ ​ၿမိဳ႕နယ္အဆင့္ ​အေနနဲ႔ ​စာရင္းကို ​မထုတ္ျပန္ဘူးလို႔လည္း ​ဝန္ႀကီး ​ဦးသိန္းေဆြက ​ေျပာသြားခဲ့ပါတယ္။

၂၀၁၄ ​ခုႏွစ္ ​သန္းေခါင္စာရင္းအရ ​ျမန္မာႏိုင္ငံမွာ ​လူဦးေရ ​၅၁ ​သန္းေက်ာ္ ​ရွိတယ္လို႔ ​ေဖာ္ျပထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.........



၂၀၁၄ ​ခုနှစ် ​မြန်မာနိုင်ငံ ​သန်းခေါင်စာရင်းအရ ​မြန်မာနိုင်ငံရဲ့ ​ကိုးကွယ်ရာ ​ဘာသာဆိုင်ရာ ​အချက်အလက်တွေကို ​ဒီကနေ့မှာ ​ကြေညာလိုက်ပြီ ​ဖြစ်ပါတယ်။

ဒီကနေ့ ​နေပြည်တော်မှာ ​ပြုလုပ်တဲ့ ​အခမ်းအနားအတွင်း ​လူဝင်မှု ​ကြီးကြပ်ရေးနဲ့ ​ပြည်သူ့အင်အား ​ဝန်ကြီး ​ဦးသိန်းဆွေက ​မြန်မာနိုင်ငံမှာ ​ဗုဒ္ဓဘာသာ ​ကိုးကွယ်သူ ​၈၉.၈% ​ရှိတယ်လို့ ​သန်းခေါင်စာရင်းအရ ​ဖော်ပြထားတယ်လို့ ​ဆိုပါတယ်။

အဲဒီနောက် ​ခရစ်ယာန်ဘာသာ ​ကိုးကွယ်သူ ​၆.၃%၊ ​အစ္စလာမ်ဘာသာကို ​ကိုးကွယ်သူ ​၂.၃%၊ ​ဟိန္နူဘာသာကို ​ကိုးကွယ်သူ ​၀.၅%၊ ​နတ်ကိုးကွယ်သူ ​၀.၈ ​%၊ ​အခြားဘာသာ ​ကိုးကွယ်သူ ​၀.၂% ​နဲ့ ​ဘာသာမဲ့သူ ​၀.၁% ​ရှိတယ်လို့ ​ပြောသွားခဲ့ပါတယ်။


ဒါပေမဲ့ ​သန်းခေါင်စာရင်းကို ​ရခိုင်ပြည်နယ် ​တချို့နေရာအပြင် ​ရှမ်းပြည်နယ်နဲ့ ​ကချင်ပြည်နယ်မှာ ​မကောက်ခံနိုင်တဲ့အတွက် ​လူဦးရေ ​အတိအကျမသိနိုင်သလို ​ကိုးကွယ်တဲ့ ​ဘာသာ ​စာရင်းကိုလည်း ​အတိအကျ ​မသိရသေးပါဘူး။

ကိုးကွယ်တဲ့ ​ဘာသာ ​စာရင်းကို ​ခရိုင်အဆင့်၊ ​မြို့နယ်အဆင့် ​တင်ပြထားတာ ​မရှိတဲ့အကြောင်းရင်းကတော့ ​တချို့ဒေသတွေမှာ ​လူဦးရေ ​နည်းပါးတဲ့အတွက် ​မြို့နယ်အဆင့်အနေနဲ့ ​ထုတ်ပြန်ရင် ​ကိုယ်ရေးအချက်အလက် ​လုံခြုံစိတ်ချရမှုကို ​ကျိုးပေါက်စေနိုင်တဲ့အတွက် ​ခရိုင်အဆင့်၊ ​မြို့နယ်အဆင့် ​အနေနဲ့ ​စာရင်းကို ​မထုတ်ပြန်ဘူးလို့လည်း ​ဝန်ကြီး ​ဦးသိန်းဆွေက ​ပြောသွားခဲ့ပါတယ်။

၂၀၁၄ ​ခုနှစ် ​သန်းခေါင်စာရင်းအရ ​မြန်မာနိုင်ငံမှာ ​လူဦးရေ ​၅၁ ​သန်းကျော် ​ရှိတယ်လို့ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)