တရား႐ုံးမွအထြက္ တရားစြဲခံရသူ အမ်ဳိးသားက တရားလိုဇနီးသည္အား ဓါးျဖင့္ထိုးသတ္



ဒလျမိဳ႕တြင္ တရားစြဲခံထားရသည့္အမ်ဳိးသားက ၎ကို တရားစြဲထားသည့္ဇနီးသည္အား တရားရင္ဆိုင္အျပီး ဓါးျဖင့္ထိုးသတ္သျဖင့္ ေနရာတြင္ပင္ေသဆံုးမႈ ယေန႔(ဇူလိုင္ ၅) မြန္းလြဲပိုင္း ၃ နာရီခန္႔က ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ဇူလိုင္ ၅ ရက္ မြန္းလြဲပိုင္းက ဒလျမိဳ႕နယ္တရား႐ုံး၌ ေဒၚေအးသႏၱာ (အသက္ ၄၂)က ခင္ပြန္းျဖစ္သူ ဦးတင္ေမာင္၀င္း (ခ) ထြန္းေရႊ (ခ) ပိုက္တင္ (အသက္ ၄၆) အား လင္မယားခ်င္း ႏွိပ္စက္သျဖင့္ တရားစြဲဆိုထားသည့္အမႈ ႐ုံးခ်ိန္းအျပီး တရား႐ုံးတဘက္လမ္းရွိ လက္ဖက္ရည္ဆုိင္တြင္ တရားခံ ဦးတင္ေမာင္၀င္း (ခ) ထြန္းေရႊ (ခ) ပိုက္တင္ က ဇနီး ေဒၚေအးသႏၱာအား ဓါးျဖင့္ လည္းပင္းကို ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ျပီး“အမ်ဳိးသားနဲ႔အမ်ဳိးသမီးက တရားရင္ဆိုင္ေနရတာ။ ျဖစ္စဥ္က အမ်ဳိးသမီးကို အမ်ဳိးသားကႏွိပ္စက္လို႔ တိုင္ထားတာကို တရားရင္ဆိုင္ေနရတယ္။ ဒီေန႔ ႐ုံးခ်ိန္းအျပီး တရား႐ုံအျပင္ဘက္လမ္းအေက်ာ္ လက္ဖက္ရည္ဆိုင္မွ အမ်ဳိးသမီးက ထိုင္ေနတုန္း အမ်ဳိးသားက ဓါးနဲ႔ထိုးလိုက္တာ။ သူတို႔က တရားရင္မဆိုင္ခင္ကတည္းက လင္မယားမေပါင္းဘူးလို႔လည္း သိရတယ္။ ဓါးနဲ႔ ထိုးသူကိုလည္း ဖမ္းမိထားပါျပီ။ ဓါးကိုလည္း သိမ္းထားျပီး လူသတ္မႈနဲ႔ အမႈဖြင့္ထားပါတယ္”ဟု ဒလျမိဳ႕မရဲစခန္းမွ ရဲမွဴး ရဲျမင့္က ေျပာသည္။

လူသတ္မႈႏွင့္ပတ္သက္၍ ဒလျမိဳ႕နယ္ရဲစခန္း၌ ျပစ္မႈပုဒ္မ (ပ)၃၀၇/၁၆ ရာဇသတ္ၾကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
......



ဒလမြို့တွင် တရားစွဲခံထားရသည့်အမျိုးသားက ၎င်းကို တရားစွဲထားသည့်ဇနီးသည်အား တရားရင်ဆိုင်အပြီး ဓါးဖြင့်ထိုးသတ်သဖြင့် နေရာတွင်ပင်သေဆုံးမှု ယနေ့(ဇူလိုင် ၅) မွန်းလွဲပိုင်း ၃ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက ဒလမြို့နယ်တရားရုံး၌ ဒေါ်အေးသန္တာ (အသက် ၄၂)က ခင်ပွန်းဖြစ်သူ ဦးတင်မောင်ဝင်း (ခ) ထွန်းရွှေ (ခ) ပိုက်တင် (အသက် ၄၆) အား လင်မယားချင်း နှိပ်စက်သဖြင့် တရားစွဲဆိုထားသည့်အမှု ရုံးချိန်းအပြီး တရားရုံးတဘက်လမ်းရှိ လက်ဖက်ရည်ဆိုင်တွင် တရားခံ ဦးတင်မောင်ဝင်း (ခ) ထွန်းရွှေ (ခ) ပိုက်တင် က ဇနီး ဒေါ်အေးသန္တာအား ဓါးဖြင့် လည်းပင်းကို ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး“အမျိုးသားနဲ့အမျိုးသမီးက တရားရင်ဆိုင်နေရတာ။ ဖြစ်စဉ်က အမျိုးသမီးကို အမျိုးသားကနှိပ်စက်လို့ တိုင်ထားတာကို တရားရင်ဆိုင်နေရတယ်။ ဒီနေ့ ရုံးချိန်းအပြီး တရားရုံအပြင်ဘက်လမ်းအကျော် လက်ဖက်ရည်ဆိုင်မှ အမျိုးသမီးက ထိုင်နေတုန်း အမျိုးသားက ဓါးနဲ့ထိုးလိုက်တာ။ သူတို့က တရားရင်မဆိုင်ခင်ကတည်းက လင်မယားမပေါင်းဘူးလို့လည်း သိရတယ်။ ဓါးနဲ့ ထိုးသူကိုလည်း ဖမ်းမိထားပါပြီ။ ဓါးကိုလည်း သိမ်းထားပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်”ဟု ဒလမြို့မရဲစခန်းမှ ရဲမှူး ရဲမြင့်က ပြောသည်။

လူသတ်မှုနှင့်ပတ်သက်၍ ဒလမြို့နယ်ရဲစခန်း၌ ပြစ်မှုပုဒ်မ (ပ)၃၀၇/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)