စစ္ေတြ- ရန္ကုန္ ကားလမ္းမေပၚရွိ ပ်က္စီးသြားေသာ တံတားမ်ားျပဳျပင္မႈ ၿပီးစီး



 ဇူလိုင္ ၁၁

ရန္ကုန္-စစ္ေတြကားလမ္းမေပၚ႐ွိ ပ်က္စီးသြားေသာ တံတားမ်ား အစားထိုးျပဳျပင္မႈ ၿပီးစီး၍ ဇူလုိင္လ ၁၁ ရက္ေန႔မွစတင္ကာ ခရီးသည္တင္ ကားမ်ား သြားလာႏုိင္ၿပီျဖစ္ေၾကာင္း ရခုိင္ျပည္နယ္အစုိးရအဖဲြ႔ရုံးမွ သိရွိရသည္။

ရခုိင္ျပည္အတြင္း ဇူလုိင္လ ၄ ရက္ေန႔မွ ၆ ရက္ေန႔အထိ မုိးသည္းထန္ စြာရြာသြန္းခဲ့မႈေၾကာင္း ရန္ကုန္-စစ္ေတြ အေဝးေျပးလမ္းတြင္႐ွိေသာ တံတား(၃)စင္းပ်က္စီးခဲ့ရာ အဆုိပါတံတားမ်ားအား ေဘလီသံေပါင္ျဖင့္ အစားထုိးျပင္ဆင္မႈၿပီးစီးၿပီျဖစ္၍ ယေန႔တြင္ ခရီးသည္တင္ကားမ်ားအား သြားလာခြင့္ျပဳထားၿပီျဖစ္ေၾကာင္း ရခုိင္ျပည္နယ္အစုိးရအဖဲြ႔ဝင္ လွ်ပ္စစ္၊ စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ေက်ာ္ဇံကေျပာသည္။

ဦးေအာင္ေက်ာ္ဇံက “ပ်က္စီးသြားတဲ့ တံတား (၃)စင္းမွာ ႏွစ္စင္း ကေတာ့အေရးေပၚ ေဘလီသံေပါင္တံတား အျဖစ္ ျပဳလုပ္ထား ပါတယ္၊ ဒီေန႔ မနက္ပုိင္း ၉ နာရီမွာေတာ့ ခရီးသည္တင္ကားေတြကို သြားခြင့္ေပးၿပီး ၁၁ နာရီ မွာေတာ့ ကုန္တင္ကားေတြ ပါ သြားခြင့္ေပးလုိက္ပါျပီ၊ ဒီေဘလီ သံေဘာင္ တံတားေတြကို ေရရွည္ခံႏုိင္ေအာင္ အခိုင္အမာျပဳျပင္ မွာျဖစ္ပါတယ္။ ပြင့္လင္း ရာသီ ေရာက္မွ သံကူကြန္က ရစ္တံတားမ်ား အျဖစ္ ျပင္ဆင္သြားမွာပါ ’’ဟု ေျပာသည္။

မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈေၾကာင့္ ပ်က္စီးသြားသည့္တံ တားမ်ား မွာ ေျမာက္ဦး-မင္းျပား-အမ္းလမ္းရွိ တံတား အမွတ္ ၁/၁၀၃ ၊ ၁/၁၀၄ ႏွင့္ ၁/၁၀၆ တုိ႔ျဖစ္ၿပီး ၁/၁၀၃ တံတားႏွင့္ ၁/၁၀၄ တံတားႏွစ္စင္းအား ေဘလီ သံေပါင္ျဖင္းအစားထုိး ျပင္ဆင္ထားရျခင္းျဖစ္ျပီး တံတားအမွတ္ ၁/၁၀၆ အား သစ္မာတုိင္မ်ားျဖင့္ေထာက္ၿပီး ေက်ာက္ေျမအိတ္ေတြမ်ားဖို႔ကာ ျပဳျပင္ထားရေၾကာင္း ေျပာသည္။

BY ဟန္ႏိုင္လင္း
Rakhine Gazette
https://www.facebook.com/RakhineGazette
.......



 ဇူလိုင် ၁၁

ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ ပျက်စီးသွားသော တံတားများ အစားထိုးပြုပြင်မှု ပြီးစီး၍ ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ကာ ခရီးသည်တင် ကားများ သွားလာနိုင်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။

ရခိုင်ပြည်အတွင်း ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မိုးသည်းထန် စွာရွာသွန်းခဲ့မှုကြောင်း ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းတွင်ရှိသော တံတား(၃)စင်းပျက်စီးခဲ့ရာ အဆိုပါတံတားများအား ဘေလီသံပေါင်ဖြင့် အစားထိုးပြင်ဆင်မှုပြီးစီးပြီဖြစ်၍ ယနေ့တွင် ခရီးသည်တင်ကားများအား သွားလာခွင့်ပြုထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကပြောသည်။

ဦးအောင်ကျော်ဇံက “ပျက်စီးသွားတဲ့ တံတား (၃)စင်းမှာ နှစ်စင်း ကတော့အရေးပေါ် ဘေလီသံပေါင်တံတား အဖြစ် ပြုလုပ်ထား ပါတယ်၊ ဒီနေ့ မနက်ပိုင်း ၉ နာရီမှာတော့ ခရီးသည်တင်ကားတွေကို သွားခွင့်ပေးပြီး ၁၁ နာရီ မှာတော့ ကုန်တင်ကားတွေ ပါ သွားခွင့်ပေးလိုက်ပါပြီ၊ ဒီဘေလီ သံဘောင် တံတားတွေကို ရေရှည်ခံနိုင်အောင် အခိုင်အမာပြုပြင် မှာဖြစ်ပါတယ်။ ပွင့်လင်း ရာသီ ရောက်မှ သံကူကွန်က ရစ်တံတားများ အဖြစ် ပြင်ဆင်သွားမှာပါ ’’ဟု ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပျက်စီးသွားသည့်တံ တားများ မှာ မြောက်ဦး-မင်းပြား-အမ်းလမ်းရှိ တံတား အမှတ် ၁/၁၀၃ ၊ ၁/၁၀၄ နှင့် ၁/၁၀၆ တို့ဖြစ်ပြီး ၁/၁၀၃ တံတားနှင့် ၁/၁၀၄ တံတားနှစ်စင်းအား ဘေလီ သံပေါင်ဖြင်းအစားထိုး ပြင်ဆင်ထားရခြင်းဖြစ်ပြီး တံတားအမှတ် ၁/၁၀၆ အား သစ်မာတိုင်များဖြင့်ထောက်ပြီး ကျောက်မြေအိတ်တွေများဖို့ကာ ပြုပြင်ထားရကြောင်း ပြောသည်။

BY ဟန်နိုင်လင်း
Rakhine Gazette
https://www.facebook.com/RakhineGazette
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)