မွိန္းျဖင့္ထုိးေသာသမီးအား ဖခင္က ဓားျဖင့္ ခုတ္သတ္


ဖခင္ အရက္ေသာက္သည့္ကိစၥျဖင့္ စကားမ်ားရန္ ျဖစ္ကာ သမီးမွ မွိန္းျဖင့္ ထုိးေသာေၾကာင့္ ဖခင္မွ ဓားျဖင့္ ျပန္ခုတ္သတ္လုိက္သည့္ လူသတ္မႈတစ္ခု စစ္ကိုင္း တိုင္းေဒသႀကီး၊ ယင္းမာပင္ၿမိဳ႕နယ္၊ မင္းကံတုိက္ေက်း ရြာတြင္ ဇြန္ ၁ရက္၊ နံနက္ ၃ နာရီက ျဖစ္ပြားခဲ့ေၾကာင္း ခရုိင္ရဲတပ္ဖြဲ႕မွဴ းရုံးမွ သိရသည္။
ဓားျဖင့္ခုတ္သတ္ခံရသူ အသက္၁၇ ႏွစ္ အရြယ္ သမီးျဖစ္သူသည္ အစ္မႏွင့္အတူအိပ္ေနစဥ္ ဖခင္မွ မူးဆူေနသျဖင့္ အိပ္မရေသာေၾကာင့္ စကားမ်ား ရန္ျဖစ္ ခဲ့သည္။
ထုိသုိ႔ရန္ျဖစ္စဥ္ သမီးမွ မွိန္းျဖင့္ ထုိးလုိက္ရာ ဖခင္ ၀မး္ဗုိက္ကို ထုိးမိၿပီး ဖခင္မွ စိတ္တုိ၍ ဓားမျဖင့္ လည္ပင္းအား ခုတ္လုိက္ရာ ပြဲခ်င္းၿပီး ေသဆုံုးသြား ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ စစ္ေဆးခ်က္အရ သိရသည္။
" အေလာင္းကုိ ေဆးရုံမွာ ရင္ခြဲစစ္ေဆးေနပါတယ္။ ဖခင္ကုိေတာ့ ဒဏ္ရာကုၿပီး စစ္ခ်က္ ယူေနပါတယ္" ဟု ယင္းမာပင္ခရုိင္ရဲတပ္ဖြဲ႕မွဴးဒုရဲမွဴးႀကီး ေမာင္ေမာင္ ၀င္းက ေျပာသည္။
၄င္းျဖစ္စဥ္တြင္ ဖခင္ျဖစ္သူအား ယင္းမာပင္ၿမိဳ႕မရဲစ ခန္းမွ (ပ) ၉၆/၂၀၁၆ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ အရ အမွဴဖြင့္အေရးယူထားေၾကာင္း ယင္းမာပင္ခရိုင္ရဲတပ္ ဖြဲ႕မွဴးရံုးမွ သိရသည္။
ဟိန္းလင္းသန္႔
CentralNewsMyanmar
............
မှိန်းဖြင့်ထိုးသောသမီးအား ဖခင်က ဓားဖြင့် ခုတ်သတ်
ဖခင် အရက်သောက်သည့်ကိစ္စဖြင့် စကားများရန် ဖြစ်ကာ သမီးမှ မှိန်းဖြင့် ထိုးသောကြောင့် ဖခင်မှ ဓားဖြင့် ပြန်ခုတ်သတ်လိုက်သည့် လူသတ်မှုတစ်ခု စစ်ကိုင်း တိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မင်းကံတိုက်ကျေး ရွာတွင် ဇွန် ၁ရက်၊ နံနက် ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူ းရုံးမှ သိရသည်။
ဓားဖြင့်ခုတ်သတ်ခံရသူ အသက်၁၇ နှစ် အရွယ် သမီးဖြစ်သူသည် အစ်မနှင့်အတူအိပ်နေစဉ် ဖခင်မှ မူးဆူနေသဖြင့် အိပ်မရသောကြောင့် စကားများ ရန်ဖြစ် ခဲ့သည်။
ထိုသို့ရန်ဖြစ်စဉ် သမီးမှ မှိန်းဖြင့် ထိုးလိုက်ရာ ဖခင် ၀မး်ဗိုက်ကို ထိုးမိပြီး ဖခင်မှ စိတ်တို၍ ဓားမဖြင့် လည်ပင်းအား ခုတ်လိုက်ရာ ပွဲချင်းပြီး သေဆုုံးသွား ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
" အလောင်းကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေပါတယ်။ ဖခင်ကိုတော့ ဒဏ်ရာကုပြီး စစ်ချက် ယူနေပါတယ်" ဟု ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မောင်မောင် ၀င်းက ပြောသည်။
၄င်းဖြစ်စဉ်တွင် ဖခင်ဖြစ်သူအား ယင်းမာပင်မြို့မရဲစ ခန်းမှ (ပ) ၉၆/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှူဖွင့်အရေးယူထားကြောင်း ယင်းမာပင်ခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။
ဟိန်းလင်းသန့်
CentralNewsMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)