ျမစ္ဆုံစီမံကိန္း ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေျဖရွင္းမည္


ရန္ကုန္၊ ဇူလိုင္ ၂၅
ျမစ္ဆုံစီမံကိန္းကို အဘက္ဘက္မွ ခ်င့္ခ်ိန္ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မႈႏွင့္ သင့္ေလ်ာ္ေသာ အေျဖရွာသြားမည္ ျဖစ္ေၾကာင္း NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းထိန္က ေျပာဆိုသည္။
အလားတူ ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ ရပ္ဆိုင္းရန္ ဇူလိုင္ ၂၄ ရက္ေန႔ထုတ္ ေၾကးမုံသတင္းစာ အာေဘာ္တြင္ ေရးသားေဖာ္ျပခဲ့ျခင္းမ်ား ျပဳခဲ့သည္။
သို႔ေသာ္ ျမစ္ဆုံစီမံကိန္း အပါအဝင္ အျခားစီမံကိန္းမ်ားကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေခါင္းေဆာင္မႈျဖင့္ ေျဖရွင္းသြားမည္ ျဖစ္ေၾကာင္း NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းထိန္က ဆိုသည္။
“အရင္အစိုးရ လုပ္သြားတဲ့ အရာေတြကို ကြၽန္ေတာ္တို႔က လုံးဝပစ္ပယ္တယ္ဆိုတဲ့ သေဘာလည္း မရွိဘူး။ အဘက္ဘက္က ခ်င့္ခ်ိန္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္မႈနဲ႔ သင့္ေလ်ာ္တဲ့ အေျဖရွာသြားမယ္” ဟု NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းထိန္က ေျပာၾကားသည္။
ကခ်င္ျပည္နယ္ ျမစ္ဆုံ၌ ေရကာတာ တည္ေဆာက္ၿပီး ေရအားလွ်ပ္စစ္ ထုတ္ယူမည့္ ျမစ္ဆုံစီမံကိန္းကို ပညာရွင္မ်ားႏွင့္ ျပည္သူမ်ား ဝိုင္းဝန္းကန္႔ကြက္ခဲ့ျခင္းေၾကာင့္ သမၼတ ဦးသိန္းစိန္က အစိုးရ လက္ထက္တြင္ စီမံကိန္းကို ရပ္ဆိုင္းထားရန္ ၂၀၁၁ ခုႏွစ္တြင္ လႊတ္ေတာ္သို႔ သဝဏ္လႊာ ေပးပို႔ခဲ့သည္။
ျမစ္ဆုံစီမံကိန္း တည္ေဆာက္ေသာ ကုမၸဏီသည္ တ႐ုတ္ႏိုင္ငံသားမ်ား ပိုင္ဆိုင္ေသာ္လည္း တ႐ုတ္ကုမၸဏီ၏ ေနာက္တြင္ တ႐ုတ္အစိုးရ ရွိေနျခင္းေၾကာင့္ ေျပာဆိုရန္ ခက္ခဲႏိုင္ေၾကာင္း ဦးဝင္းထိန္က ဆိုသည္။
“တစ္ဖက္က တ႐ုတ္ကုမၸဏီ ဆိုေသာ္လည္းပဲ သူ႔ေနာက္မွာက တ႐ုတ္အစိုးရ ရွိေသးတယ္။ ယတိျပတ္ေျပာဖို႔ ခက္တယ္” ဟု ဦးဝင္းထိန္က ဆက္လက္ေျပာၾကားသည္။
အဆိုပါ စီမံကိန္းကို ၂၀၀၆ ခုႏွစ္တြင္ တ႐ုတ္ႏွင့္ ျမန္မာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၀၉ ခုႏွစ္တြင္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားအား တ႐ုတ္အစိုးရပိုင္ CPI ကုမၸဏီက ဦးေဆာင္၍ စတင္တည္ေဆာက္ခဲ့သည္။
ျမစ္ဆုံဆည္ စီမံကိန္းအတြက္ ေဒၚလာ ၃ ဒသမ ၆ ဘီလီယံ အကုန္အက်ခံ တည္ေဆာက္ရန္ စီစဥ္ခဲ့ၿပီး ေမခ၊ မလိခ ျမစ္မ်ားေပၚရွိ ေရကာတာ စီမံကိန္းမ်ားအတြက္ တ႐ုတ္ႏိုင္ငံက ေဒၚလာ ဘီလီယံ ၂၀ အထိ ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း၊ အဆိုပါ စီမံကိန္းမွ ေရအားလွ်ပ္စစ္ မဂၢါ၀ပ္ ၆၀၀၀ ထြက္ရွိမည္ျဖစ္ကာ အမ်ားစုကို တ႐ုတ္ႏိုင္ငံက ရယူမည္ျဖစ္ေၾကာင္း ယခင္ထုတ္ျပန္ထားေသာ မွတ္တမ္းမ်ားအရ သိရသည္။
The Voice
.......

မြစ်ဆုံစီမံကိန်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမည်
---------------------------------------------------------------------
ရန်ကုန်၊ ဇူလိုင် ၂၅
မြစ်ဆုံစီမံကိန်းကို အဘက်ဘက်မှ ချင့်ချိန်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနှင့် သင့်လျော်သော အဖြေရှာသွားမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောဆိုသည်။
အလားတူ မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် ဇူလိုင် ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ အာဘော်တွင် ရေးသားဖော်ပြခဲ့ခြင်းများ ပြုခဲ့သည်။
သို့သော် မြစ်ဆုံစီမံကိန်း အပါအဝင် အခြားစီမံကိန်းများကို နိုင်ငံတော်အတိုင်ပင်ခံ ခေါင်းဆောင်မှုဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဆိုသည်။
“အရင်အစိုးရ လုပ်သွားတဲ့ အရာတွေကို ကျွန်တော်တို့က လုံးဝပစ်ပယ်တယ်ဆိုတဲ့ သဘောလည်း မရှိဘူး။ အဘက်ဘက်က ချင့်ချိန်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနဲ့ သင့်လျော်တဲ့ အဖြေရှာသွားမယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ဆုံ၌ ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်ယူမည့် မြစ်ဆုံစီမံကိန်းကို ပညာရှင်များနှင့် ပြည်သူများ ဝိုင်းဝန်းကန့်ကွက်ခဲ့ခြင်းကြောင့် သမ္မတ ဦးသိန်းစိန်က အစိုးရ လက်ထက်တွင် စီမံကိန်းကို ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်တွင် လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
မြစ်ဆုံစီမံကိန်း တည်ဆောက်သော ကုမ္ပဏီသည် တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သော်လည်း တရုတ်ကုမ္ပဏီ၏ နောက်တွင် တရုတ်အစိုးရ ရှိနေခြင်းကြောင့် ပြောဆိုရန် ခက်ခဲနိုင်ကြောင်း ဦးဝင်းထိန်က ဆိုသည်။
“တစ်ဖက်က တရုတ်ကုမ္ပဏီ ဆိုသော်လည်းပဲ သူ့နောက်မှာက တရုတ်အစိုးရ ရှိသေးတယ်။ ယတိပြတ်ပြောဖို့ ခက်တယ်” ဟု ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် တရုတ်နှင့် မြန်မာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင်၍ စတင်တည်ဆောက်ခဲ့သည်။
မြစ်ဆုံဆည် စီမံကိန်းအတွက် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခ မြစ်များပေါ်ရှိ ရေကာတာ စီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါ စီမံကိန်းမှ ရေအားလျှပ်စစ် မဂ္ဂါ၀ပ် ၆၀၀၀ ထွက်ရှိမည်ဖြစ်ကာ အများစုကို တရုတ်နိုင်ငံက ရယူမည်ဖြစ်ကြောင်း ယခင်ထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရသည်။
The Voice
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)