ဆရာဝန္အေယာင္ေဆာင္ကာ ေဆးခန္းဖြင္႔လွစ္ထားသူအား အမႈဖြင္႔ ဖမ္းဆီးစစ္ေဆး



ပန္းေတာင္းျမိဳ႕နယ္ ဇူလိုင္(၃)ရက္ေန႔။

ပဲခူးတိုင္းေဒသၾကီး ၊ ျပည္ခရိုင္၊ ပန္းေတာင္ျမိဳ႕နယ္တြင္ေနအိမ္ ငွားရမ္းျပီး ေဆးခန္းဖြင္႔ထားသူအား ဇူလိုင္(၃)ရက္ေန႔တြင္ အမႈဖြင္႔ ဖမ္းဆီး စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။


အဆိုပါ ဆရာဝန္ဆိုသူသည္ လြန္ခဲ႔ေသာ(၃)လပိုင္းခန္႔က ျပည္ျမိဳ႕ ရတနာမာန္ေအာင္ကြက္သစ္၊ ႏွင္းဆီလမ္း၊ ရြာဘဲရပ္ကြက္တြင္ ေဆးခန္းဖြင္႔ထားသည္႔ အခ်ိန္မွစ၍ ျပည္မႈခင္းသတင္းေထာက္မ်ားအသင္းမွ ဦးေအာင္သန္းထြဠ္၊ ဦးသက္ေအာင္၊ ကိုလွေဝ၊ ကိုစန္းမင္းေမာင္၊ ကိုမင္းေဇာ္တို႔က လိုက္လံစုံစမ္းစဥ္ ေခ်ရာေပ်ာက္သြားခဲ႔ျပီး ယခုငွာရမ္းေနထိုင္သည္႔ ဆင္တဲေျမာက္ပိုင္း၊ (၁)ရပ္ကြက္၊ ရြာလယ္လမ္းတြင္ ထပ္မံ၍ေဆးခန္းဖြင္႔ထားေၾကာင္း သိရသည္။


ထိုသို႔ေဆးခန္းဖြင္႔ထားသျဖင္႔ ျပည္မႈခင္းသတင္းေထာက္မ်ားအသင္းမွ မႈခင္းသတင္းေထာက္မ်ားသည္ ပန္းေတာင္းျမိဳ႕မရဲစခန္းသို႔ သတင္းေပးပို႔ခဲ႔ရာ ပန္းေတာင္ျမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးခင္ေမာင္ၾကည္ႏွင္႔ နယ္ထိန္းတပ္ဖြဲ႕ ဝင္မ်ား၊ျမိဳ႕နယ္ဆရာဝန္ၾကီး ေဒါက္တာေက်ာ္မင္းအုန္းတို႔သည္ သက္ေသဆင္တဲရပ္အုပ္ခ်ဳပ္ေရးမွဴး ဦးၾကည္ဆင္႔၊ဆယ္အိမ္မွဴး ဦးလွထြန္းတို႔ႏွင္႔အတူ ဆင္တဲအုပ္စု/ေက်းရြာေျမာက္ပိုင္းေန ဦးစိုးသန္း ၏ေနအိမ္အား ငွားရမ္းျပီး ဆရာဝန္အေယာင္ေဆာင္ကာေဆးခန္းဖြင္႔လွစ္ထားေၾကာင္း ေတြ႕ရွိရသျဖင္႔ စစ္ေဆးခဲ႔ရာ ရန္ႏိုင္လင္း(ခ)အရွရတ္(၂၇)၊ဂ်ပန္လမ္းၾကား၊ေက်ာင္းၾကီးအိုးတန္းရပ္ကြက္၊ ျပည္ျမိဳ႕ေနသူသည္ ဆရာဝန္ျဖစ္ေၾကာင္း အေထာက္ အထား တစ္စုံတစ္ရာျပသႏိုင္ျခင္းမရွိဘဲ ဆရာဝန္အေယာင္ေဆာင္ကာ ေဆးခန္းဖြင္႔
လွစ္ကုသလွ်က္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိရသည္ဆို၏။


ထို႔ေၾကာင္႔ ဆရာဝန္ျဖစ္ေၾကာင္း အေထာက္အထား တစ္စုံတစ္ရာျပသႏိုင္ျခင္းမရွိဘဲ ဆရာဝန္အေယာင္ေဆာင္ကာ ေဆးခန္းဖြင္႔လွစ္ကုသသူ ရန္ႏိုင္လင္း(ခ)အရွရတ္အား အေရးယူေပးပါရန္ ဒုရဲမွဴးခင္ေမာင္ၾကည္မွ တရာလိုျပဳလုပ္တိုင္တန္းခဲ႔သျဖင္႔ ပန္းေတာင္ျမိဳ႕မရဲစခန္း(ပ)၂၀၈/၂၀၁၆၊၂၀၁၅ခုႏွစ္ျမန္မာႏိုင္ငံေဆးေကာင္စီဥပေဒပုဒ္မ ၅၈ ျဖင္႔အမႈေရးဖြင္႔ထားရွိကာ အမႈအား ဒုရဲအုပ္ေက်ာ္မင္းဦးမွ လက္ခံစစ္ေဆးလွ်က္ရွိေၾကာင္းသတင္းရရွိသည္။

ျပည္႔သဲေမာင္(ျပည္)

ျပည္ခရိုင္မႈခင္းႏွင္႔သတင္းစုံ
..........



ပန်းတောင်းမြို့နယ် ဇူလိုင်(၃)ရက်နေ့။

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်တွင်နေအိမ် ငှားရမ်းပြီး ဆေးခန်းဖွင့်ထားသူအား ဇူလိုင်(၃)ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။



အဆိုပါ ဆရာဝန်ဆိုသူသည် လွန်ခဲ့သော(၃)လပိုင်းခန့်က ပြည်မြို့ ရတနာမာန်အောင်ကွက်သစ်၊ နှင်းဆီလမ်း၊ ရွာဘဲရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသည့် အချိန်မှစ၍ ပြည်မှုခင်းသတင်းထောက်များအသင်းမှ ဦးအောင်သန်းထွဠ်၊ ဦးသက်အောင်၊ ကိုလှဝေ၊ ကိုစန်းမင်းမောင်၊ ကိုမင်းဇော်တို့က လိုက်လံစုံစမ်းစဉ် ချေရာပျောက်သွားခဲ့ပြီး ယခုငှာရမ်းနေထိုင်သည့် ဆင်တဲမြောက်ပိုင်း၊ (၁)ရပ်ကွက်၊ ရွာလယ်လမ်းတွင် ထပ်မံ၍ဆေးခန်းဖွင့်ထားကြောင်း သိရသည်။




ထိုသို့ဆေးခန်းဖွင့်ထားသဖြင့် ပြည်မှုခင်းသတင်းထောက်များအသင်းမှ မှုခင်းသတင်းထောက်များသည် ပန်းတောင်းမြို့မရဲစခန်းသို့ သတင်းပေးပို့ခဲ့ရာ ပန်းတောင်မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ကြည်နှင့် နယ်ထိန်းတပ်ဖွဲ့ ဝင်များ၊မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မင်းအုန်းတို့သည် သက်သေဆင်တဲရပ်အုပ်ချုပ်ရေးမှူး ဦးကြည်ဆင့်၊ဆယ်အိမ်မှူး ဦးလှထွန်းတို့နှင့်အတူ ဆင်တဲအုပ်စု/ကျေးရွာမြောက်ပိုင်းနေ ဦးစိုးသန်း ၏နေအိမ်အား ငှားရမ်းပြီး ဆရာဝန်အယောင်ဆောင်ကာဆေးခန်းဖွင့်လှစ်ထားကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ရန်နိုင်လင်း(ခ)အရှရတ်(၂၇)၊ဂျပန်လမ်းကြား၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ပြည်မြို့နေသူသည် ဆရာဝန်ဖြစ်ကြောင်း အထောက် အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ ဆရာဝန်အယောင်ဆောင်ကာ ဆေးခန်းဖွင့်
လှစ်ကုသလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဆို၏။



ထို့ကြောင့် ဆရာဝန်ဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ ဆရာဝန်အယောင်ဆောင်ကာ ဆေးခန်းဖွင့်လှစ်ကုသသူ ရန်နိုင်လင်း(ခ)အရှရတ်အား အရေးယူပေးပါရန် ဒုရဲမှူးခင်မောင်ကြည်မှ တရာလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပန်းတောင်မြို့မရဲစခန်း(ပ)၂၀၈/၂၀၁၆၊၂၀၁၅ခုနှစ်မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၈ ဖြင့်အမှုရေးဖွင့်ထားရှိကာ အမှုအား ဒုရဲအုပ်ကျော်မင်းဦးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)