ဆိုင္ကယ္ဝယ္ရန္ ပိုက္ဆံေတာင္းမရ၍ ပိုးသတ္ေဆးေသာက္ေသဆုံး



ပုလဲ ဇူလိုင္ ၆

စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕နယ္ ကံႀကီးေက်းရြာတြင္ ဖခင္ျဖစ္သူထံမွ ဆိုင္ကယ္ ဝယ္ရန္ ပိုက္ဆံေတာင္းမရ၍ သားျဖစ္သူ မ်ဳိးမင္းထိုက္(၂၅ ႏွစ္) (ဓာတုေဗဒ) ဒုတိယ ႏွစ္ေက်ာင္းသားသည္ ဇူလိုင္ ၆ ရက္ နံနက္ ၉ နာရီခြဲက ေနအိမ္ဝင္း အေနာက္ဘက္ရွိ စပါးက်ီထားသိုရာေနရာတြင္ သီးႏွံပိုးသတ္ေဆးေသာက္ၿပီး ပါးစပ္မွ အျမႇဳပ္မ်ားထြက္ကာ လဲက်ေနသည္ကို ဖခင္ျဖစ္သူ ဦးေမာင္သိန္းက ေတြ႕ရွိၿပီး ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီး သို႔ ပို႔ေဆာင္ကာ အေရးေပၚကုသမႈခံယူေနစဥ္ ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးမႈႏွင့္ပတ္သက္၍ ပုလဲၿမိဳ႕နယ္ ခ်င္ျပစ္ရဲစခန္းမွဴး ရဲအုပ္ေက်ာ္ဝင္း ႏွင့္တပ္ဖြဲ႕ဝင္မ်ားက ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ စစ္ေဆးေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ထြန္းကိုကို(ယင္းမာပင္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
......



ပုလဲ ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကံကြီးကျေးရွာတွင် ဖခင်ဖြစ်သူထံမှ ဆိုင်ကယ် ဝယ်ရန် ပိုက်ဆံတောင်းမရ၍ သားဖြစ်သူ မျိုးမင်းထိုက်(၂၅ နှစ်) (ဓာတုဗေဒ) ဒုတိယ နှစ်ကျောင်းသားသည် ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲက နေအိမ်ဝင်း အနောက်ဘက်ရှိ စပါးကျီထားသိုရာနေရာတွင် သီးနှံပိုးသတ်ဆေးသောက်ပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ လဲကျနေသည်ကို ဖခင်ဖြစ်သူ ဦးမောင်သိန်းက တွေ့ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ကာ အရေးပေါ်ကုသမှုခံယူနေစဉ် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ပုလဲမြို့နယ် ချင်ပြစ်ရဲစခန်းမှူး ရဲအုပ်ကျော်ဝင်း နှင့်တပ်ဖွဲ့ဝင်များက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)